Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။

637 140 6
                                    

Chapter (165)_  ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။



မွေ့ယာများစွာသည် မှောင်မိုက်သောစင်္ကြံတွင် လွင့်ကျပြန့်ကျဲနေသည်။ အောက်မှာ တစ်ခုခု ဖုံးကွယ်ထားသလိုမျိုး ဖောင်းပွလာကြတယ်။ ချန်ကော သည် ထိုအရာများကို ပင့်မကြည့်ဖို့ သူ့တူကို အသုံးပြုခဲ့သည်။ ဆွေးမြေ့နေသောမွေ့ယာအတွင်းတွင် ခေါင်းအုံးနှင့် အိပ်ယာခင်းများဖြင့် ပြုလုပ်ထားသည့် လူပုံစံ အတုတစ်ခုရှိသည်။ လက်ရာသည် ကြမ်းတမ်းသော်လည်း လူတစ်ဦး၏ ပုံသဏ္ဍာန်ကို ပုံဖော်နိုင်သည်။

ကြောက်စရာ အကောင်းဆုံးကတော့ မျက်လုံး၊ နှာခေါင်းနဲ့ ခပ်ကျယ်ကျယ်ပွင့်ဟနေတဲ့ ပါးစပ်တွေပါတဲ့ လူ့မျက်နှာကို ခေါင်းအုံးပေါ်မှာ ခြယ်မှုန်းထားခြင်းဖြစ်သည်။  ကလေးတစ်ယောက်ရဲ့ လက်ရာလို ခပ်ကြမ်းကြမ်းရေးဆွဲထားတယ်ဆိုပေမယ့် ချန်ကောရဲ့ လက်မောင်းတွေပေါ်က မွှေးညှင်းတွေကို ထောင်ထသွားစေသည်။
 

"ဒါက မဖြစ်နိုင်ဘူး။"

ချန်ကောသည် သံတူဖြင့်  ထိုအရာကို တို့ထိကြည့်ကာ တွေးတောလိုက်သည်။

 "ဘာပဲဖြစ်ဖြစ် သရဲခြောက်တဲ့ အိမ်မှာရှိတဲ့ အရုပ်နှစ်ဆယ့်လေးခုက ဒီအရုပ်အတုတွေထက် ပိုကြောက်စရာကောင်းပြီး အစစ်အမှန်နဲ့ပိုတူတယ်။ အဲဒီအရုပ်တွေရဲ့ ဘေးပတ်ပတ်လည်မှာ ရှိနေပေမယ့် ငါ ကြောက်စရာကောင်းတယ်လို့ မခံစားခဲ့ရပေမယ့် ဒီအရုပ်တွေအနားမှာ ရပ်နေရတာက  ထူးထူးခြားခြား စိတ်မငြိမ်မသက် ဖြစ်စေတယ်။"

သူသည် အရုပ်ကို ပွတ်သပ်လိုက်ပြီး ခေါင်းအုံးနောက်ဘက်တွင် မရင်းနှီးသော အမည် တစ်ခုကိုတွေ့လိုက်ရသည်။ နာမည်က လီချွန်းရန့်ဟု  ရေးထားသည်။

"ဘာလို့ နာမည်ရှိနေတာလဲ"

ဒီအရုပ်တွေဟာ အိမ်မှာကစားတဲ့အခါ မိန်းကလေးတွေသုံးတဲ့ ပုံစံတွေနဲ့ မတူဘူး။ ကလေးတွေက  မိဘများအဖြစ် လုပ်ဆောင်ရန် သို့မဟုတ် လက်တွေ့ဘဝတွင် သူတို့သိထားသူ တစ်ဦးကို ကိုယ်စားပြုရန်အတွက် အရုပ်များကို အသုံးပြုကြသည်။

ချန်ကော သည် အရုပ်လေး၏မျက်နှာကို ဆားလက်တစ်ဆုပ်စာဖြင့် ဖြန်းပြီးနောက် နှစ်မိနစ်ခန့် စောင့်ကြည့်ခဲ့သည်။ အရုပ်သည် မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ ချန်ကော သည် အခြားမွေ့ရာကို ဖယ်ထုတ်ရန်  သွားခဲ့သည်။ အလားတူ အိပ်ယာခင်းနှင့် ခေါင်းအုံးဖြင့် ပြုလုပ်ထားသည့် အရုပ်တစ်ရုပ်လည်း ထပ်မံတွေ့ရှိခဲ့သည်။

