Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..

1.3K 324 5
                                    

Chapter (32) – အ႐ုပ္မေတြ.. အ႐ုပ္မေတြ..

ေမ်ာက္ေလးက ဒုတိယထပ္တြင္ တစ္ေယာက္တည္းရွိေနၿပီး မ်က္စိဖြင့္ နားစြင့္လို႔ေနသည္။ သူပုန္းေနသည့္ေထာင့္က ေၾကာင္လိမ္ေလွကားကို ေကာင္းေကာင္းျမင္ရလို႔ မေကာင္းဆိုးဝါးလာတာျမင္ရင္ ခ်က္ခ်င္းထြက္ေျပးလို႔ရသည္။ ဒီသရဲေျခာက္သည့္အခန္းေတြက မီးေရာင္ ႐ုတ္တရက္မွိန္က်သြားၿပီး ေျခာက္ျခားစရာတီးလံုးေၾကာင့္ ေမ်ာက္ေလးရဲ့ အသက္႐ွဴသံက ပိုျမန္လာခဲ့သည္။ ေဆးေက်ာင္းသားျဖစ္လို႔ နာက်င္မႈႏွင့္ ေအာက္စီဂ်င္က လူကို ႐ုတ္တရက္ စိတ္ၿငိမ္ေစတယ္ဆုိတာ သူသိသည္။ ေမ်ာက္ေလး၏စိတ္ထဲ ခုနကျမင္ကြင္း ျပန္ေပၚလာသည္။ ေလာင္က်ိဳးက သူတို႔အုပ္စုထဲ ရွစ္ေယာက္ရွိတယ္လို႔ ေျပာလိုက္ခ်ိန္ ကြက္တိ မေကာင္းဆိုးဝါးက ေပၚလာတာ တိုက္ဆိုင္လြန္းေနသည္။

ေလာင္က်ိဳးရဲ့ ေတြ႕ရွိမႈက သူတို႔အုပ္စုကို တည္ၿငိမ္မႈပ်က္သြားေစခဲ့သည္။ ကိုႀကီးဖိန္းက ဖုန္းကိုယူၾကည့္လိုက္ရရင္ ၈ေယာက္ေျမာက္လူကို ေဖာ္ထုတ္ႏိုင္မွာေသခ်ာသည္။ ဒါက ပထမအမွားျဖစ္ၿပီး မေကာင္းဆိုးဝါးေရာက္လာေတာ့ ေၾကာက္ၿပီး ေျခဦးတည့္ရာ တကြဲတျပား ေျပးထြက္လာတာ ဒုတိယအမွားျဖစ္သည္။ ေမ်ာက္ေလး သက္ျပင္းခ်လိုက္သည္။ မေကာင္းဆိုးဝါးက ေၾကာက္စရာေကာင္းလြန္းေတာ့ သူတို႔ထြက္ေျပးမိတာ မလြန္ေပ။ ပထမလူ စေျပးေတာ့ အားလံုး ေၾကာက္ၿပီး ထြက္ေျပးၾကေတာ့သည္။ ဒါဆို ပထမစေျပးတဲ့သူက ၈ေယာက္ေျမာက္လူျဖစ္ရမည္။ အေစာပိုင္းက ေရွာင္ေဟြ႕ေအာ္သံကို ၾကားလိုက္ရသည္။ သူမက လူစိမ္းနဲ႔အနီးဆံုးျဖစ္ၿပီး ဒုတိယထြက္ေျပးသူျဖစ္ရမည္ဟု ေကာက္ခ်က္ခ်လိုက္သည္။

