Chapter (151) - သေချာပေါက်သေမယ်
588 149 3
(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)
Chapter (151) - သေချာပေါက်သေမယ်
စီးကရက်သောက်ပြီး Chen Ge ထရပ်လိုက်သည်။ ခုခေတ် တိပ်ခွေကို နားထောင်မယ့်သူမရှိသောကြောင့် ဒါကိုနားထောင်ဖို့ ကက်ဆက်ကို ဘယ်ကနေသွားရှာရမှာလဲ။
အခက်ခဲများစွာကြုံတွေ့ပြီးနောက် Chen Ge နဲ့ကျန်းယာ့၏ဆက်ဆံရေးက တည်ငြိမ်လာခဲ့လေပြီ။ တစ်နေ့မှာ သူနာမည်ကြီးလွန်းလို့ ဒုက္ခရောက်လိမ့်မယ်လို့ Chen Ge မစဉ်းစားခဲ့မိပေ။
သရဲအိမ်နဲ့တင် သူ့မှာ ဒုက္ခရောက်လှပြီဖြစ်လို့ ဒီတိပ်ခွေကို မဖွင့်ကြည့်ချင်သေးပေ။
အနက်ရောင်ဖုန်းက အချက်အလက်ကို ပြည့်စုံစွာပေးခဲ့သည်။ ငိုကြွေးနေသောတိပ်ခွေကို ဖွင့်လျှင် အောင်မြင်နိုင်ချေ 3% ရှိပြီး အရင်တစ်ခါ ကံစမ်းမဲကိုနှိုက်လို့ မဲပေါက်ခဲ့သည့် ကျိန်စာသင့်သည့်ရည်းစားစာက အောင်မြင်နိုင်ချေ 0.3% ဖြစ်ခဲ့သည်။
ဒီဟာအရ ငိုကြွေးနေသောတိပ်ခွေထဲက အငြှိုးတေးဝိညာဉ်က ကျန်းယာ့လောက် အားမကြီးလောက်ဘူးလို့ တွက်လိုက်သည်။ ထိုအငြှိုးတေးဝိညာဉ်က ပုံမှန်အငြှိုးတေးဝိညာဉ်နှင့် အနီရောင်ဝိညာဉ်ကြားအဆင့်လောက်သာ ရှိလောက်သည်။
အားနည်းတာလည်း မဆိုးလောက်ပါဘူး။ အဲ့ဒီဝိညာဉ်နဲ့ ညှိနှိုင်းရတာ ပိုလွယ်လောက်သည်။ ဒါဟာပြီးနောက် ထိုဝိညာဉ်အတွက် သီးခြား page တစ်ခု ပေါ်ပေါက်လာသောကြောင့် ဖုန်းက စာပို့ပေးခဲ့သည်။ သူ ပန်းခြံထဲကို စက်ဘီးတွန်းဝင်လာတော့ ဧည့်သည်တချို့ ရောက်နေပြီး ဦးလေးရွှီနဲ့ ရွှီဝမ်က သရဲအိမ်ရှေ့မှာ မတ်တပ်ရပ်နေကြသည်။
"Chen Ge.. မနက်စောစော ဘယ်သွားနေတာလဲ.. မင်းအဝတ်က ကြက်မွှေးတွေက ဘာကြောင့်ကပ်နေတာလဲ.."
သရဲအိမ်ကိုလာတဲ့ဧည့်သည်က သိပ်မများပေမယ့် ဦးလေးရွှီက သူအလုပ်အားတိုင်း ဒီကိုလာပြီး အလုပ်သမားတစ်ယောက်လို လက်မှတ်ရောင်းပေးနေသည်။
"မနက်ခင်း လျှောက်ဆော့နေတာလား.."
