Chapter (155) - တစ်ဦးထက်ပိုသော လူများ

558 166 2
                                    

Chapter (155) - တစ်ဦးထက်ပိုသော လူများ


Chen Ge က လှောင်ချိုင့်ထဲကဘဲကို လက်နှင့်အသာထိကြည့်ကာ ပြောလိုက်သည်။

"ဒီဘဲသားကို လွန်ခဲ့တဲ့တစ်နာရီက ချက်ပြုတ်ခဲ့တာပဲ.. ဘဲရဲ့လည်ပင်းကို ဓားနဲ့လှီးထားပြီး ခေါင်းကပျောက်နေတယ်.. ဘဲရဲ့အတွင်းပိုင်းကို သေချာ သန့်ရှင်းရေးလုပ်မထားခဲ့ဘူး.."

Chen Ge က ဘဲကို အနီးကပ်စစ်ဆေးခဲ့သည်။ တစ်ဝက်ကျက်ရုံ ချက်ထားသော ဘဲ၏အစာအိမ်နေရာကို ကိုက်ထားသည့်အရာကို တွေ့ရသည်။ ကြမ်းပြင်ပေါ်မှာ ဘဲမွှေးတွေကျနေတာမရှိလို့ ဒီဘဲသားကို ကိုက်ခဲ့သည့်သတ္တဝါက အသားနဲ့ဘဲမွှေးကိုပါ ရောစားလိုက်သည်ဆိုတာ ပြသနေသည်။

"ဒီလှောင့်ချိုင့်က ခွေးကြီးတစ်ကောင်ကို လှောင်ဖို့ဖြစ်တယ်.."

Chen Ge က ဘဲကိုပြန်ထားပြီး တခြားလှောင်ချိုင့်ကို စစ်ဆေးလိုက်တော့ အရောင်မပါသည့်အရည်တွေ ထည့်ထားသော ဇလုံ၂ခုကို တွေ့လိုက်ရသည်။

"ဒီလှောင်ချိုင့်က ခွေး၂ကောင်ကို လှောင်ခဲ့တာဖြစ်တယ်.."

Chen Ge က ဇလုံထဲကရေကို အနံ့ခံကြည့်တော့ ဘာနံ့မှမရလို့ ရေတွေဟုသတ်မှတ်လိုက်သည်။ နောက်ဇလုံတစ်ခုမှာ ညှော်နံ့နည်းနည်းရလိုက်သည်။

"ဇလုံ၂ခုမှာ ရေတွေထည့်ထားပေမယ့် ဇလုံတစ်လုံးထဲကရေထဲမှာ ကြွက်သတ်ဆေး ရောထည့်ထားတယ်.. ခွေးပိုင်ရှင်က သူ့ခွေးတွေ မတော်တဆ ဒီရေကိုသောက်မိမှာ မစိုးရိမ်ဘူးလားမသိဘူး.."

Chen Ge က စုံစမ်းရင်း တစ်ချိန်တည်းမှာ ပရိသတ်ကို ရှင်းပြနေသဖြင့် ပရိသတ်က လှောင့်ချိုင့်နဲ့ ရေဇလုံကိစ္စကို ဝိုင်းဆွေးနွေးလာကြတာ တွေ့လိုက်ရသည်။

Chen Ge က reply ပြန်ဖို့အချိန်မရှိဘဲ ဆက်လက်လေ့လာကာ တင်ပြလိုက်သည်။ လှောင်ချိုင့်၏ သော့ခတ်သည့်နေရာက ဆေးတွေပွန်းနေပြီး ဒီနေရာကို တင်းတင်းဆုပ်ကိုင်လှုပ်ယမ်းထားသလိုပင်။ ထိုလူက လှောင်ချိုင့်ထဲကမထွက်ချင်လို့ ရုန်းကန်ထားပုံရသည်။

"ဒီလှောင်ချိုင့်တွေက တိရိစ္ဆာန်အတွက်မဟုတ်ဘဲ လူကိုလှောင်ဖို့ဖြစ်နိုင်တယ်.."