ေမ်ာက္ေလးက မွန္ေအာင္ခန္႔မွန္းမိေတာ့ ေက်နပ္စြာ ရယ္ေမာလိုက္သည္။ မွန္ေအာင္မွန္းဆျခင္းႏွင့္ မေၾကာက္ျခင္းက မတူေပ။ တစ္ေယာက္တည္း သရဲအိမ္ထဲရွိေနတာက သူ႔ကို ေက်ာခ်မ္းေစသည္။ မေကာင္းဆိုးဝါးနဲ႔ ၈ေယာက္ေျမာက္လူက ပူးေပါင္းေျခာက္လို႔ သူတို႔အားလံုး ေၾကာက္ရြံ႕သြားေစသည္။ တကယ္လို႔ ငါတို႔သာ တကြဲတျခားျဖစ္သြားရင္ သူတို႔က တစ္ေယာက္ခ်င္းကို ေျခာက္လွန္႔လိမ့္မည္။ ဒါဆိုရင္ သရဲအိမ္ပိုင္ရွင္က ေၾကာက္စရာ ဆိုက္ကိုနည္းလမ္းေတြကို သံုးႏိုင္မလား..။

ေမ်ာက္ေလးက ဥာဏ္ေကာင္းေပမယ့္ He San လိုေၾကာက္တတ္ၿပီး ရင္ခြဲ႐ံုထဲကို အေဖာ္မပါဘဲ မဝင္ရဲေပ။ သူက အစ္ကိုဖိန္းတို႔ဆီက သတင္းၾကားရဖို႔ပဲ အားထားရေတာ့သည္။ သူက အစ္ကိုဖိန္းဆီ ဖုန္းေခၚဖို႔ ဖုန္းဖြင့္လိုက္ေတာ့ တုန္သြားေတာ့သည္။ ေလွကားေပၚမွာ အ႐ုပ္မက ဘာေၾကာင့္ရွိေနတာလဲ။ တတိယထပ္ကၾကမ္းျပင္ေပၚမွာ ပစ္ခ်ထားခဲ့တယ္မဟုတ္ဘူးလား။ ေမ်ာက္ေလးက မေကာင္းဆိုးဝါး အာ႐ံုစိုက္မိမွာစိုးလို႔ ဖုန္းကဓာတ္မီးကိုမဖြင့္ရဲေပ။ သူက ဖုန္းမ်က္ႏွာျပင္က အလင္းေရာင္ကို နံရံဘက္လွည့္လိုက္ၿပီး အ႐ုပ္ဘက္ကို လွမ္းၾကည့္လိုက္သည္။

အေစာပိုင္း ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး တစ္ေယာက္ေယာက္က အ႐ုပ္ကို ကန္ခ်ခဲ့မိတာလား..။ ဒီဟာက ေမ်ာက္ေလးေတြးမိသည့္ အခ်က္သာျဖစ္သည္။ ဒီအ႐ုပ္ထဲမွာ စကၠဴအပိုင္းအစေတြပဲရွိၿပီး အေဝးထိန္းခလုတ္နဲ႔ ထိန္းလို႔မရေပ။ ဒါေပမယ့္ အ႐ုပ္က ခုလိုရွိေနတာကိုက ေၾကာက္စရာေကာင္းေနသည္။ ပ်က္စီးယိုယြင္းေနတဲ့ တျခားဟာေတြေလာက္ ဒီအ႐ုပ္မက ဘာမွ သိပ္ေၾကာက္စရာမေကာင္းေပမယ့္ ေမ်ာက္ေလးက သံသယႏွင့္ အ႐ုပ္မကို စိုက္ၾကည့္ေနမိသည္။ ဘာေၾကာင့္မွန္းမသိဘဲ ေမ်ာက္ေလးက အ႐ုပ္မကို ေငးၾကည့္ေနရင္း ေကာင္မေလးတစ္ေယာက္ သူ႔ကိုစိုက္ၾကည့္ေနတယ္လို႔ ျမင္ေယာင္လာသည္။

"ငါ ထင္ေယာင္ထင္မွား ျဖစ္ေနတာပဲ.. ဒီသရဲအိမ္ထဲကလြတ္ခ်င္ရင္ အာ႐ံုမပ်ံ႕ေအာင္ သတိထားရမယ္.."

