သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)

896 204 10
                                    

သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125) - မင်းရဲ့ အရုပ်တွေကို ဝေးဝေးယူသွားပါ
 

တတိယဖျားနာဆောင်ခန်းမအတွက်စမ်းသပ်မှု မစတင်မီ ကျွန်တော့်ရဲ့ သီအိုရီကို စမ်းသပ်ဖို့ မူယန်အထက်တန်းကျောင်းဆက်တင်မှာ ကြောင်တစ်ကောင်ထားသင့်သလား။ တကယ်လို့ ဒါက အလုပ်မဖြစ်ရင် ကြောင်ကို ကိုင်တွယ်ရတဲ့ အချက်ကပိုလာနိုင်တယ်။  ဒီ တစ်ချက်တည်းနှင့်ပင် ချန်ကောက ဒီနေ့လာရတဲ့ ခရီးက တန်တယ်လို့  ခံစားခဲ့ရသည်။ ထိုလူငယ်ကိုကြည့်ပြီး သူသည်သံချေးတက်နေသောသော့ကို သူ့အားပေးလိုက်သည်။

 "ဒီသော့ကို မင်း မြင်ဖူးလား။ "

"မြင်ဖူးတယ်"

ထိုလုလင်က ခေါင်းညိတ်လိုက်သည်။

"နေထွက်လာတိုင်း ကျွန်တော်က တိရစ္ဆာန်အသေကောင်တွေကို သန့်ရှင်းရေးလုပ်ဖို့အခန်း ၃၀၃ ကိုပြန်သွားရတယ်။ ဒီတစ်ကြိမ်မှာ ဒီသော့ကိုအဝတ်အထည်တွေထဲခုမှာတွေ့လိုက်ရတယ်။ "

"အိပ်မက်ထဲမှာ ပါတဲ့လူက ဒီသော့နှင့်ဆက်စပ်တဲ့ အရာတွေကို ပြောနေသေးလား။  အထူးတံခါး ဒါမှမဟုတ် အခန်းတစ်ခန်းလိုမျိုး...လေ"

ထိုလူငယ်က " သူတို့ တစ်ခါက စကားပြောတဲ့အခါသော့နဲ့ပတ်သက်တဲ့ အရာတစ်ခုခုပြောခဲ့တယ်လို့ ထင်တယ်။ "

"အဲ့ဒါက ဘာအကြောင်းလဲ?"

"မျက်နှာတစ်ခုက သူဟာ အရေးကြီးတဲ့အရာတစ်ခုကို တတိယအခန်းထဲက သော့ခတ်မထားတဲ့ ဗီရိုနောက်ကွယ်မှာ ဝှက်ထားသောလမ်းကြောင်း နဲ့ပတ်သတ်တာကို ပြောနေတာ ကြားခဲ့တယ်။ သူတို့က အရှေ့တံခါးကနေ ဖြတ်မသွားသင့်ဘူး။ အဲ့ဒါက သူတို့ရှိတာ ပေါ်သွားစေမယ်တဲ့ "

ထိုလုလင်၏မှတ်ဉာဏ်က အကြောင်းရာကို မရေမရာ မှတ်မိနေခဲ့ပြီး ထိုအရာတွေကို သူ၏အိပ်မက် ထဲ၌ကြားခဲ့ရသည်။

"တတိယအခန်းလား"

ချန်ကောကသူ့မိဘများ ချန်ထားရစ်သော မှတ်စုစက္ကူပေါ်မှာ ရေးထားသည်ကို သတိရလိုက်သည်။

 တတိယဖျားနာဆောင်ခန်းမထဲက တတိယလူနာ အခန်း။

သူတို့တစ်နေရာတည်းကိုပြောနေတာလား။ တကယ်ဖြစ်နေရင် ဒီအချက်အလက်က တန်ဖိုးမဖြတ်နိုင်သောပါ! အဆိုပါဗီရိုနောက်ကွယ်မှ လမ်းကြောင်းကို သော့ခတ်ထားတာလား။ ဒါမှမဟုတ်, လိုအပ်တဲ့အခါ ဒီဟာက ကျွန်တော့်အတွက် အသက်ကယ် ထွက်ပေါက်လမ်းကြောင်းဖြစ်နိုင်တယ်။

ချန်ကောက ထိုလူငယ်သည် မလိနိုင်ဘူးဆိုတာ သိလိုက် သည်။ သူက သတင်းအချက်အလက် အားလုံး ကို မှတ်နေစဉ်တွင် သူသည်တူညီသော အသုံးအနှုန်းကို သေချာပြောပြနိုင်ခဲ့သည်။ ထပ်မံ၍ မေးခွန်းအနည်းငယ် မေးပြီးနောက် သူသိနိုင်သည့် အခြားအရာ မရှိတော့လို့ ချန်ကောသည် အခန်း ၃၀၂ မှထွက်ပြီးအခန်း ၃၀၄ သို့ပြန်သွားသည်။

