Chapter (42) - စကၠန္႔ ၆၀

1.1K 300 7
                                    

Chapter (42) - စကၠန္႔ ၆၀

ဖုန္းက 3:43 မိနစ္ကုိ ျပေနသည္။ Chen Ge က အဆုတ္ထဲ ေလကို႐ွဴသြင္းေနၿပီး ေနာက္ဆံုးက်န္သည့္အခ်ိန္မွာ သတိထားၿပီး ေစာင့္ေနသည္။ အခန္းက တိတ္ဆိတ္ေနၿပီး ဘာသံမွမၾကားရေပ။ မွန္ထဲကမေကာင္းဆိုးဝါးက ဒီနားတစ္ဝိုက္ ရွိပံုမရေပ။ 3:43 မိနစ္ေရာက္ေတာ့ Chen Ge က အဆုတ္ထဲျပည့္ေအာင္ ေလကိုတဝ႐ွဴသြင္းလိုက္သည္။ သူ႔မ်က္လံုးက နာရီကိုပဲ စိုက္ၾကည့္ေနမိသည္။ သူ႔ဘဝမွာ ခုေလာက္ တစ္ခါမွ အာ႐ံုမစိုက္ဖူးေပ။ 3:44 မိနစ္ကိုေရာက္ေတာ့ Chen Ge က တြန္႔ဆုတ္မႈမရွိဘဲ ေရထဲကို ငုပ္ခ်လိုက္သည္။

ေအးစက္ေနတဲ့ေရေတြက သူ႔ပတ္လည္မွာဖံုးသြားသည္။ သန္းေခါင္ယံႀကီး ေရခဲတမွ်ေအးသည့္ေရထဲ ငုပ္ေနတယ္ဆိုတာ ဘယ္သူမွမလုပ္တဲ့အလုပ္လို႔ ေျပာလို႔ရသည္။ ေအးစက္သည့္ေရေၾကာင့္ Chen Ge ၏ အာ႐ံုေၾကာမ်ား ထံုထိုင္းသြားၿပီး နက္႐ိႈင္းသည့္အေမွာင္ထုထဲ က်ဆင္းသြားသလို ခံစားရသည္။ ထိတ္လန္႔စြာခုန္ေနသည့္ ႏွလံုးခုန္သံထက္ တိတ္ဆိတ္မႈက လႊမ္းမိုးလို႔ေနသည္။ လူ၏အာ႐ံုခံစားႏိုင္စြမ္းအားလံုးကို ေရက ဆုပ္ယူသြားသလိုပင္။ ေရခ်ိဳးကန္ထဲငုပ္ေနရင္း Chen Ge က သူ႔ႏွလံုးခုန္သံကို စတင္ေရတြက္လိုက္သည္။

"စကၠန္႔ ၆၀ ပဲ.. ငါ စကၠန္႔ ၆၀ ပဲ အသက္ေအာင့္ဖို႔လိုတယ္.."

ဒီလိုအရာကို သူ ပထမဆံုး လုပ္ဖူးျခင္းပင္။ ေရမ်က္ႏွာျပင္က အေမွာင္ထုနဲ႔ တသားတည္းျဖစ္ေနၿပီး ဖေယာင္းတိုင္မီးေရာင္က သူႏွင့္ တျဖည္းျဖည္းေဝးကာ အဆံုးအစမဲ့သမုဒၵရာထဲ သူ နစ္ျမဳပ္သြားသလုိပင္။

"တစ္.. ႏွစ္.."

10 စကၠန္႔ၾကာၿပီးေနာက္ အခ်ိန္ကုန္ဆံုးမႈက ေႏွးေကြးသြားပံုေပၚသည္။ ေရထဲကတိတ္ဆိတ္မႈေၾကာင့္ ႏွလံုးခုန္သံကိုပင္ မၾကားရသလိုျဖစ္လာသည္။ Chen Ge က ဓားႏွစ္လက္ကို ေသခ်ာဆုပ္ထားၿပီး စိတ္ထဲကေန သူ႔မိဘနာမည္ကိုေခၚကာ ေရထဲမွာ သူ႔ကိုယ္လႈပ္ရွားေနတာကို အလိုက္သင့္ ေဖာ့ထားလိုက္သည္။ ေအာက္ဆီဂ်င္က ပိုမိုျပတ္လပ္လာၿပီး ေနရတာ မသက္မသာျဖစ္လာၿပီး တစ္စံုတစ္ခုက သူ႔ကိုယ္ကို ဖိလာသလိုပင္။

"15.. 16.."