ေမ်ာက္ေလးက ေတြးၿပီး အစ္ကိုဖိန္းကိုဖုန္းေခၚလိုက္ေတာ့ တတိယထပ္မွာ ဖုန္းျမည္သံၾကားလိုက္ရသည္။ သူက ေလာင္က်ိဳးလို ဖုန္းေမ့က်န္ရစ္ခဲ့တာလား၊ ဒါမွမဟုတ္ တတိယထပ္မွာလား..။ သရဲအိမ္ထဲမွာ ျမည္ေနတဲ့ဖုန္းသံက ပိုၿပီးေၾကာက္စရာေကာင္းေစသည္။ ေမ်ာက္ေလးက ဖုန္းကိုမခ်ပစ္ဘဲ အိတ္ကပ္ထဲထည့္ၿပီး တတိယထပ္ကို တိတ္တဆိတ္ တက္လာၾကည့္ေတာ့ အစ္ကိုဖိန္းရဲ့ဖုန္းကို ၾကမ္းျပင္ေထာင့္မွာက်ၿပီး ျမည္ေနတာ ေတြ႕လိုက္ရသည္။ အစ္ကိုဖိန္းႏွင့္ေလာင္က်ိဳးက သူတို႔ဖုန္းက်က်န္ရစ္လို႔ ငါ အျခားလူကို ဆက္ရမည္ဟု ေတြးေနသည္။ တတိယထပ္က ေကာ္ရစ္ဒါမွာရပ္ေနရင္း ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနသည့္ တံခါးမ်ားကိုၾကည့္ကာ ေမ်ာက္ေလး ဒူးေပ်ာ့လာခဲ့သည္။ ေမ်ာက္ေလးက တျခားလူကို ဖုန္းေခၚမလို႔လုပ္တုန္း ဖုန္းက တုန္ခါၿပီးျမည္လာသည္။

Fuck..! ဘာလဲဟ..!

ဒီဖုန္းက စြတ္လင္းဆီက ဖုန္းျဖစ္သည္။ သူမက သူ႔လို တစ္ေယာက္တည္းျဖစ္ေနတာလား..။ တျခားလူႏွင့္ ဆက္သြယ္လိုက္ရလို႔ ေမ်ာက္ေလးက သတၱိနည္းနည္းရွိလာသည္။

"စြတ္လင္း.. နင္ လူကြဲသြားတာလား.. အခု ဘယ္မွာလဲ.. ငါလာခဲ့မယ္.."

"ငါ တတိယထပ္က အခန္းတစ္ခန္းထဲ ပိတ္မိေနတယ္.. အခန္းနံပါတ္ကို မျမင္လိုက္ရဘူး.. ငါ့ကိုလာေခၚဦး.. ဒီသရဲအိမ္က တစ္ခုခုေတာ့မွားေနၿပီ.."

စြတ္လင္းက ေအးေဆးေသာမိန္းကေလးျဖစ္ေပမယ့္ ခုလို အေလာတႀကီးနဲ႔ ဒီလိုေျပာေနကတည္းက သူမ ဘယ္ေလာက္ စိတ္ထိခိုက္စရာ ႀကံဳခဲ့ရသလဲဆုိတာ မွန္းၾကည့္ႏိုင္သည္။ သူမအသံကို နားေထာင္ၾကည့္ေတာ့ သူမမ်က္ရည္က်ေနသလိုပင္။

"စိတ္ေအးေအးထား.. မင္း ဘယ္လိုပိတ္မိေနတာလဲ.. ဒီကအခန္းေတြ တစ္ခန္းမွ ပိတ္မထားဘူး.."

ေမ်ာက္ေလးက စြတ္လင္းရဲ့စကားသံကတစ္ဆင့္ သူမရဲ့ေနရာကို ေတြ႕လိုေတြ႕ျငား ဖုန္းေျပာရင္း အခန္းေတြဘက္ကို ေလွ်ာက္လာခဲ့သည္။

"ငါလည္းမသိေတာ့ဘူး.. ငါပုန္းဖို႔ ေျပးဝင္လာၿပီးေတာ့ တံခါးက ဖြင့္လို႔မရေတာ့ဘူး.. ၿပီးေတာ့ တျခားအခန္းနဲ႔မတူဘူး.. ဒီအခန္းထဲမွာ အ႐ုပ္မ၂ခုက အခန္းအလယ္မွာ ေဘးခ်င္းယွဥ္ခ်ထားတယ္.."

