Chapter (46) - သံသယျဖစ္ဖြယ္လူသား

1.2K 312 9
                                    

Chapter (46) – သံသယျဖစ္ဖြယ္လူသား

Chen Ge က လက္သီးကို တင္းတင္းဆုပ္ကာ ဖုန္းကိုထုတ္ၿပီး စံုေထာက္ႀကီးဆီ ဖုန္းဆက္လိုက္သည္။ အင္စပက္တာ Lee က Jiu Jaing အေနာက္ပိုင္းရဲဌာနက အရာရွိႀကီးျဖစ္သည္။

"Hello.."

"အန္ကယ္ San Bao.. ကၽြန္ေတာ္ ရဲကိစၥ သတင္းပို႔စရာရွိလို႔.."

"ဒါဆို မင္း 110 ကိုေခၚလိုက္.. ၿပီးေတာ့ ငါက အင္စပက္တာ Lee.."

"ကၽြန္ေတာ္ Fu An တိုက္ခန္းက ထြက္ေျပးသြားတဲ့ တရားခံေျပးထဲက တစ္ေယာက္ကို ေတြ႕လိုက္တယ္.. သူက New Centing Park ထဲေရာက္ေနတယ္.."

"မင္း ေသခ်ာရဲ့လား.."

"ေသခ်ာပါတယ္ဗ်.. အန္ကယ္လာရင္ ရဲကားနဲ႔မလာနဲ႔.. တရားခံကို သတိေပးရာက်သြားမယ္.."

"15 မိနစ္အတြင္း ေရာက္လာမယ္.."

ဖုန္းေခၚၿပီးေတာ့ Chen Ge က လံုၿခံဳေရးခန္းက ကင္မရာေတြကို ဆက္ၾကည့္ေနသည္။ လံုၿခံဳေရးေတြက တစ္ခုခုျဖစ္တာသိလို႔ မန္ေနဂ်ာအန္ကယ္ Xu ကို လွမ္းေခၚလိုက္သည္။

"ဘာျဖစ္လို႔လဲ.. ငါ ေန႔လည္စာေလးေတာင္ ေအးေအးေဆးေဆး မစားရေတာ့ဘူးလား.."

အန္ကယ္ Xu က ေရဘူးကိုေမာ့ေသာက္ရင္း ေမးလိုက္သည္။

"မင္း ဘယ္သူ႔ကို ဖုန္းဆက္တာလဲ.."

"ရဲကို.. သူတို႔က ဒီကို 15 မိနစ္အတြင္း ေရာက္လာေတာ့မယ္.."

Chen Ge က ကင္မရာမ်ားစြာက ျမင္ေနရသည့္ Screen မ်ားကိုစိုက္ၾကည့္ကာ ေျပာလိုက္သည္။

"မင္း ဘာေၾကာင့္ ငါ့ကို အရင္မတိုင္ပင္တာလဲ.. ငါတို႔စီမံခန္႔ခြဲေရးအဖြဲ႕က လူသတ္မႈနဲ႔ သဘာဝေဘးအႏၱရာယ္ကို ကိုင္တြယ္ေျဖရွင္းမယ့္ နည္းလမ္းရွိတယ္.."

"အန္ကယ္ Xu.. တစ္ေယာက္ေယာက္က ကၽြန္ေတာ့္ကိုသတ္ဖို႔ ႀကိဳးစားေနတယ္.."

Chen Ge က တည္ၿငိမ္စြာျဖင့္ ႀကိဳတင္ေတြးထားသည့္စကားကို ေျပာလိုက္သည္။ ဒီစကားေၾကာင့္ တစ္ခန္းလံုးက တိတ္သြားၿပီး လံုၿခံဳေရးဝန္ထမ္းေတြက Chen Ge ကို ဝိုင္းၾကည့္လိုက္သည္။

"Chen Ge.. မင္း သရဲအိမ္ထဲ ေနတာၾကာသြားလို႔ ေၾကာင္သြားၿပီလား.. ေန႔ခင္းေၾကာင္ေတာင္ အဓိပၸါယ္မရွိတာကို ဘာေၾကာင့္ေျပာေနတာလဲ.."

