Chapter (173) _ သူ့ကိုနှိုးလိုက်...

492 118 2
                                    

Chapter (173) _ သူ့ကိုနှိုးလိုက်...


ဒီအသံကိုကြားတော့ ချန်ကော က တုံ့ဆိုင်းမနေဘဲ တံခါးကို ဆောင့်ပိတ်လိုက်တယ်။ သော့ကို ပိတ်လိုက်ချိန်မှာ အအေးဓာတ်က သူ့လက်ဖဝါးထဲသို့ စိမ့်ဝင်သွားပြီး သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ သူသည် တံခါးအပြင်ဘက်တွင် အေးခဲနေပြီး ဆူညံသံ၏ အရင်းအမြစ်ကို ရှာဖွေဖို့ပဲ သေချာ အာရုံစူးစိုက်လိုက်သည်။

"ဒါက တံခါးအတွင်းကနေ   ထွက်လာတာသေချာပါတယ်၊ ဒါပေမယ့် ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာတော့ မသိနိုင်ဘူး"
မျက်နှာဖုံးစွပ်ထားသည့် မကောင်းဆိုးဝါး တစ်ကောင်က သူ၏ ခန္ဓာကိုယ်ကို စင်္ကြံလမ်း တလျှောက် တရွတ်ဆွဲလာမယ့် ပုံကို ချန်ကောရဲ့စိတ်ထဲ မြင်ယောင်လာသည်။ ထိုစဉ်    အသံက နီးကပ်လာပြီး ရုတ်တရက် ရပ်တန့်သွားသည်။

 ချန်ကော ၏ ကြွက်သားများ စိတ်လှုပ်ရှားမှုကြောင့် တင်းမာလာကာ စပ်စုသောလိုသော စိတ်ပေါ်လာခဲ့သည်။  သူ့ရှေ့က တံခါးက မှန်တစ်ချပ်လိုပါပဲ။ ကမ္ဘာနှစ်ခု ရဲ့ကြား ချိတ်ဆက်ထားပြီး တဖက် ပရလောကမှ မကောင်းဆိုးဝါးက အခု ချန်ကော ရပ်နေသည့် တံခါး တစ်ဖက်က နေရာတွင် ရပ်နေလိမ့်သည်။ သူတို့ကြားတွင် တံခါးချပ်လည်း တစ်ချပ်သာ ခြားလို့ ဘယ်သူမှ စိတ်လိုက်မာန်ပါ မလှုပ်ရှားရဲကြဘူး။
 

စင်္ကြံတလျှောက်မှာ လေပြင်းများ တိုက်ခတ်လာပြီး  လေးငါး မိနစ်ခန့် အကြာတွင် ဒုတိယထပ်မှ တံခါးဖွင့်သံ ထွက်ပေါ်လာသည်။ အမျိုးသမီး သူနာပြုက သူ ရှိသည့်နေရာကို သိသွားပုံရသည်။ ဒါက ချန်ကော အတွက် အဆင်မပြေဘူး။ သူနာပြုဆရာမ ရောက်လာတဲ့ အချိန် သူ လှုပ်လို့မရတဲ့အတွက် ဖမ်းမိသွားနိုင်တယ်။  တံခါးတစ်ဖက်က မကောင်းဆိုးဝါး က  ရိပ်စားမိပြီး သူ    ရုတ်တရတ် လှုပ်ရှားမှုတစ်ခုခုလုပ်ရင် မကောင်းဆိုးဝါး က တံခါးကနေ ထွက်လာနိုင်တယ်။

ဒါက အသံတိတ်ပြိုင်ပွဲတစ်ခုပဲ။ တံခါးအတွင်းမှ မကောင်းဆိုးဝါးလည်းတုံ့ဆိုင်းနေသည်။ တံခါးအပြင်ဘက်မှာ ချန်ကော က မကောင်းဆိုးဝါး နဲ့ ရင်ဆိုင်ဖို့ အစီအစဉ်မရှိသေးဘူး။ ခုအချိန်တွင် သူ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ တံခါးကို ယာယီပိတ်ပြီး ဆေးရုံထဲမှာ တညတာ အသက်ရှင်နေနိုင်ဖို့ တစ်ခုခုကို ရှာဖွေနိုင်ဖို့ပဲဖြစ်သည်။

တတိယထပ်နှင့် ဒုတိယထပ်တို့ကို စစ်ဆေးပြီးသော သူနာပြုဆရာမသည် နောက်ဆုံးတွင် ပထမထပ်သို့ ရောက်လာသည်။ သူနာပြုဆရာမသည် ချန်ကော ကိုတွေ့လိုက်ရသောအခါတွင် သူမ အသက်ရှင်နေစဉ်အချိန်က အရှက်တကွဲဖြစ်ခဲ့သည်ကို သတိရလိုက်ပြီး  သူ့ဆီသို့ တဟုန်ထိုး ပြေးလာခဲ့သည်။