"မန်နန် ဘယ်လိုနေသေးလဲ"

"သူ အိပ်ပျော်နေပြီ၊ ဒါပေမယ့် သူက အဖျားတက် နေတယ်။ မနက်ဖြန် သူ့ကို ဆေးရုံကိုခေါ်သွားပြီး သူ့မိသားစုကိုဆက်သွယ်နိုင်အောင်ကြိုးစားရမယ်။ "

 ဆရာဝန်  ကအိပ်ယာဘေး မှာ ထိုင်နေတယ်။

 " မင်းအနားယူသင့်တယ်၊ ငါဒီမှာနေပြီး သူ့ကိုကြည့်ထားမယ်။ အရုပ်ကို ဆိုဖာပေါ်တင်လိုက်ပြီး   စားပွဲအောက်မှာပတ်တီးက ပတ်တီးနဲ့ စည်းပြီး မင်း  ဒဏ်ရာကိုဂရုစိုက်ဦး"


"အိုကေ။ "

ချန်ကော သည် ဆရာဝန်  သည် အခြားသူများကို မည်သို့ဂရုစိုက်ရမည်ကို သိသော လူကောင်း တစ်ယောက်ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ သူသည် ဆိုဖာသို့ လျှောက်သွားပြီး   အလွန်အကျွံ စားလို့ နည်းနည်းလေးတောင် မရွှေ့နိုင်တဲ့ ရှောင်းရှောင်းကို  ဆိုဖာပေါ်မှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

"ဒီအသေးလေးကလေ..... "

ချန်ကောက ၇ နာရီလောက် မှာနှိုးစက်ကို ထားလိုက် တယ်။ရှောင်းရှောင်း  ကိုဖက်ရင်း သူ အိပ်ပျော်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သူသည် ထိုညတွင် အိပ်မောကျနေခဲ့သည်။ သူဟာ တူညီတဲ့အိပ်မက်ကို ထပ်ခါတလဲလဲမက်နေပြီး အိပ်မက်ထဲမှာ သူဟာ ဝင်္ကပါအဆောက်အအုံ တစ်ခုထဲမှာ ပိတ်မိနေပြီး တစ်ခုခုက သူ့ကို လိုက်ဖမ်းနေတယ်။ မိတော့မလို အန္တရာယ်ရှိနေစဉ် သူကသော့တစ်ချောင်းကိုင်ပြီး တံခါးအားလုံးကို လိုက်ပြီး စမ်းသပ်ဖွင့်နေသည်။

...

"အိပ်ရာထတော့...။"

တစ်ယောက်ယောက်က သူ့ကိုလှုပ်နေလို့ ချန်ကောရဲ့မျက်လုံးတွေက ပွင့်လာတယ်။ သူဟာ အားနည်းနေတဲ့ မန်နန်ကို ဖေးမထားတဲ့ ဒေါက်ကို ဆိုဖာပေါ်ထိုင်နေတာ တွေ့လိုက်ရတယ်။

ချန်ကောကပြတင်းပေါက်ကနေကြည့်လိုက်တော့ နေထွက်နေပြီး  နံနက် ၆ နာရီလောက်ရှိနေပြီ။

"မန်နန်ရဲ့ ကိုယ်အပူချိန်ကမြင့်တက်နေဆဲပဲ။  သူ့ကိုဆေးရုံခေါ်သွားရမယ်။"

 Doctor က တညလုံး မအိပ်ရသေးလို့ သူ့အခြေနေက မန်နန်လို အချိန်မရွေးလဲသွားမလိုဖြစ်နေတယ်။

 
"ကောင်းပါပြီ။ "

ချန်ကော သည်ပစ္စည်းများကို သူ့အိတ်ထဲထည့်ပြီး မန်နန် ၏လက်မောင်းကို ဝင်တွဲကာ ပြောလိုက်သည်။

 "သတိထားပါ။"

"မနေ့ညက မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ "

သူတို့အခန်း ၃၀၄ မှ ထွက်ခွာလာသောအခါ မန်နန်သည် ချန်ကောဘက် သို့ရုတ်တရက်လှည့ ်၍ "ကျေးဇူးတင်ပါတယ်" ဟု ပြောခဲ့သည်။

"ရပါတယ်"

ချန်ကောက ပြန်လည် တုံ့ပြန်ခဲ့သည်။ သို့သော်သူသည် မန်နန်၏အပြုအမူက အမျိုးသမီးဆန်လိုက်တာဟု တွေးလိုက်ပြီး မန်နန်ကို ပြန်ကြည့်လိုက်တော့ မန်နန်က ခေါင်းငိုက်စိုက်ဖြင့် သတိလစ်နေဆဲ ဖြစ်နေသည်။

 မန်နန်ကို စောင့်ရှောက်နေသည့် သူ့မိခင်၏ ဝိဉာဉ်က ဝင်ပူးကာ ချန်ကောကို ကျေးဇူးတင်လိုက် တာဖြစ်ပုံရသည်။