စွန့်ပစ်ထားသည့် သူနာပြုကောင်တာမှာ ဆေးပုလင်းလွတ်အပြင် လူနာရဲ့နာမည် ရေးထားသည့် ဆေးထည့်သည့်အိတ်လေးတွေကို ထပ်တွေ့လိုက်ရသည်။ အထဲမှာ ဆေးတွေရှိနေသည်။

"ငါးနှစ်တိတိ စွန့်ပစ်ထားတဲ့ဆေးရုံမှာ တစ်စုံတစ်ယောက် နေထိုင်နေတယ်.. ဒီကလူတွေက တစ်ယောက်ထက်မက ရှိလောက်တယ်.."

Chen Ge က ပိုပြီး သတိထားလိုက်သည်။ သူက သရဲတစ္ဆေတွေအတွက်ပဲ ပြင်ဆင်လာတာဖြစ်ပြီး အန္တရာယ်ပေးနိုင်သောလူတွေကို ထည့်မတွက်ခဲ့မိပေ။ သူက သတိနဲ့ သူနာပြုကောင်တာက ထွက်လိုက်သည်။

သံလှောင်ချိုင့်ထဲကလူကို အတင်းဆွဲထုတ်ခံထားရလို့ သူ့လက်က လှောင်ချိုင့်ကဆေးတွေ ပေနေမှာပဲ။ သူက ရုန်းကန်သွားတဲ့တလျောက်လုံး သဲလွန်စချန်ထားလောက်သည်။ Chen Ge က ဂရုတစိုက် လိုက်ကြည့်လိုက်တော့ နံရံပေါ်မှာ သုတ်ဆေးတွေနဲ့ သွေးစတချို့ကို တွေ့လိုက်ရသည်။

"ဒဏ်ရာရာထားတာလား.."

Chen Ge က သဲလွန်စအတိုင်း ဒုတိယထပ်ကို လိုက်သွားတော့ အပေါ်စင်္ကြန်က ၂ခုကွဲသွားခဲ့သည်။

တစ်ခုက ပထမအဆောင်မှာရှိပြီး နောက်တစ်ခုက ဒုတိယအဆောင်ကို သွယ်တန်းထားသည်။ ဒါက အတွင်းပိုင်းကနေ ၃ ဆောင်လုံးကို ဆက်သွယ်ထားတာပဲ။

Chen Ge က မိနစ် ၂၀ ကြာ စစ်ဆေးပြီးနောက် ဒီပထမအဆောင်မှာ လူပုန်းစရာ နေရာမရှိသလို ဆွဲခေါ်သွားတဲ့လူနာကို လုံးဝမတွေ့ခဲ့ရပေ။ သက်ရှိနေသည့်လက္ခဏာ လုံးဝမတွေ့ရပေ။

"ဒီလူကို တခြားအဆောင်ကို ဆွဲခေါ်သွားတာဖြစ်နိုင်တယ်.."

Chen Ge က ရှင်းပြပြီး အောက်ထပ်ကိုဆင်းလာစဉ် ဖုန်းကတုန်ခါလာပြီး လျှိုတောက်ဆီက ဖုန်းဝင်လာသည်။

"Chen Ge.. ငါတို့က livestream ကို တစ်ညလုံးလွှင့်ဖို့လုပ်ထားတာ.. အခု မိနစ် ၂၀ နဲ့ ပထမအဆောင်ကို ပြသပြီးနေပြီ.. ချင်ကွမ်းဆီမှာ ကြည့်ရှုသူ ၆သိန်းကျော် စံချိန်တင်သွားပြီ.. မင်းဆီမှာ ကြည့်ရှုသူ 50000 ပဲရှိသေးတယ်.. ရှင်းပြတဲ့နေရာမှာ အရမ်းအာရုံမစိုက်ဘဲ ပရိသတ်နဲ့ အပြန်အလှန်ပြောလိုက်ဦး.."