အလုံပိတ်ထားသော နာမကျန်းခန်းမထဲက အခန်းတစ်ခုအတွင်း မှောင်မိုက်နေသော ခန်းမတစ်ခုတွင် စုတ်ပြတ်နေသောသူနာပြုဝတ်စုံဝတ်ထားသည့် အရူးမတစ်ယောက်သည် သူ့ကို ဖမ်းဖို့ အားကုန်ပေးလာနေသည်။ ဒီမြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းပဲ။ ချန်ကော ၏လက်တွေက သွေးကြောတွေ ထောင်ထလာသည်အထိ သံတူကို ဆုပ်ကိုင်ထားပြီး   သူနာပြုဆရာမကို သူ့မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။

"ငါ မင်းကို မှတ်စုစာအုပ် ပေးထားပြီးပြီ၊ မင်း ငါ့ကို ဘာလို့ လိုက်နေတာတုန်း"

တကယ်လို့ အခြားနေရာမှာသာ သူနာပြုဆရာမနဲ့ ဆုံခဲ့တယ်ဆိုရင် ချန်ကောက လန့်နေမည်မဟုတ်ပေ။ အခုတော့   တံခါးအတွင်းမှ မကောင်းဆိုးဝါး နဲ့ ရင်ဆိုင်နေရလို့ ချန်ကောက ဖိအားတွေအောက် ရောက်နေသည်။ သူက အသံပဲကြားရပြီး တံခါးတဖက်က မကောင်းဆိုးဝါးရဲ့ပုံကို မမြင်ရတာက ပိုဆိုးသည်။ ဒါကို စိတ်ကို အရမ်းခြောက်ခြားစေသည်။   မမြင်ဖူးတဲ့အရာ မသိတဲ့အရာက ကြောက်စရာအကောင်းဆုံးဖြစ်သည်။
 
သူနာပြုဆရာမက နောက်မဆုတ်ပဲ သူမ၏ လက်သည်းများကို ယမ်းကာ မာန်ဖီပြီး ချန်ကောနဲ့    ဆယ်မီတာအကွာသို့ ရောက်ရှိလာသည်။ အသားခုတ်ဓါးနဲ့ အခုတ်ခံထားရတဲ့ ဒဏ်ရာတွေက ပြန်လည်ကောင်းမွန်လာပြီး သူနာပြုဆရာမရဲ့ ယိမ်းယိုင်နေတဲ့ ခန္ဓာကိုယ်ဟာ ခိုင်မာလာ ခဲ့တယ်။ ချန်ကော သည် သူနာပြု၏ ပေါင်ပေါ်၌ ချိတ်နေမိသော ကင်မရာကိုတောင် မြင်နေရသည်။
 
"မတွန်းနဲ့။"

သူနာပြုဆရာမသည် ချန်ကောနဲ့ ငါးမီတာအကွာကိုရောက်တော့ ဆုံးဖြတ်ချက်ချလိုက်သည်။ နှစ်ယောက်ကြားတွင် အားနည်းသူကို ရွေးရမည်။  သူသည် တံခါးအတွင်းမှ မကောင်းဆိုးဝါးကို မကိုင်တွယ်ခင် သူနာပြုကို အရင် ရှုင်းပစ်ရမည်။
 
ချန်ကော က တံခါးကနေ သူ့လက်တွေကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်ပြီး သူနာပြုဆရာမက နီးကပ်လာတဲ့အခါ ချန်ကော က သူမထက် ပိုမြန်တဲ့ အရှိန်နဲ့ သူမကို ဝင်တိုက်ပစ်လိုက်တယ်။ သံတူက မြောက်တက်လာပြီး  သူနာပြုဆရာမကို စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်လိုက်သည်။ တကယ်တော့ ဒီသူနာပြုက သတ်ရတာ နည်းနည်းခက်တာကလွဲလို့   ဒီလောက် အစွမ်းထက်တာတော့ မဟုတ်ပါဘူး။

အသားခုတ်ဓားမက အမျိုးသမီး၏ခန္ဓာကိုယ်ကို ဖြတ်သွားသောအခါ ချန်ကော သည် ဆက်လက်ရန်မရှာတော့ပေ။  သူ့နောက်ကျောက မကောင်းဆိုးဝါးကမှ တကယ့် ခြိမ်းခြောက်မှုကြီးဆိုတာ သူသိတယ်။

ချန်ကော နှင့် သူနာပြုဆရာမတို့ ရန်ဖြစ်နေချိန် အခန်းနံပါတ် 3 ရဲ့ တံခါးမှ သွေးများ ထွက်ကျလာသည်။ တံခါးအောက်သို့ သွေးများ စိမ့်ကျလာပေမယ့် မြေပြင်ကို ထိမိသောအခါ ပျောက်ကွယ်သွားသည် ။ ပြင်းထန်သော စွမ်းအားတစ်ခုက အတွင်းမှ တံခါးကို တွန်းဖွင့်လိုက် သလို တံခါးက ဖြည်းညှင်းစွာ ပွင့်လာသည် ။

"မကောင်းဆိုးယါးက ထွက်လာပြီ!"