သူတို့ကဆေးရုံကိုရောက်တဲ့အခါ မန်နန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘာမှ စိတ်ပူစရာမရှိတော့ဘူးဆိုမှ ထွက်လာခဲ့သည်။

 တက္ကစီထဲတွင်ထိုင်နေရင်း ချန်ကောက ဖုန်းအနက်ကို ထုတ်ခဲ့သည်။ သူက သတင်းစကားကို လက်ခံရရှိခဲ့သည်; သူ့ မစ်ရှင်ပြီးစီးခဲ့ပြီ။

ကစားသမားသည် မစ်ရှင်နေရာတွင် အချိန်မီရောက်ရှိခဲ့သည်။ သူ နာမကျန်းဖြစ်ရသည့် အကြောင်းရင်းကို တွေ့ရှိခဲ့ပြီးနေထွက်သည် အထိ အသက်ရှင်နိုင်ခဲ့သည်။ ကြယ်တစ်ပွင့် အစမ်းမစ်ရှင်ပြီးစီးခဲ့သည်။ ဆက်တင်အသစ်ကို သော့ဖွင့်လိုက်ပြီဖြစ်သည်။ ကစားသမားသည် သတ်မှတ်ချက်အတွင်း၌  ဖုန်းထဲတွင်ရနိုင်သည့် အရာများကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီ။

အစမ်းမစ်ရှင် ပြီးစီးမှုနှုန်းသည် ကိုးဆယ်ရာခိုင်နှုန်း ကျော်သောကြောင့် ဤမစ်ရှင်၏ လျှို့ဝှက်ပစ္စည်း ဖြစ်သော Self-perceptive Key ကို သော့ဖွင့် နိုင်ခဲ့သည်။

"Self-perceptive Key (သူတပါးကို ထိခိုက်စေ သောအမှတ် - 13 မှတ်) ။ ။ စိတ်ရောဂါသည်များသည် မိမိကိုယ်မိမိ သိမြင် နားလည်နိုင်စွမ်း နည်းပါး လေ့ရှိသည်။ သူတို့သည် လက်ရှိကျန်းမာရေးအခြေအနေကို မပြောနိုင်ခြင်း၊ သူတို့ကိုယ် သူတို့ နေကောင်းသည်ဟု  ထင်မြင်စေခြင်းဖြင့် ကုသမှုကိုငြင်းပယ်ကြသည်။ ဒီသော့ချက်က သင့်ကို တစ်ချိန်မှာ ကူညီနိုင်လိမ့်မယ်။ "

ဒီမစ်ရှင်အတွက် လျှို့ဝှက် item က ငါရှာတွေ့ခဲ့တဲ့ သော့လား။

ချန်ကောက သံချေးတက်နေသော သော့ကို သူ့လက်ဖဝါးထဲ ထည့်လိုက်ကာ ကြည့်လိုက်သည်။ ငါ့ဆီမှာ ဒီလို ဆင်တူရောဂါ လက္ခဏာတွေ ပေါ်လာတယ်ဆိုာ ဘာကို ဆိုလိုတာလဲ။ ငါ့မှာလည်း စိတ်ရောဂါရှိတယ်လို့ သွယ်ဝိုက်ပြောနေတာလား။


ချန်ကော သည် New Century ပန်းခြံသို့ရောက်သော အခါ မနက်  ၇ နာရီဝန်းကျင်လောက်ရှိသေးလို့ ကြယ်တစ်ပွင့်မစ်ရှင်များက သိပ်မခက်ခဲလို့ မပင်ပန်းဘူးလို့တောင် ခံစားရသည်။

 စောလွန်းသေးလို့ သူက အရုပ်လုပ်သည့် ဆိုင်ကို သွားကြည့်ရန် ဆုံးဖြတ်ကာ သူဌေးဆီကို စာပို့လိုက်သည်။ မထင်မှတ်ထားပဲ သူဌေးဆီက သူ့ဆီကို ချက်ချင်း စာပြန်ပေးခဲ့သည်။ သူက အစောကြီး နိုးနေတာလား။

 သူဌေးက ချန်ကော ကို ချက်ချင်းလာခိုင်းနေသည်။

တစ်ခုခုဖြစ်ခဲ့လို့လား ...

ငါက Doll-maker ရဲ့ Talent (အရုပ်လုပ်ကျွမ်းကျင်မှု စကေး) ကိုအပြည့်အဝမလိုက်နာလို တခုခုဖြစ်နေတာလား။ ငါ လုပ်ထားတဲ့ အရုပ်တချို့ပျောက်သွားလို့လား...