Chen Ge က လျှိုတောက်၏စကားကို နားထောင်ပြီး ပထမအဆောင်ကို လှည့်ပတ်ကြည့်လိုက်စဉ် သူ့မျက်ဝန်းတစ်စုံက ကျဉ်းမြောင်းသွားသည်။

"နေဦး.. ဘယ်သူက ဝင်ပေါက်တံခါးကို ပိတ်သွားတာလဲ.. အစောက ကျွန်တော် တံခါးကိုဖွင့်ထားတာ မှတ်မိပါတယ်.."

"မင်း ဘာပြောတာလဲ.. ဘာပဲဖြစ်ဖြစ် အရမ်းစိတ်မလှုပ်ရှားနဲ့.. ဂရုလည်းစိုက်ဦး.."

"ကောင်းပြီး.. နောက်မှထပ်ပြောမယ်.."

Chen Ge က ဖုန်းကို အိတ်ထဲပြန်ထည့်ကာ လက်ထဲကတူကို တင်းတင်းဆုပ်ပြီး ဝင်ပေါက်ဆီလာခဲ့သည်။ သူနာပြုကောင်တာနားကအဖြတ် သူက အကျင့်ပါစွာ တစ်ချက်စစ်လိုက်သည်။

"တစ်ခုခု ပြောင်းလဲနေတယ်.."

Chen Ge က ဝင်ပေါက်နားကိုပြေးပြီး တံခါးကိုလှုပ်ခါကြည့်လိုက်သည်။

"သေစမ်း.. တံခါးကို သော့ခတ်သွားတယ်.. ဘယ်အချိန်က ခတ်သွားတာလဲ.."

Chen Ge က အဟလေးကြားက ချောင်းကြည့်လိုက်တော့ သော့ခလောက်အသစ်နဲ့ အပြင်ကခတ်သွားတာ တွေ့လိုက်ရသည်။ သူက လှုပ်ကြည့်ပေမယ့် တံခါးက တုတ်တုတ်မှမလှုပ်ပေ။

"သော့ခလောက်ကို အသစ်နဲ့ ဒီလောက်မြန်မြန် ပြောင်းနိုင်တယ်ဆိုကတည်းက တရားခံက ဒါကိုလုပ်တာ ပထမဆုံးအကြိမ် မဟုတ်လောက်ဘူး.."

ဒီစွန့်ပစ်ဆေးရုံမှာ ပြန်လာနေသူတွေက တချိန်က တက်ရောက်ကုသခဲ့တဲ့ လူနာတွေဖြစ်ပုံရပြီး သူတို့က ပုံမှန်လူတွေထက် အန္တရာယ်ပိုကြီးနိုင်သည်။ Chen Ge သူတို့ကို လျှော့တွက်လို့မရပေ။

Chen Ge က တံခါးကိုဖွင့်ဖို့ တူနဲ့ရိုက်ထုပေမယ့် လုံးဝ အရာမယွင်းပေ။ Chen Ge က ဆေးရုံထဲပြန်ဝင်ပြီး လှည့်ပတ်ကြည့်တော့ ပြတင်းပေါက်တိုင်း သံတိုင်တွေနှင့် သေချာခတ်ထားသည်ကို တွေ့လိုက်ရသည်။ Chen Ge က ချက်ချင်းပင် ဒီနေရာကို ပို့ဆောင်ခံရသည့် လူနာတွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာသွားမိသည်။ ဒီနေရာကြီးက အကျဉ်းထောင်ကြီးတစ်ခုနဲ့ တကယ်တူသည်။

အကူအညီ ခေါ်လိုက်ရမလား..။ ရဲခေါ်လိုက်ရမလား..။

Chen Ge က ဖုန်းကိုငုံ့ကြည့်လိုက်တော့ ကြည့်ရှုသူတွေ ဆက်လက်တိုးနေတာ တွေ့ရသဖြင့် သူက ထုတ်လွှင့်နေဆဲဆိုတာ သတိရသွားသည်။ တကယ်လို့ သူက ဒါကို အဆုံးသတ်လိုက်ရင် Trial Mission လည်း ကျရှုံးသွားလိမ့်မည်။ သူ့မစ်ရှင်က ဒီအဆောက်အဦးထဲ မနက်အရုဏ်တက်ထိ အသက်ရှင်နေထိုင်ဖို့ဖြစ်သည်။