ႏွလံုးခုန္လိုက္တိုင္း အဆုတ္ထဲက ေအာက္ဆီဂ်င္ ကုန္ဆံုးသြားသလိုပင္။ ဒါေၾကာင့္ တစ္စကၠန္႔က တစ္ကမာၻၾကာသလို ထင္လာရသည္။ ေအာက္ဆီဂ်င္မလံုေလာက္မႈေၾကာင့္ Chen Ge ၏လည္ပင္းကို လက္တစ္စံုက ျဖည္းျဖည္းခ်င္း တင္းေအာင္ညစ္လာသလိုပင္။

Chen Ge မ်က္လံုးဖြင့္ၾကည့္လည္း အေမွာင္ထုကလြဲၿပီး ဘာမွမျမင္ရေပ။ သူက တျခားကမာၻကိုေရာက္သြားၿပီး ေထာင္ေခ်ာက္ထဲေရာက္ေနသလို ခံစားလိုက္ရသည္။ ၃၊ ၄ စကၠန္႔ၾကာေတာ့ သူ႔မ်က္ႏွာက ျဖဴေဖ်ာ့လာခဲ့သည္။

ဘယ္ေလာက္ၾကာသြားၿပီလဲ.. ? ၿပီးေတာ့မွာလား..? အခ်ိန္ေစ့ၿပီလား..?

႐ုတ္တရက္ စႀကၤအျပင္ဘက္က ထူးဆန္းသည့္ နံရံကိုကုတ္ျခစ္သံကို ေရေအာက္ကေန သူက ၾကည္လင္စြာ ၾကားလိုက္ရသည္။ ဒါက တမင္သက္သက္ သူအာ႐ံုလြင့္ေအာင္ အျပင္ကမေကာင္းဆိုးဝါးက တမင္လုပ္ေနပံုရသည္။

ေျခသံလား..? ေကာ္ရစ္ဒါမွာ တစ္ေယာက္ေယာက္ လမ္းေလွ်ာက္ေနတာလား..?

သူ႔ႏွလံုးခုန္သံ ျမန္လာၿပီး ကိုယ္က အလိုလိုေတာင့္တင္းလာသည္။ ဒါက မွန္ထဲက မေကာင္းဆိုးဝါး ျဖစ္ပံုရသည္။ တံခါးနားကအ႐ုပ္က က်န္တဲ့စကၠန္႔ ၃၀ မွာ ဒီေကာင္ဝင္မလာေအာင္ တားႏိုင္မယ္လို႔ ေမွ်ာ္လင့္ရတာပဲ။ ဒါမွ မစ္ရွင္ေအာင္ျမင္မည္ျဖစ္သည္။

သူ႔ဦးေႏွာက္က ထံုထိုင္းလာၿပီး နားထဲက ေလထြက္စျပဳလာသည္။ Chen Ge ရဲ့စိတ္ကို ေကာ္ရစ္ဒါမွေျခသံက ေႏွာင့္ယွက္ေနလို႔ သူ႔မိဘနာမည္ကို ဆက္တိုက္ရြတ္ကာ ႏွလံုးခုန္သံကို ဆက္ၿပီး ေရတြက္ဖို႔ ႀကိဳးစားလိုက္သည္။

"28.. 29.."