 ချန်ကောက ထိုကျွမ်းကျင်မှုကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ သူ မတော်တဆမှုကို လုပ်မိမှာ စိုးလို့ အရုပ်ဆိုင်ဆီကို  ချက်ချင်းပြေးသွားခဲ့သည်။

သူရောက်လာသောအခါ ဆိုင်ရှင်ကို ဆိုင်ရှေ့က ဖန်တံခါးအပြင်ဘက်တွင် တစ်ယောက်တည်း ရပ်နေသည် တွေ့ပြီးသော့ကိုကိုင်ထားသည်။ သို့သော် သူသည်လမ်းလျှောက်ရန်ကြောက်ရွံ့နေသလိုပင်။

"မင်း ဒီမှာရှိနေတာလား။  ဘာလို့ အထဲ မဝင်ရတာလဲ။ "

ချန်ကောက ထိုလူဆီသို့သွားရင်း မေးခဲ့သည်။ ပြင်ပလူတချို့က ဒါကိုမြင်ရင် သူက သူဌေးလို့ ထင်ကောင်းထင်သွားနိုင်သည်။

သူက အလုပ်ရုံအတွင်းပိုင်းကိုညွှန်ပြ ရန်ကြိုးစား နေစဉ် သူဌေး၏မျက်နှာပေါ်ရှိ အဆီပြင်က တုန်သွားသည်။

 "မင်းရဲ့အမှာစာကိုဖျက်သိမ်းလို့ရမလား?"

" ငါ့ရဲ့ပထမဆုံးပေးချေမှုကို မင်း လက်ခံပြီးပြီ။ မရတော့ဘူး"

ချန်ကော သည် ဖန်တံခါးအပြင်ကနေ အလုပ်ရုံထဲ သို့ကြည့်ရှုခဲ့သည်။ သူက မနေ့ကထုတ်ကုန် အချောထည်ပစ္စည်းတွေ ချန်ထားတဲ့ကောင်တာကို ဖြတ်ပြီး သူ့မျက်လုံးတွေက တနေရာကို ရောက်နေသည်။

 ထူးဆန်းသော လူပုံစံ  ဦး ခေါင်းနှစ်ဆယ့်လေးလုံးသည် တံခါးဝကိုကြည့်ရှုရန် လှည့်နေခဲ့ကြသည်။ ချန်ကောက ကျောပိုးအိတ်ထဲက တူကို ထုတ်ယူက တံခါးကို ဖွင့်ကာ ဝင်လိုက်သည်။

 ဤသည်မြင်ကွင်းက အမှန်ပင် အကျိုးသက် ရောက်မှုရှိသည်။ သူဌေးက တစ်ယောက်တည်း မဝင်ဝံ့ဘူးဆိုတာ အံ့သြစရာမဟုတ်တော့ဘူး။

"သူတို့က တကယ့် အစစ်အတိုင်းပဲ ။ ခင်ဗျား တံခါးဖွင့်ပေးပါလား။ အားလုံးလုပ်ပြီးရင် ကျွန်တော် ဒါတွေကို ယူပြီး သွားပါ့မယ် "

ချန်ကောသည်သူဌေး၏ပခုံးကိုပုတ်ကာ ပြော လိုက်သည်။  

" အဲ့ဒီ အရုပ် ခေါင်းနှစ်ဆယ်လေးလုံးစီက  မတူညီတဲ့ အမူယာတွေနဲ့ ငါ့ဘက်ကို လှည့်ကြည့်နေတာ။ ငါ တံခါးဖွင့်မယ်လုပ်တော့ လိပ်ပြာလွင့်တော့မလိုပဲ။ ငါက ဒီအခန်းထဲမှာ အရုပ်တွေ အဆင်ပြေရဲ့လားလို့ လာစစ်တာ...အခုတော့ ဟူး......။ ငါ တံခါးဖွင့်တိုင်း ဒီမြင်ကွင်းက ခြောက်လှန့်နေတော့မှာပဲ။ ငါ အခြားနေရာကို သွားဌားမှ ဖြစ်တော့မယ်  "

သူဌေးက နူတ်ခမ်းစူကာ ပြောလိုက်သည်။
 
**-**

Chapter (12) - ရဲရင့်သောအတွေးအခေါ်

 

ချန်ကော မနေ့ညနေက ထွက်ခွာသွားသည့်အခါ အရုပ်ခေါင်းများပေါ်တွင်ဆေးသုတ်သည့် အလုပ်သည် မခြောက်သွေ့သေးသဖြင့် မပြီးသေးသောထုတ်ကုန် များဖြစ်နေခဲ့သည်။ သူတို့ဟာအဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ ပုံမပေါက်ခဲ့ကြဘူး။ ဖန်တခါးကို ဖွင့်ပြီးနောက် ချန်ကောနှင့်သူဌေးက အရုပ်ထားသည့် ကောင်တာသို့ကူးသွားသည်။

"ဒီ အရည်အသွေးကိုကြည့်စမ်းပါ။ သရဲခြောက်တဲ့အိမ်မှာ လုပ်နေတာက မင်းရဲ့ စွမ်းရည်ကိုဖြုန်းတီးရာရောက်စေတယ်  "

