Chapter (210) - ရပ်တန့်ပြီး အနားယူပါ

383 60 7
                                    


Chapter (210) - ရပ်တန့်ပြီး အနားယူပါ  

နာရီဝက်ခန့်အကြာတွင် Captainရန်၏ လူများလည်း အခင်းဖြစ်ပွားရာသို့ရောက်ရှိလာသည်။ သူတို့သည် တတိယဖျားနာဆောင်ခန်းမ၏ အမှုကို ဆက်လက်လုပ်ဆောင်ရန် တာဝန်ပေးခံရသူများဖြစ်သည်။

"မင်းက ချန်ကောလား?" ဦးဆောင်သူမှာ လူငယ်တစ်ယောက် ဖြစ်သည်။

"ဟုတ်ကဲ့။" ချန်ကောသည် ဤလူကို ယခင်က မမြင်ဖူးသောကြောင့် သူက ရဲစခန်းမှ သာမန်ရဲအရာရှိ မဟုတ်လောက်ဘူးဆိုတာ သိလိုက်သည်။


"ကျွန်တော် တို့နဲ့ လိုက်ခဲ့ပါ။ သားကောင် သတိမရသေးခင်မှာ ခင်ဗျား ရဲ့ ဘေးကင်းရေး အတွက် ကျွန်တော်တို့ တာဝန်ယူရမှာ ဖြစ်တယ်။"

အကြောင်းအရာသည် ယဉ်ကျေးသော်လည်း လေသံက သဘောကျစရာမကောင်းပေ။  ချန်ကောက သူ့ကို စစ်ဆေးရေးမှူး လီ ပေးခဲ့တဲ့ လျှို့ဝှက်ချက်အချက်ပြမှုကို မြင်လိုက်ရပြီး ဒီလူအုပ်စုကို ဆေးရုံကို လိုက်ပို့ဖို့ စိတ်အေးလက်အေး ဖြစ်နေသည်။

11:30pm တွင် ကုဖေးယွီ နိုးလာပြီး ဖြစ်ပျက်သမျှအားလုံးကို ရဲများကို ပြောပြလိုက်သည်။ ချန်ကောသည် အရူးမိန်းမကို ကိုင်တွယ်ဖြေရှင်းနေစဉ် အသိစိတ်တစ်ဝက်ရှိသေးသောကြောင့် ချန်ကောကို ကောင်းကောင်း မြင်ခဲ့သည်။


သေတော့မယ်လို့ သူ ထင်ခဲ့မိသည်။  ဤအတွေ့အကြုံသည် ကုဖေးယွီ တစ်သက်မမေ့နိုင်သော အရာတစ်ခုဖြစ်လာခဲ့သည်။ သူ့ရဲ့ ပြင်းပြတဲ့ တောင်းဆိုမှုအောက်မှာ ရဲတပ်ဖွဲ့က ချန်ကောကို ရှာတွေ့ခဲ့ပြီး နှစ်ယောက်သား တွေ့ဆုံဖို့ စီစဉ်ခဲ့သည်။ ချန်ကောနဲ့ ထပ်တွေ့တော့ ကုဖေးယွီ ရဲ့ အမူအရာနဲ့ လေသံက ပထမအကြိမ်တွေ့တာနဲ့ လုံးဝမတူတော့ပေ။ လူငယ်သည် ရိုးရှင်းသော စိတ်ထားရှိကာ  ယုံကြည်ချက်ရှိသူ ဖြစ်သည်။ ချန်ကော၏လက်ကို ကိုင်ထားပြီး ချန်ကောကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခဲ့သည်။

ဒါကိုမြင်တော့ ချန်ကောအပေါ် ရဲတွေရဲ့ သံသယတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။  ထိပ်တန်း အရာရှိငယ်က သူ့ကို အလွန်ချီးကျူးနေပြီး ချန်ကောကို ရှက်ရွံ့သွားစေခဲ့သည်။ ညသန်းခေါင်လောက်မှာ ချန်ကောက ဆေးရုံက ထွက်လာခဲ့သည်။ လူရှင်းသည့် လမ်းဆုံတစ်ခုတွင် ရပ်ကာ အမှောင်ဖုံးနေသော မြို့ကို လှမ်းကြည့်လိုက်သည်။

"ငါ သူတို့ကိုပြောပြသင့်တယ်။"

တစ်ဝက်ပြတ်နေသော လက်ကမ်းစာစောင်ကို ကိုင်ထားပြီး ချန်ကောက Captain ရန် ကို ဖုန်းခေါ်လိုက်သည်။

"ရှောင်ချန်လား?"