 ထိုစက္ကန့်အနည်းငယ်အတွင်း သူနာပြုကို အပြည့်အဝ ကိုင်တွယ်ဖို့ မလုံလောက်သဖြင့် ချန်ကော သည် မကောင်းဆိုးဝါးနဲ့ သူနာပြုအကြား ပိတ်ပိတ်သွားသည်။   သူနာပြုဆရာမက သူ့ကို စပါးကြီးမြွေလို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားဖို့ ကြိုးစားရင်း  သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေကာ  သူ့ကို အသေအလဲ မုန်းတီးနေပုံရသည်။
 
သူ့နောက်ကျောဘက်က ချည်းကပ်လာတဲ့ ခြိမ်းခြောက်မှုကြီးကြောင့်  ချန်ကောရဲ့နှလုံး သားလေး တင်းကျပ်လာခဲ့သည်။   သူသည် သူနာပြုထံမှ ရုန်းထွက်ရန် ရုန်းကန်ပြီး သူနာပြုကို   ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ အနက်ရောင်ဖုန်းမှ ပေးခဲ့သော သံတူသည် သရဲတစ္ဆေများအပေါ် အစွမ်းထက်သည့် အကျိုးသက်ရောက်မှုရှိပြီး သူနာပြုဆရာမ၏ ခန္ဓာကိုယ်ပေါ်သို့ တူဖြင့် ထုရိုက်မိချိန်မှာ သက်သေပြခဲ့သည်။ ချန်ကော က သူနာပြုကို     ရှေ့ကို တွန်းချလိုက်ချိန် သူနာပြုက  ချန်ကော နဲ့ သွေးတွေစိမ့်ကျနေသည့် တံခါးကြားကို ကျသွားခဲ့တယ်။

တံခါးက တစ်ဝက်ပွင့်နေပြီး တစ်ခုခု အပြင်ထွက်လာတယ်။

"ဒါ မင်းပိုင်တဲ့ နေရာမဟုတ်ဘူး!"

ချန်ကော က သူ့တိုက်ခိုက်မှုကို ဆက်လုပ်ခဲ့တယ်။ သာမာန်နည်းလမ်းက သူနာပြုကို မသတ်နိုင်တာကြောင့် သူ ရရှိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကို ကြိုးစားခဲ့တယ်—သူက သူနာပြုကို သွေးတံခါးထဲကို အတင်းတွန်းထည့်ကာ တံခါးကိုပိတ်အောင် လုပ်ခဲ့သည်။

ချန်ကော မျှော်မှန်းထားသည်ထက် အဆင်ပြေကာ မြင်ကွင်းက ကြောက်စရာကောင်းလွန်း လှသည်။ သူနာပြုဆရာမသည် တံခါးအနီးသို့ရောက်သောအခါတွင် ပွင့်နေသော တံခါး၏တစ်ဖက်ခြမ်းမှ ဆံပင်ရှည်တွေ ထွက်လာသည်။ ချန်ကော က စောစောက ရပ်နေတဲ့နေရာကို လှမ်းလာခဲ့စဉ်  သူနာပြုနှင့် တိုက်ခိုက်နေသည့် ချန်ကောက ထိုအရာရှိရာကို သူနာပြုကို ရည်ရွယ်ချက်ရှိရှိ တွန်းချလိုက်သည်။
 
ထို လက်တစ်ဖက်က သူနာပြုဆရာမကို ဆွဲကိုင်လိုက်ပြီး နောက်ပြန်ဆုတ်သွားတယ်။ သူနာပြုဆရာမ၏ မျက်နှာသည် တွန့်လိမ်သွားကာ သူမသည် တံခါးမပိတ်သွားခင် နောက်ဆုံး တံခါးကို ဆုပ်ကိုင်ကာ ထိုလက်ထဲမှ အသည်းအသန် ရုန်းကန်တော့သည်။ ဒါကိုမြင်တော့ ချန်ကော က ရှေ့ကို ပြေးပြီး တံခါးကို ဆောင့်ပိတ်လိုက်တယ်။ တံခါးကို ဖွင့်မရအောင် သူ့အလေးချိန်ဖြင့် တွန်းထားလိုက်သည်။
 
ဝုန်း...

