Chapter (96+97)(Z+U)

1K 273 4
                                    

Chapter (96) – ၿပိဳင္ပြဲစၿပီ..

ခ်ိပ္ပိတ္ထားေသာစာသင္ခန္းက Chen Ge ပင္မဝင္ခ်င္ေသာ ေနရာျဖစ္ေပမယ့္ ဖန္းယို႔ေလ်ာင္ႏွင့္ က်ဴးက်င့္နင္တို႔က အလြယ္တကူ ဝင္သြားႏိုင္ၾကသည္။ အခန္းထဲတြင္ ထူးဆန္းေသာအနံ႔မ်ားရွိၿပီး သူတို႔ေရေအာက္ေရာက္သြားသလို ထူးဆန္းေသာဖိအားကို ခံစားလိုက္ရသည္။

"ယို႔ေလ်ာင္.. ငါ.. ငါ.. အျပင္မွာ ေစာင့္ေနမွထင္တယ္.."

က်ဴးက်င့္နင္က နဖူးေပၚမွာ ေခၽြးေတြသီးကာ ဖန္းယို႔ေလ်ာင္အေနာက္ဘက္ကေန တြန္႔ဆုတ္စြာ ေျပာလိုက္သည္။

"ဒီသရဲအိမ္ကိုမဝင္ခင္ ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ထားမသြားဘူးလို႔ ကတိေပးထားတယ္မလား.. မင္းက ကတိဖ်က္ခ်င္ၿပီလား.."

ဖန္းယို႔ေလ်ာင္က ေျပာရင္း တုန္လာခ်င္သည္။ စားပြဲေပၚက ေက်ာင္းဝတ္စံုေတြက သရဲကားဇာတ္ဝင္ခန္းေတြနဲ႔မတူဘဲ ေၾကာက္စရာေကာင္းသည္ဟု ခံစားမိၿပီး အနားကို တိုးမသြားဝံ့ေပ။ စာသင္ခန္းထဲက ေကာ္ရစ္ဒါထက္ ပိုေမွာင္ေနသည္။

"သရဲအိမ္ကအလုပ္သမားက ဘယ္ေနရာမွာ ပုန္းေနမယ္ထင္လဲ.. ယူနီေဖာင္းေတြေအာက္မွာေတာ့ မဟုတ္ေလာက္ဘူးမလား.."

က်ဴးက်င့္နင္က သူ႔အေဖာ္ စိတ္ဓာတ္ေျခာက္ျခားေနသည္ကို မရိပ္မိဘဲ အေနာက္ကေန တီးတိုးေမးလိုက္သည္။

"မေသခ်ာဘူး.. ပံုမွန္ဆိုရင္ ဒီလိုလုပ္ၾကတာပဲ.."

ဖန္းယို႔ေလ်ာင္က လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ကာ အားတင္းၿပီး ေက်ာက္သင္ပုန္းဘက္ကို သြားသည့္လမ္းအတိုင္း ေလွ်ာက္လာခဲ့သည္။ ဒီစားပြဲေတြေနာက္မွာ ဘယ္ဝန္ထမ္းမွ ပုန္းမေနေလာက္ဘူးထင္တာပဲ..။

"ဒီေနရာမွာ ပုန္းစရာေနရာေတာ့ မရွိဘူးပဲ.. ဒီလိုေနရာကို သဘာဝက်က် ျပင္ဆင္ဖို႔ ပိုက္ဆံဘယ္ေလာက္ေတာင္ ျဖဳန္းလိုက္သလဲ မသိေတာ့ဘူး.. စားပြဲေပၚက ေသြးနဲ႔ေရးထားတဲ့ စာလံုးေတြတို႔၊ ေက်ာင္းဝတ္စံုအေဟာင္းေတြတို႔က ရည္ရြယ္ခ်က္ရွိရွိကို တမင္ ဒီမွာထားထားတာပဲ.."

က်ဴးက်င့္နင္က ေနာက္ကလိုက္လာရင္း ဟိုသည္ၾကည့္ကာ ျမင္သမွ်ေျပာလိုက္သည္။

သူက အခန္း၏အေနာက္ဘက္က တံခါးကို တြန္းဖြင့္ရင္း ေျပာလိုက္သည္။

"ဘာမွလည္း ေၾကာက္စရာမေကာင္းဘူး.. ငါက စားပြဲေတြနားက ျဖတ္လာခ်ိန္ တစ္ခုခု ခုန္ထြက္လာမယ္ထင္ထားတာ.."

က်ဴးက်င့္နင္က စာသင္ခန္းထဲက အေနအထား တစ္ခုခုလြဲေနတာကို သတိထားလိုက္မိသည္။

"ငါ ဒီလမ္းကေလွ်ာက္လာေတာ့ ယူနီေဖာင္းတစ္စံုက ၾကမ္းျပင္ေပၚက်ေနသလားလို႔.. ယို႔ေလ်ာင္.. မင္း ဒါကို ၾကမ္းျပင္ေပၚကေန ေကာက္ယူလိုက္တာလား.."

"ယူနီေဖာင္းက ၾကမ္းျပင္ေပၚက်ေနတယ္ ဟုတ္လား.. ငါ သတိမထားမိလိုက္ဘူး.."

ဖန္းယို႔ေလ်ာင္က စာသင္ခန္းအေနာက္နားမွာရပ္ရင္း ျပန္ေျဖလိုက္သည္။

"ငါ စိတ္ထင္တာပဲ ေနမွာပါ.."

က်ဴးက်င့္နင္က အတန္း၏အလယ္လမ္းကို ေလွ်ာက္လာၿပီး အလယ္နားကခံုမွာရပ္ကာ ေျပာလိုက္သည္။

"ငါမွတ္မိသေလာက္ ဒီယူနီေဖာင္းက ၾကမ္းေပၚမွာက်ေနတာပါ.."

သူက ယူနီေဖာင္းကို ယူၾကည့္လိုက္ေတာ့ ႐ုတ္တရက္ ငါးပုပ္နံ႔လို ပုပ္အဲ့အဲ့အနံ႔ကို ရလိုက္သျဖင့္ သူက ယူနီေဖာင္းကို စားပြဲေပၚတင္လိုက္ကာ စားပြဲႏွင့္ကုလားထိုင္ကို စစ္ေဆးလိုက္သည္။ ဒီစားပြဲမွာ အနံ႔ဆိုးလႊတ္ေသာ ကိရိယာတစ္ခု လွ်ိဳ႕ဝွက္တပ္ထားသည္ဟု ထင္ေနသည္။ သူက ဟိုဟုိသည္သည္ရွာလိုက္စဥ္ အံဆြဲထဲက ေဂၚလီလံုးလိမ့္သြားသံကို ၾကားလိုက္သျဖင့္ အံဆြဲကိုဖြင့္ၾကည့္ကာ ငံု႔ၾကည့္လိုက္သည္။

"အထဲမွာ တစ္ခုခုရွိေနလား.."

က်ဴးက်င့္နင္က အံဆြဲထဲက အေျဖစာရြက္ႏွင့္ ေက်ာင္းစာအုပ္မ်ား ထည့္ထားတာကိုေတြ႕ေတာ့ အံ့ၾသသြားသည္။

"ဒါဆို အံဆြဲထဲက ဘာေၾကာင့္ ေဂၚလီလံုးလိမ့္သံ ၾကားေနရတာပါလိမ့္.. ဒီအံဆြဲထဲမွာ စက္တစ္ခုခု တပ္ထားတာထင္တယ္.."

က်ဴးက်င့္နင္က စာရြက္ႏွင့္စာအုပ္ကို ထုတ္လိုက္စဥ္ စာရြက္မ်ားေနာက္က မ်က္လံုးတစ္စံုက ခ်ာခ်ာလည္ၿပီး သူ႔ကိုစိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။

"Fuck.."