ေရထဲကေန အျပင္ကအသံကို ဘယ္လိုၾကားရသလဲ နားမလည္ေပမယ့္ အခန္းျပင္ကအသံအရ မေကာင္းဆိုးဝါးက ေရခ်ိဳးခန္းထဲဝင္ဖို႔ ႀကိဳးစားေနပံုရသည္။

စကၠန္႔အနည္းငယ္ၾကာေတာ့ Chen Ge ရဲ့ရင္ဘတ္ေပၚ ေက်ာက္တံုးႀကီးဖိေနသလို ျဖစ္လာၿပီး လည္ပင္းေသြးေၾကာေတြ ေထာင္ထလာသည္။ သူ႔ေျခလက္ေတြက ေအးစက္ၿပီး ေပ်ာ့က်လာသည္။ သူ႔ဦးေႏွာက္စြမ္းရည္ က်ဆင္းလာေပမယ့္ သူ၏ ခုိင္မာသည့္ဆံုးျဖတ္ခ်က္ေၾကာင့္သာ ဆက္လက္ေတာင့္ထားႏိုင္ျခင္းျဖစ္သည္။

"ဘံုး.. ဘံုး.. ဘံုး.."

သတိေပးျခင္းမရွိဘဲ ေရခ်ိဳးခန္းတံခါးကို ထု႐ိုက္သံ ထြက္လာသည္။ Chen Ge ၏ရင္ထဲ မေကာင္းသည့္နိမိတ္တို႔ ျပည့္လာသည္။ အျပင္ကေကာင္က စိတ္မရွည္သည့္ပံုေပၚေနသည္။ တံခါးကို အေတာ္ၾကာ႐ိုက္ၿပီး တိတ္သြားသည္။ တံခါးနားကအ႐ုပ္က သူ႔ကိုထပ္ၿပီး ကယ္လိုက္ပံုရသည္။ အခန္းက တိတ္ဆိတ္သြားၿပီး အရာအားလံုး ပံုမွန္ျပန္ျဖစ္သြားသည္။ ခါတိုင္းအေျခအေနမွာ ေရထဲတစ္မိနစ္ငုပ္တာ Chen Ge အတြက္ မခက္ခဲေပမယ့္ ေကာ္ရစ္ဒါဘက္က ကုတ္ျခစ္သံႏွင့္ ေျခသံေၾကာင့္ စိတ္ဖိစီးၿပီး ေအာင္ဆီဂ်င္ေလာင္ကၽြမ္းမႈ ပိုျမန္လာခဲ့သည္။

သူ႔ေအာင့္အည္းႏိုင္စြမ္းက Limit ကိုေရာက္ေနၿပီဆုိတာ သိလိုက္ရသည္။ ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ အဆုတ္ေတြ ေပါက္ထြက္မတတ္ျဖစ္ၿပီး စကၠန္႔တုိင္းက သည္းမခံႏိုင္စရာျဖစ္လာသည္။

"39.. 40.."

40 လို႔ေရတြက္ၿပီးခ်ိန္ Chen Ge ရဲ့ဦးေႏွာက္က လံုးဝ မေရတြက္ႏိုင္ေတာ့ေပ။ တကယ္လို႔ က်န္ေနသည့္အာ႐ံုေလးကို ေတာင့္မခံႏိုင္ဘဲ လက္ေလွ်ာ့လိုက္ရင္ Chen Ge ေသခ်ာေပါက္ ေရနစ္ေသသြားလိမ့္မည္။ Chen Ge ရဲ့အေတြးေတြ ႐ႈပ္ေထြးေနၿပီး သူငယ္စဥ္က မိဘေတြနဲ႔အတူရွိစဥ္က မွတ္ဥာဏ္ေတြ ျပန္ေပၚလာခဲ့သည္။ သူ႔လည္ပင္းက ေထာင္ေနသည့္ေသြးေၾကာေတြ ေပ်ာ့က်ၿပီး တင္းေအာင္ဆုပ္ထားသည့္ဓားက အားေပ်ာ့လာသည္။ သူက ေသဖို႔ တည္းတည္းေလးပဲလိုေတာ့တယ္လို႔ ခံစားလာရသည္။ ဒီအခ်ိန္မွာ မစ္ရွင္ကေျပာထားသည့္ ေသျခင္းရွင္ျခင္းမ်ဥ္းတစ္ဖက္က ဆိုသည့္ အဓိပၸါယ္ကို ေသခ်ာသေဘာေပါက္သြားသည္။