"အ႐ုပ္မေတြ ရွိေနတာလား.."

အ႐ုပ္ဆိုတဲ့အသံၾကားတာနဲ႔ ေမ်ာက္ေလး ေခါင္းေမႊးေထာင္သြားေတာ့သည္။ သူ႔ဘဝမွာ ဒီအ႐ုပ္မေတြအေၾကာင္း ထပ္မသိရရင္ အေတာ္ေက်နပ္ဖို႔ေကာင္းမွာပဲ။

"ငါ့ကို လာေခၚေပးပါဦး.."

စြတ္လင္းအသံက တုန္လႈပ္ေျခာက္ျခားေနၿပီး စိတ္အေျခအေန အေတာ္ၿပိဳလဲေနပံုရသည္။

"ငါ ခုေလးတင္ ေရာက္လာေတာ့မယ္.. နင္ အ႐ုပ္မေတြနဲ႔ ခပ္ေဝးေဝးေန.. He San ေျပာသလို အခန္းထဲက ဘာကိုမွမထိနဲ႔.. ဒီအ႐ုပ္ေတြက တစ္ခုခုလို႔ ငါထင္.."

ေမ်ာက္ေလးရဲ့စကား တန္းလန္းနဲ႔ရပ္သြားၿပီး သူ႔ေရွ႕ မီတာဝက္ေလာက္မွာ ပိတ္ေနတဲ့အ႐ုပ္ကိုၾကည့္ၿပီး တုန္ယင္သြားေတာ့သည္။ ေမ်ာက္ေလး ႐ုတ္တရက္ ေအာ္ဟစ္လိုက္မိၿပီး ဖုန္းႏွင့္ အ႐ုပ္မဆီ ပစ္ေပါက္လိုက္မိလုနီးပါး ျဖစ္သြားသည္။ ေမ်ာက္ေလး ေနာက္ကိုဆုတ္ရင္းၾကည့္မိေတာ့ ဒီအ႐ုပ္မက ဆံပင္ရွည္ရွည္ႏွင့္ အျပစ္ရွိဟန္ပံုေပါက္ကာ ေလွကားကအ႐ုပ္နဲ႔မတူတာ ေတြ႕လိုက္ရသည္။ ေမ်ာက္ေလးရဲ့မ်က္လံုး ျပဴးက်ယ္သြားသည္။ ဒီကမာၻေပၚမွာ အ႐ုပ္မေလးတစ္ခုက ဘာေၾကာင့္ ဒီေလာက္စိတ္လႈပ္ရွားစရာ ေကာင္းႏိုင္ရတာလဲ..။ ဒါက ေၾကာက္စိတ္ေၾကာင့္လား..။ ဒါမွမဟုတ္ အ႐ုပ္မေတြက အစစ္ေတြလား..။ သူတို႔မွာ ခံစားခ်က္ရွိတယ္လို႔ ငါ ဘာေၾကာင့္ထင္ေနရတာလဲ..။

အခုခ်ိန္က ဒီအေၾကာင္းစဥ္းစားေနရမည့္ အခ်ိန္မဟုတ္ေပ။ ေလွကားေပၚကအရုပ္ မျမင္ရေသးသေရြ႕ ဘာမွမျဖစ္ဘူး။ အရုပ္ဆိုတာ သူ႔ဘာသာမေရြ႕ႏိုင္ဘူး။ အရာဝတၳဳေတြက ထင္သေလာက္ ေၾကာက္စရာမေကာင္းပါဘူး။ ငါအခု စြတ္လင္းကိုသြားကယ္ရမယ့္ ကိစၥကိုပဲ အာရံုစိုက္ရမယ္။