Chen Ge က ကြက်မွှေးတွေကို လက်နှင့်သပ်ကာ ဖယ်လိုက်ပြီး သရဲအိမ်ဖွင့်ဖို့ ပြင်လိုက်သည်။ ဒီမနက် Chen Ge ၏စိတ်ထဲ အချက်အလက်တချို့ ခေါင်းထဲဝင်လာခဲ့သည်။ သူက မြူထဲမှာ လမ်းလျှောက်နေပြီး ခပ်လှမ်းလှမ်းက အပေါက်တစ်ခုကို တွေ့လိုက်ရပြီး အဲ့ဒီနေရာက ထွက်ပေါက်လား၊ မကောင်းဆိုးဝါးအသိုက်လားဆိုတာ သူမသိခဲ့ဘူး။ ဒီအကြောင်းအရာတွေက သူ့ခေါင်းထဲကို အလိုလျောက်ဝင်လာခဲ့သည်။
ညနေ 4:30 ရောက်တော့ Chen Ge က ရွှီဝမ်ကို သရဲအိမ်ကနေ စောစောထွက်သွားခိုင်းခဲ့သည်။ သူက ဂိတ်တံခါးကိုပိတ်ပြီး ဝန်ထမ်းနားနေခန်းထဲ ဝင်လာခဲ့သည်။
ပြင်ဆင်ချိန်ရောက်လေပြီ..။ သူက စားပွဲပေါ်မှာ ကျောပိုးအိတ်တင်လိုက်ပြီး ထိုထဲတွင် အဝတ်နီပတ်ထားသော သွေးရည်ဝနေသည့် အသားခုတ်ဓားမကြီး၊ ဆားထုပ်၊ ဓာတ်မီးနှင့်မီးခြစ်တို့ကို ထည့်လိုက်သည်။
ပြီးတော့ နောက်အိတ်တစ်လုံးကိုထုတ်ကာ ထိုထဲ ကြောင်ဖြူနဲ့ ရှောင်းရှောင်းကိုထည့်ပြီး ခေါ်သွားဖို့ပြင်လိုက်သည်။
ငါ ဘာမေ့ကျန်နေသေးလဲ..?
Chen Ge က အံဆွဲကိုဖွင့်ကြည့်လိုက်တော့ သွေးစွန်းနေသောလက်ညှိုးရာ ပေစွန်းနေသော တိပ်ခွေတစ်ခုကို တွေ့လိုက်ရသည်။ ဒီပစ္စည်းတွေက ပျောက်သွားပြီး သရဲအိမ်ရဲ့အံဆွဲထဲ အလိုလိုပေါ်လာခဲ့သည်။ ဒါက ဖုန်းအနက်ကလုပ်တာ ရှင်းနေတာပဲ။ ဒီတိပ်ခွေက ဘယ်လိုအသုံးဝင်မလဲ မသိပေမယ့် သူမရှိတဲ့အချိန် သရဲအိမ်ကို ဖျက်ဆီးလိုက်မှာစိုးလို့ သူ့ကျောပိုးအိတ်ထဲ ထည့်လိုက်ရသည်။
Chen Ge က ရှောင်ရှောင်းနဲ့ကြောင်လေး သဘောကျတဲ့ သူ့ဂျာကင်ကိုတွေ့တော့ အိတ်ကြီးထဲထည့်လိုက်သည်။ ပြီးတော့ ကြောင်ကို အိတ်ထဲဝင်ဖို့ အတော်စည်းရုံးလိုက်ရသည်။ ခဏနေတော့ Chen Ge က ထိန်းချုပ်ခန်းထဲ သွားကြည့်တော့ ဒေါက်တာအရိုးရဲ့ သံစူးချွန်တွေပါတဲ့ တူကို စားပွဲပေါ်မှာတွေ့လိုက်ရသည်။ အသုံးဝင်လောက်သည်ဟုတွေးကာ ကျောပိုးအိတ်ထဲထည့်လိုက်သည်။ ဒါကြောင့် ကျောပိုးအိတ်ထဲက ဆား၃ထုပ်နဲ့ တူတစ်ခုကို ပြန်ထုတ်လိုက်ရသည်။
"ဆားက သိပ်အသုံးမလိုလောက်လို့ အများကြီးမယူသွားတော့ဘူး.. ဘက်စုံသုံးတူက အသုံးဝင်နိုင်တယ်.. ပြန်ထည့်မှ.."