႐ုတ္တရက္ လန္႔သြားေသာက်ဴးက်င့္နင္က ေနာက္ကို အေလာတႀကီးဆုတ္လိုက္ၿပီး စားပြဲခံုႏွစ္ခုကို တုိက္ကာ ၾကမ္းျပင္ေပၚလဲက်သြားသည္။

"ဘာျဖစ္လို႔လဲ.."

ဖန္းယို႔ေလ်ာင္လည္း လန္႔သြားၿပီး ေမးလိုက္သည္။

"အံဆြဲထဲမွာ တစ္ေယာက္ေယာက္ရွိတယ္.."

က်ဴးက်င့္နင္က ၾကမ္းျပင္ေပၚမွာ ေပ်ာ့ေခြစြာထိုင္ေနၿပီး တုန္ယင္စြာေျပာလိုက္သည္။ သူ႔မ်က္ႏွာက ေသြးဆုတ္ျဖဴေရာ္ေနသည္။

"မင္း႐ူးသြားၿပီလား.. အံဆြဲထဲမွာ လူတစ္ေယာက္ ဘယ္လိုဆံ့ႏိုင္မွာလဲ.. ဒါက စိတ္ထင္ၿပီး ေလွ်ာက္ျမင္တာျဖစ္မွာပါ.."

ဖန္းယို႔ေလ်ာင္က သူ႔အေဖာ္ကိုလွမ္းေျပာၿပီး အံဆြဲကိုဆြဲထုတ္ကာ စာရြက္ႏွင့္စာအုပ္ကို ၾကမ္းေပၚသြန္ခ်ကာ ေျပာလိုက္သည္။

"ၾကည့္.. ဘာမွမရွိဘူး.. အသည္းငယ္တဲ့ေၾကာင္လို လုပ္မေနနဲ႔.."

10 စကၠန္႔ၾကာမွ က်ဴးက်င့္နင္က စိတ္ျပန္ၿငိမ္လာၿပီး ၾကမ္းေပၚကထကာ တုန္ယင္စြာေျပာလိုက္သည္။

"ငါက်ိန္ေျပာရဲပါတယ္.. ငါ တကယ္ မ်က္လံုးတစ္စံုကို ျမင္လိုက္တာပါ.."

"တကယ္ေတြ႕ရင္ေတာင္ ဒါက သရဲအိမ္ရဲ့ လွည့္ကြက္ေလာက္ပါ.. မင္းက ဘာေၾကာင့္ ဒီေလာက္လန္႔သြားရတာလဲ.. ေကာင္းၿပီ.. ငါတို႔ ဒီေနရာကေန ထြက္ၾကစို႔.."

ဖန္းလို႔ေယ်ာင္က ေျပာၿပီး ဖ႐ိုဖရဲျဖစ္က်န္ရစ္ေသာ အခန္းကေန ဦးေဆာင္ထြက္လာခဲ့သည္။

"ငါတို႔ ဆက္သြားၾကဦးမလား.."

ေမွာင္ေနေသာေကာ္ရစ္ဒါက အဆံုးမရွိသလို ခံစားရသျဖင့္ က်ဴးက်င့္နင္က ၾကက္သီးထစြာ ေမးလိုက္သည္။

"ငါတုိ႔ဝင္လာတာ ငါးမိနစ္ေတာင္မရွိေသးဘူး.. ငါတို႔က သရဲအိမ္ကို နာမည္ဖ်က္ရေအာင္ လာတာကြ.. ပ႐ိုမိုးရွင္း ဆင္းေပးရေအာင္ လာတာမဟုတ္ဘူး.. စိတ္တင္းထားစမ္းပါ.. မင္းက ဘာေၾကာင့္ ေၾကာက္တတ္တဲ့ေကာင္မေလးလို လုပ္ေနရတာလဲ.. ၾကြက္သားႀကီး ဒီေလာက္ႀကီးတာ ဘာလုပ္ဖို႔ထားတာလဲ.."

ဖန္းယို႔ေလ်ာင္က က်ဴးက်င့္နင္ကို လွမ္းကန္ကာ ေျပာလိုက္သည္။ က်ဴးက်င့္နင္က ေၾကာက္ေနေပမယ့္ ခ်င္ကၽြမ္းစတူဒီယိုထံမွ သစၥာေဖာက္ဆိုသည့္ အမည္တပ္တာမခံခ်င္ေသာေၾကာင့္ စိတ္ကိုတင္းကာ ဆက္လာခဲ့ရသည္။ က်ဴးက်င့္နင္က အသံၾကားလို႔ ေနာက္ကိုလွည့္ၾကည့္လိုက္ခ်ိန္ စာသင္ခန္းတံခါးက ျဖည္းညႇင္းစြာပြင့္လာသျဖင့္ ဖန္႔ယို႔ေလ်ာင္ေနာက္ မွီေအာင္ေျပးလိုက္လာၿပီး ေျပာလိုက္သည္။

"သြားၾကစို႔.. စာသင္ခန္းထဲက တစ္ခုခုထြက္လာၿပီထင္တယ္.."

သူတို႔က အျမန္ေျပးလာၾကၿပီး အိမ္သာခန္းကိုေက်ာ္ကာ ေရွ႕ကိုေရာက္လာၾကသည္။

"ေနရာက က်ယ္လိုက္တာ.. ငါတို႔ လမ္းေၾကာင္းတစ္ခု ေရြးမွျဖစ္ေတာ့မယ္.."

လမ္းဆံုကိုေရာက္ေတာ့ သူတို႔ ေျပာလိုက္ၾကသည္။ က်ဴးက်င့္နင္ကေတာ့ လံုးဝလက္ေလွ်ာ့ထားၿပီး ဖန္းယို႔ေလ်ာင္က ဒီေလာက္ႀကီးမားသည့္ ဆက္တင္လုပ္ထားေသာ သရဲအိမ္ကိုၾကည့္ကာ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနမိသည္။ သရဲအိမ္မ်ားစြာကို သူ သြားေလ့လာဖူးေပမယ့္ ခုသရဲအိမ္လို အလုပ္သမားတစ္ေယာက္မွမရွိဘဲ ေၾကာက္စရာေကာင္းတာကို မႀကံဳဖူးေပ။ အရင္သရဲအိမ္တိုင္းမွာ သရဲလိုဟန္ေဆာင္ထားေသာ ဝန္ထမ္းမ်ားကို ေတြ႕ရၿပီး ထိုသရဲေတြက လူေတြသ႐ုပ္ေဆာင္ေနတာ ဆိုသည့္အသိျဖင့္ ေၾကာက္ရြံ႕စိတ္ လံုးဝမဝင္ခဲ့ေပ။

ဒါေပမယ့္ ဒီသရဲအိမ္က သ႐ုပ္ေဆာင္လံုးဝမရွိေပမယ့္ မၾကာခင္ တစ္ခုခုျဖစ္ေတာ့မလို ခံစားခ်က္ကိုေပးေစၿပီး လူကို တျဖည္းျဖည္းနဲ႔ ေျခာက္ျခားလာေစသည္။

"ဒီလမ္းကို စမ္းၾကည့္ရေအာင္.."