>>ေသျခင္းရွင္ျခင္းမ်ဥ္းကိုေက်ာ္ၿပီး လူေသကိုျမင္ဖို႔ အခြင့္အေရးရလာလိမ့္မည္။<<

ေသလုေမ်ာပါး ေမ်ာသြားသည့္လူမ်ားက တမလြန္ဘဝကို ေရာက္ရွိသြားခဲ့ဖူးသည့္ သာဓကရွိခဲ့ဖူးသည္။ Chen Ge ၏မ်က္လံုးက ေရျပင္ကိုေငးၾကည့္ေနၿပီး သူ႔သူငယ္အိမ္က က်ယ္စျပဳလာသည္။ ေရမ်က္ႏွာျပင္ကေမွာင္ေနလို႔ သူ ဘာကိုမွ ေသခ်ာမျမင္ရေပ။ စိတ္ပ်က္စရာေတြနဲ႔ ျပည့္ေနသည္။ တိတ္ဆိတ္သည့္ အေမွာင္ထုသာ ရွိေနသည္။ အဆုတ္ကို မျမင္ႏိုင္သည့္လက္ႏွင့္ ဖိညႇစ္ခံေနရသည္။ ခံစားခ်က္က ေျပာျပရခက္လွသည္။

"မျဖစ္ဘူး.. ငါ ဆက္ေနရင္ ဒီေရခ်ိဳးကန္ထဲမွာ တကယ္ေသဆံုးရလိမ့္မယ္.."

မိနစ္ဝက္ၾကာၿပီးေနာက္ Chen Ge ျမင္ခ်င္တဲ့လူေတြ ေပၚမလာလို႔ သူ ဝမ္းသာသြားသည္။ ဒါက သူ႔မိဘေတြ အသက္ရွင္ေနေသးသည္ ဆိုသည့္သေဘာပင္။ ေမွ်ာ္လင့္ခ်က္တို႔ျဖင့္ သူ႔ရင္ထဲ အေပ်ာ္တို႔စီးဝင္လာသည္။ Chen Ge ၏လက္က ေရခ်ိဳးကန္ေအာက္ေျခကို ထိမိလိုက္စဥ္ အခ်ိန္ေစ့ၿပီဟု သူဆံုးျဖတ္လိုက္သည္။ သူ႔လက္ေမာင္းကိုအားျပဳၿပီး ကန္ေရထဲက ထြက္ဖို႔လုပ္လိုက္ေပမယ့္ သူလံုးဝ ထလို႔မရခဲ့ေပ။ တစ္ခုခုမွားယြင္းေနတာကို သူ သတိျပဳမိသြားသည္။

တစ္စံုတစ္ခုက သူ႔ေခါင္းကိုဖိၿပီး ေရေပၚတက္မရေအာင္ ဖိထားသည္။ Chen Ge က အာ႐ံုစိုက္ကာၾကည့္ေပမယ့္ ဘာကိုမွမေတြ႕ရေပ။ တံခါးေနာက္ကအ႐ုပ္နဲ႔ ေရကန္ေဘးကအ႐ုပ္၄ခုက တားဆီးထားလို႔ ဘာေကာင္မွ ဝင္မလာႏုိင္ေပ။ ဒါဆို ဒီဟာကို ဘယ္သူလုပ္ေနတာလဲ..?