ေမ်ာက္ေလးက ေခါင္းကိုခါလိုက္ၿပီး စိတ္ၿငိမ္ေအာင္ထိန္းႏိုင္လို႔ ကိုယ့္ဘာသာ ဂုဏ္ယူသြားမိသည္။ ငါ့ဘာသာ ေျခာက္ျခားေနမိတာပဲ။ ေလွကားကအရုပ္မသာ ငါ့ေနာက္လိုက္လာရင္ ေရွ႕မွာဘယ္ရွိေနမွာလဲ၊ ငါ့ေနာက္မွာ ရွိေနရမွာေပါ့။ ဒီဟာက ငါေၾကာက္ေအာင္ သရဲအိမ္ပိုင္ရွင္က တမင္ေျခာက္ေနတာပါ။

သူ႔အေတြးကိုေသခ်ာဖို႔ ေမ်ာက္ေလးက ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ တစ္မီတာအကြာမွာ လဲေလ်ာင္းေနသည့္ အရုပ္မေလးေၾကာင့္ ေမ်ာက္ေလးရဲ႕မ်က္လံုးေတြ ျပဴးသြားၿပီး ေတြးလက္စအေတြးေတြ ျပတ္ေတာက္သြားေတာ့သည္။
===================

Chapter (32) – အရုပ်မတွေ.. အရုပ်မတွေ..

မျောက်လေးက ဒုတိယထပ်တွင် တစ်ယောက်တည်းရှိနေပြီး မျက်စိဖွင့် နားစွင့်လို့နေသည်။ သူပုန်းနေသည့်ထောင့်က ကြောင်လိမ်လှေကားကို ကောင်းကောင်းမြင်ရလို့ မကောင်းဆိုးဝါးလာတာမြင်ရင် ချက်ချင်းထွက်ပြေးလို့ရသည်။ ဒီသရဲခြောက်သည့်အခန်းတွေက မီးရောင် ရုတ်တရက်မှိန်ကျသွားပြီး ခြောက်ခြားစရာတီးလုံးကြောင့် မျောက်လေးရဲ့ အသက်ရှူသံက ပိုမြန်လာခဲ့သည်။ ဆေးကျောင်းသားဖြစ်လို့ နာကျင်မှုနှင့် အောက်စီဂျင်က လူကို ရုတ်တရက် စိတ်ငြိမ်စေတယ်ဆိုတာ သူသိသည်။ မျောက်လေး၏စိတ်ထဲ ခုနကမြင်ကွင်း ပြန်ပေါ်လာသည်။ လောင်ကျိုးက သူတို့အုပ်စုထဲ ရှစ်ယောက်ရှိတယ်လို့ ပြောလိုက်ချိန် ကွက်တိ မကောင်းဆိုးဝါးက ပေါ်လာတာ တိုက်ဆိုင်လွန်းနေသည်။

လောင်ကျိုးရဲ့ တွေ့ရှိမှုက သူတို့အုပ်စုကို တည်ငြိမ်မှုပျက်သွားစေခဲ့သည်။ ကိုကြီးဖိန်းက ဖုန်းကိုယူကြည့်လိုက်ရရင် ၈ယောက်မြောက်လူကို ဖော်ထုတ်နိုင်မှာသေချာသည်။ ဒါက ပထမအမှားဖြစ်ပြီး မကောင်းဆိုးဝါးရောက်လာတော့ ကြောက်ပြီး ခြေဦးတည့်ရာ တကွဲတပြား ပြေးထွက်လာတာ ဒုတိယအမှားဖြစ်သည်။ မျောက်လေး သက်ပြင်းချလိုက်သည်။ မကောင်းဆိုးဝါးက ကြောက်စရာကောင်းလွန်းတော့ သူတို့ထွက်ပြေးမိတာ မလွန်ပေ။ ပထမလူ စပြေးတော့ အားလုံး ကြောက်ပြီး ထွက်ပြေးကြတော့သည်။ ဒါဆို ပထမစပြေးတဲ့သူက ၈ယောက်မြောက်လူဖြစ်ရမည်။ အစောပိုင်းက ရှောင်ဟွေ့အော်သံကို ကြားလိုက်ရသည်။ သူမက လူစိမ်းနဲ့အနီးဆုံးဖြစ်ပြီး ဒုတိယထွက်ပြေးသူဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