 တံခါးနောက်ကနေ ဆောင့်ကန်သံတွေ ထွက်လာတယ်။ ချန်ကော သည် ထိုမကောင်းဆိုးဝါးကို သူ့ရဲ့ သရဲအိမ်တွင် ကြုံဖူးသော်လည်း ကွာခြားချက်မှာ သရဲအိမ်ရှိ တံခါးသည် တစ်မိနစ်ခန့်သာ ပွင့်ပေမယ့် ဆေးရုံမှ တံခါးသည် မိုးလင်းသည့်အချိန်အထိ ပွင့်နေနိုင်သည်။

ဗုန်း...ဗုန်း...

တစ်စုံတစ်ခုက တံခါးကို ပြင်းပြင်းထန်ထန် တိုက်မိသွားကာ ထိုပြင်းအားက  ချန်ကော ရဲ့ နောက်ကျောကို ထုံကျင်သွားစေတယ်။

"တံခါးနောက်ကွယ်မှာ ဘယ်လိုနတ်ဆိုးမျိုးရှိနေတာလဲ၊ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေတာလဲ"

တံခါးပိတ်နည်းကို သူ မသိခဲ့သလို ဝင်ပေါက်ကို ပိတ်ဆို့ဖို့ သူ့အနားမှာ ဘာ အကူအညီမှ မရှိဘူး။ အဆိုးဆုံးမှာ တံခါးကို ထုနှက်ခြင်းက တံခါးတစ်ဖက်မှ မကောင်းဆိုးဝါး များကို ပိုမိုဆွဲဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။

"ဒီတံခါးကို ခဏပိတ်ထားနိုင်ရင်တောင်မှ ငါရအောင် ပိတ်ရမှာ။ မဟုတ်ရင် မနက်ဖြန်မနက် နေထွက်တာကို  ငါ မမြင်နိုင်တော့ဘူး။ သေချာပေါက် ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"
 ချန်ကော က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းကာ  တံခါးကို နောက်ပြန်ကျောမှီတွန်းထားပြီး ဒေါက်တာကောင်း  ကို ခေါ်ဖို့ သူ့ဖုန်းကို ဆွဲထုတ်လိုက်တယ်။

"ကျေးဇူးပြုပြီး မြန်မြန်ကိုင်ပါ...!"

လေးကြိမ်မြောက်မှာ တဖက်က  ပြန်ဖြေလာခဲ့တယ်။ ဒေါက်တာ ကောင်း  ၏ အသံသည် ဖုန်းထဲကနေ ပျံ့လွင့်လာသည်။

 "ချန်ကောလား ?"

လိုင်းမကောင်းတာကြောင့် ဒေါက်တာ ကောင်း  ၏အသံသည် ခပ်တိုးတိုးသာ ထွက်လာပြီး  ချန်ကော ကို ပို၍ ကြောက်ရွံ့စေသည်။

"ေးါက်တာ ကောင်း ၊  မန်နန်ခေါ်လိုက်ပါ၊ ကျွန်တော် အရေးပေါ်ကိစ္စရှိနေလို့!"

"သူ ဆေးရုံတက်နေတုန်းပဲ။ မင်းက ဘာလိုချင်လို့လဲ"

"ဒါက အသက်နဲ့ဆိုင်တဲ့ အခြေအနေပါ။ သူ့ကို စိတ်ကျန်းမာရေးဆေးရုံမှာ မွေးဖွားခဲ့တာပါ၊ ဆေးရုံ လူနာခန်းက လျှို့ဝှက်ထားတဲ့ တတိယမြောက်ပုဂ္ဂိုလ်ကတော့ မန်နန်အစစ်ပဲ"
ချန်ကော က အရေးတကြီး ပြောကြားခဲ့သည်။ ဒေါက်တာ ကောင်း  သည် သူ ပြောခဲ့သောစကားကြောင့် စိတ်ရှုပ်ထွေးနေချိန်တွင် ချန်ကော ၏ လျင်မြန်သောလေသံကြောင့် အခြေအနေက အရေးကြီးနေတယ်ဆိုတာ သူ သိလိုက်သည်။

"ငါ အခု ဆေးရုံကို မောင်းသွားလိုက်မယ်။ မိနစ်နှစ်ဆယ် နေရင် ရောက်မယ်။ ဖုန်းမချလိုက်နဲ့ ။ မင်း တစ်ခုခု လိုအပ်ရင် ငါ့ကို ပြောပါ"

"မိနစ်နှစ်ဆယ်လောက်ဆိုရင် ကျွန်တော် အသက်မရှင်နိုင်တော့ဘူး"

ချန်ကော ၏ ကျောသည် တံခါးတစ်ဖက်က အားပြင်းပြင်းထုရိုက်နေမှုကြောင့် နာကျင်နေပြီး သူ့ဘေးနားရှိ လူနာခန်း အနည်းငယ်ထဲမှ ထူးဆန်းသောအသံများ စတင်ထွက်ပေါ်လာသည်။
"ဒေါက်တာ ကောင်း ၊   မန်နန်ဆီကိုရောက်ရင်  လူနာထဲက အငယ်ဆုံးလူကို ခေါ်ဖို့ ကူညီပေးခိုင်းလိုက်ပါ...!"