"ဒုတိယထပ်က ပြတင်းပေါက်တွေကို သံတိုင်တွေနဲ့ကာမထားဘူး.. တကယ်လို့ ဒီကနေ လွတ်မြောက်ဖို့လိုရင် ငါ ပြတင်းပေါက်ကထွက်နိုင်တယ်.. ရဲမခေါ်သေးဘူး.."

Chen Ge က ဆုံးဖြတ်လိုက်သည်။ ဒီမစ်ရှင်အောင်မြင်ရင် ပျောက်ဆုံးသွားတဲ့ သူ့မိဘတွေရဲ့သဲလွန်စကို ရနိုင်သည်။ ထို့ကြောင့် Chen Ge နောက်မဆုတ်တော့ပေ။

သူနာပြုကောင်တာနားကို ပြန်ရောက်တော့ လှောင်ချိုင့်ထဲကဇလုံတွေက မှောက်နေပြီး ရေတွေက ကြမ်းပြင်ပေါ်ကျနေတာ တွေ့လိုက်ရသည်။

"သူတို့က အဆိပ်မိထားတဲ့တစ်ယောက်ကို ငါရှာတွေ့သွားမှာကို ကြောက်နေတာပဲ.."

Chen Ge က သစ်သားကောင်တာအောက်မှာ စာလုံးသေးသေးနဲ့လက်ရေးကို သတိထားလိုက်မိသဖြင့် ကောင်တာအောက်ကို ငုံ့ဝင်လိုက်စဉ် သူ့ခေါင်းကို တစ်စုံတစ်ခု လာထိလိုက်သလို ခံစားလိုက်ရလို့ နှလုံးက ဆောင့်ခုန်သွားခဲ့သည်။

ထိုအရာက သူ့ဆံပင်ထဲဝင်ရန် ကြိုးစားနေသည်။ ပိုးကောင်လေးတွေနဲ့ တူသည်။ Chen Ge က လက်နှင့်သပ်လိုက်စဉ် သူ့လက်ဖဝါးကို တစ်ခုခုက ထိမိသွားသည်။ သူက ဓာတ်မီးနဲ့ သေချာထိုးကြည့်တော့ ကောင်တာအောက်ခြေမှာ ဆံပင်တိုတိုရှည်ရှည် စုစည်းထားတာကို တွေ့လိုက်ရသည်။

"ဒါ ဘယ်သူ့ဆံပင်တွေလဲ.. လှောင့်ချိုင့်ထဲကလူရဲ့ ဆံပင်တွေလား.."

ထိုစဉ် ကြောင်အော်သံစူးစူး ပေါ်လာသဖြင့် Chen Ge ကောင်တာအောက်ကထွက်လာပြီး ကြည့်လိုက်သည်။

သူ၏ကြောင်ဖြူက ဒုတိယထပ်ကိုတက်သည့် လှေကားတွင် သွားအဖြီးသားနဲ့ မာန်ဖီကာ တစ်နေရာကို တောက်ပသည့်မျက်ဝန်းနှင့် စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။




*****-*****


















Chapter (155) - တစ္ဦးထက္ပိုေသာ လူမ်ား

Chen Ge က ေလွာင္ခ်ိဳင့္ထဲကဘဲကို လက္ႏွင့္အသာထိၾကည့္ကာ ေျပာလိုက္သည္။

"ဒီဘဲသားကို လြန္ခဲ့တဲ့တစ္နာရီက ခ်က္ျပဳတ္ခဲ့တာပဲ.. ဘဲရဲ႕လည္ပင္းကို ဓားနဲ႔လွီးထားၿပီး ေခါင္းကေပ်ာက္ေနတယ္.. ဘဲရဲ႕အတြင္းပိုင္းကို ေသခ်ာ သန႔္ရွင္းေရးလုပ္မထားခဲ့ဘူး.."

