Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္

1.4K 307 23
                                    

Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္

တစ္မိနစ္စာ video ေလးတင္ၿပီးေတာ့ comment ေတြ ေပါက္ကြဲထြက္လာျပန္သည္။

"56 စကၠန္႔အၾကာမွာ ေပၚလာတဲ့အရိပ္က specific effect နဲ႔ လုပ္ထားတာမဟုတ္လား.. ဒီဟာက ေအာက္ေျခကေန တြားတက္လာပံုရတယ္.."

"ဓားကိုယမ္းေနတဲ့သူက ဒီပို႔စ္ပိုင္ရွင္ပဲ.. သူ႔ကို ေအာ္စကာဆု ေပးၾကစမ္းပါ.."

"တကယ္လို႔ အရိပ္မည္းသာ ဒီထက္ပိုရွိႏိုင္ရင္ ပို႔စ္ပိုင္ရွင္ေတာ့ ေသၿပီ.."

"Fuck.. ဒီ video စဖြင့္ကတည္းက အသက္ေအာင့္ထားဖို႔ ႀကိဳးစားေပမယ့္ တစ္ဝက္ေလာက္မွာ ႐ွဴလိုက္မိတယ္ဟ.."

"ေျပးၾကေဟ့.. ဒီပို႔စ္ပိုင္ရွင္က သရဲ video ကို ရွယ္ေနတယ္.. ဖြင့္မၾကည့္ၾကနဲ႔.."

"ငါ့ဖုန္းကို ၁ မိနစ္ၾကည့္ၿပီးတာနဲ႔ ငါ ဒီည အိပ္မေပ်ာ္ႏိုင္ေတာ့ဘူး.."

"မင္းရဲ့အရင္ video ကိုၾကည့္ၿပီး ငါ မွန္ကို မၾကည့္ရဲခဲ့ဘူး.. ခု video ကိုၾကည့္ၿပီး ငါ ေရခ်ိဳးခန္းထဲ မဝင္ရဲေတာ့ဘူး.. အၾကင္နာကင္းမဲ့တဲ့ ပို႔စ္ပိုင္ရွင္ေရ.. ခင္ဗ်ားကို အမႈန္႔ေခ်ပစ္ခ်င္ေနၿပီေနာ္.."

Chen Ge က ဒီ video ကိုတင္လိုက္တာနဲ႔ မနက္ ၄ နာရီေပမယ့္ သူ႔ fan ေတြရဲ့ စိတ္အားထက္သန္တဲ့ ဆဲသံဆိုသံလႊမ္းေနတဲ့ comment ေတြေၾကာင့္ ပီတိျဖာလို႔ေနသည္။ သူလုပ္ခဲ့ရတာ ထိုက္တန္ပါေပတယ္လို႔ ေတြးၿပီး application ကိုမပိတ္ခင္ သူ႔သရဲအိမ္ကို ေၾကာ္ျငာလိုက္ေသးသည္။ fan ေတြကလည္း ခ်က္ခ်င္း message ျပန္ပို႔ၿပီး မနက္ျဖန္ ေကာင္းေကာင္းလာလည္ရင္း 'ေဒသထြက္လက္ေဆာင္ေတြနဲ႔ လာေကၽြး' ဦးမည္ဟု ေျပာဆိုၾကသည္။

ငါ့သရဲအိမ္ကို လက္မွတ္ဝယ္ၿပီး လာလည္ရင္း ေဒသထြက္လက္ေဆာင္ေတြ ယူလာ 'ေကၽြး' ဦးမည္ဆုိေတာ့ ကေန႔ fan ေတြက အေတာ္သေဘာေကာင္းတာပဲဟု Chen Ge က ေတြးေနသည္။ Chen Ge က app ကိုပိတ္ၿပီးေတာ့ အ႐ုပ္၅႐ုပ္ကိုေကာက္ရင္း သန္းေခါင္ယံည လူသတ္သမားအခန္းကေန ပ်င္းပ်င္းနဲ႔ ထြက္လာခဲ့သည္။