***-***






































































Chapter (173) _ သူ႔ကိုႏႈိးလိုက္...


ဒီအသံကိုၾကားေတာ့ ခ်န္ေကာ က တုံ႔ဆိုင္းမေနဘဲ တံခါးကို ေဆာင့္ပိတ္လိုက္တယ္။ ေသာ့ကို ပိတ္လိုက္ခ်ိန္မွာ အေအးဓာတ္က သူ႔လက္ဖဝါးထဲသို႔ စိမ့္ဝင္သြားၿပီး သူ႔ခႏၶာကိုယ္အႏွံ႔ ပ်ံ႕ႏွံ႔သြားသည္။ သူသည္ တံခါးအျပင္ဘက္တြင္ ေအးခဲေနၿပီး ဆူညံသံ၏ အရင္းအျမစ္ကို ရွာေဖြဖုိ႕ပဲ ေသခ်ာ အာ႐ုံစူးစိုက္လိုက္သည္။

"ဒါက တံခါးအတြင္းကေန   ထြက္လာတာေသခ်ာပါတယ္၊ ဒါေပမယ့္ ဘယ္လမ္းေၾကာင္းကို ဦးတည္ေနတယ္ဆိုတာေတာ့ မသိႏိုင္ဘူး"
မ်က္ႏွာဖုံးစြပ္ထားသည့္ မေကာင္းဆိုးဝါး တစ္ေကာင္က သူ၏ ခႏၶာကိုယ္ကို စႀကႍလမ္း တေလွ်ာက္ တရြတ္ဆြဲလာမယ့္ ပံုကို ခ်န္ေကာရဲ႕စိတ္ထဲ ျမင္ေယာင္လာသည္။ ထိုစဥ္    အသံက နီးကပ္လာျပီး ႐ုတ္တရက္ ရပ္တန႔္သြားသည္။

 ခ်န္ေကာ ၏ ႂကြက္သားမ်ား စိတ္လႈပ္ရွားမႈေႀကာင့္ တင္းမာလာကာ စပ္စုေသာလိုေသာ စိတ္ေပၚလာခဲ့သည္။  သူ႔ေရွ႕က တံခါးက မွန္တစ္ခ်ပ္လိုပါပဲ။ ကမာၻႏွစ္ခု ရဲ႕ႀကား ခ်ိတ္ဆက္ထားျပီး တဖက္ ပရေလာကမွ မေကာင္းဆိုးဝါးက အခု ခ်န္ေကာ ရပ္ေနသည့္ တံခါး တစ္ဖက္က ေနရာတြင္ ရပ္ေနလိမ့္သည္။ သူတို႔ၾကားတြင္ တံခါးခ်ပ္လည္း တစ္ခ်ပ္သာ ျခားလို႕ ဘယ္သူမွ စိတ္လုိက္မာန္ပါ မလႈပ္ရွားရဲႀကဘူး။
 

စႀကႍတေလွ်ာက္မွာ ေလျပင္းမ်ား တိုက္ခတ္လာျပီး  ေလးငါး မိနစ္ခန္႕ အၾကာတြင္ ဒုတိယထပ္မွ တံခါးဖြင့္သံ ထြက္ေပၚလာသည္။ အမ်ိဳးသမီး သူနာျပဳက သူ ရွိသည့္ေနရာကို သိသြားပံုရသည္။ ဒါက ခ်န္ေကာ အတြက္ အဆင္မေျပဘူး။ သူနာျပဳဆရာမ ေရာက္လာတဲ့ အခ်ိန္ သူ လႈပ္လို႕မရတဲ့အတြက္ ဖမ္းမိသြားနိုင္တယ္။  တံခါးတစ္ဖက္က မေကာင္းဆိုးဝါး က  ရိပ္စားမိျပီး သူ    ႐ုတ္တရတ္ လႈပ္ရွားမႈတစ္ခုခုလုပ္ရင္ မေကာင္းဆိုးဝါး က တံခါးကေန ထြက္လာႏိုင္တယ္။

ဒါက အသံတိတ္ၿပိဳင္ပြဲတစ္ခုပဲ။ တံခါးအတြင္းမွ မေကာင္းဆိုးဝါးလည္းတုံ႔ဆိုင္းေနသည္။ တံခါးအျပင္ဘက္မွာ ခ်န္ေကာ က မေကာင္းဆိုးဝါး နဲ႔ ရင္ဆိုင္ဖို႔ အစီအစဥ္မရွိေသးဘူး။ ခုအခ်ိန္တြင္ သူ၏ အႀကီးမားဆုံး ရည္မွန္းခ်က္မွာ တံခါးကို ယာယီပိတ္ၿပီး ေဆး႐ုံထဲမွာ တညတာ အသက္ရွင္ေနနိုင္ဖို႕ တစ္ခုခုကို ရွာေဖြနိုင္ဖို႕ပဲျဖစ္သည္။