"ကျန်းချီစူး လား?" အရုပ်၏နောက်တွင် အခြားအမည်တစ်ခုရှိနေသည်။ ချန်ကော သည် မွေ့ယာများဖြင့် ပြည့်နေသော စင်္ကြန်ကို ကြည့်လိုက်ရာ   သူ့ကျောရိုးတလျှောက်တွင် အေးစိမ့်ခြင်းကို ခံစားလိုက်ရသည်။

  "အရုပ်တစ်ခုစီရဲ့နောက်မှာ နာမည်တစ်ခုစီ ရှိနေတယ်၊ အဓိပ္ပာယ်က သူတို့ဟာ တကယ့်လူတွေကို ကိုယ်စားပြုနေတယ်"

ဖောင်းကားနေသောမွေ့ယာများသည် အစုလိုက်အပြုံလိုက် အလောင်းတွေကို ပုံထားသည့် သင်္ချိုင်းတစ်ခုလိုဖြစ်ပြီး  ချန်ကောက သံတူကို  တင်းတင်း ဆုပ်ကိုင်ထားရင်း သူ့ လက်တွေက  ချွေးများထွက်လာသည်။ ဤစမ်းသပ်မှုမစ်ရှင်ကို ပြီးမြောက်ပြီးနောက်တွင် သူသည် ပိုပြီး ရဲရင့်လာမည်ဟု ခံစားမိခဲ့သည်။ မီတာနှစ်ဆယ် သို့မဟုတ် သုံးဆယ်မျှ လမ်းလျှောက်ပြီးနောက် ဆားနှစ်ထုပ်ကို ပက်ဖြန်းလို့ ကုန်သွားသည်။ ဆားသည် ထိုသရဲခြောက်သော အရာများပေါ်တွင် အသုံးမဝင်ကြောင်း သက်သေပြခဲ့သည်။ စင်္ကြံမှာ ရှုပ်ယှက်ခတ်နေတဲ့ မသက်မသာခံစားမှုက တစ်စက်လေးမှ လျော့မသွားခဲ့ဘေူး။ တစ်ခုခုက  ပိုအားကောင်းလာတယ်လို့တောင်ပြောလို့ရသည်။

"နောက်ဆုံး ဆားထုပ်ကို ခွဲတမ်းနဲ့သုံးဖို့  လိုမယ်။ အဲဒါနဲ့ ဒီလောက် အကောင်ကြီးကြီးတော့ မဖြစ်လောက်ပါဘူး။"

ချန်ကောသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်းတွင် နောက်ကို ပြန်လှည့်ကြည့်နေမိသည်။

  သူမြင်ဖူးတဲ့ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေမှာ မကြာခဏဆိုသလို သူ့နောက်က အရုပ်တွေ လိုက်နေတာကို တွေ့ရမှာကို သူ ကြောက်နေမိတယ်။ သူ့တစ်ကိုယ်လုံး တင်းမာနေသဖြင့် ချန်ကော သည် အရုပ်တစ်ရုပ် ရုတ်တရက် မတ်တတ်ထလာပါက  ထိုအရုပ်ကို အလျင်စလို    သံတူဖြင့် ရိုက်ခွဲကာ ဓါးနှင့် ထိုးမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။


"စိတ်အေးအေးထားပါ၊ မင်း မသုံးရသေးတဲ့ ဝှက်ဖဲတွေ အများကြီးရှိတယ်။"

ချန်ကောက ဒါကို ကြည့်ရှုသူတွေ အတွက် ဒါမှမဟုတ် သူ့ကိုယ်သူ အကျိုးအတွက် ပြောနေတာလား မသိတော့ဘူး။ မည်သို့ပင်ဆိုစေ၊ သူသည် တတိယဖျားနာဆောင်ထဲကိုရောက်လာသည့်အခါ  သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှုသည် ကြောက်စရာကောင်းသော အရှိန်ဖြင့် တိုးပွားလာသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ချင်ကွမ်း ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ  ကြည့်ရှုမှုမှာ နည်းပါးသွားခဲ့သည်။