သူတို႔ႏွစ္ေယာက္က မိန္းကေလးအိပ္ေဆာင္ကို သြားသည့္လမ္းကို ေရြးလိုက္သည္။ ေရွ႕ဆက္လာေပမယ့္ ဘာမွမႀကံဳရေသာေၾကာင့္ သူတုိ႔ရင္ထဲက ေၾကာက္စိတ္က တျဖည္းျဖည္းေလ်ာ့သြားခ်ိန္ ေဘာလ္ပင္နတ္ေမးသည့္အခန္းထဲကို ေရာက္လာၾကသည္။

အမ်ိဳးသမီးအေဆာင္က ရာဇဝတ္မႈတစ္ခုခုျဖစ္ခဲ့သလို ခံုေလးလံုးကို ေဘးမွာစီခ်ထားၿပီး ခံုတစ္လံုးေပၚတြင္ စာရြက္တခ်ိဳ႕ႏွင့္ တိပ္ပတ္ထားေသာေဘာလ္ပင္တစ္ေခ်ာင္း ခ်ထားတာ ေတြ႕လိုက္ရသည္။

=====================

Chapter (97) – ပ်က္စီးေနေသာ ေဘာလ္ပင္တစ္ေခ်ာင္း

"ဒီအိပ္ခန္းက အျခားအခန္းေတြနဲ႔ မတူဘူး.."

က်ဴးက်င့္နင္က မွတ္ခ်က္ခ်လိုက္သည္။ ဒါေပမယ့္ တစ္ခုခုျဖစ္ရင္ ထြက္ေျပးႏိုင္ေအာင္ သူက အသင့္ျပင္ထားသည္။

"ဒီေနရာက ထြက္ေပါက္အတြက္ သဲလြန္စကို ဝွက္ထားတာမ်ားလား.."

"ငါလည္း မသိေတာ့ဘူး.. ဒီလို ဧည့္သည္ကို လြတ္လြတ္လပ္လပ္ ေလွ်ာက္သြားခိုင္းတဲ့ သရဲအိမ္မ်ိဳးကို ငါ ပထမဆံုးႀကံဳဖူးတာပဲ.. ပိုင္ရွင္က ဧည့္သည္ေတြ ဘာမွမျဖစ္ဘူးလို႔ ယံုၾကည္ထားပံုရတယ္.."

ဖန္းယို႔ေလ်ာင္က ေျပာၿပီး စာရြက္ေတြကိုယူၾကည့္လိုက္ၿပီး ဖတ္လိုက္သည္။

"ငါ ဘယ္အခ်ိန္ေသမွာလဲ..
ငါ ဘယ္လိုေသမလဲ..
ေနာက္တစ္ခါ ဘယ္သူေသမလဲ.."

"ၾကည့္ရတာ ေဘာလ္ပင္နတ္ကို ဆင့္ေခၚၿပီး ေမးတဲ့ ကစားနည္းထင္ပါတယ္.. ဒါေပမယ့္ ဒီေဘာလ္ပင္က ေတာ္ေတာ္ေလး အဆင္မေျပတဲ့ပံုပဲ.."

"ဒီေဘာလ္ပင္က တစ္ခုခုျဖစ္ေနမလား.."

က်ဴးက်င့္နင္က ေဘာလ္ပင္ကိုယူကာ ဟိုႏွိပ္ဒီႏွိပ္ ႏွိပ္ၾကည့္ေပမယ့္ တစ္စစီက်ိဳးပဲ့ေတာ့မလို ျဖစ္သြားသည္။

"ၾကည့္ရတာ သာမန္ေဘာလ္ပင္နဲ႔ တူတာပဲ.."

"ငါတုိ႔ သရဲအိမ္ထဲဝင္လာေတာ့ ပိုင္ရွင္ေျပာတာ မွတ္မိလား.."

"ဒီထဲက အခန္း၄ခုစလံုး ငါတို႔ သြားၾကည့္ၿပီးမွ ထြက္ေပါက္ေတြ႕မယ္ဆိုလား.."

"မွန္တယ္.. သဲလြန္စက ဒီဆက္တင္ ၄ခန္းလံုးမွာ ဝွက္ထားပံုရတယ္.."

သူတို႔က အိပ္ခန္းေလးကို ေစ့ေစ့စပ္စပ္ရွာၾကေပမယ့္ ထြက္ေပါက္နဲ႔ပတ္သက္ေသာ သဲလြန္စကို မေတြ႕ရေပ။

"ဒီသရဲအိမ္ကေန အလြယ္တကူထြက္ရဖို႔ မလြယ္ဘူး.. အရမ္းကို အေသးစိတ္ ျပင္ဆင္ထားတာကြ.."

ဖန္းယို႔ေလ်ာင္က စာရြက္ေတြကိုလွန္ၾကည့္ေတာ့ ေနာက္ဆံုးစာရြက္မွာ ဘာမွေရးမထားေသာ စာရြက္လြတ္ျဖစ္ေနေသာေၾကာင့္ အေတြးရသြားသည္။

"ၾကည့္ရတာ ငါတို႔ ေဘာလ္ပင္နတ္ကို ဆင့္ေခၚၿပီး ေမးခြန္းေမးၾကည့္ရင္ သဲလြန္စရႏိုင္မလား.."

"သရဲအိမ္ထဲမွာ ေဘာလ္ပင္နတ္ေမးတာ သိပ္မေကာင္းတဲ့ပံုပဲကြ.."

က်ဴးက်င့္နင္က ျဖဴေရာ္စြာေျပာလိုက္သည္။

"ငါတို႔မွာ ေရြးစရာမရွိေတာ့ဘူး.. မင္း ေဘာလ္ပင္နတ္မေမးခ်င္ရင္ ခုနက ခ်ိပ္ပိတ္ထားတဲ့စာသင္ခန္းကို ျပန္သြားခ်င္လို႔လား.. တစ္ခုေရြးရေတာ့မွာကြ.. ၿပီးေတာ့ မင္းက ဒီကမာၻေပၚမွာ ေဘာလ္ပင္နတ္ရွိတယ္ဆိုတာ ယံုသလား.. ငါတို႔ တစ္ခါေလာက္ စမ္းၾကည့္ရေအာင္.. ဘာမွမထူးရင္ ဒီကထြက္ၾကတာေပါ့.."

ဖန္းယို႔ေလ်ာင္က စိတ္မရွည္စြာေျပာလိုက္သည္။ ဖန္းယို႔ေလ်ာင္ရဲ့စိတ္ထဲမွာ မၾကာခင္ တစ္ခုခုျဖစ္ေတာ့မလားလို႔ ခံစားရၿပီး မသက္မသာျဖစ္လာသည္။ က်ဴးက်င့္နင္က မရည္ရြယ္ဘဲ ဖန္းယို႔ေလ်ာင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ကိုေလွ်ာက္လာၿပီး ခံုတစ္ခုံေဘးမွာ မတ္တပ္ရပ္လိုက္သည္။

"ဒါေပမယ့္ ဒီဂိမ္းကို ဘယ္လိုကစားရသလဲ ငါမသိဘူး.."

"စိတ္မပူနဲ႔.. ငါ႐ုပ္ရွင္ထဲမွာ ျမင္ဖူးတယ္.. အိမ္မွာလည္း လုပ္ၾကည့္ဖူးတယ္.. ဒါေတြက သိပၸံနည္းက်က် ရွင္းျပလို႔ရတဲ့ လိမ္လည္နည္းတစ္ခုသက္သက္ပဲ.."

ဖန္းယို႔ေလ်ာင္က ေျပာၿပီး စာရြက္ေပၚမွာ ေဘာလ္ပင္ကို မတ္မတ္ေထာင္ကာ ဆုပ္ကိုင္ထားၿပီး က်ဴးက်င့္နင္ကို ေျပာလိုက္သည္။

"မင္းလက္ကိုဆန္႔တန္းၿပီး ငါ့လက္ေပၚက ေပၚေနတဲ့ေဘာလ္ပင္ကို လက္နဲ႔လွမ္းဆုပ္လိုက္.."