Chen Ge က ဘဲကို အနီးကပ္စစ္ေဆးခဲ့သည္။ တစ္ဝက္က်က္႐ုံ ခ်က္ထားေသာ ဘဲ၏အစာအိမ္ေနရာကို ကိုက္ထားသည့္အရာကို ေတြ႕ရသည္။ ၾကမ္းျပင္ေပၚမွာ ဘဲေမႊးေတြက်ေနတာမရွိလို႔ ဒီဘဲသားကို ကိုက္ခဲ့သည့္သတၱဝါက အသားနဲ႔ဘဲေမႊးကိုပါ ေရာစားလိုက္သည္ဆိုတာ ျပသေနသည္။

"ဒီေလွာင့္ခ်ိဳင့္က ေခြးႀကီးတစ္ေကာင္ကို ေလွာင္ဖို႔ျဖစ္တယ္.."

Chen Ge က ဘဲကိုျပန္ထားၿပီး တျခားေလွာင္ခ်ိဳင့္ကို စစ္ေဆးလိုက္ေတာ့ အေရာင္မပါသည့္အရည္ေတြ ထည့္ထားေသာ ဇလုံ၂ခုကို ေတြ႕လိုက္ရသည္။

"ဒီေလွာင္ခ်ိဳင့္က ေခြး၂ေကာင္ကို ေလွာင္ခဲ့တာျဖစ္တယ္.."

Chen Ge က ဇလုံထဲကေရကို အနံ႔ခံၾကည့္ေတာ့ ဘာနံ႔မွမရလို႔ ေရေတြဟုသတ္မွတ္လိုက္သည္။ ေနာက္ဇလုံတစ္ခုမွာ ေညႇာ္နံ႔နည္းနည္းရလိုက္သည္။

"ဇလုံ၂ခုမွာ ေရေတြထည့္ထားေပမယ့္ ဇလုံတစ္လုံးထဲကေရထဲမွာ ႂကြက္သတ္ေဆး ေရာထည့္ထားတယ္.. ေခြးပိုင္ရွင္က သူ႔ေခြးေတြ မေတာ္တဆ ဒီေရကိုေသာက္မိမွာ မစိုးရိမ္ဘူးလားမသိဘူး.."

Chen Ge က စုံစမ္းရင္း တစ္ခ်ိန္တည္းမွာ ပရိသတ္ကို ရွင္းျပေနသျဖင့္ ပရိသတ္က ေလွာင့္ခ်ိဳင့္နဲ႔ ေရဇလုံကိစၥကို ဝိုင္းေဆြးေႏြးလာၾကတာ ေတြ႕လိုက္ရသည္။

Chen Ge က reply ျပန္ဖို႔အခ်ိန္မရွိဘဲ ဆက္လက္ေလ့လာကာ တင္ျပလိုက္သည္။ ေလွာင္ခ်ိဳင့္၏ ေသာ့ခတ္သည့္ေနရာက ေဆးေတြပြန္းေနၿပီး ဒီေနရာကို တင္းတင္းဆုပ္ကိုင္လႈပ္ယမ္းထားသလိုပင္။ ထိုလူက ေလွာင္ခ်ိဳင့္ထဲကမထြက္ခ်င္လို႔ ႐ုန္းကန္ထားပုံရသည္။

"ဒီေလွာင္ခ်ိဳင့္ေတြက တိရိစာၦန္အတြက္မဟုတ္ဘဲ လူကိုေလွာင္ဖို႔ျဖစ္ႏိုင္တယ္.."

စြန႔္ပစ္ထားသည့္ သူနာျပဳေကာင္တာမွာ ေဆးပုလင္းလြတ္အျပင္ လူနာရဲ႕နာမည္ ေရးထားသည့္ ေဆးထည့္သည့္အိတ္ေလးေတြကို ထပ္ေတြ႕လိုက္ရသည္။ အထဲမွာ ေဆးေတြရွိေနသည္။

"ငါးႏွစ္တိတိ စြန႔္ပစ္ထားတဲ့ေဆး႐ုံမွာ တစ္စုံတစ္ေယာက္ ေနထိုင္ေနတယ္.. ဒီကလူေတြက တစ္ေယာက္ထက္မက ရွိေလာက္တယ္.."