တတိယဖျားနာဆောင်ခန်းမ သည် အခြားအခန်းနှစ်ခန်းနှင့် မတူသောကြောင့် အခန်းတိုင်းသည် တစ်ခန်းတည်းလို ဖွဲ့စည်းထားသော်လည်း   အခန်းတစ်ခန်းမှ ကုတင်တခုမှ မရှိပေ။ ထိုနေရာသည် ယခင်က ဆေးရုံအဖြစ် တခါမှ အသုံးမပြုဖူးသလိုပင်။

"ဒေါက်တာကောင်းက တတိယဖျားနာဆောင်ခန်းမ  မှာ  အခန်း ဆယ်ခန်းနဲ့ လူနာကိုးယောက်ပဲ ရှိတယ်၊ ဒီတော့ ဒီအခန်းလွတ်တွေက  ဘာရည်ရွယ်ချက်တွေနဲ့  ရှိနေတာလဲ"

အခန်းတစ်ခုမှ နံပါတ်မပါပေ။ သူတို့တွင် တူညီသော အဖြူရောင်တံခါးများရှိသည်။ လူနာတွေကို အထဲမှာထားလေ့မရှိတဲ့ပုံပဲ။
 

"ပထမဖျားနာဆောင်ခန်းမ က စင်္ကြံမှာ ကုတင်တွေရှိလို့ လူအရမ်းများမယ် ထင်ထားပေမယ့် တတိယ နာမကျန်းခန်းမမှာ အခန်းလွတ်တွေ အများကြီးရှိတယ်။ ဆေးရုံက လူနာတွေအတွက်သုံးတာထက် သူတို့ကို ဗလာကျင်းထားတာ၊ ဘာဖြစ်လို့လဲ။"

ချန်ကော က အရမ်းသတိထားနေတယ်။ စတုတ္ထထပ် စင်္ကြံအလယ်သို့ ရောက်သောအခါ လေထုထဲတွင် အနံ့အသက်များ ရုတ်တရက် အလွန်ပြင်းထန်လာသည်။ အေးစက်သောလေ ကလွဲ၍ သူ့နားထဲတွင် နောက်ထပ်အသံတစ်ခုထွက်ပေါ်လာသည်။ ဒီခံစားချက်က ဖော်ပြရန် ခက်ခဲလှသည်။ အခန်းထဲမှာ လူတွေရဲ့ လေးလံတဲ့ အသက်ရှူသံကို ကြားလိုက်ရသလို ထင်လိုက်ရသည်။

ချန်ကော သည် သူ့စိတ်ထဲတွင် စိုးရိမ်စိတ်များ တိုးလာသဖြင့် သူ့ဘေးပတ်ပတ်လည်တွင် ဓာတ်မီးကို ထွန်းညှိလိုက်သည်။ နံရံကို ကျောမှီပြီး ဖုန်းကိုထုတ်ကာ အချိန်တွင် တစ်ချက်ကြည့်လိုက်သည်။

"ညသန်းခေါင်ယံပဲ!"

ထိုအချိန်မှာပင် တံခါးဖွင့်သံတစ်ခုက  စတုတ္ထထပ်အောက်ရှိ အခန်းတစ်ခုမှ ထွက်ပေါ်လာသည်။ ခံစားချက်က ထူးဆန်းတယ်။ အောက်ထပ်မှ အသံထွက်လာသော်လည်း ထိုအရာက ချန်ကော အနားတွင် ရှိနေပုံရသည်။

သရဲခြောက်တဲ့အိမ်ရဲ့ မှန်ထဲမှာရှိတဲ့ သွေးနီရောင်တံခါးက ညသန်းခေါင်တိုင်းမှာ တစ်မိနစ်လောက်ပွင့်လာလိမ့်မယ်။ ဤဆေးရုံတွင် အလားတူ တံခါးရှိနိုင်သလား။ တံခါးက သန်းခေါင်ယံမှာ ပေါ်လာပေမယ့် သူ့အလိုလို ပွင့်မလာဘူး။ တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် တံခါးနောက်ကွယ်မှ တစ်စုံတစ်ခု ထွက်လာသည်ဆိုသည့် သဘောဖြစ်သည်။
 