သူဌေးက ချန်ကောရဲ့နောက်က လိုက်လာပြီး သူသည် စားပွဲပေါ်မှမိန်းကလေး၏ခေါင်းကို ကောက်ယူက သေချာစစ်ဆေးရင်း ပြောလိုက်သည်။

အစပိုင်းတွင် သူသည်ကြောက်လန့်နေခဲ့သည်၊ သို့သော် သူနှင့်အကျွမ်းတဝင်ရှိပြီးနောက် သူသည် တဖြည်းဖြည်းဖြင့် အရုပ်ခန္ဓာကိုယ်မှ ခေါင်းများကို ကြည့်ရင်း ဆွဲဆောင်ခံခဲ့ရသည်။ သူတို့ဟာ မယုံနိုင်လောက်အောင် လူသားလိုပဲ၊ မိန်းကလေး၏ မျက်လုံးများသည် စိတ်ခံစားမှုများနှင့်ပြည့်နေပုံရသည်။

"မင်းဟာ ငါတွေ့ခဲ့သမျှထဲမှာ အကောင်းဆုံးသော အရုပ်လုပ်သူပဲ"

သူဌေးက မိန်းကလေးရဲ့မျက်နှာကို တစ်မိနစ်လုံး နီးနီးကပ်ကပ်လေ့လာနေခဲ့သည်။ သူ့စိတ်ထဲမှာ တစ်ခုခုရှိပုံရသည်။  မိန်းခလေး၏ခေါင်းကို နေရာမှန်သို့ပြန်ထည့်လိုက်ပြီး အလုပ်ရှုပ်နေသည့် ချန်ကော၏ပခုံးပေါ်သို့ပုတ်လိုက်ကာ ခေါ်လိုက်သည်။

 " အစ်ကို၊ ငါ ဒီနေ့စောစောလာတာက မင်းနဲ့  အကြောင်းအရာတခု ဆွေးနွေးချင်လို့ပါ။"

အကိုလို့ ခေါ်လိုက်တာလား ...

သူဌေး၏ ရုတ်တရက်သဘောထားနှင့် ချစ်ခင်အခြေအနေပြောင်းလဲမှုကြောင့် ချန်ကော  မတည်မငြိမ်ဖြစ်လာသည်။

"ငါ ကူညီနိုင်မယ်ဆိုရင် လုပ်ပေးပါ့မယ်"

ချန်ကော က အရုပ်ကိုယ်ထည်ဒီဇိုင်းကို သွန်းလုပ်နေသည်။

"ဒါဟာ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမယ့် သဘောတူညီမှုတစ်ခုပါ။ "

သူဌေးကသူ့အိတ်ကပ်ထဲက နာမည်ကတ်တစ်ခု ကို ထုတ်ပြီး ချန်ကော ကိုပေးလိုက် တယ်။

"ကျနော်တို့ အချင်းချင်းအဆက်အသွယ် လုပ်သင့်တယ်။"

"ချင်ကွေ့ကုန်း?"

ချန်ကောက သူဌေး ဘာတွေလုပ်နေလဲ ဆိုတာ မသိဘူး။ သူက ရုတ်တရက်အလွန်ဖော်ရွေလာခဲ့သည်။ ချန်ကောက နာမည်ကဒ်ပြားကိုလက်ခံပြီးနောက် သူဌေးကလျှို့ဝှက်ဆန်းကြယ်စွာဖြင့်ပြောကြားခဲ့သည်။

"ဒီမတိုင်ခင်က ကျွန်တော့်အဓိကအရောင်းဆိုင်တွေနဲ့ ကိုယ်စားလှယ်အရောင်းဆိုင်တွေက ပန်းခြံတွေအတွက် အဓိက အရုပ်ဒီဇိုင်းဆွဲပေးကြတယ်။ ဒါပမေယ့် သို နည်းပညာတိုးတက်မှု၊ အထူးသဖြင့် 3D ပုံရိပ်တွေ ကြောင့် ကျွန်တော်တို့လုပ်ငန်းရဲ့ အရောင်းတွေ ကျဆင်းလာခဲ့တယ်။  ဈေးဝယ်ဈေးဆိုင်တွေမှာ အော်ဒါရဖို့လည်း ခက်ခဲလာတယ်,   "

" ဘယ်နေရာမှာမဆို ခက်ခဲကြတာပဲ။  မင်းရဲ့ အရင်းအနှီးကိုဆုံးရှုံးမယ်ဆိုရင်တောင် မင်း ကျွမ်းကျင်နေတဲ့ လုပ်ငန်းကိုပဲ ဆက်လျှောက်သင့် တယ်လို့  ငါထင်တယ်။"