အန္ကယ္ Xu က ေရွာင္ခ်န္ဟုပင္ မေခၚေတာ့ဘဲ Chen Ge ဟုေခၚကာ ေျပာလိုက္သည္။

"ကၽြန္ေတာ္က Fu An တိုက္ခန္းကိစၥ ကူၿပီးေျဖရွင္းေပးလိုက္ေပမယ့္ တရားခံလူသတ္သမားတစ္ေယာက္က လြတ္ေနတုန္းပဲ.."

"ဒီလူက ဒီပန္းၿခံထဲေရာက္လာၿပီး မင္းကို ကလဲ့စားေခ်ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာခ်င္တာလား.."

"ဒီလူက ဒီနယ္ကထြက္ၿပီး တျခားေနရာမွာ သြားပုန္းေနၿပီလို႔ ထင္ထားတာ.. ဒါေပမယ့္ သူက ဒီေလာက္သတၱိရွိမယ္ဆိုတာ ကၽြန္ေတာ္မသိခဲ့ဘူး.. ဒီဧည့္သည္ရဲ့အျပဳအမူက ထူးဆန္းတယ္.. ဦးထုပ္ကို ငိုက္ငိုက္ေဆာင္းထားၿပီး သူ႔မ်က္ႏွာကို ဖံုးဖို႔ႀကိဳးစားေနတယ္.. ကေန႔က မေအးဘဲ ဂ်ာကင္ႀကီးထပ္ဝတ္လာၿပီး သူ႔လက္ေတြကို အိတ္ကပ္ထဲထည့္ထားတယ္.. သူက ေဆးလိပ္ေသာက္တာ၊ ေရေသာက္တာလုပ္တဲ့အခ်ိန္ လက္တစ္ဖက္ကိုပဲသံုးတယ္.. သူ႔ညာလက္ကို အိတ္ထဲဲထည့္ထားတယ္.."

"ဒီအခ်က္ေလးနဲ႔ သူ႔ကို လူသတ္သမားလို႔ ေျပာလို႔မွမရတာ.. ဒါက သူ႔ရဲ့အက်င့္ျဖစ္ႏိုင္တာပဲ.."

အန္ကယ္ Xu က လံုၿခံဳေရးအခန္းတံခါးကို ပိတ္ကာ ေျပာလိုက္သည္။

"တရားခံေျပးရဲ့နာမည္က Zhong Peng.. သူ႔ကိုယ္ထည္က ဒီလူနဲ႔အတူတူပဲ.. အဓိကအခ်က္က တ႐ုတ္ႏွင္းဆီပန္းတက္တူး ထိုးထားတာပဲ.. ထိုးထားတဲ့လက္ကို သူက အိတ္ထဲဝွက္ထားတာပဲ.."

"တ႐ုတ္ႏွင္းဆီပန္းပံု ဟုတ္လား.."

"ဒီပန္းက လာဘ္လာဘေကာင္းေစတဲ့ အေဆာင္ပံုပဲ.. ဒါေပမယ့္ ဒီလူက ကံဆိုးၿပီး ေလာင္းကစားေၾကြးေတြ တင္ေနတဲ့သူပဲ.."

"မင္းက ဒီလူက တက္တူးထိုးထားတဲ့လက္ကို မျမင္ေအာင္ ဝွက္ထားတယ္ေပါ့.. ဒါက သူ႔လက္က လူမျမင္ေစခ်င္တဲ့ ေရာဂါတစ္ခုခုရွိေနတာလည္း ျဖစ္ႏိုင္တာပဲ.."

"ကၽြန္ေတာ့္မွာ သက္ေသရွိေသးတယ္.. ဒီလူက ကစားကြင္းထဲဝင္လာၿပီး ေကာင္းကင္ခ်ားရဟတ္ကို ၃ခါတိတိစီးတယ္.. ဒါက ဘာကိုဆိုလိုလဲ ဦးေလးသိလား.."

"ဘာကိုဆိုလိုတာလဲ.."

အန္ကယ္ Xu က ေမးလိုက္သည္။

"တရားခံေျပးက ေကာင္းကင္ခ်ားရဟတ္စီးၿပီး ပန္းၿခံကို အေပၚစီးကၾကည့္ၿပီး ေျပးေပါက္ကို ႀကိဳရွာထားတာ.. သူက တစ္မနက္လံုး ပန္းၿခံထဲသြားလာေနၿပီး ေန႔လည္ Xiao Wan နဲ႔ကၽြန္ေတာ္ ထမင္းစားဖို႔ထြက္လာမွ သရဲအိမ္ဘက္ကိုလာၿပီး ေခ်ာင္းေျမာင္းေနတာ ေတြ႕လိုက္ရတယ္.. ပံုမွန္ဧည့္သည္ဆိုရင္ ဒီလိုဘယ္လုပ္မွာလဲ.."