သူ႔လည္ပင္းေသြးေၾကာေတြ ေထာင္ထလာၿပီး မ်က္ႏွာက ေဖ်ာ့ေတာ့လာသည္။ Chen Ge က လက္က်န္အားကိုသံုးၿပီး လက္ထဲကဓားကိုေျမႇာက္ကာ ေခါင္းေပၚေဝွ႔ယမ္းလိုက္သည္။ ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ သူ႔ခႏၶာနဲ႔အသိစိတ္က ေနာက္ဆံုးလစ္မစ္ကို ေရာက္ေနေလၿပီ။ အခ်ိန္မေရြး သူ သတိလစ္သြားႏိုင္သည္။

ဓားက ေရမ်က္ႏွာျပင္ေပၚသို႔ ထိုးထြက္သြားၿပီး တစ္စံုတစ္ခုကို ထိုးစိုက္မိလိုက္သည္ကို သိလိုက္ရသည္။ သူ႔ေခါင္းေပၚဖိထားသည့္အားက ႐ုတ္တရက္ေပ်ာက္သြားၿပီး သူ႔နားထဲ အသံတခ်ိဳ႕ ၾကားလိုက္ရသည္။ အတားအဆီးမရွိေတာ့လို႔ Chen Ge က ေရခ်ိဳးကန္ထဲကထထိုင္ကာ ေလကို အလုအယက္႐ွဴလိုက္သည္။

======================

Chapter (42) - စက္ကန့် ၆၀

ဖုန်းက 3:43 မိနစ်ကို ပြနေသည်။ Chen Ge က အဆုတ်ထဲ လေကိုရှူသွင်းနေပြီး နောက်ဆုံးကျန်သည့်အချိန်မှာ သတိထားပြီး စောင့်နေသည်။ အခန်းက တိတ်ဆိတ်နေပြီး ဘာသံမှမကြားရပေ။ မှန်ထဲကမကောင်းဆိုးဝါးက ဒီနားတစ်ဝိုက် ရှိပုံမရပေ။ 3:43 မိနစ်ရောက်တော့ Chen Ge က အဆုတ်ထဲပြည့်အောင် လေကိုတဝရှူသွင်းလိုက်သည်။ သူ့မျက်လုံးက နာရီကိုပဲ စိုက်ကြည့်နေမိသည်။ သူ့ဘဝမှာ ခုလောက် တစ်ခါမှ အာရုံမစိုက်ဖူးပေ။ 3:44 မိနစ်ကိုရောက်တော့ Chen Ge က တွန့်ဆုတ်မှုမရှိဘဲ ရေထဲကို ငုပ်ချလိုက်သည်။

အေးစက်နေတဲ့ရေတွေက သူ့ပတ်လည်မှာဖုံးသွားသည်။ သန်းခေါင်ယံကြီး ရေခဲတမျှအေးသည့်ရေထဲ ငုပ်နေတယ်ဆိုတာ ဘယ်သူမှမလုပ်တဲ့အလုပ်လို့ ပြောလို့ရသည်။ အေးစက်သည့်ရေကြောင့် Chen Ge ၏ အာရုံကြောများ ထုံထိုင်းသွားပြီး နက်ရှိုင်းသည့်အမှောင်ထုထဲ ကျဆင်းသွားသလို ခံစားရသည်။ ထိတ်လန့်စွာခုန်နေသည့် နှလုံးခုန်သံထက် တိတ်ဆိတ်မှုက လွှမ်းမိုးလို့နေသည်။ လူ၏အာရုံခံစားနိုင်စွမ်းအားလုံးကို ရေက ဆုပ်ယူသွားသလိုပင်။ ရေချိုးကန်ထဲငုပ်နေရင်း Chen Ge က သူ့နှလုံးခုန်သံကို စတင်ရေတွက်လိုက်သည်။

"စက္ကန့် ၆၀ ပဲ.. ငါ စက္ကန့် ၆၀ ပဲ အသက်အောင့်ဖို့လိုတယ်.."

ဒီလိုအရာကို သူ ပထမဆုံး လုပ်ဖူးခြင်းပင်။ ရေမျက်နှာပြင်က အမှောင်ထုနဲ့ တသားတည်းဖြစ်နေပြီး ဖယောင်းတိုင်မီးရောင်က သူနှင့် တဖြည်းဖြည်းဝေးကာ အဆုံးအစမဲ့သမုဒ္ဒရာထဲ သူ နစ်မြုပ်သွားသလိုပင်။

"တစ်.. နှစ်.."