ချန်ကောသည်ရွှံ့စေးဖြင့်ကျောင်းသား၏ကိုယ်ခန္ဓာကိုပုံသွင်းကာ ရေမြှုပ်ဖတ်ဖြင့် မျက်နှာပြင်ကို သုတ်ပေးခဲ့ သည်။ သူ၏လက်ချောင်းများအောက်ရှိ အင်အားသည် ကွက်တိဖြစ်သဖြင့် သူထိမိသည့် မျက်နှာပြင်မှာ အမှန် တကယ် အသားအရေ ကဲ့သို့ ချောမွေ့ကာ အနည်းငယ် တောက်ပနေသည်။ သူက ဘော့ချင်ကို သိပ်ဂရုမစိုက်ပဲ  သူ့ အလုပ်ကိုတတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် လုပ်ပြီး သရဲအိမ်ကိုပို့ချင်နေခဲ့တယ်။

"ဒါကမ င်းကိုမတွေ့ခင်ထိ ငါတွေးနေခဲ့တာပဲ။ ဒါပေမယ့် မင်းကိုတွေ့ပြီးတဲ့နောက်မှာ၊ ငါ့ လုပ်ငန်းအတွက် အသက်ကယ်နိုင်တဲ့ အလင်းရောင်ကိုမြင်ရသလိုပါပဲ။ မင်းက ငါ့ကိုတောက်ပတဲ့ လမ်းညွှန်ချက်တွေ ကို ပေးခဲ့တယ်။ "

 သူဌေးချင်က ချန်ကော အနားမှာရပ်နေပြီး အရုပ်ခေါင်းတွေကို သေချာကြည့်ကာ ဆက်ပြောလိုက်သည်။
 
"ငါသတ္တိကောင်းလာခဲ့တယ်!"

"ငါ့ကို နံပါတ်16 ပုံထွင်းထုဓါးလေး ကမ်းပေးနိုင်မလား ? "

"ဟေး၊ မင်း ငါပြောတာကို ဂရုစိုက်ရဲ့လား။ ဒီဟာသာ အောင်မြင်တယ်ဆိုရင် ငါတို့ရဲ့လစဉ် ၀ င်ငွေဟာ သရဲခြောက်တဲ့အိမ်ကနေရတဲ့ တစ်နှစ်စာဝင်ငွေထက် များနေလိမ့်မယ်!"

သူဌေးချင်သည် သူ၏လက်များဖြင့်  စားပွဲကို အားတက်စွာပုတ်ကာ ချန်ကောကို အလေးနက်ထားကာ ကြည့်လိုက်သည်။

 ပိုက်ဆံအကြောင်းပြောတော့ ချန်ကော က လုပ်လက်စကို ရပ်လိုက်သည်။

 "ငါက ငွေရေးကြေးရေးအရ လွှမ်းမိုးခံရတဲ့လူတစ်ယောက် မဟုတ်ပေမယ့် မင်းရဲ့စိတ်ကူးကို ငါ စိတ်ဝင်စားတယ်။ "

"အရုပ်သေးသေးလေးတွေက ဈေးမကြီးဘူး။ ပြီးတော့ကြီးမားတဲ့ အရုပ်တွေက ဈေးကွက် မရှိတော့ဘူး။ ဒါကြောင့် ငါဟာအဆင့်မြင့်ပြီး ကိုယ်ပိုင်ဈေးကွက်တခုဆီကို သွားဖို့စီစဉ်နေတယ်"

သူဌေးချင်က ချန်ကော လုပ်နေတဲ့ ခေါင်းတစ်ခုကို ဂရုတစိုက်ကောက်ယူကာ ပြောလိုက်သည်။

 " ဒီလောက်လက်တွေ့ကျတဲ့အရုပ်ကို ငါ ပထမဆုံး အကြိမ်တွေ့ခဲ့တာဖြစ်တယ်။ မင်းက အရည်အသွေး နိမ့်တဲ့ ပစ္စည်းတွေကိုသုံးပြီး လုပ်တာတောင် ဒီလောက် အစစ်နဲ့တူနေတာ။ တကယ်လို့   အရည်အသွေးမြင့် တဲ့ပစ္စည်းတွေရရင် မင်းကလူသားတွေနဲ့ တပုံစံတည်း တူတဲ့ အရုပ်ကိုတောင် လုပ်နိုင်လောက်တယ်  "

 " သီအိုရီအရ လုပ်နိုင်လောက်မယ် ထင်တယ်"  

သူသည် ပစ္စည်းအလုံအလောက်ရှိပါက အမှန်တကယ် အသက်ရှင်နေသော အရုပ်တစ်ခုပြုလုပ်နိုင်သည်။

"ဒီပါရမီက ငါတို့ ချမ်းသာအောင် လုပ်ပေးနိုင်တဲ့ လမ်းစပဲကွ...  !"