Chen Ge က ပိုၿပီး သတိထားလိုက္သည္။ သူက သရဲတေစၦေတြအတြက္ပဲ ျပင္ဆင္လာတာျဖစ္ၿပီး အႏၲရာယ္ေပးႏိုင္ေသာလူေတြကို ထည့္မတြက္ခဲ့မိေပ။ သူက သတိနဲ႔ သူနာျပဳေကာင္တာက ထြက္လိုက္သည္။

သံေလွာင္ခ်ိဳင့္ထဲကလူကို အတင္းဆြဲထုတ္ခံထားရလို႔ သူ႔လက္က ေလွာင္ခ်ိဳင့္ကေဆးေတြ ေပေနမွာပဲ။ သူက ႐ုန္းကန္သြားတဲ့တေလ်ာက္လုံး သဲလြန္စခ်န္ထားေလာက္သည္။ Chen Ge က ဂ႐ုတစိုက္ လိုက္ၾကည့္လိုက္ေတာ့ နံရံေပၚမွာ သုတ္ေဆးေတြနဲ႔ ေသြးစတခ်ိဳ႕ကို ေတြ႕လိုက္ရသည္။

"ဒဏ္ရာရာထားတာလား.."

Chen Ge က သဲလြန္စအတိုင္း ဒုတိယထပ္ကို လိုက္သြားေတာ့ အေပၚစၾကၤန္က ၂ခုကြဲသြားခဲ့သည္။

တစ္ခုက ပထမအေဆာင္မွာရွိၿပီး ေနာက္တစ္ခုက ဒုတိယအေဆာင္ကို သြယ္တန္းထားသည္။ ဒါက အတြင္းပိုင္းကေန ၃ ေဆာင္လုံးကို ဆက္သြယ္ထားတာပဲ။

Chen Ge က မိနစ္ ၂၀ ၾကာ စစ္ေဆးၿပီးေနာက္ ဒီပထမအေဆာင္မွာ လူပုန္းစရာ ေနရာမရွိသလို ဆြဲေခၚသြားတဲ့လူနာကို လုံးဝမေတြ႕ခဲ့ရေပ။ သက္ရွိေနသည့္လကၡဏာ လုံးဝမေတြ႕ရေပ။

"ဒီလူကို တျခားအေဆာင္ကို ဆြဲေခၚသြားတာျဖစ္ႏိုင္တယ္.."

Chen Ge က ရွင္းျပၿပီး ေအာက္ထပ္ကိုဆင္းလာစဥ္ ဖုန္းကတုန္ခါလာၿပီး လွ်ိဳေတာက္ဆီက ဖုန္းဝင္လာသည္။

"Chen Ge.. ငါတို႔က livestream ကို တစ္ညလုံးလႊင့္ဖို႔လုပ္ထားတာ.. အခု မိနစ္ ၂၀ နဲ႔ ပထမအေဆာင္ကို ျပသၿပီးေနၿပီ.. ခ်င္ကြမ္းဆီမွာ ၾကည့္ရႈသူ ၆သိန္းေက်ာ္ စံခ်ိန္တင္သြားၿပီ.. မင္းဆီမွာ ၾကည့္ရႈသူ 50000 ပဲရွိေသးတယ္.. ရွင္းျပတဲ့ေနရာမွာ အရမ္းအာ႐ုံမစိုက္ဘဲ ပရိသတ္နဲ႔ အျပန္အလွန္ေျပာလိုက္ဦး.."