"မင္းေျပာတာမွန္တယ္.. ဒါေပမယ့္ သူက ဘာေၾကာင့္ ဘယ္သူမွမရွိတဲ့အခ်ိန္ သရဲအိမ္နား ဘာလာလုပ္တာလဲ.."

"သူ႔ေနရာမွာ ကၽြန္ေတာ္သာဆိုရင္ သရဲအိမ္ပိုင္ရွင္ကိုသတ္ဖို႔ ဒီေနရာကို ေသခ်ာသိဖို႔ ကၽြန္ေတာ္က ႀကိဳတင္ၿပီး လာေလ့လာမွာပဲ.. ဒါမွမဟုတ္ သရဲအိမ္ထဲ ဝင္ပုန္းေနၿပီး သူ႔ကိုေခ်ာင္းၿပီး သတ္လို႔ရတာပဲ.. ဒါ့အျပင္ သရဲအိမ္က ပုန္းစရာေနရာေကာင္းတစ္ခုျဖစ္လို႔ ေသြးေတြကိုသာ ေသခ်ာသုတ္ထားရင္ ေနာက္တစ္ရက္ၾကာေလာက္မွ အေလာင္းကိုရွာေတြ႕ႏိုင္တဲ့ ေနရာျဖစ္လို႔ပဲ.."

အန္ကယ္ Xu က Chen Ge ရွင္းျပတာကို မ်က္လံုးထဲျမင္ေယာင္ၿပီး အေတာ္ေလး ေၾကာက္သြားသည္။

"မင္းေျပာတဲ့အတုိင္းဆို အေတာ္ေၾကာက္စရာေကာင္းတာပဲ.."

"ေၾကာက္စရာအေကာင္းဆံုးေတြက ျဖစ္ၿပီးသြားၿပီ.. ခုေတာ့ ဒီလူေလာႀကီးၿပီး ထြက္လာတာကိုပဲ ေက်းဇူးတင္ရမယ္.. မဟုတ္ရင္ ကၽြန္ေတာ္က ရင္တထိတ္ထိတ္နဲ႔ အၾကာႀကီးျဖစ္ေနရမွာ.. အခုေတာ့ ဒီလူကိစၥကို ေစာေစာစီးစီး ကိုင္တြယ္လို႔ရသြားၿပီ.."

Chen Ge က လက္သီးဆုပ္ကိုျဖည္ကာ ေျပာလိုက္သည္။

"ဒီလူက အခု ဘယ္ေရာက္သြားၿပီလဲ.. တျခားဧည့္သည္ေတြကို သတိေပးဖို႔လိုေသးလား.."

အန္ကယ္ Xu က ခုမွ အေျခအေနက အေရးႀကီးတာ သိသြားသည္။

"သူက ပန္းၿခံထဲကထြက္သြားၿပီ.. အဲ့ဒီအခ်ိန္တုန္းက ဒီလံုၿခံဳေရးမွတ္တမ္းကို မၾကည့္ရေသးလို႔ သူမွန္းမေသခ်ာတာနဲ႔ ကၽြန္ေတာ္ မတားလုိက္ဘူး.."

"မင္းလုပ္တာေကာင္းတယ္.. တကယ္လို႔ သံသယရွိသူက ပန္းၿခံထဲမွာရွိေနေသးရင္ အေျခအေနက ဗရမ္းဗတာျဖစ္သြားႏိုင္တယ္.. မင္းတို႔လံုၿခံဳေရးဝန္ထမ္းေတြ ရဲေတြလာရင္ ေကာင္းေကာင္း ပူးေပါင္းေဆာင္ရြက္ေပးၾကပါ.."

အန္ကယ္ Xu က လံုၿခံဳေရးဝန္ထမ္းမ်ားကို တစ္လက္စတည္း မွာလိုက္သည္။ 10 မိနစ္ၾကာေတာ့ လံုၿခံဳေရးခန္းထဲ အင္စပက္တာ Lee ဦးေဆာင္ၿပီး လူ ၃ ဦးဝင္လာကာ ေျပာလိုက္သည္။

"Chen Ge.. ဘယ္မွာလဲ.. CCTV မွတ္တမ္းကို ငါၾကည့္ဦးမယ္.."