အေမွာင္တို႔ေလ်ာ့ပါးၿပီး အ႐ုဏ္ဦးေရာင္ျခည္ပင္ တက္လာေလၿပီ။ Chen Ge က ပ်ဥ္ျပားေတြကိုေတြ႕လို႔ တတိယထပ္ဝင္ေပါက္ကို ပ်ဥ္ျပားျဖင့္ပိတ္ကာ သံ႐ိုက္ထားလိုက္သည္။ မွန္ထဲကမေကာင္းဆိုးဝါးေကာင္ကို မရွင္းရေသးသေရြ႕ ဒီတတိယထပ္ကို သံုးလို႔မျဖစ္ေပ။

လက္မွတ္တစ္ေစာင္ကို ယြမ္ 20 ၊ တစ္ခါကို လူ ၇ ေယာက္ ဝင္ကစားႏိုင္ၿပီး တစ္ႀကိမ္ကို 15 မိနစ္ သတ္မွတ္ထားသည္။ ဒါဆို တစ္နာရီမွာ ယြမ္ 560 ဝင္ၿပီး တစ္ေနကုန္ 8 နာရီဆိုရင္ ယြမ္ 4000 ေလာက္ နစ္နာသြားေပလိမ့္မည္။ ဒီလိုတြက္မိေတာ့ Chen Ge ရဲ့ႏွလံုးသားကို ညႇစ္ထားသလို ခံစားရေပမယ့္ လံုၿခံဳေရးက ပထမျဖစ္ေသာေၾကာင့္ သူ ေလာဘမႀကီးဝံ့ေပ။ အနာဂတ္မွာ တျခားအခန္းေတြပြင့္သြားရင္ သူ ပိုက္ဆံပိုဝင္လာလိမ့္မည္။

တတိယထပ္ကိုပိတ္ၿပီးေတာ့ Chen Ge က ဝန္ထမ္းနားေနခန္းကို ျပန္ေရာက္ၿပီး အိပ္ယာေဘးမွာ အ႐ုပ္ေတြခ်ထားကာ အားကစားဝတ္စံုလဲလိုက္ၿပီး အေျပးက်င့္ရန္ ထြက္လာသည္။ အစမ္းမစ္ရွင္ အေတြ႕အႀကံဳအရ သူ က်န္းမာၿပီး သက္လံုေကာင္းေနမွ ေသေဘးကလြတ္ေအာင္ ေျပးႏိုင္လိမ့္မည္။ မဟုတ္ရင္ ေျမႀကီးထဲ ေစာေစာေရာက္သြားႏိုင္သည္။

Xu Wan က 8:40 မွာေရာက္လာေတာ့ ေခၽြးေတြရႊဲေနသည့္ Chen Ge ကို ေတြ႕လို႔ အံ့ၾသသြားသည္။ သူမရဲ့ေဘာ့စ္က အားကစားလုပ္မည့္သူဟု မထင္ထားမိေပ။ သရဲအိမ္တံခါးကိုဖြင့္ၿပီး တစ္ေန႔တာကို စတင္လိုက္ေလၿပီး ဝန္ထမ္းႏွစ္ဦးက သတ္မွတ္ထားတဲ့ေနရာမွာေနၿပီး တာဝန္ထမ္းေဆာင္ဖို႔ အသင့္ျဖစ္ေနၿပီ။ မနက္ 9 နာရီမွာ ဧည့္သည္ေတြဝင္လာေပမယ့္ သရဲအိမ္ဘက္က ဧည့္သည္မရွိေသးေပ။ ဒီပန္းၿခံရဲ့ ေနရာအေတာ္မ်ားမ်ားက ခုလို ဧည့္သည္ကင္းမဲ့လို႔ေနသည္။

"ေဘာ့စ္.. ရွင္ ညက သရဲအိမ္ထဲ ဘာလုပ္ထားတာလဲ.. ေရကြက္ေတြက ဘာေၾကာင့္ ဒီေနရာမွာ ပြေနရတာလဲ.."

"ငါ ၾကမ္းတိုက္ထားတာ.. ၿပီးေတာ့ မင္း သရဲလိုသ႐ုပ္ေဆာင္ရင္ မွန္ခ်ပ္ေတြနဲ႔ ေဝးေဝးေနဖို႔ မေမ့နဲ႔.."