ကျောပိုးအိတ်ထဲ မဆံ့တော့လို့ ဘက်စုံသုံးတူကို ကျောပိုးအိတ်အပြင်မှာ ချိတ်လိုက်သည်။
Live stream အတွက် လိုအပ်တဲ့ကိရိယာထည့်ထားတဲ့ သေတ္တာနက်လေးကို တင်လိုက်တော့ စားပွဲပေါ်မှာ ပြည့်သွားလေပြီ။
"ငါ ဘာလိုနေသေးတာပါလိမ့်.."
Chen Ge က ခဏစဉ်းစားပြီး မုယန်အထက်တန်းကျောင်း ဆက်တင်ထဲက ကျိုးနေသည့်ဘောလ်ပင်ကို ကောက်ယူကာ တီးတိုးပြောလိုက်သည်။
"ဘောလ်ပင်စောင့်ဝိညာဉ်ရေ.. ဒီည ငါ ကံကြမ္မာကို မေးချင်သေးတယ်.. ငါ့ကို ပြောပြပေးပါ.."
Chen Ge က ဘောပင်ကိုဆုပ်ကိုင်ကာ မေးခွန်းမေးလိုက်သည်။
"ငါ တတိယနာမကျန်းခန်းမထဲကို ဝင်သွားရင် ဘယ်လိုအန္တရာယ်ကြုံရမလဲ..? ပြောပြပေးပါ.."
"သေချာပေါက်သေမယ်.."
ဘောပင်က စာရွက်ပေါ်မှာ သူ့ဘာသာရွေ့ပြီး စာရေးခဲ့သည်။ ဘောပင်က စိတ်ဖိစီးနေသလို စာကိုဖိပြီး ထင်ရှားအောင်ရေးခဲ့သည်။
"သေချာပေါက် သေမှာလား..? ဘောပင်စောင့်ဝိညာဉ်ရေ.. ဘယ်လိုအန္တရာယ်ကြုံရမှာလဲလို့ ငါမေးခဲ့တာ မင်းဘာကြောင့် မဖြေတာလဲ.."
Chen Ge က မျက်နှာပျက်သွားပြီး ထပ်မေးလိုက်သည်။
ဘောပင်ဝိညာဉ်က ပြန်မဖြေတော့ဘူး။ မသွားရသေးခင် Chen Ge ရဲ့ယုံကြည်မှုက ယိမ်းယိုင်နေလေပြီ။
"မင်းမှားပါစေလို့ မျှော်လင့်ပါတယ်ကွာ.. မဟုတ်ရင် ငါတို့အားလုံး အဆုံးသတ်သွားလိမ့်မယ်ကွ.."
Chen Ge က ဒီဘောပင်ကို သူနဲ့ယူသွားဖို့ကြံလိုက်ပြီး မေးလိုက်သည်။
"ငါတို့ ပြန်တိုက်ဖို့ မျှော်လင့်ချက်ရှိသေးလား..?"
Chen Ge က မျှော်လင့်ချက်နဲ့ စောင့်နေပေမယ့် စာရွက်ပေါ်မှာ ဘောပင်ဝိညာဉ်ရေးခဲ့တာက ..
"ငါ့ကို မင်းနဲ့အတူ ခေါ်မသွားနဲ့.."
"မင်းကို ခေါ်မသွားရဘူးလား.."