တတိယထပ္ႏွင့္ ဒုတိယထပ္တို႔ကို စစ္ေဆးၿပီးေသာ သူနာျပဳဆရာမသည္ ေနာက္ဆုံးတြင္ ပထမထပ္သို႔ ေရာက္လာသည္။ သူနာျပဳဆရာမသည္ ခ်န္ေကာ ကိုေတြ႕လိုက္ရေသာအခါတြင္ သူမ အသက္ရွင္ေနစဥ္အခ်ိန္က အရွက္တကြဲျဖစ္ခဲ့သည္ကို သတိရလိုက္ၿပီး  သူ႔ဆီသို႔ တဟုန္ထိုး ေျပးလာခဲ့သည္။

အလုံပိတ္ထားေသာ နာမက်န္းခန္းမထဲက အခန္းတစ္ခုအတြင္း ေမွာင္မိုက္ေနေသာ ခန္းမတစ္ခုတြင္ စုတ္ျပတ္ေနေသာသူနာျပဳဝတ္စုံဝတ္ထားသည့္ အ႐ူးမတစ္ေယာက္သည္ သူ႔ကို ဖမ္းဖို႕ အားကုန္ေပးလာေနသည္။ ဒီျမင္ကြင္းက တကယ္ကို ေၾကာက္စရာေကာင္းတဲ့ ျမင္ကြင္းပဲ။ ခ်န္ေကာ ၏လက္ေတြက ေသြးေႀကာေတြ ေထာင္ထလာသည္အထိ သံတူကို ဆုပ္ကိုင္ထားျပီး   သူနာျပဳဆရာမကို သူ႔မ်က္လုံးေထာင့္မွ လွမ္းၾကည့္လိုက္သည္။

"ငါ မင္းကို မွတ္စုစာအုပ္ ေပးထားၿပီးၿပီ၊ မင္း ငါ့ကို ဘာလို႔ လိုက္ေနတာတုန္း"

တကယ္လို႕ အျခားေနရာမွာသာ သူနာျပဳဆရာမနဲ႕ ဆံုခဲ့တယ္ဆိုရင္ ခ်န္ေကာက လန္႕ေနမည္မဟုတ္ေပ။ အခုေတာ့   တံခါးအတြင္းမွ မေကာင္းဆိုးဝါး နဲ႕ ရင္ဆိုင္ေနရလို႕ ခ်န္ေကာက ဖိအားေတြေအာက္ ေရာက္ေနသည္။ သူက အသံပဲႀကားရျပီး တံခါးတဖက္က မေကာင္းဆိုးဝါးရဲ႕ပံုကို မျမင္ရတာက ပိုဆိုးသည္။ ဒါကို စိတ္ကို အရမ္းေျခာက္ျခားေစသည္။   မျမင္ဖူးတဲ့အရာ မသိတဲ့အရာက ေႀကာက္စရာအေကာင္းဆံုးျဖစ္သည္။
 
သူနာျပဳဆရာမက ေနာက္မဆုတ္ပဲ သူမ၏ လက္သည္းမ်ားကို ယမ္းကာ မာန္ဖီျပီး ခ်န္ေကာနဲ႕    ဆယ္မီတာအကြာသို႕ ေရာက္ရွိလာသည္။ အသားခုတ္ဓါးနဲ႕ အခုတ္ခံထားရတဲ့ ဒဏ္ရာေတြက ျပန္လည္ေကာင္းမြန္လာၿပီး သူနာျပဳဆရာမရဲ႕ ယိမ္းယုိင္ေနတဲ့ ခႏၶာကိုယ္ဟာ ခိုင္မာလာ ခဲ့တယ္။ ခ်န္ေကာ သည္ သူနာျပဳ၏ ေပါင္ေပၚ၌ ခ်ိတ္ေနမိေသာ ကင္မရာကိုေတာင္ ျမင္ေနရသည္။
 
"မတြန္းနဲ႔။"

သူနာျပဳဆရာမသည္ ခ်န္ေကာနဲ႕ ငါးမီတာအကြာကိုေရာက္ေတာ့ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ ႏွစ္ေယာက္ၾကားတြင္ အားနည္းသူကို ေ႐ြးရမည္။  သူသည္ တံခါးအတြင္းမွ မေကာင္းဆိုးဝါးကို မကိုင္တြယ္ခင္ သူနာျပဳကို အရင္ ရွုင္းပစ္ရမည္။
 