သူဌေးချင်က  အရုပ် အချို့ကိုရှာဖွေရန် သူ၏ဖုန်းကို ထုတ်ယူခဲ့သည်။

"ဒီအရွယ်ရောက်ပြီးတဲ့သူတွေ သုံးတဲ့ လိင်ပိုင်းဆိုင်ရာ အရုပ်တွေ (Sex Doll) က သူတို့ရဲ့အရည်အသွေးက ကြမ်းတမ်းပေမယ့် အင်တာနက်ပေါ်မှာ ယွမ်၈၀၀၀ ထက် ပိုတဲ့ ဈေးနဲ့ ရောင်းရတယ်။ အသားအရေနဲ့ အသွင်အပြင်တွေ စုံလင်တဲ့အရုပ်တွေကို လုပ်နိုင်မယ်ဆိုရင် ဈေးနှုန်းက ဂဏန်း ၅ လုံးကျော် လိမ့်မယ်။ ငါ လိုအပ်တဲ့ အချက်လက်အားလုံးကို သုတေသနလုပ်ခဲ့တယ်။ ဒီလူကြီးသုံးအရုပ် ဈေးကွက်က အခုချိန် လူတကာက မထိတွေ့ရသေးဘူး။ ဒီဟာက  နောက်နှစ်အနည်းငယ်အထိ ဆက်လက်တည်ရှိနေ လိမ့်မယ်။ "

"ကောင်းပြီ၊ မင်းရဲ့အကြံဉာဏ်က တကယ်သတ္တိရှိတာပဲ။ "

ချန်ကောသည်ခေါင်းကိုခါရင်း ရွှံ့စေးကိုယ်ထည်ကိုသာ အာရုံစိုက်နေသည်။

"၀ င်ငွေကိုမြင်ယောင်ကြည့်စမ်းပါ။ မင်းအရုပ်လုပ်တဲ့ အမြန်နှုန်းနဲ့ ဆိုရင် ငါတို့က သုံးရက်အတွင်း အခု လွယ်ကူစွာလုပ်နိုင်သည်။ တစ်လလျှင်နှစ်ရာဖြစ်သ လုပ်နိုင်လောက်တယ်။ ဈေးကွက်ထဲကို တင်သွင်း ရောင်းချ တဲ့အခါ မင်းလုပ်တဲ့ အရုပ်အရည်အသွေးအရ  ကန ဦး ဈေးနှုန်းကို ၁၅၀၀၀ သတ်မှတ်နိုင်တယ်။ ဈေးအကြီးဆုံးပစ္စည်းတွေတောင်မှ ငါတို့ အရုပ် တစ်ခုကို အမြတ် ၁၀,၀၀၀ ရလိမ့်မယ်။ ဒါက တစ်လကို ၂,၀၀၀,၀၀၀ ရနိုင်တယ်။ သရဲခြောက်တဲ့ အိမ်ကို ဘာကြောင့် ဒီလောက် စိတ်စွဲနေတာလဲ။ "


သူဌေးချင်က ချန်ကောဆီက  စိတ်အားထက်သန်သော တုံ့ပြန်မှုကို မျှော်လင့်နေခဲ့သည်။

"ဖောက်သည်တွေဆီက ရုပ်ပုံအရ အရုပ်ကိုလုပ်တာဟာ ကိုယ်ရေးကိုယ်တာ အချက်လက်ကို ချိုးဖောက်ရာရောက်တယ်။ "

ချန်ကောက သူ ဒီရုပ်တုတွေကိုလုပ်ဖို့ ဆုရခဲ့တဲ့  အရုပ်လုပ်စွမ်းရည်စကေးကို သုံးနေတယ်ဆိုတာ သူ သိတယ်။ ဒီအရုပ်တွေထဲမှာ ငုပ်လျှိုးနေတဲ့ အန္တရာယ်တွေ ရှိနိုင်တယ်၊ သူ မထိန်းချုပ်နိုင်တဲ့ အရာတွေကို သွားမလှုပ်နိုးမိချင်ဘူး။

ဒီလို အိပ်ခန်းသုံး 'လိင်အရုပ်များက လူပျိုလေးတွေကို တကိုယ်ရည် အာသာဖြေတာ လွန်ပြီး အသက်သေသွားနိုင်စေအောင် တာဝန်ကြီးတယ်။'

"ချန်ကော...မင်းက ဘာကြောင့်ခေါင်းမာနေတာလဲ"

သူဌေးချင် သည် စည်းရုံးလို့မရတဲ့အတွက် ချန်ကောကို   စတင်ဒေါသထွက်ခဲ့သည်။

"လူတိုင်းဟာအထီးကျန်တဲ့ အပိုင်းရှိတာပဲ။  လက်ထပ် ထိမ်းမြားထားတဲ့စုံတွဲတွေတောင် ငြင်းခုံတာတွေ ရှိကြလိမ့်မယ်။ ဒါပေမယ့် အရုပ်တွေကတော့ မတူကြဘူး။ တကယ်တော့ အခွင့်အရေးတွေရရင် လူအများစုက အရုပ်တွေနဲ့သူတို့ရဲ့ ဘဝတွေကို ကုန်ဆုံးချင်ကြမယ်လို့ ငါယုံကြည်တယ်။ အရုပ်တွေက လူတွေကို နာကျင်အောင် မလုပ်ဘူး။ ဒါကြောင့်  ဒီအထီးကျန်တဲ့စိတ်လေးတွေအတွက် အရုပ်လုပ်ခြင်းဟာ ဘယ်သူမှ မထိခိုက်စေပါဘူး။ တကယ်တော့ သူတို့ကိုတောင် မင်းက ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီအထီးကျန်ကမ္ဘာမှာ အရုပ်နဲ့နေထိုင်ခြင်းက အလုံခြုံဆုံးအရာတစ်ခုပဲ  "