လံုၿခံဳေရးဝန္ထမ္းမ်ား အကူအညီႏွင့္ ရဲစခန္းက Data ကိုယွဥ္ၾကည့္ၿပီး ဒီလူက တရားခံေျပးဆိုတာ အတည္ျပဳလိုက္ႏိုင္သည္။

"ကေလး.. မင္းက တကယ္ လူ႔အဖြဲ႕အစည္းအတြက္ အက်ိဳးေဆာင္ေပးလိုက္ႏိုင္တာပဲ.."

အင္စပက္တာ Lee က Chen Ge ၏ေက်ာကိုပုတ္ကာ ေျပာလိုက္ၿပီး ရဲစခန္းကို ျဖစ္စဥ္ကိုေျပာကာ ေဆြးေႏြးလိုက္သည္။ လူစုကို ၂စုခြဲကာ တစ္စုက လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးဌာနကို ဆက္သြယ္ေစကာ တစ္စုကို ဒီပန္းၿခံကို လွည့္လည္ေစာင့္ၾကပ္ေစသည္။

"Zhong Peng က အႏၱရာယ္မ်ားတဲ့ တရားခံပဲ.. သူ မင္းကို target ထားတဲ့အခ်ိန္ ေသခ်ာဂ႐ုစိုက္ပါ.. သူျပန္လာဖို႔မ်ားတယ္.. ျဖစ္ႏိုင္ရင္ သရဲအိမ္နဲ႔ ေဝးေဝးေနေစခ်င္တယ္.."

အင္စပက္တာ Lee ေျပာတဲ့စကားကိုၾကားေတာ့မွ Chen Ge ရဲ့အေျခအေနက မလြယ္ဘူးဆိုတာ လံုၿခံဳေရးေတြ သိသြားၾကသည္။ Chen Ge က အံ့ၾသစရာေကာင္းစြာ အံ့ၾသျခင္း၊ ထိတ္လန္႔ျခင္းမရွိေပ။

"တကယ္လို႔ ကၽြန္ေတာ္ သရဲအိမ္ကိုမသြားရင္ Xiao Wan တစ္ေယာက္တည္းက သရဲအိမ္ကို ေကာင္းေကာင္းထိန္းႏိုင္မွာမဟုတ္ဘူး.. သရဲအိမ္ကို ပိတ္လိုက္ရင္ ကၽြန္ေတာ္သိသြားၿပီဆိုတာ Zhong Peng ရိပ္မိၿပီး သူထြက္ေျပးသြားႏိုင္တယ္.."

"မင္းက ငါးစာအေနနဲ႔ သရဲအိမ္ထဲမွာေနဖို႔ လုပ္ေနတာလား.. ဒါက အႏၱရာယ္မ်ားတယ္ေနာ္.."

"စိတ္မပူပါနဲ႔.. သူ သရဲအိမ္ထဲဝင္လာၿပီးရင္ ျပန္မထြက္သြားႏိုင္ေစရဘူး.. ကၽြန္ေတာ္ အာမခံတယ္.."

====================

Chapter (46) – သံသယဖြစ်ဖွယ်လူသား

Chen Ge က လက်သီးကို တင်းတင်းဆုပ်ကာ ဖုန်းကိုထုတ်ပြီး စုံထောက်ကြီးဆီ ဖုန်းဆက်လိုက်သည်။ အင်စပက်တာ Lee က Jiu Jaing အနောက်ပိုင်းရဲဌာနက အရာရှိကြီးဖြစ်သည်။

"Hello.."

"အန်ကယ် San Bao.. ကျွန်တော် ရဲကိစ္စ သတင်းပို့စရာရှိလို့.."

"ဒါဆို မင်း 110 ကိုခေါ်လိုက်.. ပြီးတော့ ငါက အင်စပက်တာ Lee.."

"ကျွန်တော် Fu An တိုက်ခန်းက ထွက်ပြေးသွားတဲ့ တရားခံပြေးထဲက တစ်ယောက်ကို တွေ့လိုက်တယ်.. သူက New Centing Park ထဲရောက်နေတယ်.."

"မင်း သေချာရဲ့လား.."

"သေချာပါတယ်ဗျ.. အန်ကယ်လာရင် ရဲကားနဲ့မလာနဲ့.. တရားခံကို သတိပေးရာကျသွားမယ်.."