မျောက်လေးက မှန်အောင်ခန့်မှန်းမိတော့ ကျေနပ်စွာ ရယ်မောလိုက်သည်။ မှန်အောင်မှန်းဆခြင်းနှင့် မကြောက်ခြင်းက မတူပေ။ တစ်ယောက်တည်း သရဲအိမ်ထဲရှိနေတာက သူ့ကို ကျောချမ်းစေသည်။ မကောင်းဆိုးဝါးနဲ့ ၈ယောက်မြောက်လူက ပူးပေါင်းခြောက်လို့ သူတို့အားလုံး ကြောက်ရွံ့သွားစေသည်။ တကယ်လို့ ငါတို့သာ တကွဲတခြားဖြစ်သွားရင် သူတို့က တစ်ယောက်ချင်းကို ခြောက်လှန့်လိမ့်မည်။ ဒါဆိုရင် သရဲအိမ်ပိုင်ရှင်က ကြောက်စရာ ဆိုက်ကိုနည်းလမ်းတွေကို သုံးနိုင်မလား..။

မျောက်လေးက ဉာဏ်ကောင်းပေမယ့် He San လိုကြောက်တတ်ပြီး ရင်ခွဲရုံထဲကို အဖော်မပါဘဲ မဝင်ရဲပေ။ သူက အစ်ကိုဖိန်းတို့ဆီက သတင်းကြားရဖို့ပဲ အားထားရတော့သည်။ သူက အစ်ကိုဖိန်းဆီ ဖုန်းခေါ်ဖို့ ဖုန်းဖွင့်လိုက်တော့ တုန်သွားတော့သည်။ လှေကားပေါ်မှာ အရုပ်မက ဘာကြောင့်ရှိနေတာလဲ။ တတိယထပ်ကကြမ်းပြင်ပေါ်မှာ ပစ်ချထားခဲ့တယ်မဟုတ်ဘူးလား။ မျောက်လေးက မကောင်းဆိုးဝါး အာရုံစိုက်မိမှာစိုးလို့ ဖုန်းကဓာတ်မီးကိုမဖွင့်ရဲပေ။ သူက ဖုန်းမျက်နှာပြင်က အလင်းရောင်ကို နံရံဘက်လှည့်လိုက်ပြီး အရုပ်ဘက်ကို လှမ်းကြည့်လိုက်သည်။

အစောပိုင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ယောက်ယောက်က အရုပ်ကို ကန်ချခဲ့မိတာလား..။ ဒီဟာက မျောက်လေးတွေးမိသည့် အချက်သာဖြစ်သည်။ ဒီအရုပ်ထဲမှာ စက္ကူအပိုင်းအစတွေပဲရှိပြီး အဝေးထိန်းခလုတ်နဲ့ ထိန်းလို့မရပေ။ ဒါပေမယ့် အရုပ်က ခုလိုရှိနေတာကိုက ကြောက်စရာကောင်းနေသည်။ ပျက်စီးယိုယွင်းနေတဲ့ တခြားဟာတွေလောက် ဒီအရုပ်မက ဘာမှ သိပ်ကြောက်စရာမကောင်းပေမယ့် မျောက်လေးက သံသယနှင့် အရုပ်မကို စိုက်ကြည့်နေမိသည်။ ဘာကြောင့်မှန်းမသိဘဲ မျောက်လေးက အရုပ်မကို ငေးကြည့်နေရင်း ကောင်မလေးတစ်ယောက် သူ့ကိုစိုက်ကြည့်နေတယ်လို့ မြင်ယောင်လာသည်။

"ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ.. ဒီသရဲအိမ်ထဲကလွတ်ချင်ရင် အာရုံမပျံ့အောင် သတိထားရမယ်.."