"မင်းက အလုပ်အကိုင် နယ်ပယ် ရွေးတာ မှားနေတယ်လို့ ငါ ခံစားနေရတယ်။ မင်းက အရုပ်လုပ်မယ့်အစား အာမခံကိုယ်စားလှယ် လုပ်သင့်တယ် "

ချန်ကောသည်ရွှံ့စေးတွေပေါ်တွင် အာရုံစိုက်ရန်ခေါင်းကို ငုံ့ခဲ့သည်။ သူဌေးက သူ တွေးထားသလို  ကမ္ဘာကြီးက ထင်သလောက် အပြစ်မဲ့နေတာ မဟုတ်ဘူး။ တကယ်လို့ လိင်အရုပ်တွေကို အများကြီး ထုတ်လုပ်လိုက်ရင် မထိန်းချုပ်နိုင်တဲ့ ပြသနာတွေပေါ်လာပြီး သူလည်း ရောပါသွားလိမ့်မယ်။

 "ငါပေးတဲ့ အကြံကရဲရင့်တယ်ဆိုရင် မင်း အရင်ဆုံး အရုပ် 2 ခုကို အရင်စမ်းလုပ်ပေးပါလား။ ငါ ဒီအရုပ်ကို အရင် စမ်းရောင်းကြည့်မယ်။ တကယ်လို့ ဒါက မအောင်မြင်ရင် မင်းကို နောက်ထပ် အနှောက်ယှက်မပေးတော့ဘူး"

သူဌေးချင်က သူ့ဖုန်းထဲက ကြိုတင်ရှာထားတဲ့ပုံ ၂ ပုံကို ထုတ်ပေးခဲ့သည်။

ချန်ကောက သူ့ကို ပြောလိုက်သည်။

" မင်း အခြေနေ တစ်ခုကို ကြိုတွေးထားမိရဲ့လား။ တကယ်လို့ မင်းနဲ့ အတူ အိပ်ယာထဲ ရှိနေတဲ့ အရုပ်မက မင်းအိပ်ပျော်ပြီးတဲ့နောက် တဖြည်းဖြည်းချင်း မျက်စိကိုဖွင့်လာခဲ့တယ်ဆိုရင်ကော "

"ဘာကြောင့် အရုပ်က မျက်လုံးပွင့်တာလဲ"

"ငါ့ကိုမယုံဘူးဆိုရင် မင်းကိုယ်တိုင် သရဲအိမ်ကို လာပြီး အတွေ့ကြုံ ယူနိုင်တယ်။ ငါဒီဇိုင်းလုပ်တဲ့ အရုပ်တွေဟာပုံမှန် အရုပ် တွေနဲ့မတူဘူး၊ ငါက သူတို့ရဲ့ပုံစံတွေထက် ကျော်လွန်အောင် လုပ်ထားခဲ့တယ်။   "

ချန်ကောသည် အသေးစိတ်အချက်အလက်များကို  မပြောကြားခဲ့ပေ။ သူဌေးက လူကောင်းတစ်ယောက်လို့ ခံစားရတယ်၊ သူ့ဖာသာ နည်းနည်းလေး ရှေ့ဆက်တွေ့ကြည့်ရုံပဲလေ။

ချန်ကောပြောတာကိုနားထောင်ပြီးနောက် သူဌေးချင် သည် ကောင်တာပေါ်ရှိခေါင်းအတုများကိုကြည့်ကာ မသိမသာ တုန်ခါနေခဲ့သည်။ သို့သော် သူသည်အရှုံးမပေးခဲ့ပေ။

" မင်းစဉ်းစားပြီးရင် ငါ့ကိုဖုန်းခေါ်ပါ"

ချန်ကောသည်ရွှံ့စေးကိုယ်ထည်ကိုပြီးအောင် မနေ့ကပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နံနက် ၉ နာရီတွင် ချန်ကောသည်ခေါင်းအတုအားလုံးကို စက္ကူသေတ္တာကြီး သုံးလုံးထဲသို့ထည့်ပြီး New Century Park သို့  တက္ကစီဖြင့် ပြန်လာခဲ့သည်။

ဒီအရုပ်ကိုယ်ထည်တွေက  ဒီည အဆင်သင့်ဖြစ်လိမ့်မည်။ ဆိုလိုတာက ငါက မုယန် အထက်တန်းကျောင်းကို မနက်ဖြန်မနက်ခင်းမှာ အများပြည်သူတွေ တရားဝင် ဝင်ရောက်နိုင်ဖို့ ဖွင့်လှစ်နိုင်တော့မယ်။
 
*-*

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now