"ဘာေၾကာင့္လဲ.."

Chen Ge ရွင္းျပမလိုလုပ္ေနစဥ္ မန္ေနဂ်ာ အန္ကယ္ Xu က သူတို႔ဘက္ေလွ်ာက္လာခဲ့သည္။

"Uncle Xu.. တစ္ခုခုျဖစ္လုိ႔လား.."

Chen Ge က အန္ကယ္ Xu မ်က္ႏွာမေကာင္းလို႔ ဆီးႀကိဳေမးလိုက္သည္။

"မင္းက အၾကားအျမင္ ရေနတာလား.. ကင္တင္းကဝန္ထမ္းေတြက မေန႔ညက ဓားႏွစ္ေခ်ာင္း အခိုးခံရတယ္လို႔ လာတိုင္ၾကတယ္.. ငါက အဲ့ဒီကို ေသခ်ာလိုက္ၾကည့္ၿပီး ေမးမိတယ္.. ဘယ္လိုလူမ်ိဳးကမ်ား ညမအိပ္ဘဲ ဓားႏွစ္ေခ်ာင္းခိုးဖို႔ လုပ္မွာလဲလို႔.. ဓားႏွစ္ေခ်ာင္းက ေျခေထာက္ေပါက္ၿပီး ထြက္သြားမွာတဲ့လား.."

အန္ကယ္ Xu ေျပာမွ မေန႔ညက ကင္တင္းကယူလာတဲ့ ဓားႏွစ္ေခ်ာင္းကို ျပန္မထားရေသးဘဲ ေရခ်ိဳးခန္းထဲ ေမ့က်န္ခဲ့တာ သတိရသြားသည္။

"ကၽြန္ေတာ္က ရဲေတြကို အမႈတစ္ခုေျဖရွင္းဖို႔ ကူညီဖူးတယ္.. ဒါေၾကာင့္ လူသတ္သမားက မမိေသးဘဲ လြတ္ေနတာသိရတယ္.. ကၽြန္ေတာ့္ဘာသာကာကြယ္ဖို႔ ဓားကို ယူလာတာပါ.. စိတ္မပူပါနဲ႔.. ကၽြန္ေတာ္ အသစ္ထပ္ဝယ္ေပးပါ့မယ္.."

ဒီဓားေတြက သရဲကို ထိုးမိထားတာဆိုေတာ့ အစားအေသာက္ခ်က္ျပဳတ္ဖို႔ မသံုးသင့္ဘူးလို႔တြက္ၿပီး Chen Ge က ခုလိုေျပာလိုက္သည္။

"ေကာင္ေလး.. မင္းက ပိုနားလည္ရခက္လာၿပီ.. မွန္မွန္ေျပာစမ္းပါ.. မင္း တရားမဝင္ကိစၥေတြမွာ ပတ္သက္ေနတာလား.."

"ဓား၂ေခ်ာင္းနဲ႔ ဘယ္လိုရာဇဝတ္မႈမွာ ပါႏိုင္မွာလဲ အန္ကယ္ရ.. ကၽြန္ေတာ္ မဟုတ္တာ ဘာမွမလုပ္ပါဘူး.. စိတ္မပူပါနဲ႔ဗ်ာ.."

အန္ကယ္ Xu က သူ႔စကားကို တစ္ဝက္ပဲယံုေပမယ့္ သူ႔အိတ္ထဲကပိုက္ဆံထုပ္ကို Chen Ge ကို လွမ္းေပးလိုက္သည္။

"ေရာ့.. ယြမ္ 5000.. ျပႆနာတစ္ခုခုရွိရင္ ငါ့ဆီကိုသာလာခဲ့.."

"ေက်းဇူးတင္ပါတယ္ အန္ကယ္ Xu.. ကၽြန္ေတာ္ တနဂၤေႏြက်ရင္ ပိုက္ဆံျပန္ေပးပါ့မယ္.."