"အိုေက.. ဘာဆက္လုပ္ရဦးမလဲ.."

"တိတ္တိတ္ေလးေန.."

ဖန္းယို႔ေလ်ာင္က စာရြက္ေပၚမွာ ႏွစ္ေယာက္ဆုပ္ကိုင္ထားလ်က္ႏွင့္ 'Yes' 'No' ဆိုသည့္စာလံုး ေရးလိုက္သည္။ ၿပီးေတာ့မွ ရြတ္ဖတ္လိုက္သည္။

"ေဘာလ္ပင္နတ္.. သင္က ကၽြန္ေတာ္တို႔ရဲ့ အရင္ဘဝက ဝိညာဥ္ပါ.. ကၽြန္ေတာ္တို႔က သင့္ရဲ့ အရင္ဘဝက ဝိညာဥ္ပါ.. သင္ေရာက္လာၿပီဆုိရင္ စက္ဝိုင္းဆြဲျပပါ.."

ဒီလိုေျပာလိုက္သည္ႏွင့္ ေလေအးတစ္ခ်က္က ေဝ့တိုက္လာၿပီး တစ္ဝက္ပြင့္ေနေသာ အိပ္ခန္းတံခါးကို ပိုက်ယ္ေအာင္ဖြင့္လိုက္ၿပီး အျပင္ဘက္ေကာ္ရစ္ဒါတစ္ခုလံုးကို မွိန္ေဖ်ာ့ေဖ်ာ့အလင္းေအာက္မွာ ျမင္လိုက္ရသည္။ က်ဴးက်င့္နင္က ႐ုတ္တရက္ တံခါးပြင့္သြားေသာေၾကာင့္ အလုိလို အခန္းထဲကို ပိုတိုးလိုက္မိသည္။

"မလႈပ္နဲ႔.."

ေလေအးက အခန္းထဲဝင္လာၿပီး ခုတင္ေပၚက အိပ္ယာခင္းကို ေဖာင္းလာေစၿပီး အထဲက တစ္ခုခုတိုးထြက္လာေတာ့မလို ထင္ရသည္။ အခန္းထဲက အပူခ်ိန္က ႐ုတ္တရက္ က်ဆင္းသြားသလို ခံစားလိုက္ရၿပီး သူတို႔ႏွစ္ေယာက္လံုးရဲ့ ေျခက်င္းဝတ္ကို ေအးစက္စက္အထိအေတြ႕က ပြတ္သပ္သြားသည္ကို ခံစားလိုက္ရသည္။ ေၾကာက္ေနခ်ိန္ လူရဲ့အာ႐ံုခံစားမႈက ပိုႏိုးၾကားေနေသာေၾကာင့္ ဒီျဖစ္ရပ္က က်ဴးက်င့္နင္ကို ေခါင္းေမႊးပါေထာင္သြားေစသည္။

သူတို႔က ေဘာလ္ပင္ကို လက္ဆန္႔တန္းကာ အတူဆုပ္ကိုင္ထားၿပီး 10 မိနစ္ေလာက္ၾကာေတာ့ က်ဴးက်င့္နင္က မေနႏိုင္ေတာ့ဘဲ ဖြင့္ေမးလိုက္သည္။

"ေဘာလ္ပင္နတ္ ေရာက္လာၿပီလား.."

"ပံုမွန္ဆိုရင္ 10 မိနစ္အတြင္းလႈပ္ရွားရင္ ဂိမ္းက ေအာင္ျမင္တယ္.. 10 မိနစ္ေက်ာ္လို႔ ေဘာလ္ပင္က မလႈပ္ရွားရင္ မေအာင္ျမင္ဘူးလို႔ ေျပာၾကတယ္.. တကယ္တမ္းေတာ့ ဘာေဘာလ္ပင္နတ္မွ ၾကြလာတာမဟုတ္ဘူး.. လူရဲ့ဆိုက္ကိုေၾကာင့္ ျဖစ္ေနတာသက္သက္ပဲ.. ဒီေနရာက သရဲအိမ္ဆက္တင္ ၄ခန္းထဲက တစ္ခုဆိုေတာ့ ပိုင္ရွင္က ဘယ္လိုလိမ္မလဲဆိုတာ ၾကည့္ရတာေပါ့.."

သူ႔စကားဆံုးတာနဲ႔ သူတို႔လက္ထဲကေဘာလ္ပင္က စတင္ေရြ႕လ်ားလာေတာ့သည္။ သူတို႔ႏွစ္ဦးက ခံစားမိလိုက္ေတာ့ ႏွစ္ေယာက္လံုး တစ္ၿပိဳင္တည္း ေမးလိုက္သည္။

"မင္း လႈပ္လိုက္တာလား.."

ၿပီးေတာ့ ႏွစ္ေယာက္လံုး မ်က္ႏွာေပၚမွာ ထိတ္လန္႔တၾကား ျဖစ္လာၾကသည္။

"ငါ မလႈပ္ဘူး.."

က်ဴးက်င့္နင္က ပိုတုန္လႈပ္လာၿပီး ေမးလိုက္သည္။

"ေဘာလ္ပင္နတ္ တကယ္ေရာက္လာတယ္ထင္လား ယို႔ေလ်ာင္.."

"အ႐ူးမထစမ္းပါနဲ႔.. ေဘာလ္ပင္နတ္ပင့္ဖို႔ ငါတို႔က လက္ကို ေတာင့္ေတာင့္ႀကီးဆန္႔ၿပီး အၾကာႀကီးရပ္ေနေတာ့ ခႏၶာကိုယ္က အလိုလိုတံု႔ျပန္ၿပီး လက္က လႈပ္လာမိတာပါကြာ.. ငါတုိ႔စိတ္ထဲမွာ ေဘာလ္ပင္က ေရြ႕ေတာ့မွာပဲလို႔ ေတြးေနေတာ့ မသိစိတ္လႊမ္းမိုးမႈေၾကာင့္ သိစိတ္က ဖံုးလႊမ္းခံလိုက္ရတာပါ.."

ဖန္းယို႔ေလ်ာင္က သူ႔သူငယ္ခ်င္းကို ရွင္းျပလိုက္သည္။ သူရွင္းျပတာလည္းၿပီးေရာ ေဘာလ္ပင္က တေရြ႕ေရြ႕ႏွင့္ စက္ဝိုင္းတစ္ခုပံုေပၚလာေအာင္ ေရးဆြဲလိုက္သည္။

"Fuck.. ဒါက တကယ္ႀကီးဟ.."

က်ဴးက်င့္နင္က ေအာ္လိုက္ၿပီး လက္ကို႐ုတ္ဖို႔လုပ္ေပမယ့္ ဖန္းယို႔ေလ်ာင္က တားလိုက္သည္။

"ေဘာလ္ပင္နတ္က တကယ္ေရာက္ေရာက္ မေရာက္ေရာက္ ငါတို႔ဂိမ္းကို ဆက္ကစားရမယ္.."

"ဘာေၾကာင့္လဲ.."

"တကယ္ဆိုရင္ ငါတို႔ ေဘာလ္ပင္နတ္ကို ျပန္မပို႔ဘဲ ရပ္လိုက္ရင္ ငါတို႔ေသသြားႏိုင္တယ္.. ဒါက အတုဆိုရင္လည္း သရဲအိမ္ပိုင္ရွင္ရဲ့ လွည့္ကြက္ကို ေစာင့္ၾကည့္ရတာေပါ့.."

"ဒါဆို ငါတို႔ ဘာဆက္လုပ္ရမလဲ.."

"ေမးခြန္းေမးၿပီးရင္ ေဘာလ္ပင္နတ္ကို ျပန္ပို႔ရမယ္.."