"ဝမ်ဟိုင်မင် ရဲ့ ဒိုင်ယာရီထဲမှာ သူ ရေချိုးခန်းထဲမှာ နောက်ဆုံး ထုံးတမ်းစဉ်လာကို ပြီးအောင် လုပ်ပြီး ဆေးရုံရဲ့ ရေချိုးခန်းထဲမှာ မှန်ချပ်ကြီးတစ်ခု ရှိနေကြောင်း သက်သေပြခဲ့တယ်"

သန်းခေါင်ကျော်ပြီးနောက်တွင်၊ ဖျားနာဆောင်ခန်းမတစ်ခုလုံးသည် အသက်ရှင်လျက် အိပ်ပျော်နေသော ဘီလူးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပုံရသည်။ စတုတ္ထထပ်၏ အနက်ရှိုင်းဆုံးထောင့်တွင် ရပ်နေသော ချန်ကော သည် လှေကားမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။   အမှောင်ထဲမှာ ဘာတွေ ပုန်းနေလဲ ဘယ်သူမှ မသိနိုင်ပေ။ ပုန်းနေတဲ့နေရာကနေ တစ်ခုခုထွက်လာနိုင်တယ်လို့ ခံစားနေရသည်။



ချန်ကော  မျက်လုံးများ ပြူးသွားပြီး တူကို တင်းတင်းကိုင်ကာ လှေကားထစ်ရဲ့ ထိပ်မှာ ရပ်လိုက်တယ်။သူ တချက်  စဉ်းစားပြီးတာနဲ့ ဓာတ်မီးကို ပိတ်လိုက်တယ်။ တတိယဖျားနာဆောင်ခန်းမထဲ တွင် စိတ်ဝေဒနာရှင်များ၊ မကျွတ်လွတ်ပဲ လွင့်မျောနေတဲ့ ဝိညာဉ်များနှင့် သွေးနီရောင် တံခါးနောက်ကွယ်မှ မကောင်းဆိုးဝါးတွေရှိနေလို့  ခြေလှမ်းတိုင်း၌ အန္တရာယ်ရှိနေသည်။

ထိုသို့သော အခြေအနေမျိုးတွင် အလင်းရောင်က သူ့ကိုယ်ကို ထင်ရှားစေပြီး လွယ်ကူသော ပစ်မှတ်ဖြစ်လာနိုင်သည်။ ချန်ကော က မျက်လုံးတွေကို ပြန်မဖွင့်ခင်မှာ ခဏမှိတ်ထားလိုက်တယ်။ သူသည် အမှောင်နှင့် မျက်လုံးများကို ရင်းနှီးအောင်ကြိုးစားပြီး တတိယထပ်သို့သွားရန် လှေကားမှဆင်းခဲ့သည်။

မစ်ရှင်မပြီးဆုံးသေးသော်လည်း ချန်ကော သည် ဆုလာဘ်ကို ရယူထားပြီးဖြစ်သည်။ အနည်းဆုံးတော့ ကြောင်ဖြူနဲ့ သူ့ရဲ့ဆက်ဆံရေးက တိုးတက်လာ ခဲ့ပါတယ်။ အစပိုင်းမှာတော့ ကြောင်ဖြူက သူနဲ့ မရင်းနှီးချင်ပေမယ့် တတိယဖျားနာဆောင်ခန်းမရဲ့ စင်္ကြံထဲကို ဝင်သွားပြီးနောက် ကြောင်ဖြူက သူ့ပုခုံးပေါ် တက်တက်ကြွကြွ ခုန်တက်လိုက်ပြီး သူ့ရဲ့ခြေသည်းတွေကို သူ့အဝတ်နဲ့ ကျောပိုးအိတ်ကို ကုတ်ထားသည်။ ။ ဘာပဲဖြစ်ဖြစ် သူက လက်လွှတ်မခံချင်သလို ဖြစ်နေတယ်။

"မကြောက်ပါနဲ့၊ အရာအားလုံးကို ငါ  ထိန်းချုပ်ထားနိုင်တုန်းပါပဲ။"