မျောက်လေးက တွေးပြီး အစ်ကိုဖိန်းကိုဖုန်းခေါ်လိုက်တော့ တတိယထပ်မှာ ဖုန်းမြည်သံကြားလိုက်ရသည်။ သူက လောင်ကျိုးလို ဖုန်းမေ့ကျန်ရစ်ခဲ့တာလား၊ ဒါမှမဟုတ် တတိယထပ်မှာလား..။ သရဲအိမ်ထဲမှာ မြည်နေတဲ့ဖုန်းသံက ပိုပြီးကြောက်စရာကောင်းစေသည်။ မျောက်လေးက ဖုန်းကိုမချပစ်ဘဲ အိတ်ကပ်ထဲထည့်ပြီး တတိယထပ်ကို တိတ်တဆိတ် တက်လာကြည့်တော့ အစ်ကိုဖိန်းရဲ့ဖုန်းကို ကြမ်းပြင်ထောင့်မှာကျပြီး မြည်နေတာ တွေ့လိုက်ရသည်။ အစ်ကိုဖိန်းနှင့်လောင်ကျိုးက သူတို့ဖုန်းကျကျန်ရစ်လို့ ငါ အခြားလူကို ဆက်ရမည်ဟု တွေးနေသည်။ တတိယထပ်က ကော်ရစ်ဒါမှာရပ်နေရင်း ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည့် တံခါးများကိုကြည့်ကာ မျောက်လေး ဒူးပျော့လာခဲ့သည်။ မျောက်လေးက တခြားလူကို ဖုန်းခေါ်မလို့လုပ်တုန်း ဖုန်းက တုန်ခါပြီးမြည်လာသည်။

Fuck..! ဘာလဲဟ..!

ဒီဖုန်းက စွတ်လင်းဆီက ဖုန်းဖြစ်သည်။ သူမက သူ့လို တစ်ယောက်တည်းဖြစ်နေတာလား..။ တခြားလူနှင့် ဆက်သွယ်လိုက်ရလို့ မျောက်လေးက သတ္တိနည်းနည်းရှိလာသည်။

"စွတ်လင်း.. နင် လူကွဲသွားတာလား.. အခု ဘယ်မှာလဲ.. ငါလာခဲ့မယ်.."

"ငါ တတိယထပ်က အခန်းတစ်ခန်းထဲ ပိတ်မိနေတယ်.. အခန်းနံပါတ်ကို မမြင်လိုက်ရဘူး.. ငါ့ကိုလာခေါ်ဦး.. ဒီသရဲအိမ်က တစ်ခုခုတော့မှားနေပြီ.."

စွတ်လင်းက အေးဆေးသောမိန်းကလေးဖြစ်ပေမယ့် ခုလို အလောတကြီးနဲ့ ဒီလိုပြောနေကတည်းက သူမ ဘယ်လောက် စိတ်ထိခိုက်စရာ ကြုံခဲ့ရသလဲဆိုတာ မှန်းကြည့်နိုင်သည်။ သူမအသံကို နားထောင်ကြည့်တော့ သူမမျက်ရည်ကျနေသလိုပင်။

"စိတ်အေးအေးထား.. မင်း ဘယ်လိုပိတ်မိနေတာလဲ.. ဒီကအခန်းတွေ တစ်ခန်းမှ ပိတ်မထားဘူး.."

မျောက်လေးက စွတ်လင်းရဲ့စကားသံကတစ်ဆင့် သူမရဲ့နေရာကို တွေ့လိုတွေ့ငြား ဖုန်းပြောရင်း အခန်းတွေဘက်ကို လျှောက်လာခဲ့သည်။

"ငါလည်းမသိတော့ဘူး.. ငါပုန်းဖို့ ပြေးဝင်လာပြီးတော့ တံခါးက ဖွင့်လို့မရတော့ဘူး.. ပြီးတော့ တခြားအခန်းနဲ့မတူဘူး.. ဒီအခန်းထဲမှာ အရုပ်မ၂ခုက အခန်းအလယ်မှာ ဘေးချင်းယှဉ်ချထားတယ်.."

"အရုပ်မတွေ ရှိနေတာလား.."