"ငါတို႔ ဘယ္လိုေမးခြန္းကို ေမးၾကမလဲ.. စာရြက္ထဲမွာ ေရးထားတဲ့ေမးခြန္းမ်ိဳး ေမးရမွာလား.."

"အဲ့တာက ေထာင္ေခ်ာက္ျဖစ္ႏုိင္တယ္.. ေမးခြန္းအားလံုးက ေသျခင္းတရားနဲ႔ ပတ္သက္ေနတယ္.. ဒါေၾကာင့္ ငါတုိ႔ႀကံဳရာပဲ ေမးရမယ္.."

"ႀကံဳရာေမးရမွာလား.."

"ငါအရင္စမ္းၾကည့္မယ္.."

ဖန္းယို႔ေလ်ာင္က က်ဴးက်င့္နင္ကိုေျပာကာ ေမးခြန္းေမးလိုက္သည္။

"ေဘာလ္ပင္နတ္. ကၽြန္ေတာ့္ရဲ့ အနာဂတ္သတို႔သမီးနာမည္က ဘာလဲ.."

ဒီေမးခြန္းကိုေမးၿပီးတာနဲ႔ ဖန္းယို႔ေလ်ာင္ရဲ့အေနာက္ဘက္က ႐ုတ္တရက္ ဖိအားတိုးလာသလို ခံစားလုိက္ရၿပီး သူတို႔ကိုင္ထားတဲ့ ေဘာလ္ပင္က စာတစ္ေၾကာင္း အလိုလိုေရးလာခဲ့သည္။

"မင္း ေသရလိမ့္မယ္.."

=====================

Chapter (96) – ပြိုင်ပွဲစပြီ..

ချိပ်ပိတ်ထားသောစာသင်ခန်းက Chen Ge ပင်မဝင်ချင်သော နေရာဖြစ်ပေမယ့် ဖန်းယို့လျောင်နှင့် ကျူးကျင့်နင်တို့က အလွယ်တကူ ဝင်သွားနိုင်ကြသည်။ အခန်းထဲတွင် ထူးဆန်းသောအနံ့များရှိပြီး သူတို့ရေအောက်ရောက်သွားသလို ထူးဆန်းသောဖိအားကို ခံစားလိုက်ရသည်။

"ယို့လျောင်.. ငါ.. ငါ.. အပြင်မှာ စောင့်နေမှထင်တယ်.."

ကျူးကျင့်နင်က နဖူးပေါ်မှာ ချွေးတွေသီးကာ ဖန်းယို့လျောင်အနောက်ဘက်ကနေ တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ဒီသရဲအိမ်ကိုမဝင်ခင် ငါတို့ တစ်ယောက်နဲ့တစ်ယောက် ထားမသွားဘူးလို့ ကတိပေးထားတယ်မလား.. မင်းက ကတိဖျက်ချင်ပြီလား.."

ဖန်းယို့လျောင်က ပြောရင်း တုန်လာချင်သည်။ စားပွဲပေါ်က ကျောင်းဝတ်စုံတွေက သရဲကားဇာတ်ဝင်ခန်းတွေနဲ့မတူဘဲ ကြောက်စရာကောင်းသည်ဟု ခံစားမိပြီး အနားကို တိုးမသွားဝံ့ပေ။ စာသင်ခန်းထဲက ကော်ရစ်ဒါထက် ပိုမှောင်နေသည်။

"သရဲအိမ်ကအလုပ်သမားက ဘယ်နေရာမှာ ပုန်းနေမယ်ထင်လဲ.. ယူနီဖောင်းတွေအောက်မှာတော့ မဟုတ်လောက်ဘူးမလား.."

ကျူးကျင့်နင်က သူ့အဖော် စိတ်ဓာတ်ခြောက်ခြားနေသည်ကို မရိပ်မိဘဲ အနောက်ကနေ တီးတိုးမေးလိုက်သည်။

"မသေချာဘူး.. ပုံမှန်ဆိုရင် ဒီလိုလုပ်ကြတာပဲ.."

ဖန်းယို့လျောင်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အားတင်းပြီး ကျောက်သင်ပုန်းဘက်ကို သွားသည့်လမ်းအတိုင်း လျှောက်လာခဲ့သည်။ ဒီစားပွဲတွေနောက်မှာ ဘယ်ဝန်ထမ်းမှ ပုန်းမနေလောက်ဘူးထင်တာပဲ..။

"ဒီနေရာမှာ ပုန်းစရာနေရာတော့ မရှိဘူးပဲ.. ဒီလိုနေရာကို သဘာဝကျကျ ပြင်ဆင်ဖို့ ပိုက်ဆံဘယ်လောက်တောင် ဖြုန်းလိုက်သလဲ မသိတော့ဘူး.. စားပွဲပေါ်က သွေးနဲ့ရေးထားတဲ့ စာလုံးတွေတို့၊ ကျောင်းဝတ်စုံအဟောင်းတွေတို့က ရည်ရွယ်ချက်ရှိရှိကို တမင် ဒီမှာထားထားတာပဲ.."

ကျူးကျင့်နင်က နောက်ကလိုက်လာရင်း ဟိုသည်ကြည့်ကာ မြင်သမျှပြောလိုက်သည်။

သူက အခန်း၏အနောက်ဘက်က တံခါးကို တွန်းဖွင့်ရင်း ပြောလိုက်သည်။

"ဘာမှလည်း ကြောက်စရာမကောင်းဘူး.. ငါက စားပွဲတွေနားက ဖြတ်လာချိန် တစ်ခုခု ခုန်ထွက်လာမယ်ထင်ထားတာ.."

ကျူးကျင့်နင်က စာသင်ခန်းထဲက အနေအထား တစ်ခုခုလွဲနေတာကို သတိထားလိုက်မိသည်။

"ငါ ဒီလမ်းကလျှောက်လာတော့ ယူနီဖောင်းတစ်စုံက ကြမ်းပြင်ပေါ်ကျနေသလားလို့.. ယို့လျောင်.. မင်း ဒါကို ကြမ်းပြင်ပေါ်ကနေ ကောက်ယူလိုက်တာလား.."

"ယူနီဖောင်းက ကြမ်းပြင်ပေါ်ကျနေတယ် ဟုတ်လား.. ငါ သတိမထားမိလိုက်ဘူး.."

ဖန်းယို့လျောင်က စာသင်ခန်းအနောက်နားမှာရပ်ရင်း ပြန်ဖြေလိုက်သည်။

"ငါ စိတ်ထင်တာပဲ နေမှာပါ.."

ကျူးကျင့်နင်က အတန်း၏အလယ်လမ်းကို လျှောက်လာပြီး အလယ်နားကခုံမှာရပ်ကာ ပြောလိုက်သည်။

"ငါမှတ်မိသလောက် ဒီယူနီဖောင်းက ကြမ်းပေါ်မှာကျနေတာပါ.."

သူက ယူနီဖောင်းကို ယူကြည့်လိုက်တော့ ရုတ်တရက် ငါးပုပ်နံ့လို ပုပ်အဲ့အဲ့အနံ့ကို ရလိုက်သဖြင့် သူက ယူနီဖောင်းကို စားပွဲပေါ်တင်လိုက်ကာ စားပွဲနှင့်ကုလားထိုင်ကို စစ်ဆေးလိုက်သည်။ ဒီစားပွဲမှာ အနံ့ဆိုးလွှတ်သော ကိရိယာတစ်ခု လျှို့ဝှက်တပ်ထားသည်ဟု ထင်နေသည်။ သူက ဟိုဟိုသည်သည်ရှာလိုက်စဉ် အံဆွဲထဲက ဂေါ်လီလုံးလိမ့်သွားသံကို ကြားလိုက်သဖြင့် အံဆွဲကိုဖွင့်ကြည့်ကာ ငုံ့ကြည့်လိုက်သည်။

"အထဲမှာ တစ်ခုခုရှိနေလား.."