ချန်ကောသည် ကြောင်၏ခေါင်းကို ပုတ်လိုက်ရာ ကြောင်သည် ထူးထူးခြားခြား မခုခံခဲ့ပေ။ အမှောင်ထဲမှာ လင်းနေသော ကြောင်မျက်လုံးတွေက  အရှေ့ တည့်တည့်ကြည့်နေသည်။

ချန်ကော သည် စတုတ္ထထပ်မှ တတိယထပ်သို့ ရွှေ့ရန် နှစ်မိနစ်ခန့် အချိန်ယူရသောကြောင့် လှေကားသည် အမှောင်ထဲတွင် ပိုမိုကြီးထွားလာပုံရသည်။ ပြတင်းပေါက်များကို အလုံပိတ်ထားပြီး တတိယထပ်သည် ပို၍ပင် မှောင်နေပါသည်။ ချန်ကော သည် စင်္ကြံတွင် ပြန့်ကျဲနေသော မွေ့ယာများကို မမြင်နိုင်ပေ။

"တတိယဖျားနာဆောင်ခန်းမထဲကို ဝင်လိုက်ပြီးနောက် မျက်နှာတွန့်လိမ်နေတဲ့လူက ပျောက်ကွယ်သွားပုံရတယ်။ ခြေရာတောင် မကျန်ခဲ့ဘူး။ သူ အခု ဘယ်မှာ ပုန်းနေနိုင်မလဲ။ အခန်းတစ်ခုထဲမှာလား။ ဒါမှမဟုတ် မွေ့ယာထဲမှာ ခြုံခိုတိုက်ဖို့  ပြင်ဆင်နေတာလား။"

တတိယထပ်၏ထောင့်တွင် အခြားသူနာပြု ဌာနတစ်ခုရှိသော်လည်း   မှတ်တမ်းများနှင့် ဆေးအားလုံးကို ကောင်တာထဲတွင်  သေသေသပ်သပ် စီစဉ်ပေးထားရှိပြီး ကောင်တာမှာ မကြာသေးမီက အသုံးပြုခဲ့သည့်အတိုင်း အညစ်အကြေးကင်းစင်နေသည်။

ကောင်တာထဲကို ဝင်လိုက်ချိန် စားပွဲပေါ်မှာ သတ်မှတ်ထားတဲ့ဆေးပြားတွေ အများကြီးရှိနေတာကို ချန်ကော သဘောပေါက်သွားတယ်။ ရောင်စုံဆေးပြားများကို အိတ်ဖြူအိတ်အတွင်းတွင် ခွဲထုတ်ထားပြီး အိတ်တစ်ခုစီတွင် လူနာအမည်ကို တိပ်ဖြင့် ကပ်ထားသည်။

"လီချွန်းရန်လား ? ကျန့်ချီစူးရော....နေဦး....စတုတ္ထထပ်မှာရှိတဲ့ အရုပ်တွေမှာ ဒီနာမည်နှစ်ခုကို ငါ မတွေ့ခဲ့တယ်မဟုတ်လား။  ညတိုင်း တစ်စုံတစ်ယောက်က အရုပ်တွေကို ဆေးပေးဖို့အတွက် ဒီကိုလာတာလား။"

ချန်ကော ၏ စိတ်ထဲတွင် ရယ်စရာကောင်းသော အတွေးတစ်ခု ပေါ်လာသည်။ တတိယဖျားနာဆောင်ခန်းမ သည် ကလေးကစားနည်းတစ်ခုနှင့်တူသည်။ ကလေးသည် လူနာများအဖြစ် သရုပ်ဆောင်ရန် အရုပ်များကို ဖန်တီးခဲ့ပြီး ၎င်းတို့အား ဆေးပေးရန်အတွက် ဆရာဝန်တာဝန်ကို ထမ်းဆောင်ခဲ့သည်။

"ဒီလောက်ဖျားနေတာ ဘယ်သူ လုပ်မှာလဲ" ချန်ကော က ကောင်တာပေါ်က နာမည်တွေကို ကြည့်လိုက်တော့ အရေးကြီးတဲ့ အရာတစ်ခု လွတ်သွားသလို ခံစားရတယ်။

***-***

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now