10 စက္ကန့်ကြာပြီးနောက် အချိန်ကုန်ဆုံးမှုက နှေးကွေးသွားပုံပေါ်သည်။ ရေထဲကတိတ်ဆိတ်မှုကြောင့် နှလုံးခုန်သံကိုပင် မကြားရသလိုဖြစ်လာသည်။ Chen Ge က ဓားနှစ်လက်ကို သေချာဆုပ်ထားပြီး စိတ်ထဲကနေ သူ့မိဘနာမည်ကိုခေါ်ကာ ရေထဲမှာ သူ့ကိုယ်လှုပ်ရှားနေတာကို အလိုက်သင့် ဖော့ထားလိုက်သည်။ အောက်ဆီဂျင်က ပိုမိုပြတ်လပ်လာပြီး နေရတာ မသက်မသာဖြစ်လာပြီး တစ်စုံတစ်ခုက သူ့ကိုယ်ကို ဖိလာသလိုပင်။

"15.. 16.."

နှလုံးခုန်လိုက်တိုင်း အဆုတ်ထဲက အောက်ဆီဂျင် ကုန်ဆုံးသွားသလိုပင်။ ဒါကြောင့် တစ်စက္ကန့်က တစ်ကမ္ဘာကြာသလို ထင်လာရသည်။ အောက်ဆီဂျင်မလုံလောက်မှုကြောင့် Chen Ge ၏လည်ပင်းကို လက်တစ်စုံက ဖြည်းဖြည်းချင်း တင်းအောင်ညစ်လာသလိုပင်။

Chen Ge မျက်လုံးဖွင့်ကြည့်လည်း အမှောင်ထုကလွဲပြီး ဘာမှမမြင်ရပေ။ သူက တခြားကမ္ဘာကိုရောက်သွားပြီး ထောင်ချောက်ထဲရောက်နေသလို ခံစားလိုက်ရသည်။ ၃၊ ၄ စက္ကန့်ကြာတော့ သူ့မျက်နှာက ဖြူဖျော့လာခဲ့သည်။

ဘယ်လောက်ကြာသွားပြီလဲ.. ? ပြီးတော့မှာလား..? အချိန်စေ့ပြီလား..?

ရုတ်တရက် စင်္ကအြပြင်ဘက်က ထူးဆန်းသည့် နံရံကိုကုတ်ခြစ်သံကို ရေအောက်ကနေ သူက ကြည်လင်စွာ ကြားလိုက်ရသည်။ ဒါက တမင်သက်သက် သူအာရုံလွင့်အောင် အပြင်ကမကောင်းဆိုးဝါးက တမင်လုပ်နေပုံရသည်။

ခြေသံလား..? ကော်ရစ်ဒါမှာ တစ်ယောက်ယောက် လမ်းလျှောက်နေတာလား..?

သူ့နှလုံးခုန်သံ မြန်လာပြီး ကိုယ်က အလိုလိုတောင့်တင်းလာသည်။ ဒါက မှန်ထဲက မကောင်းဆိုးဝါး ဖြစ်ပုံရသည်။ တံခါးနားကအရုပ်က ကျန်တဲ့စက္ကန့် ၃၀ မှာ ဒီကောင်ဝင်မလာအောင် တားနိုင်မယ်လို့ မျှော်လင့်ရတာပဲ။ ဒါမှ မစ်ရှင်အောင်မြင်မည်ဖြစ်သည်။

သူ့ဦးနှောက်က ထုံထိုင်းလာပြီး နားထဲက လေထွက်စပြုလာသည်။ Chen Ge ရဲ့စိတ်ကို ကော်ရစ်ဒါမှခြေသံက နှောင့်ယှက်နေလို့ သူ့မိဘနာမည်ကို ဆက်တိုက်ရွတ်ကာ နှလုံးခုန်သံကို ဆက်ပြီး ရေတွက်ဖို့ ကြိုးစားလိုက်သည်။

"28.. 29.."