"15 မိနစ်အတွင်း ရောက်လာမယ်.."

ဖုန်းခေါ်ပြီးတော့ Chen Ge က လုံခြုံရေးခန်းက ကင်မရာတွေကို ဆက်ကြည့်နေသည်။ လုံခြုံရေးတွေက တစ်ခုခုဖြစ်တာသိလို့ မန်နေဂျာအန်ကယ် Xu ကို လှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ.. ငါ နေ့လည်စာလေးတောင် အေးအေးဆေးဆေး မစားရတော့ဘူးလား.."

အန်ကယ် Xu က ရေဘူးကိုမော့သောက်ရင်း မေးလိုက်သည်။

"မင်း ဘယ်သူ့ကို ဖုန်းဆက်တာလဲ.."

"ရဲကို.. သူတို့က ဒီကို 15 မိနစ်အတွင်း ရောက်လာတော့မယ်.."

Chen Ge က ကင်မရာများစွာက မြင်နေရသည့် Screen များကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း ဘာကြောင့် ငါ့ကို အရင်မတိုင်ပင်တာလဲ.. ငါတို့စီမံခန့်ခွဲရေးအဖွဲ့က လူသတ်မှုနဲ့ သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းရှိတယ်.."

"အန်ကယ် Xu.. တစ်ယောက်ယောက်က ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားနေတယ်.."

Chen Ge က တည်ငြိမ်စွာဖြင့် ကြိုတင်တွေးထားသည့်စကားကို ပြောလိုက်သည်။ ဒီစကားကြောင့် တစ်ခန်းလုံးက တိတ်သွားပြီး လုံခြုံရေးဝန်ထမ်းတွေက Chen Ge ကို ဝိုင်းကြည့်လိုက်သည်။

"Chen Ge.. မင်း သရဲအိမ်ထဲ နေတာကြာသွားလို့ ကြောင်သွားပြီလား.. နေ့ခင်းကြောင်တောင် အဓိပ္ပါယ်မရှိတာကို ဘာကြောင့်ပြောနေတာလဲ.."

အန်ကယ် Xu က ရှောင်ချန်ဟုပင် မခေါ်တော့ဘဲ Chen Ge ဟုခေါ်ကာ ပြောလိုက်သည်။

"ကျွန်တော်က Fu An တိုက်ခန်းကိစ္စ ကူပြီးဖြေရှင်းပေးလိုက်ပေမယ့် တရားခံလူသတ်သမားတစ်ယောက်က လွတ်နေတုန်းပဲ.."

"ဒီလူက ဒီပန်းခြံထဲရောက်လာပြီး မင်းကို ကလဲ့စားချေဖို့ ကြိုးစားနေတယ်လို့ ပြောချင်တာလား.."

"ဒီလူက ဒီနယ်ကထွက်ပြီး တခြားနေရာမှာ သွားပုန်းနေပြီလို့ ထင်ထားတာ.. ဒါပေမယ့် သူက ဒီလောက်သတ္တိရှိမယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး.. ဒီဧည့်သည်ရဲ့အပြုအမူက ထူးဆန်းတယ်.. ဦးထုပ်ကို ငိုက်ငိုက်ဆောင်းထားပြီး သူ့မျက်နှာကို ဖုံးဖို့ကြိုးစားနေတယ်.. ကနေ့က မအေးဘဲ ဂျာကင်ကြီးထပ်ဝတ်လာပြီး သူ့လက်တွေကို အိတ်ကပ်ထဲထည့်ထားတယ်.. သူက ဆေးလိပ်သောက်တာ၊ ရေသောက်တာလုပ်တဲ့အချိန် လက်တစ်ဖက်ကိုပဲသုံးတယ်.. သူ့ညာလက်ကို အိတ်ထဲထည့်ထားတယ်.."

"ဒီအချက်လေးနဲ့ သူ့ကို လူသတ်သမားလို့ ပြောလို့မှမရတာ.. ဒါက သူ့ရဲ့အကျင့်ဖြစ်နိုင်တာပဲ.."

အန်ကယ် Xu က လုံခြုံရေးအခန်းတံခါးကို ပိတ်ကာ ပြောလိုက်သည်။

"တရားခံပြေးရဲ့နာမည်က Zhong Peng.. သူ့ကိုယ်ထည်က ဒီလူနဲ့အတူတူပဲ.. အဓိကအချက်က တရုတ်နှင်းဆီပန်းတက်တူး ထိုးထားတာပဲ.. ထိုးထားတဲ့လက်ကို သူက အိတ်ထဲဝှက်ထားတာပဲ.."