အန္ကယ္ Xu ထြက္သြားေတာ့ Chen Ge က ပိုက္ဆံကို အိတ္ကပ္ထဲသိမ္းကာ ဘယ္လိုသံုးရမလဲ စဥ္းစားေနသည္။ CCTV တပ္ဖို႔ ေလာက္ေပမယ့္ သူက ေျမေအာက္ကားပါကင္ကို ငွားခ်င္ေနသည္။ ဒီဟာက ဘယ္ေလာက္ကုန္က်မည္ကို မသိေသးေပ။ game ထဲက အခန္းသစ္ဖြင့္ဖို႔ ပိုက်ယ္တဲ့ေနရာ ငွားဖို႔လိုေနသည္။ Chen Ge မွာ ႀကံဳေနရတဲ့ျပႆနာေတြရဲ့ အဓိကအခ်က္က ပိုက္ဆံမရွိျခင္းျဖစ္သည္။ ဆုေၾကးပိုက္ဆံလည္း မရေသးေပ။ သူတို႔ကို သြားေလာသင့္လား..။

Chen Ge က ရဲစခန္းဘက္ကို လွမ္းေမွ်ာ္ၾကည့္ေတာ့ ဟိုးဘက္ေထာင့္ဘက္ ဧည့္သည္က်ိဳးတို႔က်ဲတဲၾကားမွာ ဦးထုပ္ကို နဖူးေပၚ ခပ္ငိုက္ငိုက္ေဆာင္းကာ လက္အိတ္ဝတ္ထားသည့္လက္ကို အိတ္ကပ္ထဲထည့္ထားသည့္ မသကၤာစရာလူကို ေတြ႕လိုက္ရသည္။ ထိုလူက လူေတြၾကား လွည့္လည္သြားကာ ဘယ္သူ႔ကိုေရြးရမလဲဆိုတာ ရွာေနပံုရသည္။ ဒီလူရဲ့ပံုက သူနဲ႔ ရင္းႏွီးေနသလိုပင္။ ယင္-ယန္အျမင္စြမ္းအားေၾကာင့္ Chen Ge ရဲ့အျမင္က စူးရွေနျခင္းျဖစ္သည္။ သာမန္လူဆိုရင္ သူ႔ကို ဘယ္သူမွ သတိမထားမိေလာက္ေပ။

ငါ သူ႔ကို သြားတားသင့္လား..?

ဒီလိုေတြးေနတုန္း သရဲအိမ္ထဲ ဧည့္သည္တစ္အုပ္ေရာက္လာလို႔ Chen Ge ရဲ့အာ႐ံုက အလုပ္ထဲေရာက္သြားသည္။ ေန႔လည္စာသြားစားၾကေတာ့ ဒီလူက သရဲအိမ္နား ရစ္သီရစ္သီ ေရာက္ေနတာကို သံသယျဖစ္ဖြယ္ ေတြ႕လုိက္ရသည္။

သူက သရဲအိမ္နား တမနက္ခင္းလံုး ေရာက္ေနေပမယ့္ ငါနဲ႔ Xiao Wan ထမင္းသြားစားမယ့္အခ်ိန္က်မွ ဒီနားကပ္လာတယ္။ သူ ဘာလုပ္ဖို႔ ႀကံေနတာလဲ..?

Chen Ge က Xiao Wan ကို အရင္သြားခိုင္းၿပီး သူျပန္လွည့္လာတာျမင္ေတာ့ ဒီလူက ပန္းၿခံထဲက ထြက္သြားတာ ေတြ႕လိုက္ရသည္။

သူ႔ကို တစ္ေနရာမွာ ငါ ေတြ႕ဖူးသလိုပဲ..?