ခ်န္ေကာ က တံခါးကေန သူ႔လက္ေတြကို ျဖည္းညႇင္းစြာ ျပန္ဆြဲထုတ္လိုက္ၿပီး သူနာျပဳဆရာမက နီးကပ္လာတဲ့အခါ ခ်န္ေကာ က သူမထက္ ပိုျမန္တဲ့ အရွိန္နဲ႔ သူမကို ဝင္တိုက္ပစ္လိုက္တယ္။ သံတူက ေျမာက္တက္လာျပီး  သူနာျပဳဆရာမကို စိတ္ရွိလက္ရွိ ရိုက္နွက္ပစ္လိုက္သည္။ တကယ္ေတာ့ ဒီသူနာျပဳက သတ္ရတာ နည္းနည္းခက္တာကလြဲလို႔   ဒီေလာက္ အစြမ္းထက္တာေတာ့ မဟုတ္ပါဘူး။

အသားခုတ္ဓားမက အမ်ိဳးသမီး၏ခႏၶာကိုယ္ကို ျဖတ္သြားေသာအခါ ခ်န္ေကာ သည္ ဆက္လက္ရန္မရွာေတာ့ေပ။  သူ႔ေနာက္ေက်ာက မေကာင္းဆုိးဝါးကမွ တကယ့္ ၿခိမ္းေျခာက္မႈႀကီးဆိုတာ သူသိတယ္။

ခ်န္ေကာ ႏွင့္ သူနာျပဳဆရာမတို႔ ရန္ျဖစ္ေနခ်ိန္ အခန္းနံပါတ္ 3 ရဲ႕ တံခါးမွ ေသြးမ်ား ထြက္က်လာသည္။ တံခါးေအာက္သို႔ ေသြးမ်ား စိမ့္က်လာေပမယ့္ ေျမျပင္ကို ထိမိေသာအခါ ေပ်ာက္ကြယ္သြားသည္ ။ ျပင္းထန္ေသာ စြမ္းအားတစ္ခုက အတြင္းမွ တံခါးကို တြန္းဖြင့္လိုက္ သလို တံခါးက ျဖည္းညႇင္းစြာ ပြင့္လာသည္ ။

"မေကာင္းဆိုးယါးက ထြက္လာျပီ!"

 ထိုစကၠန႔္အနည္းငယ္အတြင္း သူနာျပဳကို အျပည့္အဝ ကိုင္တြယ္ဖို႕ မလုံေလာက္သျဖင့္ ခ်န္ေကာ သည္ မေကာင္းဆိုးဝါးနဲ႕ သူနာျပဳအႀကား ပိတ္ပိတ္သြားသည္။   သူနာျပဳဆရာမက သူ႔ကို စပါးႀကီးေျမြလို တင္းတင္းက်ပ္က်ပ္ ခ်ဳပ္ေနွာင္ထားဖို႕ ႀကိဳးစားရင္း  သူ႔ခႏၶာကိုယ္ကို ရစ္ပတ္ေနကာ  သူ႔ကို အေသအလဲ မုန္းတီးေနပံုရသည္။
 
သူ႔ေနာက္ေက်ာဘက္က ခ်ည္းကပ္လာတဲ့ ၿခိမ္းေျခာက္မႈၿကီးေႀကာင့္  ခ်န္ေကာရဲ႕နွလံုး သားေလး တင္းက်ပ္လာခဲ့သည္။   သူသည္ သူနာျပဳထံမွ ႐ုန္းထြက္ရန္ ႐ုန္းကန္ၿပီး သူနာျပဳကို   ျပင္းျပင္းထန္ထန္ ႐ိုက္နွက္ခဲ့သည္။ အနက္ေရာင္ဖုန္းမွ ေပးခဲ့ေသာ သံတူသည္ သရဲတေစၦမ်ားအေပၚ အစြမ္းထက္သည့္ အက်ိဳးသက္ေရာက္မႈရွိၿပီး သူနာျပဳဆရာမ၏ ခႏၶာကိုယ္ေပၚသို႔ တူျဖင့္ ထုရိုက္မိခ်ိန္မွာ သက္ေသျပခဲ့သည္။ ခ်န္ေကာ က သူနာျပဳကို     ေရွ႕ကို တြန္းခ်လိုက္ခ်ိန္ သူနာျပဳက  ခ်န္ေကာ နဲ႔ ေသြးေတြစိမ့္က်ေနသည့္ တံခါးၾကားကို က်သြားခဲ့တယ္။

တံခါးက တစ္ဝက္ပြင့္ေနၿပီး တစ္ခုခု အျပင္ထြက္လာတယ္။

"ဒါ မင္းပိုင္တဲ့ ေနရာမဟုတ္ဘူး!"