Chen Ge က မေးလိုက်ပြီး ဘောပင်ကို သူ့အိတ်ကပ်ထဲထည့်ကာ မုယန်အထက်တန်းကျောင်းဆက်တင်ကနေ ထွက်လာခဲ့သည်။
အားလုံးစုံပြီး ပန်းခြံကနေထွက်လာချိန် ဖုန်းအနက်ဆီက စာဝင်လာသည်။
»»ဂုဏ်ယူပါတယ်။ အစမ်းမစ်ရှင် ပွင့်သွားပါပြီ..««
»»တတိယဖျားနာဆောင်ခန်းမ (ကြယ်၃ပွင့်အဆင့်) - စွန့်ပစ်ထားတဲ့ဆေးရုံက ညတိုင်း ဆူညံသံတွေထွက်ထွက်လာတာ ဘာကြောင့်လဲဆိုတာ ရှာဖွေပါ။««
»»မစ်ရှင်လုပ်ရမယ့်နေရာ - ကျုတ်ကျန်း တတိယစိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး သီးသန့်စင်တာ««
»»မစ်ရှင်လိုအပ်ချက် - ညသန်းခေါင်ယံမတိုင်ခင် အရောက်သွားပြီး အရုဏ်တက်ချိန်ထိ အသက်ရှင်အောင်နေရန်။««
»»မစ်ရှင်သဲလွန်စ - ကောင်းမွန်ခြင်းရဲ့ဆန့်ကျင်ဘက်က ဆိုးဝါးခြင်း၊ မှန်ကန်ခြင်းရဲ့ဆန့်ကျင်ဘက်က မှားယွင်းခြင်းဆို လူသားရဲ့ဆန့်ကျင်ဘက်က ဘာလဲ..?««
»»မင်း ဒီမစ်ရှင်ကို လက်ခံပါသလား။ မစ်ရှင်ကြာချိန်က ၂၄ နာရီ။ ၂၄ နာရီအတွင်း လက်မခံရင် ဒီမစ်ရှင်က ထာဝရပြန်မပွင့်နိုင်တော့ပေ။««
Chen Ge က 'လက်ခံသည်' ဆိုသည့်နေရာကို နှိပ်လိုက်တော့ ထိုစာမျက်နှာသွင်ပြင်က ပြောင်းသွားပြီး အချိန်မှတ်နာရီပုံ ပေါ်လာသည်။ ၂၄ နာရီအတွင်း Chen Ge က တတိယဖျားနာဆောင်ခန်းမထဲ မဝင်ခဲ့လျှင် ဒီမစ်ရှင်က ထာဝရပြန်ပိတ်သွားတော့မည်။
တတိယဖျားနာဆောင်ခန်းမ........
ဒီမစ်ရှင်ပြီးသွားရင် ပျောက်ဆုံးသွားတဲ့သူ့မိဘနဲ့ ပတ်သက်တဲ့သဲလွန်စကို သူရနိုင်လိမ့်မည်။ Chen Ge က ပန်းခြံကထွက်လာပြီး လျှိုတောက်ကို ဖုန်းခေါ်လိုက်သည်။
လျှိုတောက်က Chen Ge ကို သူလာခေါ်မည်ပြောကာ စောင့်ခိုင်းခဲ့သည်။ လျှိုတောက်က Chen Ge ဆီရောက်တော့ Chen Ge ၏ပုံစံကို အံ့အားသင့်သွားပေမယ့် ဉာဏ်ကောင်းစွာ ဘာမှမမေးဘဲ တတိယဖျားနာဆောင်ရှိရာကို ကားမောင်းပို့ပေးခဲ့သည်။
"ချင်ကွမ်းက ည ၁၀ နာရီကို live stream လွှင့်လိမ့်မယ်.. ရှေ့တစ်ခါက သူ့ live က ပရိသတ်တုံ့ပြန်မှု သိပ်မဆိုးလို့ သူ့ရဲ့ studio က သူ့ကို အပြည့်အဝ ပြန်ပြီးပံ့ပိုးပေးခဲ့တယ်.. ငါတို့လည်း အခြေအနေသိပ်မဆိုးတဲ့ channel ၂ခုဆီကနေ မင်းရဲ့ live ကို ထောက်ခံချက်ပေးနိုင်အောင် ကြိုးစားခဲ့တယ်.. ဒီည မင်း အကောင်းဆုံးကြိုးစားပေးပါ.."
***-**
ငါ ဘာမေ့ကျန်နေသေးလဲ..?
"သေချာပေါက်သေမယ်.."