Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်

611 116 5
                                    

Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်

ဓါတ်ပုံထဲက အမျိုးသမီးဟာ မိတ်ကပ်မလိမ်းထားပဲ ပြင်းထန်သည့် နာမကျန်းမှုကနေ ပြန်လည်ကောင်းမွန်လာပုံပေါ်သည်။ ဒါပေမယ့် သူမရဲ့ရုပ်ရည်က ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိခဲ့သည်။ အစောပိုင်းက ဟိုင်မင်တိုက်ခန်း တွင် ချန်ကော သည် မန်နန်၏မိခင် အလွန်လှပသော်လည်း မန်နန်၏ဖခင်အား အရမ်းကို တွယ်ကပ်ခြင်းအတွက် စိတ်ထဲမှာ ပြစ်တင်ဝေဖန်ခဲ့ပြီး ယခုအခါ အကြောင်းရင်းကို နားလည်လာခဲ့သည်။ ချန်ကော က ပုံထဲက ရှက်တတ်တဲ့ကောင်လေးကို လေ့လာဖို့ သူ့အကြည့်ကို ရွှေ့လိုက်တယ်။

ဒီကလေးက တကယ်ပဲ မန်နန် လား။ ကလေးဘဝတုန်းက ပရလောကသားတွေနဲ့ ဆက်သွယ်ရာမှာ မယုံနိုင်လောက်အောင် အရည်အချင်းရှိတဲ့ ကလေးတစ်ယောက်၊ ဒါပေမယ့် သူကြီးပြင်းလာပြီးနောက်မှာ မှန်ထဲက မကောင်းဆိုးဝါး တစ်ကောင်ကို ဘယ်လိုမှ မကိုင်တွယ်နိုင်ခဲ့ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့အရည်အချင်းတွေ ကျဆင်းလာသလား။ စာထဲမှာ ပြောထားတဲ့ ဇာတ်လမ်းက ကော မှန်ကန်ရဲ့လား ။ ကလေးဘဝတုန်းက ပိုင်ဆိုင်ခဲ့တဲ့ ထူးခြားသော အရည်ချင်းတွေ၊ သာမန်လူတွေ မမြင်ရသည့် ပရလောကသားတွေကို မြင်ရသည့်အစွမ်းတွေက ကြီးပြင်းလာတာနဲ့အမျှ အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်လာပြီး သူတို့ရဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့တယ်လို့ လူတွေပြောပြောနေတာကို ချန်ကော ကြားဖူးခဲ့သည်။

ဒါပေမယ့် အခုဖြစ်ရပ်က ဒီလောက်မရိုးရှင်းသင့်ပါဘူး။ ချန်ကော က ဒေါက်တာကောင်း ပြောတာကို သတိရသွားတယ်။ နက်နက်ရှိုင်းရှိုင်း ရောဂါရှာဖွေပြီးနောက် မန်နန်ကိုယ်ထဲတွင် ကိုယ်ရည်ကိုယ်သွေးသုံးမျိုးရှိကြောင်း သူတွေ့ရှိခဲ့သည်။

ပထမတစ်ခုကတော့ သူ့အမေပုံသဏ္ဍာန်နဲ့ ပေါ်လာတဲ့ မိမိကိုယ်ကို ကာကွယ်တဲ့ စရိုက်ပါပဲ။ ဒီတစ်ခုသည် မန်နန်ရဲ့ မိခင်၏ စွဲမြဲနေသော ဝိဉာဉ်ဖြစ်နိုင်သည်။ သူမသည် သားကို တတ်နိုင်သမျှ ကာကွယ်ရန် မန်နန် ထံ တွယ်ကပ်ခဲ့သည်။

ဒုတိယကတော့ မန်နန် ရဲ့ အဓိက စရိုက်ပါပဲ။ ထိုပုဂ္ဂိုလ်သည် သူနှင့်အတူ ကြီးပြင်းလာခဲ့ပြီး သူ၏ သူငယ်ချင်းများ သိသည့် သာမန် ယောက်ျား မန်နန် ဖြစ်သည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now