အရုပ်ဆိုတဲ့အသံကြားတာနဲ့ မျောက်လေး ခေါင်းမွှေးထောင်သွားတော့သည်။ သူ့ဘဝမှာ ဒီအရုပ်မတွေအကြောင်း ထပ်မသိရရင် အတော်ကျေနပ်ဖို့ကောင်းမှာပဲ။

"ငါ့ကို လာခေါ်ပေးပါဦး.."

စွတ်လင်းအသံက တုန်လှုပ်ခြောက်ခြားနေပြီး စိတ်အခြေအနေ အတော်ပြိုလဲနေပုံရသည်။

"ငါ ခုလေးတင် ရောက်လာတော့မယ်.. နင် အရုပ်မတွေနဲ့ ခပ်ဝေးဝေးနေ.. He San ပြောသလို အခန်းထဲက ဘာကိုမှမထိနဲ့.. ဒီအရုပ်တွေက တစ်ခုခုလို့ ငါထင်.."

မျောက်လေးရဲ့စကား တန်းလန်းနဲ့ရပ်သွားပြီး သူ့ရှေ့ မီတာဝက်လောက်မှာ ပိတ်နေတဲ့အရုပ်ကိုကြည့်ပြီး တုန်ယင်သွားတော့သည်။ မျောက်လေး ရုတ်တရက် အော်ဟစ်လိုက်မိပြီး ဖုန်းနှင့် အရုပ်မဆီ ပစ်ပေါက်လိုက်မိလုနီးပါး ဖြစ်သွားသည်။ မျောက်လေး နောက်ကိုဆုတ်ရင်းကြည့်မိတော့ ဒီအရုပ်မက ဆံပင်ရှည်ရှည်နှင့် အပြစ်ရှိဟန်ပုံပေါက်ကာ လှေကားကအရုပ်နဲ့မတူတာ တွေ့လိုက်ရသည်။ မျောက်လေးရဲ့မျက်လုံး ပြူးကျယ်သွားသည်။ ဒီကမ္ဘာပေါ်မှာ အရုပ်မလေးတစ်ခုက ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားစရာ ကောင်းနိုင်ရတာလဲ..။ ဒါက ကြောက်စိတ်ကြောင့်လား..။ ဒါမှမဟုတ် အရုပ်မတွေက အစစ်တွေလား..။ သူတို့မှာ ခံစားချက်ရှိတယ်လို့ ငါ ဘာကြောင့်ထင်နေရတာလဲ..။

အခုချိန်က ဒီအကြောင်းစဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ လှေကားပေါ်ကအရုပ် မမြင်ရသေးသရွေ့ ဘာမှမဖြစ်ဘူး။ အရုပ်ဆိုတာ သူ့ဘာသာမရွေ့နိုင်ဘူး။ အရာဝတ္ထုတွေက ထင်သလောက် ကြောက်စရာမကောင်းပါဘူး။ ငါအခု စွတ်လင်းကိုသွားကယ်ရမယ့် ကိစ္စကိုပဲ အာရုံစိုက်ရမယ်။

မျောက်လေးက ခေါင်းကိုခါလိုက်ပြီး စိတ်ငြိမ်အောင်ထိန်းနိုင်လို့ ကိုယ့်ဘာသာ ဂုဏ်ယူသွားမိသည်။ ငါ့ဘာသာ ခြောက်ခြားနေမိတာပဲ။ လှေကားကအရုပ်မသာ ငါ့နောက်လိုက်လာရင် ရှေ့မှာဘယ်ရှိနေမှာလဲ၊ ငါ့နောက်မှာ ရှိနေရမှာပေါ့။ ဒီဟာက ငါကြောက်အောင် သရဲအိမ်ပိုင်ရှင်က တမင်ခြောက်နေတာပါ။

သူ့အတွေးကိုသေချာဖို့ မျောက်လေးက နောက်ကိုလှည့်ကြည့်လိုက်တော့ တစ်မီတာအကွာမှာ လဲလျောင်းနေသည့် အရုပ်မလေးကြောင့် မျောက်လေးရဲ့မျက်လုံးတွေ ပြူးသွားပြီး တွေးလက်စအတွေးတွေ ပြတ်တောက်သွားတော့သည်။
===================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now