ရေထဲကနေ အပြင်ကအသံကို ဘယ်လိုကြားရသလဲ နားမလည်ပေမယ့် အခန်းပြင်ကအသံအရ မကောင်းဆိုးဝါးက ရေချိုးခန်းထဲဝင်ဖို့ ကြိုးစားနေပုံရသည်။

စက္ကန့်အနည်းငယ်ကြာတော့ Chen Ge ရဲ့ရင်ဘတ်ပေါ် ကျောက်တုံးကြီးဖိနေသလို ဖြစ်လာပြီး လည်ပင်းသွေးကြောတွေ ထောင်ထလာသည်။ သူ့ခြေလက်တွေက အေးစက်ပြီး ပျော့ကျလာသည်။ သူ့ဦးနှောက်စွမ်းရည် ကျဆင်းလာပေမယ့် သူ၏ ခိုင်မာသည့်ဆုံးဖြတ်ချက်ကြောင့်သာ ဆက်လက်တောင့်ထားနိုင်ခြင်းဖြစ်သည်။

"ဘုံး.. ဘုံး.. ဘုံး.."

သတိပေးခြင်းမရှိဘဲ ရေချိုးခန်းတံခါးကို ထုရိုက်သံ ထွက်လာသည်။ Chen Ge ၏ရင်ထဲ မကောင်းသည့်နိမိတ်တို့ ပြည့်လာသည်။ အပြင်ကကောင်က စိတ်မရှည်သည့်ပုံပေါ်နေသည်။ တံခါးကို အတော်ကြာရိုက်ပြီး တိတ်သွားသည်။ တံခါးနားကအရုပ်က သူ့ကိုထပ်ပြီး ကယ်လိုက်ပုံရသည်။ အခန်းက တိတ်ဆိတ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ ခါတိုင်းအခြေအနေမှာ ရေထဲတစ်မိနစ်ငုပ်တာ Chen Ge အတွက် မခက်ခဲပေမယ့် ကော်ရစ်ဒါဘက်က ကုတ်ခြစ်သံနှင့် ခြေသံကြောင့် စိတ်ဖိစီးပြီး အောင်ဆီဂျင်လောင်ကျွမ်းမှု ပိုမြန်လာခဲ့သည်။

သူ့အောင့်အည်းနိုင်စွမ်းက Limit ကိုရောက်နေပြီဆိုတာ သိလိုက်ရသည်။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အဆုတ်တွေ ပေါက်ထွက်မတတ်ဖြစ်ပြီး စက္ကန့်တိုင်းက သည်းမခံနိုင်စရာဖြစ်လာသည်။

"39.. 40.."

40 လို့ရေတွက်ပြီးချိန် Chen Ge ရဲ့ဦးနှောက်က လုံးဝ မရေတွက်နိုင်တော့ပေ။ တကယ်လို့ ကျန်နေသည့်အာရုံလေးကို တောင့်မခံနိုင်ဘဲ လက်လျှော့လိုက်ရင် Chen Ge သေချာပေါက် ရေနစ်သေသွားလိမ့်မည်။ Chen Ge ရဲ့အတွေးတွေ ရှုပ်ထွေးနေပြီး သူငယ်စဉ်က မိဘတွေနဲ့အတူရှိစဉ်က မှတ်ဉာဏ်တွေ ပြန်ပေါ်လာခဲ့သည်။ သူ့လည်ပင်းက ထောင်နေသည့်သွေးကြောတွေ ပျော့ကျပြီး တင်းအောင်ဆုပ်ထားသည့်ဓားက အားပျော့လာသည်။ သူက သေဖို့ တည်းတည်းလေးပဲလိုတော့တယ်လို့ ခံစားလာရသည်။ ဒီအချိန်မှာ မစ်ရှင်ကပြောထားသည့် သေခြင်းရှင်ခြင်းမျဉ်းတစ်ဖက်က ဆိုသည့် အဓိပ္ပါယ်ကို သေချာသဘောပေါက်သွားသည်။