ကျူးကျင့်နင်က အံဆွဲထဲက အဖြေစာရွက်နှင့် ကျောင်းစာအုပ်များ ထည့်ထားတာကိုတွေ့တော့ အံ့သြသွားသည်။

"ဒါဆို အံဆွဲထဲက ဘာကြောင့် ဂေါ်လီလုံးလိမ့်သံ ကြားနေရတာပါလိမ့်.. ဒီအံဆွဲထဲမှာ စက်တစ်ခုခု တပ်ထားတာထင်တယ်.."

ကျူးကျင့်နင်က စာရွက်နှင့်စာအုပ်ကို ထုတ်လိုက်စဉ် စာရွက်များနောက်က မျက်လုံးတစ်စုံက ချာချာလည်ပြီး သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"Fuck.."

ရုတ်တရက် လန့်သွားသောကျူးကျင့်နင်က နောက်ကို အလောတကြီးဆုတ်လိုက်ပြီး စားပွဲခုံနှစ်ခုကို တိုက်ကာ ကြမ်းပြင်ပေါ်လဲကျသွားသည်။

"ဘာဖြစ်လို့လဲ.."

ဖန်းယို့လျောင်လည်း လန့်သွားပြီး မေးလိုက်သည်။

"အံဆွဲထဲမှာ တစ်ယောက်ယောက်ရှိတယ်.."

ကျူးကျင့်နင်က ကြမ်းပြင်ပေါ်မှာ ပျော့ခွေစွာထိုင်နေပြီး တုန်ယင်စွာပြောလိုက်သည်။ သူ့မျက်နှာက သွေးဆုတ်ဖြူရော်နေသည်။

"မင်းရူးသွားပြီလား.. အံဆွဲထဲမှာ လူတစ်ယောက် ဘယ်လိုဆံ့နိုင်မှာလဲ.. ဒါက စိတ်ထင်ပြီး လျှောက်မြင်တာဖြစ်မှာပါ.."

ဖန်းယို့လျောင်က သူ့အဖော်ကိုလှမ်းပြောပြီး အံဆွဲကိုဆွဲထုတ်ကာ စာရွက်နှင့်စာအုပ်ကို ကြမ်းပေါ်သွန်ချကာ ပြောလိုက်သည်။

"ကြည့်.. ဘာမှမရှိဘူး.. အသည်းငယ်တဲ့ကြောင်လို လုပ်မနေနဲ့.."

10 စက္ကန့်ကြာမှ ကျူးကျင့်နင်က စိတ်ပြန်ငြိမ်လာပြီး ကြမ်းပေါ်ကထကာ တုန်ယင်စွာပြောလိုက်သည်။

"ငါကျိန်ပြောရဲပါတယ်.. ငါ တကယ် မျက်လုံးတစ်စုံကို မြင်လိုက်တာပါ.."

"တကယ်တွေ့ရင်တောင် ဒါက သရဲအိမ်ရဲ့ လှည့်ကွက်လောက်ပါ.. မင်းက ဘာကြောင့် ဒီလောက်လန့်သွားရတာလဲ.. ကောင်းပြီ.. ငါတို့ ဒီနေရာကနေ ထွက်ကြစို့.."

ဖန်းလို့ယျောင်က ပြောပြီး ဖရိုဖရဲဖြစ်ကျန်ရစ်သော အခန်းကနေ ဦးဆောင်ထွက်လာခဲ့သည်။

"ငါတို့ ဆက်သွားကြဦးမလား.."

မှောင်နေသောကော်ရစ်ဒါက အဆုံးမရှိသလို ခံစားရသဖြင့် ကျူးကျင့်နင်က ကြက်သီးထစွာ မေးလိုက်သည်။

"ငါတို့ဝင်လာတာ ငါးမိနစ်တောင်မရှိသေးဘူး.. ငါတို့က သရဲအိမ်ကို နာမည်ဖျက်ရအောင် လာတာကွ.. ပရိုမိုးရှင်း ဆင်းပေးရအောင် လာတာမဟုတ်ဘူး.. စိတ်တင်းထားစမ်းပါ.. မင်းက ဘာကြောင့် ကြောက်တတ်တဲ့ကောင်မလေးလို လုပ်နေရတာလဲ.. ကြွက်သားကြီး ဒီလောက်ကြီးတာ ဘာလုပ်ဖို့ထားတာလဲ.."

ဖန်းယို့လျောင်က ကျူးကျင့်နင်ကို လှမ်းကန်ကာ ပြောလိုက်သည်။ ကျူးကျင့်နင်က ကြောက်နေပေမယ့် ချင်ကျွမ်းစတူဒီယိုထံမှ သစ္စာဖောက်ဆိုသည့် အမည်တပ်တာမခံချင်သောကြောင့် စိတ်ကိုတင်းကာ ဆက်လာခဲ့ရသည်။ ကျူးကျင့်နင်က အသံကြားလို့ နောက်ကိုလှည့်ကြည့်လိုက်ချိန် စာသင်ခန်းတံခါးက ဖြည်းညှင်းစွာပွင့်လာသဖြင့် ဖန့်ယို့လျောင်နောက် မှီအောင်ပြေးလိုက်လာပြီး ပြောလိုက်သည်။

"သွားကြစို့.. စာသင်ခန်းထဲက တစ်ခုခုထွက်လာပြီထင်တယ်.."

သူတို့က အမြန်ပြေးလာကြပြီး အိမ်သာခန်းကိုကျော်ကာ ရှေ့ကိုရောက်လာကြသည်။

"နေရာက ကျယ်လိုက်တာ.. ငါတို့ လမ်းကြောင်းတစ်ခု ရွေးမှဖြစ်တော့မယ်.."

လမ်းဆုံကိုရောက်တော့ သူတို့ ပြောလိုက်ကြသည်။ ကျူးကျင့်နင်ကတော့ လုံးဝလက်လျှော့ထားပြီး ဖန်းယို့လျောင်က ဒီလောက်ကြီးမားသည့် ဆက်တင်လုပ်ထားသော သရဲအိမ်ကိုကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ သရဲအိမ်များစွာကို သူ သွားလေ့လာဖူးပေမယ့် ခုသရဲအိမ်လို အလုပ်သမားတစ်ယောက်မှမရှိဘဲ ကြောက်စရာကောင်းတာကို မကြုံဖူးပေ။ အရင်သရဲအိမ်တိုင်းမှာ သရဲလိုဟန်ဆောင်ထားသော ဝန်ထမ်းများကို တွေ့ရပြီး ထိုသရဲတွေက လူတွေသရုပ်ဆောင်နေတာ ဆိုသည့်အသိဖြင့် ကြောက်ရွံ့စိတ် လုံးဝမဝင်ခဲ့ပေ။

ဒါပေမယ့် ဒီသရဲအိမ်က သရုပ်ဆောင်လုံးဝမရှိပေမယ့် မကြာခင် တစ်ခုခုဖြစ်တော့မလို ခံစားချက်ကိုပေးစေပြီး လူကို တဖြည်းဖြည်းနဲ့ ခြောက်ခြားလာစေသည်။

"ဒီလမ်းကို စမ်းကြည့်ရအောင်.."