Chen Ge မ်က္ေမွာင္ၾကဳတ္သြားၿပီး ထမင္းသြားမစားေတာ့ဘဲ လံုၿခံဳေရးဌာနကိုသြားၿပီး ခြင့္ျပဳခ်က္ေတာင္းကာ CCTV မွတ္တမ္းကို စစ္ေဆးၾကည့္လိုက္သည္။ သံသယရွိဖြယ္ဧည့္သည္က ရည္ရြယ္ခ်က္ရွိရွိ CCTV ကင္မရာမ်ားကိုေရွာင္ကာ သြားလာေနတာေတြ႕ရၿပီး သူ႔လက္တစ္ဖက္ပဲသံုးၿပီး ေဆးလိပ္ေသာက္၊ မီးျခစ္ျခစ္လုပ္တာ ေတြ႕လိုက္ရသည္။ ပိုသံသယျဖစ္စရာေကာင္းတာက သူက ကစားကြင္းထဲက မိုးပ်ံျခားရဟတ္ႀကီးကို သံုးခါတိတိ စီးခဲ့ျခင္းျဖစ္သည္။

ဒီလူက တကယ္ကို သံသယျဖစ္စရာေကာင္းသည္။

====================

Chapter (45) - တစ်ယောက်ယောက် ငါ့ကိုသတ်ဖို့ ကြိုးစားနေတယ်

တစ်မိနစ်စာ video လေးတင်ပြီးတော့ comment တွေ ပေါက်ကွဲထွက်လာပြန်သည်။

"56 စက္ကန့်အကြာမှာ ပေါ်လာတဲ့အရိပ်က specific effect နဲ့ လုပ်ထားတာမဟုတ်လား.. ဒီဟာက အောက်ခြေကနေ တွားတက်လာပုံရတယ်.."

"ဓားကိုယမ်းနေတဲ့သူက ဒီပို့စ်ပိုင်ရှင်ပဲ.. သူ့ကို အော်စကာဆု ပေးကြစမ်းပါ.."

"တကယ်လို့ အရိပ်မည်းသာ ဒီထက်ပိုရှိနိုင်ရင် ပို့စ်ပိုင်ရှင်တော့ သေပြီ.."

"Fuck.. ဒီ video စဖွင့်ကတည်းက အသက်အောင့်ထားဖို့ ကြိုးစားပေမယ့် တစ်ဝက်လောက်မှာ ရှူလိုက်မိတယ်ဟ.."

"ပြေးကြဟေ့.. ဒီပို့စ်ပိုင်ရှင်က သရဲ video ကို ရှယ်နေတယ်.. ဖွင့်မကြည့်ကြနဲ့.."

"ငါ့ဖုန်းကို ၁ မိနစ်ကြည့်ပြီးတာနဲ့ ငါ ဒီည အိပ်မပျော်နိုင်တော့ဘူး.."

"မင်းရဲ့အရင် video ကိုကြည့်ပြီး ငါ မှန်ကို မကြည့်ရဲခဲ့ဘူး.. ခု video ကိုကြည့်ပြီး ငါ ရေချိုးခန်းထဲ မဝင်ရဲတော့ဘူး.. အကြင်နာကင်းမဲ့တဲ့ ပို့စ်ပိုင်ရှင်ရေ.. ခင်ဗျားကို အမှုန့်ချေပစ်ချင်နေပြီနော်.."

Chen Ge က ဒီ video ကိုတင်လိုက်တာနဲ့ မနက် ၄ နာရီပေမယ့် သူ့ fan တွေရဲ့ စိတ်အားထက်သန်တဲ့ ဆဲသံဆိုသံလွှမ်းနေတဲ့ comment တွေကြောင့် ပီတိဖြာလို့နေသည်။ သူလုပ်ခဲ့ရတာ ထိုက်တန်ပါပေတယ်လို့ တွေးပြီး application ကိုမပိတ်ခင် သူ့သရဲအိမ်ကို ကြော်ငြာလိုက်သေးသည်။ fan တွေကလည်း ချက်ချင်း message ပြန်ပို့ပြီး မနက်ဖြန် ကောင်းကောင်းလာလည်ရင်း 'ဒေသထွက်လက်ဆောင်တွေနဲ့ လာကျွေး' ဦးမည်ဟု ပြောဆိုကြသည်။