>>သေခြင်းရှင်ခြင်းမျဉ်းကိုကျော်ပြီး လူသေကိုမြင်ဖို့ အခွင့်အရေးရလာလိမ့်မည်။<<

သေလုမျောပါး မျောသွားသည့်လူများက တမလွန်ဘဝကို ရောက်ရှိသွားခဲ့ဖူးသည့် သာဓကရှိခဲ့ဖူးသည်။ Chen Ge ၏မျက်လုံးက ရေပြင်ကိုငေးကြည့်နေပြီး သူ့သူငယ်အိမ်က ကျယ်စပြုလာသည်။ ရေမျက်နှာပြင်ကမှောင်နေလို့ သူ ဘာကိုမှ သေချာမမြင်ရပေ။ စိတ်ပျက်စရာတွေနဲ့ ပြည့်နေသည်။ တိတ်ဆိတ်သည့် အမှောင်ထုသာ ရှိနေသည်။ အဆုတ်ကို မမြင်နိုင်သည့်လက်နှင့် ဖိညှစ်ခံနေရသည်။ ခံစားချက်က ပြောပြရခက်လှသည်။

"မဖြစ်ဘူး.. ငါ ဆက်နေရင် ဒီရေချိုးကန်ထဲမှာ တကယ်သေဆုံးရလိမ့်မယ်.."

မိနစ်ဝက်ကြာပြီးနောက် Chen Ge မြင်ချင်တဲ့လူတွေ ပေါ်မလာလို့ သူ ဝမ်းသာသွားသည်။ ဒါက သူ့မိဘတွေ အသက်ရှင်နေသေးသည် ဆိုသည့်သဘောပင်။ မျှော်လင့်ချက်တို့ဖြင့် သူ့ရင်ထဲ အပျော်တို့စီးဝင်လာသည်။ Chen Ge ၏လက်က ရေချိုးကန်အောက်ခြေကို ထိမိလိုက်စဉ် အချိန်စေ့ပြီဟု သူဆုံးဖြတ်လိုက်သည်။ သူ့လက်မောင်းကိုအားပြုပြီး ကန်ရေထဲက ထွက်ဖို့လုပ်လိုက်ပေမယ့် သူလုံးဝ ထလို့မရခဲ့ပေ။ တစ်ခုခုမှားယွင်းနေတာကို သူ သတိပြုမိသွားသည်။

တစ်စုံတစ်ခုက သူ့ခေါင်းကိုဖိပြီး ရေပေါ်တက်မရအောင် ဖိထားသည်။ Chen Ge က အာရုံစိုက်ကာကြည့်ပေမယ့် ဘာကိုမှမတွေ့ရပေ။ တံခါးနောက်ကအရုပ်နဲ့ ရေကန်ဘေးကအရုပ်၄ခုက တားဆီးထားလို့ ဘာကောင်မှ ဝင်မလာနိုင်ပေ။ ဒါဆို ဒီဟာကို ဘယ်သူလုပ်နေတာလဲ..?

သူ့လည်ပင်းသွေးကြောတွေ ထောင်ထလာပြီး မျက်နှာက ဖျော့တော့လာသည်။ Chen Ge က လက်ကျန်အားကိုသုံးပြီး လက်ထဲကဓားကိုမြှောက်ကာ ခေါင်းပေါ်ဝှေ့ယမ်းလိုက်သည်။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သူ့ခန္ဓာနဲ့အသိစိတ်က နောက်ဆုံးလစ်မစ်ကို ရောက်နေလေပြီ။ အချိန်မရွေး သူ သတိလစ်သွားနိုင်သည်။

ဓားက ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်သွားပြီး တစ်စုံတစ်ခုကို ထိုးစိုက်မိလိုက်သည်ကို သိလိုက်ရသည်။ သူ့ခေါင်းပေါ်ဖိထားသည့်အားက ရုတ်တရက်ပျောက်သွားပြီး သူ့နားထဲ အသံတချို့ ကြားလိုက်ရသည်။ အတားအဆီးမရှိတော့လို့ Chen Ge က ရေချိုးကန်ထဲကထထိုင်ကာ လေကို အလုအယက်ရှူလိုက်သည်။

======================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now