သူတို့နှစ်ယောက်က မိန်းကလေးအိပ်ဆောင်ကို သွားသည့်လမ်းကို ရွေးလိုက်သည်။ ရှေ့ဆက်လာပေမယ့် ဘာမှမကြုံရသောကြောင့် သူတို့ရင်ထဲက ကြောက်စိတ်က တဖြည်းဖြည်းလျော့သွားချိန် ဘောလ်ပင်နတ်မေးသည့်အခန်းထဲကို ရောက်လာကြသည်။

အမျိုးသမီးအဆောင်က ရာဇဝတ်မှုတစ်ခုခုဖြစ်ခဲ့သလို ခုံလေးလုံးကို ဘေးမှာစီချထားပြီး ခုံတစ်လုံးပေါ်တွင် စာရွက်တချို့နှင့် တိပ်ပတ်ထားသောဘောလ်ပင်တစ်ချောင်း ချထားတာ တွေ့လိုက်ရသည်။

=====================

Chapter (97) – ပျက်စီးနေသော ဘောလ်ပင်တစ်ချောင်း

"ဒီအိပ်ခန်းက အခြားအခန်းတွေနဲ့ မတူဘူး.."

ကျူးကျင့်နင်က မှတ်ချက်ချလိုက်သည်။ ဒါပေမယ့် တစ်ခုခုဖြစ်ရင် ထွက်ပြေးနိုင်အောင် သူက အသင့်ပြင်ထားသည်။

"ဒီနေရာက ထွက်ပေါက်အတွက် သဲလွန်စကို ဝှက်ထားတာများလား.."

"ငါလည်း မသိတော့ဘူး.. ဒီလို ဧည့်သည်ကို လွတ်လွတ်လပ်လပ် လျှောက်သွားခိုင်းတဲ့ သရဲအိမ်မျိုးကို ငါ ပထမဆုံးကြုံဖူးတာပဲ.. ပိုင်ရှင်က ဧည့်သည်တွေ ဘာမှမဖြစ်ဘူးလို့ ယုံကြည်ထားပုံရတယ်.."

ဖန်းယို့လျောင်က ပြောပြီး စာရွက်တွေကိုယူကြည့်လိုက်ပြီး ဖတ်လိုက်သည်။

"ငါ ဘယ်အချိန်သေမှာလဲ..
ငါ ဘယ်လိုသေမလဲ..
နောက်တစ်ခါ ဘယ်သူသေမလဲ.."

"ကြည့်ရတာ ဘောလ်ပင်နတ်ကို ဆင့်ခေါ်ပြီး မေးတဲ့ ကစားနည်းထင်ပါတယ်.. ဒါပေမယ့် ဒီဘောလ်ပင်က တော်တော်လေး အဆင်မပြေတဲ့ပုံပဲ.."

"ဒီဘောလ်ပင်က တစ်ခုခုဖြစ်နေမလား.."

ကျူးကျင့်နင်က ဘောလ်ပင်ကိုယူကာ ဟိုနှိပ်ဒီနှိပ် နှိပ်ကြည့်ပေမယ့် တစ်စစီကျိုးပဲ့တော့မလို ဖြစ်သွားသည်။

"ကြည့်ရတာ သာမန်ဘောလ်ပင်နဲ့ တူတာပဲ.."

"ငါတို့ သရဲအိမ်ထဲဝင်လာတော့ ပိုင်ရှင်ပြောတာ မှတ်မိလား.."

"ဒီထဲက အခန်း၄ခုစလုံး ငါတို့ သွားကြည့်ပြီးမှ ထွက်ပေါက်တွေ့မယ်ဆိုလား.."

"မှန်တယ်.. သဲလွန်စက ဒီဆက်တင် ၄ခန်းလုံးမှာ ဝှက်ထားပုံရတယ်.."

သူတို့က အိပ်ခန်းလေးကို စေ့စေ့စပ်စပ်ရှာကြပေမယ့် ထွက်ပေါက်နဲ့ပတ်သက်သော သဲလွန်စကို မတွေ့ရပေ။

"ဒီသရဲအိမ်ကနေ အလွယ်တကူထွက်ရဖို့ မလွယ်ဘူး.. အရမ်းကို အသေးစိတ် ပြင်ဆင်ထားတာကွ.."

ဖန်းယို့လျောင်က စာရွက်တွေကိုလှန်ကြည့်တော့ နောက်ဆုံးစာရွက်မှာ ဘာမှရေးမထားသော စာရွက်လွတ်ဖြစ်နေသောကြောင့် အတွေးရသွားသည်။

"ကြည့်ရတာ ငါတို့ ဘောလ်ပင်နတ်ကို ဆင့်ခေါ်ပြီး မေးခွန်းမေးကြည့်ရင် သဲလွန်စရနိုင်မလား.."

"သရဲအိမ်ထဲမှာ ဘောလ်ပင်နတ်မေးတာ သိပ်မကောင်းတဲ့ပုံပဲကွ.."

ကျူးကျင့်နင်က ဖြူရော်စွာပြောလိုက်သည်။

"ငါတို့မှာ ရွေးစရာမရှိတော့ဘူး.. မင်း ဘောလ်ပင်နတ်မမေးချင်ရင် ခုနက ချိပ်ပိတ်ထားတဲ့စာသင်ခန်းကို ပြန်သွားချင်လို့လား.. တစ်ခုရွေးရတော့မှာကွ.. ပြီးတော့ မင်းက ဒီကမ္ဘာပေါ်မှာ ဘောလ်ပင်နတ်ရှိတယ်ဆိုတာ ယုံသလား.. ငါတို့ တစ်ခါလောက် စမ်းကြည့်ရအောင်.. ဘာမှမထူးရင် ဒီကထွက်ကြတာပေါ့.."

ဖန်းယို့လျောင်က စိတ်မရှည်စွာပြောလိုက်သည်။ ဖန်းယို့လျောင်ရဲ့စိတ်ထဲမှာ မကြာခင် တစ်ခုခုဖြစ်တော့မလားလို့ ခံစားရပြီး မသက်မသာဖြစ်လာသည်။ ကျူးကျင့်နင်က မရည်ရွယ်ဘဲ ဖန်းယို့လျောင်နှင့် မျက်နှာချင်းဆိုင်ကိုလျှောက်လာပြီး ခုံတစ်ခုံဘေးမှာ မတ်တပ်ရပ်လိုက်သည်။

"ဒါပေမယ့် ဒီဂိမ်းကို ဘယ်လိုကစားရသလဲ ငါမသိဘူး.."

"စိတ်မပူနဲ့.. ငါရုပ်ရှင်ထဲမှာ မြင်ဖူးတယ်.. အိမ်မှာလည်း လုပ်ကြည့်ဖူးတယ်.. ဒါတွေက သိပ္ပံနည်းကျကျ ရှင်းပြလို့ရတဲ့ လိမ်လည်နည်းတစ်ခုသက်သက်ပဲ.."

ဖန်းယို့လျောင်က ပြောပြီး စာရွက်ပေါ်မှာ ဘောလ်ပင်ကို မတ်မတ်ထောင်ကာ ဆုပ်ကိုင်ထားပြီး ကျူးကျင့်နင်ကို ပြောလိုက်သည်။

"မင်းလက်ကိုဆန့်တန်းပြီး ငါ့လက်ပေါ်က ပေါ်နေတဲ့ဘောလ်ပင်ကို လက်နဲ့လှမ်းဆုပ်လိုက်.."

"အိုကေ.. ဘာဆက်လုပ်ရဦးမလဲ.."

"တိတ်တိတ်လေးနေ.."

ဖန်းယို့လျောင်က စာရွက်ပေါ်မှာ နှစ်ယောက်ဆုပ်ကိုင်ထားလျက်နှင့် 'Yes' 'No' ဆိုသည့်စာလုံး ရေးလိုက်သည်။ ပြီးတော့မှ ရွတ်ဖတ်လိုက်သည်။

"ဘောလ်ပင်နတ်.. သင်က ကျွန်တော်တို့ရဲ့ အရင်ဘဝက ဝိညာဉ်ပါ.. ကျွန်တော်တို့က သင့်ရဲ့ အရင်ဘဝက ဝိညာဉ်ပါ.. သင်ရောက်လာပြီဆိုရင် စက်ဝိုင်းဆွဲပြပါ.."