"တရုတ်နှင်းဆီပန်းပုံ ဟုတ်လား.."

"ဒီပန်းက လာဘ်လာဘကောင်းစေတဲ့ အဆောင်ပုံပဲ.. ဒါပေမယ့် ဒီလူက ကံဆိုးပြီး လောင်းကစားကြွေးတွေ တင်နေတဲ့သူပဲ.."

"မင်းက ဒီလူက တက်တူးထိုးထားတဲ့လက်ကို မမြင်အောင် ဝှက်ထားတယ်ပေါ့.. ဒါက သူ့လက်က လူမမြင်စေချင်တဲ့ ရောဂါတစ်ခုခုရှိနေတာလည်း ဖြစ်နိုင်တာပဲ.."

"ကျွန်တော့်မှာ သက်သေရှိသေးတယ်.. ဒီလူက ကစားကွင်းထဲဝင်လာပြီး ကောင်းကင်ချားရဟတ်ကို ၃ခါတိတိစီးတယ်.. ဒါက ဘာကိုဆိုလိုလဲ ဦးလေးသိလား.."

"ဘာကိုဆိုလိုတာလဲ.."

အန်ကယ် Xu က မေးလိုက်သည်။

"တရားခံပြေးက ကောင်းကင်ချားရဟတ်စီးပြီး ပန်းခြံကို အပေါ်စီးကကြည့်ပြီး ပြေးပေါက်ကို ကြိုရှာထားတာ.. သူက တစ်မနက်လုံး ပန်းခြံထဲသွားလာနေပြီး နေ့လည် Xiao Wan နဲ့ကျွန်တော် ထမင်းစားဖို့ထွက်လာမှ သရဲအိမ်ဘက်ကိုလာပြီး ချောင်းမြောင်းနေတာ တွေ့လိုက်ရတယ်.. ပုံမှန်ဧည့်သည်ဆိုရင် ဒီလိုဘယ်လုပ်မှာလဲ.."

"မင်းပြောတာမှန်တယ်.. ဒါပေမယ့် သူက ဘာကြောင့် ဘယ်သူမှမရှိတဲ့အချိန် သရဲအိမ်နား ဘာလာလုပ်တာလဲ.."

"သူ့နေရာမှာ ကျွန်တော်သာဆိုရင် သရဲအိမ်ပိုင်ရှင်ကိုသတ်ဖို့ ဒီနေရာကို သေချာသိဖို့ ကျွန်တော်က ကြိုတင်ပြီး လာလေ့လာမှာပဲ.. ဒါမှမဟုတ် သရဲအိမ်ထဲ ဝင်ပုန်းနေပြီး သူ့ကိုချောင်းပြီး သတ်လို့ရတာပဲ.. ဒါ့အပြင် သရဲအိမ်က ပုန်းစရာနေရာကောင်းတစ်ခုဖြစ်လို့ သွေးတွေကိုသာ သေချာသုတ်ထားရင် နောက်တစ်ရက်ကြာလောက်မှ အလောင်းကိုရှာတွေ့နိုင်တဲ့ နေရာဖြစ်လို့ပဲ.."

အန်ကယ် Xu က Chen Ge ရှင်းပြတာကို မျက်လုံးထဲမြင်ယောင်ပြီး အတော်လေး ကြောက်သွားသည်။

"မင်းပြောတဲ့အတိုင်းဆို အတော်ကြောက်စရာကောင်းတာပဲ.."

"ကြောက်စရာအကောင်းဆုံးတွေက ဖြစ်ပြီးသွားပြီ.. ခုတော့ ဒီလူလောကြီးပြီး ထွက်လာတာကိုပဲ ကျေးဇူးတင်ရမယ်.. မဟုတ်ရင် ကျွန်တော်က ရင်တထိတ်ထိတ်နဲ့ အကြာကြီးဖြစ်နေရမှာ.. အခုတော့ ဒီလူကိစ္စကို စောစောစီးစီး ကိုင်တွယ်လို့ရသွားပြီ.."