ငါ့သရဲအိမ်ကို လက်မှတ်ဝယ်ပြီး လာလည်ရင်း ဒေသထွက်လက်ဆောင်တွေ ယူလာ 'ကျွေး' ဦးမည်ဆိုတော့ ကနေ့ fan တွေက အတော်သဘောကောင်းတာပဲဟု Chen Ge က တွေးနေသည်။ Chen Ge က app ကိုပိတ်ပြီးတော့ အရုပ်၅ရုပ်ကိုကောက်ရင်း သန်းခေါင်ယံည လူသတ်သမားအခန်းကနေ ပျင်းပျင်းနဲ့ ထွက်လာခဲ့သည်။

အမှောင်တို့လျော့ပါးပြီး အရုဏ်ဦးရောင်ခြည်ပင် တက်လာလေပြီ။ Chen Ge က ပျဉ်ပြားတွေကိုတွေ့လို့ တတိယထပ်ဝင်ပေါက်ကို ပျဉ်ပြားဖြင့်ပိတ်ကာ သံရိုက်ထားလိုက်သည်။ မှန်ထဲကမကောင်းဆိုးဝါးကောင်ကို မရှင်းရသေးသရွေ့ ဒီတတိယထပ်ကို သုံးလို့မဖြစ်ပေ။

လက်မှတ်တစ်စောင်ကို ယွမ် 20 ၊ တစ်ခါကို လူ ၇ ယောက် ဝင်ကစားနိုင်ပြီး တစ်ကြိမ်ကို 15 မိနစ် သတ်မှတ်ထားသည်။ ဒါဆို တစ်နာရီမှာ ယွမ် 560 ဝင်ပြီး တစ်နေကုန် 8 နာရီဆိုရင် ယွမ် 4000 လောက် နစ်နာသွားပေလိမ့်မည်။ ဒီလိုတွက်မိတော့ Chen Ge ရဲ့နှလုံးသားကို ညှစ်ထားသလို ခံစားရပေမယ့် လုံခြုံရေးက ပထမဖြစ်သောကြောင့် သူ လောဘမကြီးဝံ့ပေ။ အနာဂတ်မှာ တခြားအခန်းတွေပွင့်သွားရင် သူ ပိုက်ဆံပိုဝင်လာလိမ့်မည်။

တတိယထပ်ကိုပိတ်ပြီးတော့ Chen Ge က ဝန်ထမ်းနားနေခန်းကို ပြန်ရောက်ပြီး အိပ်ယာဘေးမှာ အရုပ်တွေချထားကာ အားကစားဝတ်စုံလဲလိုက်ပြီး အပြေးကျင့်ရန် ထွက်လာသည်။ အစမ်းမစ်ရှင် အတွေ့အကြုံအရ သူ ကျန်းမာပြီး သက်လုံကောင်းနေမှ သေဘေးကလွတ်အောင် ပြေးနိုင်လိမ့်မည်။ မဟုတ်ရင် မြေကြီးထဲ စောစောရောက်သွားနိုင်သည်။

Xu Wan က 8:40 မှာရောက်လာတော့ ချွေးတွေရွှဲနေသည့် Chen Ge ကို တွေ့လို့ အံ့သြသွားသည်။ သူမရဲ့ဘော့စ်က အားကစားလုပ်မည့်သူဟု မထင်ထားမိပေ။ သရဲအိမ်တံခါးကိုဖွင့်ပြီး တစ်နေ့တာကို စတင်လိုက်လေပြီး ဝန်ထမ်းနှစ်ဦးက သတ်မှတ်ထားတဲ့နေရာမှာနေပြီး တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီ။ မနက် 9 နာရီမှာ ဧည့်သည်တွေဝင်လာပေမယ့် သရဲအိမ်ဘက်က ဧည့်သည်မရှိသေးပေ။ ဒီပန်းခြံရဲ့ နေရာအတော်များများက ခုလို ဧည့်သည်ကင်းမဲ့လို့နေသည်။

"ဘော့စ်.. ရှင် ညက သရဲအိမ်ထဲ ဘာလုပ်ထားတာလဲ.. ရေကွက်တွေက ဘာကြောင့် ဒီနေရာမှာ ပွနေရတာလဲ.."

"ငါ ကြမ်းတိုက်ထားတာ.. ပြီးတော့ မင်း သရဲလိုသရုပ်ဆောင်ရင် မှန်ချပ်တွေနဲ့ ဝေးဝေးနေဖို့ မမေ့နဲ့.."