"Captain၊ ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်"

"လူနာ နံပါတ် 2 နဲ့ ပတ်သက်တာလား။ စိတ်မပူပါနဲ့၊ ငါ အစီရင်ခံစာ ရထားပြီးသားပါ။ မင်း လူ့အသက်ကို ကယ်လိုက်တာ၊ ကောင်းတယ်..."

 သို့သော် Captainရန်၏ လေသံမှာ ပြင်းထန် လေးနက်လာသည်။

 "ဒါပေမယ့် မင်းရဲ့ လျှို့ဝှက်စုံစမ်းရေးနည်းလမ်းတွေကို ငါ သဘောမတူဘူး။ဒါက မင်း အသက်နဲ့ ဘဝကို ထိခိုက်စေလိမ့်မယ် "

"စိတ်မပူပါနဲ့၊ ဒီနေ့ လူနာ အမှတ်(၂)ကို ရှာဖွေတွေ့ရှိမှုဟာ တိုက်ဆိုင်မှု သက်သက်ပါ။ နောက်တစ်ကြိမ် ထပ်မဖြစ်တော့ပါဘူး။" ချန်ကောရဲ့ အသံက လေးနက်နေသည်။

 "နောက်ထပ်   တောင်းဆိုစရာလေးရှိလို့ပါ။ လူနာ နံပါတ် 2 ပြောတာကို ကျွန်တော်  ခိုးနားထောင်နေတဲ့ အချိန်မှာ အထူးအဖွဲ့ တစ်ခုရှိတယ်လို့ ပြောတာကို ကြားလိုက်ရတယ်။ အဲဒီအဖွဲ့ကို တစ္ဆေပုံပြင် အဖွဲ့လို့ခေါ်တယ်။"

"တစ္ဆေပုံပြင် အဖွဲ့ ဟုတ်လား...?"

"ဟုတ်တယ်၊ နာမည်ကို နားထောင်ရတာ ထိတ်လန့်စရာ ဇာတ်လမ်းကို နားထောင်ရတာကို  ကြိုက်တဲ့ ဝါသနာရှင်တွေအတွက် စုစည်းဖွဲ့စည်းထားတယ်လို့  ထင်ရပေမယ့် ဇာတ်လမ်းတွေ ဖန်တီးမယ့်အစား တကယ့် ဇာတ်လမ်းတွေကိုပဲ ပြောပြကြတာတဲ့။"


"အဲဒါကို ကြားလိုက်တဲ့အချိန်...လူနာနံပါတ် 2 က ဘယ်သူနဲ့ ပြောနေတာလဲ၊ သူ့ဖုန်းထဲမှာ မှတ်တမ်းကို ရှာတွေ့နိုင်မလား" Captain ရန် က သံသယဝင်စွာပြောခဲ့သည်။ ။

"သူ ဖုန်းပြောနေတာမဟုတ်ဘူး။ ဒီအမျိုးသမီးအခန်းထဲမှာ ပုန်းနေတဲ့ အမကြီး တစ်ယောက်ရှိတယ်၊ ဒါကြောင့် သူဘာလို့ တစ်ယောက်တည်း ပြောနေတာလဲဆိုတာ ခင်ဗျား နားလည်မှာပါ "

 ချန်ကောသည် တစ်ဝက်ပြတ်နေသော လက်ကမ်းစာစောင်ကို သိမ်းဆည်းထားသည်။
"ဒီ အဖွဲ့ ကို တတိယမြောက်ဖျားနာနေတဲ့ ခန်းမကနေ လွတ်မြောက်လာတဲ့ စိတ်ဝေဒနာရှင်တွေနဲ့ ဖွဲ့စည်းထားတာလို့ ကျွန်တော် သံသယဖြစ်မိတယ်၊ အဲဒီအမျိုးသမီးက အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်နိုင်တယ်။"

"စိတ်ဝေဒနာရှင်တွေ   တည်ထောင်ထားတဲ့ တစ္ဆေပုံပြင်ပြောတဲ့ အဖွဲ့ လား?"