ဒီလိုပြောလိုက်သည်နှင့် လေအေးတစ်ချက်က ဝေ့တိုက်လာပြီး တစ်ဝက်ပွင့်နေသော အိပ်ခန်းတံခါးကို ပိုကျယ်အောင်ဖွင့်လိုက်ပြီး အပြင်ဘက်ကော်ရစ်ဒါတစ်ခုလုံးကို မှိန်ဖျော့ဖျော့အလင်းအောက်မှာ မြင်လိုက်ရသည်။ ကျူးကျင့်နင်က ရုတ်တရက် တံခါးပွင့်သွားသောကြောင့် အလိုလို အခန်းထဲကို ပိုတိုးလိုက်မိသည်။

"မလှုပ်နဲ့.."

လေအေးက အခန်းထဲဝင်လာပြီး ခုတင်ပေါ်က အိပ်ယာခင်းကို ဖောင်းလာစေပြီး အထဲက တစ်ခုခုတိုးထွက်လာတော့မလို ထင်ရသည်။ အခန်းထဲက အပူချိန်က ရုတ်တရက် ကျဆင်းသွားသလို ခံစားလိုက်ရပြီး သူတို့နှစ်ယောက်လုံးရဲ့ ခြေကျင်းဝတ်ကို အေးစက်စက်အထိအတွေ့က ပွတ်သပ်သွားသည်ကို ခံစားလိုက်ရသည်။ ကြောက်နေချိန် လူရဲ့အာရုံခံစားမှုက ပိုနိုးကြားနေသောကြောင့် ဒီဖြစ်ရပ်က ကျူးကျင့်နင်ကို ခေါင်းမွှေးပါထောင်သွားစေသည်။

သူတို့က ဘောလ်ပင်ကို လက်ဆန့်တန်းကာ အတူဆုပ်ကိုင်ထားပြီး 10 မိနစ်လောက်ကြာတော့ ကျူးကျင့်နင်က မနေနိုင်တော့ဘဲ ဖွင့်မေးလိုက်သည်။

"ဘောလ်ပင်နတ် ရောက်လာပြီလား.."

"ပုံမှန်ဆိုရင် 10 မိနစ်အတွင်းလှုပ်ရှားရင် ဂိမ်းက အောင်မြင်တယ်.. 10 မိနစ်ကျော်လို့ ဘောလ်ပင်က မလှုပ်ရှားရင် မအောင်မြင်ဘူးလို့ ပြောကြတယ်.. တကယ်တမ်းတော့ ဘာဘောလ်ပင်နတ်မှ ကြွလာတာမဟုတ်ဘူး.. လူရဲ့ဆိုက်ကိုကြောင့် ဖြစ်နေတာသက်သက်ပဲ.. ဒီနေရာက သရဲအိမ်ဆက်တင် ၄ခန်းထဲက တစ်ခုဆိုတော့ ပိုင်ရှင်က ဘယ်လိုလိမ်မလဲဆိုတာ ကြည့်ရတာပေါ့.."

သူ့စကားဆုံးတာနဲ့ သူတို့လက်ထဲကဘောလ်ပင်က စတင်ရွေ့လျားလာတော့သည်။ သူတို့နှစ်ဦးက ခံစားမိလိုက်တော့ နှစ်ယောက်လုံး တစ်ပြိုင်တည်း မေးလိုက်သည်။

"မင်း လှုပ်လိုက်တာလား.."

ပြီးတော့ နှစ်ယောက်လုံး မျက်နှာပေါ်မှာ ထိတ်လန့်တကြား ဖြစ်လာကြသည်။

"ငါ မလှုပ်ဘူး.."

ကျူးကျင့်နင်က ပိုတုန်လှုပ်လာပြီး မေးလိုက်သည်။

"ဘောလ်ပင်နတ် တကယ်ရောက်လာတယ်ထင်လား ယို့လျောင်.."

"အရူးမထစမ်းပါနဲ့.. ဘောလ်ပင်နတ်ပင့်ဖို့ ငါတို့က လက်ကို တောင့်တောင့်ကြီးဆန့်ပြီး အကြာကြီးရပ်နေတော့ ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်ပြီး လက်က လှုပ်လာမိတာပါကွာ.. ငါတို့စိတ်ထဲမှာ ဘောလ်ပင်က ရွေ့တော့မှာပဲလို့ တွေးနေတော့ မသိစိတ်လွှမ်းမိုးမှုကြောင့် သိစိတ်က ဖုံးလွှမ်းခံလိုက်ရတာပါ.."

ဖန်းယို့လျောင်က သူ့သူငယ်ချင်းကို ရှင်းပြလိုက်သည်။ သူရှင်းပြတာလည်းပြီးရော ဘောလ်ပင်က တရွေ့ရွေ့နှင့် စက်ဝိုင်းတစ်ခုပုံပေါ်လာအောင် ရေးဆွဲလိုက်သည်။

"Fuck.. ဒါက တကယ်ကြီးဟ.."

ကျူးကျင့်နင်က အော်လိုက်ပြီး လက်ကိုရုတ်ဖို့လုပ်ပေမယ့် ဖန်းယို့လျောင်က တားလိုက်သည်။

"ဘောလ်ပင်နတ်က တကယ်ရောက်ရောက် မရောက်ရောက် ငါတို့ဂိမ်းကို ဆက်ကစားရမယ်.."

"ဘာကြောင့်လဲ.."

"တကယ်ဆိုရင် ငါတို့ ဘောလ်ပင်နတ်ကို ပြန်မပို့ဘဲ ရပ်လိုက်ရင် ငါတို့သေသွားနိုင်တယ်.. ဒါက အတုဆိုရင်လည်း သရဲအိမ်ပိုင်ရှင်ရဲ့ လှည့်ကွက်ကို စောင့်ကြည့်ရတာပေါ့.."

"ဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ.."

"မေးခွန်းမေးပြီးရင် ဘောလ်ပင်နတ်ကို ပြန်ပို့ရမယ်.."

"ငါတို့ ဘယ်လိုမေးခွန်းကို မေးကြမလဲ.. စာရွက်ထဲမှာ ရေးထားတဲ့မေးခွန်းမျိုး မေးရမှာလား.."

"အဲ့တာက ထောင်ချောက်ဖြစ်နိုင်တယ်.. မေးခွန်းအားလုံးက သေခြင်းတရားနဲ့ ပတ်သက်နေတယ်.. ဒါကြောင့် ငါတို့ကြုံရာပဲ မေးရမယ်.."

"ကြုံရာမေးရမှာလား.."

"ငါအရင်စမ်းကြည့်မယ်.."

ဖန်းယို့လျောင်က ကျူးကျင့်နင်ကိုပြောကာ မေးခွန်းမေးလိုက်သည်။

"ဘောလ်ပင်နတ်. ကျွန်တော့်ရဲ့ အနာဂတ်သတို့သမီးနာမည်က ဘာလဲ.."

ဒီမေးခွန်းကိုမေးပြီးတာနဲ့ ဖန်းယို့လျောင်ရဲ့အနောက်ဘက်က ရုတ်တရက် ဖိအားတိုးလာသလို ခံစားလိုက်ရပြီး သူတို့ကိုင်ထားတဲ့ ဘောလ်ပင်က စာတစ်ကြောင်း အလိုလိုရေးလာခဲ့သည်။

"မင်း သေရလိမ့်မယ်.."

=====================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now