"ဘာကြောင့်လဲ.."

Chen Ge ရှင်းပြမလိုလုပ်နေစဉ် မန်နေဂျာ အန်ကယ် Xu က သူတို့ဘက်လျှောက်လာခဲ့သည်။

"Uncle Xu.. တစ်ခုခုဖြစ်လို့လား.."

Chen Ge က အန်ကယ် Xu မျက်နှာမကောင်းလို့ ဆီးကြိုမေးလိုက်သည်။

"မင်းက အကြားအမြင် ရနေတာလား.. ကင်တင်းကဝန်ထမ်းတွေက မနေ့ညက ဓားနှစ်ချောင်း အခိုးခံရတယ်လို့ လာတိုင်ကြတယ်.. ငါက အဲ့ဒီကို သေချာလိုက်ကြည့်ပြီး မေးမိတယ်.. ဘယ်လိုလူမျိုးကများ ညမအိပ်ဘဲ ဓားနှစ်ချောင်းခိုးဖို့ လုပ်မှာလဲလို့.. ဓားနှစ်ချောင်းက ခြေထောက်ပေါက်ပြီး ထွက်သွားမှာတဲ့လား.."

အန်ကယ် Xu ပြောမှ မနေ့ညက ကင်တင်းကယူလာတဲ့ ဓားနှစ်ချောင်းကို ပြန်မထားရသေးဘဲ ရေချိုးခန်းထဲ မေ့ကျန်ခဲ့တာ သတိရသွားသည်။

"ကျွန်တော်က ရဲတွေကို အမှုတစ်ခုဖြေရှင်းဖို့ ကူညီဖူးတယ်.. ဒါကြောင့် လူသတ်သမားက မမိသေးဘဲ လွတ်နေတာသိရတယ်.. ကျွန်တော့်ဘာသာကာကွယ်ဖို့ ဓားကို ယူလာတာပါ.. စိတ်မပူပါနဲ့.. ကျွန်တော် အသစ်ထပ်ဝယ်ပေးပါ့မယ်.."

ဒီဓားတွေက သရဲကို ထိုးမိထားတာဆိုတော့ အစားအသောက်ချက်ပြုတ်ဖို့ မသုံးသင့်ဘူးလို့တွက်ပြီး Chen Ge က ခုလိုပြောလိုက်သည်။

"ကောင်လေး.. မင်းက ပိုနားလည်ရခက်လာပြီ.. မှန်မှန်ပြောစမ်းပါ.. မင်း တရားမဝင်ကိစ္စတွေမှာ ပတ်သက်နေတာလား.."

"ဓား၂ချောင်းနဲ့ ဘယ်လိုရာဇဝတ်မှုမှာ ပါနိုင်မှာလဲ အန်ကယ်ရ.. ကျွန်တော် မဟုတ်တာ ဘာမှမလုပ်ပါဘူး.. စိတ်မပူပါနဲ့ဗျာ.."

အန်ကယ် Xu က သူ့စကားကို တစ်ဝက်ပဲယုံပေမယ့် သူ့အိတ်ထဲကပိုက်ဆံထုပ်ကို Chen Ge ကို လှမ်းပေးလိုက်သည်။

"ရော့.. ယွမ် 5000.. ပြဿနာတစ်ခုခုရှိရင် ငါ့ဆီကိုသာလာခဲ့.."

"ကျေးဇူးတင်ပါတယ် အန်ကယ် Xu.. ကျွန်တော် တနင်္ဂနွေကျရင် ပိုက်ဆံပြန်ပေးပါ့မယ်.."