Captain ရန် က ဒီအကြောင်းကို စဉ်းစားပြီး ချန်ကောကို လေးလေးနက်နက်ပြောခဲ့သည်။

 "ဒါကို ငါ့လူတွေကို လိုက်စုံစမ်းလိမ့်မယ်။ နောက်ထပ် အချက်အလက်တွေရှိရင် ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့"

"စိတ်ချပါ"

ဖုန်းချလိုက်ပြီးနောက် ချန်ကောက သူ့ကော်လာကို ဆွဲတင်ကာ လေအေးကို ကာလိုက်သည်။
သူတို့သည် အပတ်တိုင်း ဖြစ်ရပ်မှန်ကို မျှဝေရသော်လည်း မျှဝေရန် ဇာတ်လမ်းမရှိလျှင်ကော။ ကိုယ်တိုင်ဖန်တီးမလား?

ချန်ကောသည် New Century Park သို့ ပြန်လာခဲ့သည်။ သရဲခြောက်တဲ့အိမ်ထဲကို ဝင်လိုက်တာနဲ့ ကြောင်ဖြူလေးက သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး သူ့နောက်ကနေ လိုက်လာခဲ့သည်။

 "နောက်တစ်ခါတော့ မင်းကို ကြိုးချည်ပြီး ငါနဲ့ အတူခေါ်သွားမယ်!"

ကြောင်ကို အစာကျွေးပြီးနောက် ချန်ကောသည် သူ၏နေ့စဉ်လုပ်ဆောင်မှုများကို ကြည့်ရှုရန် အနက်ရောင်ဖုန်းကို ထုတ်ခဲ့သည်။ ချန်ကောက သူတို့နှစ်ယောက်ကို အရင်က မြင်ဖူးသည်။ သူတို့သည်   ခြိမ်းခြောက်မှုများကို လျှို့ဝှက် ကိုင်တွယ်ဖြေရှင်းရန်နှင့် ဝန်ထမ်းအသစ်တစ်ဦးကို ငှားရမ်းရန်ဖြစ်သည်။ ချန်ကောရဲ့ တတိယမြောက်နေ့စဉ်မစ်ရှင်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသည်။ သရဲခြောက်သော အိမ်အပြင်ဘက်တွင် ဧည့်သည်တွေ အနားယူနိုင်မည့် နေရာတစ်ခု တည်ဆောက်ရန်   ချန်ကောကို ခိုင်းထားသည်။ အချိန်ကန့်သတ်ချက်က တစ်ရက်ဖြစ်ပြီး အခက်အခဲက ပုံမှန်ပါပဲ။

အနက်ရောင်ဖုန်းမှပေးသော မစ်ရှင်များသည် သူ၏လက်ရှိအခြေအနေတွင် လုပ်ဆောင်ရမည့် အရာများဖြစ်သည်။တကယ်ပဲ ဧည့်သည်ဦးရေ တိုးလာသည်နှင့်အမျှ သူတို့ကို အချိန်အကြာကြီး တန်းစီခိုင်းတာက ကောင်းသောအကြံမဟုတ်ပေ။

ချန်ကောသည် ဤမစ်ရှင်ကို လက်ခံရန် စခရင်ကို နှိပ်လိုက်သည်။ ထို့နောက် ရိုးရှင်းသော အနားယူမှု နေရာကို ဒီဇိုင်းဆွဲရန် ဘောပင်နှင့် စာရွက်ကို အသုံးပြုခဲ့သည်။