Chen Ge က လက်သီးဆုပ်ကိုဖြည်ကာ ပြောလိုက်သည်။

"ဒီလူက အခု ဘယ်ရောက်သွားပြီလဲ.. တခြားဧည့်သည်တွေကို သတိပေးဖို့လိုသေးလား.."

အန်ကယ် Xu က ခုမှ အခြေအနေက အရေးကြီးတာ သိသွားသည်။

"သူက ပန်းခြံထဲကထွက်သွားပြီ.. အဲ့ဒီအချိန်တုန်းက ဒီလုံခြုံရေးမှတ်တမ်းကို မကြည့်ရသေးလို့ သူမှန်းမသေချာတာနဲ့ ကျွန်တော် မတားလိုက်ဘူး.."

"မင်းလုပ်တာကောင်းတယ်.. တကယ်လို့ သံသယရှိသူက ပန်းခြံထဲမှာရှိနေသေးရင် အခြေအနေက ဗရမ်းဗတာဖြစ်သွားနိုင်တယ်.. မင်းတို့လုံခြုံရေးဝန်ထမ်းတွေ ရဲတွေလာရင် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ပေးကြပါ.."

အန်ကယ် Xu က လုံခြုံရေးဝန်ထမ်းများကို တစ်လက်စတည်း မှာလိုက်သည်။ 10 မိနစ်ကြာတော့ လုံခြုံရေးခန်းထဲ အင်စပက်တာ Lee ဦးဆောင်ပြီး လူ ၃ ဦးဝင်လာကာ ပြောလိုက်သည်။

"Chen Ge.. ဘယ်မှာလဲ.. CCTV မှတ်တမ်းကို ငါကြည့်ဦးမယ်.."

လုံခြုံရေးဝန်ထမ်းများ အကူအညီနှင့် ရဲစခန်းက Data ကိုယှဉ်ကြည့်ပြီး ဒီလူက တရားခံပြေးဆိုတာ အတည်ပြုလိုက်နိုင်သည်။

"ကလေး.. မင်းက တကယ် လူ့အဖွဲ့အစည်းအတွက် အကျိုးဆောင်ပေးလိုက်နိုင်တာပဲ.."

အင်စပက်တာ Lee က Chen Ge ၏ကျောကိုပုတ်ကာ ပြောလိုက်ပြီး ရဲစခန်းကို ဖြစ်စဉ်ကိုပြောကာ ဆွေးနွေးလိုက်သည်။ လူစုကို ၂စုခွဲကာ တစ်စုက လျှို့ဝှက်ထောက်လှမ်းရေးဌာနကို ဆက်သွယ်စေကာ တစ်စုကို ဒီပန်းခြံကို လှည့်လည်စောင့်ကြပ်စေသည်။

"Zhong Peng က အန္တရာယ်များတဲ့ တရားခံပဲ.. သူ မင်းကို target ထားတဲ့အချိန် သေချာဂရုစိုက်ပါ.. သူပြန်လာဖို့များတယ်.. ဖြစ်နိုင်ရင် သရဲအိမ်နဲ့ ဝေးဝေးနေစေချင်တယ်.."

အင်စပက်တာ Lee ပြောတဲ့စကားကိုကြားတော့မှ Chen Ge ရဲ့အခြေအနေက မလွယ်ဘူးဆိုတာ လုံခြုံရေးတွေ သိသွားကြသည်။ Chen Ge က အံ့သြစရာကောင်းစွာ အံ့သြခြင်း၊ ထိတ်လန့်ခြင်းမရှိပေ။

"တကယ်လို့ ကျွန်တော် သရဲအိမ်ကိုမသွားရင် Xiao Wan တစ်ယောက်တည်းက သရဲအိမ်ကို ကောင်းကောင်းထိန်းနိုင်မှာမဟုတ်ဘူး.. သရဲအိမ်ကို ပိတ်လိုက်ရင် ကျွန်တော်သိသွားပြီဆိုတာ Zhong Peng ရိပ်မိပြီး သူထွက်ပြေးသွားနိုင်တယ်.."

"မင်းက ငါးစာအနေနဲ့ သရဲအိမ်ထဲမှာနေဖို့ လုပ်နေတာလား.. ဒါက အန္တရာယ်များတယ်နော်.."

"စိတ်မပူပါနဲ့.. သူ သရဲအိမ်ထဲဝင်လာပြီးရင် ပြန်မထွက်သွားနိုင်စေရဘူး.. ကျွန်တော် အာမခံတယ်.."

====================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now