အန်ကယ် Xu ထွက်သွားတော့ Chen Ge က ပိုက်ဆံကို အိတ်ကပ်ထဲသိမ်းကာ ဘယ်လိုသုံးရမလဲ စဉ်းစားနေသည်။ CCTV တပ်ဖို့ လောက်ပေမယ့် သူက မြေအောက်ကားပါကင်ကို ငှားချင်နေသည်။ ဒီဟာက ဘယ်လောက်ကုန်ကျမည်ကို မသိသေးပေ။ game ထဲက အခန်းသစ်ဖွင့်ဖို့ ပိုကျယ်တဲ့နေရာ ငှားဖို့လိုနေသည်။ Chen Ge မှာ ကြုံနေရတဲ့ပြဿနာတွေရဲ့ အဓိကအချက်က ပိုက်ဆံမရှိခြင်းဖြစ်သည်။ ဆုကြေးပိုက်ဆံလည်း မရသေးပေ။ သူတို့ကို သွားလောသင့်လား..။

Chen Ge က ရဲစခန်းဘက်ကို လှမ်းမျှော်ကြည့်တော့ ဟိုးဘက်ထောင့်ဘက် ဧည့်သည်ကျိုးတို့ကျဲတဲကြားမှာ ဦးထုပ်ကို နဖူးပေါ် ခပ်ငိုက်ငိုက်ဆောင်းကာ လက်အိတ်ဝတ်ထားသည့်လက်ကို အိတ်ကပ်ထဲထည့်ထားသည့် မသင်္ကာစရာလူကို တွေ့လိုက်ရသည်။ ထိုလူက လူတွေကြား လှည့်လည်သွားကာ ဘယ်သူ့ကိုရွေးရမလဲဆိုတာ ရှာနေပုံရသည်။ ဒီလူရဲ့ပုံက သူနဲ့ ရင်းနှီးနေသလိုပင်။ ယင်-ယန်အမြင်စွမ်းအားကြောင့် Chen Ge ရဲ့အမြင်က စူးရှနေခြင်းဖြစ်သည်။ သာမန်လူဆိုရင် သူ့ကို ဘယ်သူမှ သတိမထားမိလောက်ပေ။

ငါ သူ့ကို သွားတားသင့်လား..?

ဒီလိုတွေးနေတုန်း သရဲအိမ်ထဲ ဧည့်သည်တစ်အုပ်ရောက်လာလို့ Chen Ge ရဲ့အာရုံက အလုပ်ထဲရောက်သွားသည်။ နေ့လည်စာသွားစားကြတော့ ဒီလူက သရဲအိမ်နား ရစ်သီရစ်သီ ရောက်နေတာကို သံသယဖြစ်ဖွယ် တွေ့လိုက်ရသည်။

သူက သရဲအိမ်နား တမနက်ခင်းလုံး ရောက်နေပေမယ့် ငါနဲ့ Xiao Wan ထမင်းသွားစားမယ့်အချိန်ကျမှ ဒီနားကပ်လာတယ်။ သူ ဘာလုပ်ဖို့ ကြံနေတာလဲ..?

Chen Ge က Xiao Wan ကို အရင်သွားခိုင်းပြီး သူပြန်လှည့်လာတာမြင်တော့ ဒီလူက ပန်းခြံထဲက ထွက်သွားတာ တွေ့လိုက်ရသည်။

သူ့ကို တစ်နေရာမှာ ငါ တွေ့ဖူးသလိုပဲ..?

Chen Ge မျက်မှောင်ကြုတ်သွားပြီး ထမင်းသွားမစားတော့ဘဲ လုံခြုံရေးဌာနကိုသွားပြီး ခွင့်ပြုချက်တောင်းကာ CCTV မှတ်တမ်းကို စစ်ဆေးကြည့်လိုက်သည်။ သံသယရှိဖွယ်ဧည့်သည်က ရည်ရွယ်ချက်ရှိရှိ CCTV ကင်မရာများကိုရှောင်ကာ သွားလာနေတာတွေ့ရပြီး သူ့လက်တစ်ဖက်ပဲသုံးပြီး ဆေးလိပ်သောက်၊ မီးခြစ်ခြစ်လုပ်တာ တွေ့လိုက်ရသည်။ ပိုသံသယဖြစ်စရာကောင်းတာက သူက ကစားကွင်းထဲက မိုးပျံခြားရဟတ်ကြီးကို သုံးခါတိတိ စီးခဲ့ခြင်းဖြစ်သည်။

ဒီလူက တကယ်ကို သံသယဖြစ်စရာကောင်းသည်။

====================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now