ဒါကို တည်ဆောက်ဖို့ သူ့မှာ ဘတ်ဂျက်မလောက်ဘူး။ ပိုက်ဆံအလုံအလောက်ရှိရင် သရဲခြောက်တဲ့ အိမ်ဘေးမှာ ဘက်စုံသုံး အဆောက်အအုံတစ်ခုကို ဧည့်သည်တွေ ထိတ်လန့်မှု ပြေစေဖို့ နဲ့  အနားယူဖို့အပြင် သရဲခြောက်တဲ့ အိမ်ထဲဝင်မည့် လက်မှတ်ရောင်းဖို့နေရာလည်း ထည့်သွင်းနိုင်သည်။

ထိုနေရာကို တည်ဆောက်မည့် အတွေးထဲ  ချန်ကော ဈာဉ်ဝင်သွားခဲ့သည်။ ထျန်းထန် ဆေးကျောင်းပုံစံကို အခြေခံပြီး သူ့သရဲအိမ်ထဲမှ ဆက်တင် တစ်ခုစီအတွက် နောက်ခံကို မိတ်ဆက်ရန် ကြီးမားသော ပုံကို ရေးဆွဲထားလို့ရသည်။ ထို့နောက် ဖန်သားပြင်ပေါ်တွင် ထုတ်လွှင့်ရန် အချို့သောဧည့်သည်များ၏ ကြောက်လန့်နေသည့် ဗီဒီယိုများကို  ရွေးချယ်ပြသပြီး အခြားဧည့်သည်များ၏ စူးစမ်းချင်စိတ်နှင့် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင်မည်ဖြစ်သည်။

ချန်ကောက စာရွက်ပေါ်မှာ ဒါကိုရေးဆွဲလိုက်တယ်။ အခက်အခဲအဆင့်ကို ခွဲခြားသတ်မှတ်ခြင်းဖြင့်၊ အခက်အခဲနှင့်ဖြေရှင်းရမည့် အချိန်ပေါ်မူတည်၍ အဆင့်သတ်မှတ်ဘုတ်ကိုပင် ပြင်ဆင်ခဲ့သည်။ အဲဒါက သည်းထိတ်ရင်ဖို အတွေ့ကြုံကို ရှာဖွေသူတွေနဲ့ အောင်မြင်မှု စုဆောင်းသူတွေကို သေချာပေါက် လှုံ့ဆော်ပေးလိမ့်မယ်။ ပြီးသွားတဲ့အခါမှာတော့ စက္ကူဒီဇိုင်း တော်တော်များများကို ရေးဆွဲခဲ့ပါသည်။

ချန်ကောက ထိုအရာတွေကို စီစဉ်ပြီး မနက်ဖြန် မနက်မှာ ဒါရိုက်တာ လျှို နဲ့ တွေ့ဖို့ ပြင်ဆင်နေလိုက်သည်။ သူတင်ပြသည်ကို  ထိုလူ ယုံနိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပဲ...

သူသည် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ မနက် ၂ နာရီ ထိုးနေပြီဖြစ်လို့ ချန်ကောပျင်းရိစွာ ကျောဆန့်လိုက်သည်။

သရဲခြောက်သောအိမ်အတွင်းရှိ တစ်ခုတည်းသော လျှို့ဝှက်လုံခြုံရေးအန္တရာယ်မှာ  တံခါးဖြစ်သော်လည်း 'တံခါး' သည် သန်းခေါင်ယံအချိန်တွင်သာ ပေါ်လာသောကြောင့် ဧည့်သည်များကို မထိခိုက်စေပေ။ အနက်ရောင်ဖုန်းပေါ်ရှိ အဆက်မပြတ်ပေးပို့နေသည့် အရိပ်အမြွက်များအရ  ထို 'တံခါး' နှင့် ပတ်သက်၍ တစ်ခုခုလုပ်သင့်သည်ဟု သတိပေးနေသည်။  စုဆောင်းရေးမစ်ရှင်သည် ပို၍ပင်လွယ်ကူသည်။ ထျန်းထန် ဆေးကျောင်းမှ အချို့သရဲတွေကို ဝန်ထမ်းအဖြစ် ငှားနိုင်သည်။