Chen Ge က လွ်ိဳေတာက္၏စကားကို နားေထာင္ၿပီး ပထမအေဆာင္ကို လွည့္ပတ္ၾကည့္လိုက္စဥ္ သူ႔မ်က္ဝန္းတစ္စုံက က်ဥ္းေျမာင္းသြားသည္။

"ေနဦး.. ဘယ္သူက ဝင္ေပါက္တံခါးကို ပိတ္သြားတာလဲ.. အေစာက ကြၽန္ေတာ္ တံခါးကိုဖြင့္ထားတာ မွတ္မိပါတယ္.."

"မင္း ဘာေျပာတာလဲ.. ဘာပဲျဖစ္ျဖစ္ အရမ္းစိတ္မလႈပ္ရွားနဲ႔.. ဂ႐ုလည္းစိုက္ဦး.."

"ေကာင္းၿပီး.. ေနာက္မွထပ္ေျပာမယ္.."

Chen Ge က ဖုန္းကို အိတ္ထဲျပန္ထည့္ကာ လက္ထဲကတူကို တင္းတင္းဆုပ္ၿပီး ဝင္ေပါက္ဆီလာခဲ့သည္။ သူနာျပဳေကာင္တာနားကအျဖတ္ သူက အက်င့္ပါစြာ တစ္ခ်က္စစ္လိုက္သည္။

"တစ္ခုခု ေျပာင္းလဲေနတယ္.."

Chen Ge က ဝင္ေပါက္နားကိုေျပးၿပီး တံခါးကိုလႈပ္ခါၾကည့္လိုက္သည္။

"ေသစမ္း.. တံခါးကို ေသာ့ခတ္သြားတယ္.. ဘယ္အခ်ိန္က ခတ္သြားတာလဲ.."

Chen Ge က အဟေလးၾကားက ေခ်ာင္းၾကည့္လိုက္ေတာ့ ေသာ့ခေလာက္အသစ္နဲ႔ အျပင္ကခတ္သြားတာ ေတြ႕လိုက္ရသည္။ သူက လႈပ္ၾကည့္ေပမယ့္ တံခါးက တုတ္တုတ္မွမလႈပ္ေပ။

"ေသာ့ခေလာက္ကို အသစ္နဲ႔ ဒီေလာက္ျမန္ျမန္ ေျပာင္းႏိုင္တယ္ဆိုကတည္းက တရားခံက ဒါကိုလုပ္တာ ပထမဆုံးအႀကိမ္ မဟုတ္ေလာက္ဘူး.."

ဒီစြန႔္ပစ္ေဆး႐ုံမွာ ျပန္လာေနသူေတြက တခ်ိန္က တက္ေရာက္ကုသခဲ့တဲ့ လူနာေတြျဖစ္ပုံရၿပီး သူတို႔က ပုံမွန္လူေတြထက္ အႏၲရာယ္ပိုႀကီးႏိုင္သည္။ Chen Ge သူတို႔ကို ေလွ်ာ့တြက္လို႔မရေပ။

Chen Ge က တံခါးကိုဖြင့္ဖို႔ တူနဲ႔႐ိုက္ထုေပမယ့္ လုံးဝ အရာမယြင္းေပ။ Chen Ge က ေဆး႐ုံထဲျပန္ဝင္ၿပီး လွည့္ပတ္ၾကည့္ေတာ့ ျပတင္းေပါက္တိုင္း သံတိုင္ေတြႏွင့္ ေသခ်ာခတ္ထားသည္ကို ေတြ႕လိုက္ရသည္။ Chen Ge က ခ်က္ခ်င္းပင္ ဒီေနရာကို ပို႔ေဆာင္ခံရသည့္ လူနာေတြရဲ႕ခံစားခ်က္ကို ကိုယ္ခ်င္းစာသြားမိသည္။ ဒီေနရာႀကီးက အက်ဥ္းေထာင္ႀကီးတစ္ခုနဲ႔ တကယ္တူသည္။

အကူအညီ ေခၚလိုက္ရမလား..။ ရဲေခၚလိုက္ရမလား..။

Chen Ge က ဖုန္းကိုငုံ႔ၾကည့္လိုက္ေတာ့ ၾကည့္ရႈသူေတြ ဆက္လက္တိုးေနတာ ေတြ႕ရသျဖင့္ သူက ထုတ္လႊင့္ေနဆဲဆိုတာ သတိရသြားသည္။ တကယ္လို႔ သူက ဒါကို အဆုံးသတ္လိုက္ရင္ Trial Mission လည္း က်ရႈံးသြားလိမ့္မည္။ သူ႔မစ္ရွင္က ဒီအေဆာက္အဦးထဲ မနက္အ႐ုဏ္တက္ထိ အသက္ရွင္ေနထိုင္ဖို႔ျဖစ္သည္။

"ဒုတိယထပ္က ျပတင္းေပါက္ေတြကို သံတိုင္ေတြနဲ႔ကာမထားဘူး.. တကယ္လို႔ ဒီကေန လြတ္ေျမာက္ဖို႔လိုရင္ ငါ ျပတင္းေပါက္ကထြက္ႏိုင္တယ္.. ရဲမေခၚေသးဘူး.."

Chen Ge က ဆုံးျဖတ္လိုက္သည္။ ဒီမစ္ရွင္ေအာင္ျမင္ရင္ ေပ်ာက္ဆုံးသြားတဲ့ သူ႔မိဘေတြရဲ႕သဲလြန္စကို ရႏိုင္သည္။ ထို႔ေၾကာင့္ Chen Ge ေနာက္မဆုတ္ေတာ့ေပ။

သူနာျပဳေကာင္တာနားကို ျပန္ေရာက္ေတာ့ ေလွာင္ခ်ိဳင့္ထဲကဇလုံေတြက ေမွာက္ေနၿပီး ေရေတြက ၾကမ္းျပင္ေပၚက်ေနတာ ေတြ႕လိုက္ရသည္။

"သူတို႔က အဆိပ္မိထားတဲ့တစ္ေယာက္ကို ငါရွာေတြ႕သြားမွာကို ေၾကာက္ေနတာပဲ.."

Chen Ge က သစ္သားေကာင္တာေအာက္မွာ စာလုံးေသးေသးနဲ႔လက္ေရးကို သတိထားလိုက္မိသျဖင့္ ေကာင္တာေအာက္ကို ငုံ႔ဝင္လိုက္စဥ္ သူ႔ေခါင္းကို တစ္စုံတစ္ခု လာထိလိုက္သလို ခံစားလိုက္ရလို႔ ႏွလုံးက ေဆာင့္ခုန္သြားခဲ့သည္။

ထိုအရာက သူ႔ဆံပင္ထဲဝင္ရန္ ႀကိဳးစားေနသည္။ ပိုးေကာင္ေလးေတြနဲ႔ တူသည္။ Chen Ge က လက္ႏွင့္သပ္လိုက္စဥ္ သူ႔လက္ဖဝါးကို တစ္ခုခုက ထိမိသြားသည္။ သူက ဓာတ္မီးနဲ႔ ေသခ်ာထိုးၾကည့္ေတာ့ ေကာင္တာေအာက္ေျခမွာ ဆံပင္တိုတိုရွည္ရွည္ စုစည္းထားတာကို ေတြ႕လိုက္ရသည္။

"ဒါ ဘယ္သူ႔ဆံပင္ေတြလဲ.. ေလွာင့္ခ်ိဳင့္ထဲကလူရဲ႕ ဆံပင္ေတြလား.."

ထိုစဥ္ ေၾကာင္ေအာ္သံစူးစူး ေပၚလာသျဖင့္ Chen Ge ေကာင္တာေအာက္ကထြက္လာၿပီး ၾကည့္လိုက္သည္။

သူ၏ေၾကာင္ျဖဴက ဒုတိယထပ္ကိုတက္သည့္ ေလွကားတြင္ သြားအၿဖီးသားနဲ႔ မာန္ဖီကာ တစ္ေနရာကို ေတာက္ပသည့္မ်က္ဝန္းႏွင့္ စိုက္ၾကည့္ေနတာ ေတြ႕လိုက္ရသည္။




*****-*****























သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now