အား...အခုက  အဲ့ဒါတွေကို ရွှေ့ဖို့ အချိန်မကျသေးဘူး။

ချန်ကောသည် သရဲခြောက်သော အိမ်နှစ်အိမ်ကြားရှိ အားသာချက်များနှင့် အားနည်းချက်များကို ယှဉ်ကြည့်ရင်း စားပွဲပေါ်မှ ဘောပင်ကို ပုတ်လိုက်သည်။ သူသည် မာနကြောင့် မျက်ကန်းဖြစ်သွားမည် မဟုတ်ပေ။  သူ့သရဲအိမ်၏ မည်သည့်နေရာများသည်ထျန်းထန် ဆေးကျောင်းနှင့် ယှဉ်လျှင် ဘယ်လို အားနည်းသည်ကို သူသိသည်။

ထျန်းထန် ဆေးကျောင်းသည် သေးငယ်သော်လည်း သူတို့၏ မြင်ကွင်းများသည် ချောမွေ့စွာ ဆက်စပ်နေသည်။ နှိုင်းယှဉ်ကြည့်လျှင် သူ၏ သရဲခြောက်သောအိမ်သည် ပိုကြီးသော်လည်း၊ နေရာလွတ်များစွာလည်း ရှိနေသေးသည်။

ဒါက ချန်ကောရဲ့ အပြစ်မဟုတ်ဘူး။ လွန်ခဲ့သည့် တစ်ပတ်ခန့်က သူသည် ဖုန်းအနက်မှ သရဲ အိမ် တိုးချဲ့ရန် မစ်ရှင်များ ပြီးမြောက်ရန် အလုပ်များနေသောကြောင့် ချို့ယွင်းချက်အချို့ ရှိနေဦးမည် ဖြစ်သည်။

ငါ့သရဲအိမ်မှာ ကြောက်စရာတွေ ထပ်ထည့်သင့်တယ်။ မနက်ဖြန်မှာ  ခြောက်လန့်မယ့် ဆက်တင်အသစ်နဲ့ အရုပ်တချို့ လုပ်ရတော့မယ် ထင်ပါရဲ့။

အစမ်းမစ်ရှင် အများအပြားပြီးနောက် ချန်ကောသည် လူများကိုကြောက်လန့်စေသောနည်းလမ်းများကို ကျွမ်းကျင်လာခဲ့သည်။ သူ့စိတ်ထဲတွင် အတွေးသစ်တွေ ပြည့်နှက်နေပြီး လာရောက်လည်ပတ်သူများထံမှ အော်သံများကို တွေးကာ မပြုံးပဲ မနေနိုင်တော့ပေ။

မစောင့်နိုင်တော့ဘူး။ တတိယဖျားနာဆောင်ခန်းမကို လာရောက်လည်ပတ်တဲ့ ပထမဆုံးဧည့်သည်ဖြစ်ဖို့ ဘယ်သူက အရမ်းကံကောင်းနေမလဲလို့ ချန်ကော တွေးနေမိသည်။


ချန်ကော၏ မျက်လုံးများရှေ့တွင် တောက်ပသည့် ကြောင်အမွေးတွေကို မြင်လိုက်ရသည်။ ကြောင်ဖြူက ချန်ကော တစ်ယောက် အရမ်း ဆူညံနေသည်ဟု ထင်ပုံရသည်။ စားပွဲပေါ်မှ ခုန်ဆင်းကာ ကုတင်ပေါ်သို့ တက်ပြီး မွေ့ယာပေါ်တွင် ခွေနေသည်။

ချန်ကောလည်း တော်တော်နောက်ကျနေပြီဆိုတာ သိလိုက်ရသည်။ သူက မနက် 7 နာရီအတွက် နှိုးစက်ပေးလိုက်ပြီး ကြောင်ဘေးမှာ လှဲအိပ်လိုက်တယ်။

နေထွက်လာချိန်  ချန်ကောနိုးလာပြီး သရဲခြောက်သောအိမ်ကို သန့်ရှင်းရေးလုပ်သည်။ ထို့နောက် မနေ့ညက သူပြောခဲ့သော အတွေးသစ်ကို အကောင်ထည်ဖော်ရန် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။


*****-********

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now