ခ်န္ေကာ က သူ႔တိုက္ခိုက္မႈကို ဆက္လုပ္ခဲ့တယ္။ သာမာန္နည္းလမ္းက သူနာျပဳကို မသတ္ႏိုင္တာေၾကာင့္ သူ ရရွိႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းကို ႀကိဳးစားခဲ့တယ္—သူက သူနာျပဳကို ေသြးတံခါးထဲကို အတင္းတြန္းထည့္ကာ တံခါးကိုပိတ္ေအာင္ လုပ္ခဲ့သည္။

ခ်န္ေကာ ေမွ်ာ္မွန္းထားသည္ထက္ အဆင္ေျပကာ ျမင္ကြင္းက ေၾကာက္စရာေကာင္းလြန္း လွသည္။ သူနာျပဳဆရာမသည္ တံခါးအနီးသို႔ေရာက္ေသာအခါတြင္ ပြင့္ေနေသာ တံခါး၏တစ္ဖက္ျခမ္းမွ ဆံပင္ရွည္ေတြ ထြက္လာသည္။ ခ်န္ေကာ က ေစာေစာက ရပ္ေနတဲ့ေနရာကို လွမ္းလာခဲ့စဥ္  သူနာျပဳႏွင့္ တိုက္ခိုက္ေနသည့္ ခ်န္ေကာက ထိုအရာရွိရာကို သူနာျပဳကို ရည္ရြယ္ခ်က္ရွိရွိ တြန္းခ်လိုက္သည္။
 
ထု္ိ လက္တစ္ဖက္က သူနာျပဳဆရာမကို ဆြဲကိုင္လိုက္ၿပီး ေနာက္ျပန္ဆုတ္သြားတယ္။ သူနာျပဳဆရာမ၏ မ်က္ႏွာသည္ တြန္႕လိမ္သြားကာ သူမသည္ တံခါးမပိတ္သြားခင္ ေနာက္ဆံုး တံခါးကို ဆုပ္ကိုင္ကာ ထိုလက္ထဲမွ အသည္းအသန္ ရုန္းကန္ေတာ့သည္။ ဒါကိုျမင္ေတာ့ ခ်န္ေကာ က ေရွ႕ကို ေျပးၿပီး တံခါးကို ေဆာင့္ပိတ္လိုက္တယ္။ တံခါးကို ဖြင့္မရေအာင္ သူ႔အေလးခ်ိန္ျဖင့္ တြန္းထားလိုက္သည္။
 
ဝုန္း...

 တံခါးေနာက္ကေန ေဆာင့္ကန္သံေတြ ထြက္လာတယ္။ ခ်န္ေကာ သည္ ထိုမေကာင္းဆိုးဝါးကို သူ႕ရဲ႕ သရဲအိမ္တြင္ ႀကဳံဖူးေသာ္လည္း ကြာျခားခ်က္မွာ သရဲအိမ္ရွိ တံခါးသည္ တစ္မိနစ္ခန႔္သာ ပြင့္ေပမယ့္ ေဆး႐ုံမွ တံခါးသည္ မိုးလင္းသည့္အခ်ိန္အထိ ပြင့္ေနနိိုင္သည္။

ဗုန္း...ဗုန္း...

တစ္စုံတစ္ခုက တံခါးကို ျပင္းျပင္းထန္ထန္ တိုက္မိသြားကာ ထုိျပင္းအားက  ခ်န္ေကာ ရဲ႕ ေနာက္ေက်ာကို ထုံက်င္သြားေစတယ္။

"တံခါးေနာက္ကြယ္မွာ ဘယ္လိုနတ္ဆိုးမ်ိဳးရွိေနတာလဲ၊ ဘာလို႔ ဒီေလာက္ေတာင္ အစြမ္းထက္ေနတာလဲ"

တံခါးပိတ္နည္းကို သူ မသိခဲ့သလို ဝင္ေပါက္ကို ပိတ္ဆို႔ဖို႔ သူ႔အနားမွာ ဘာ အကူအညီမွ မရွိဘူး။ အဆိုးဆုံးမွာ တံခါးကို ထုနွက္ျခင္းက တံခါးတစ္ဖက္မွ မေကာင္းဆိုးဝါး မ်ားကို ပိုမိုဆြဲေဆာင္ႏိုင္ျခင္းေၾကာင့္ ျဖစ္သည္။

"ဒီတံခါးကို ခဏပိတ္ထားနိုင္ရင္ေတာင္မွ ငါရေအာင္ ပိတ္ရမွာ။ မဟုတ္ရင္ မနက္ျဖန္မနက္ ေနထြက္တာကို  ငါ မျမင္နုိင္ေတာ့ဘူး။ ေသခ်ာေပါက္ ငါ အသက္ရွင္ႏိုင္မွာ မဟုတ္ဘူး။"
 ခ်န္ေကာ က သူ႔ကိုယ္သူ တည္ၿငိမ္ေအာင္ ထိန္းကာ  တံခါးကို ေနာက္ျပန္ေက်ာမွီတြန္းထားျပီး ေဒါက္တာေကာင္း  ကို ေခၚဖို႔ သူ႔ဖုန္းကို ဆြဲထုတ္လိုက္တယ္။

"ေက်းဇူးျပဳၿပီး ျမန္ျမန္ကိုင္ပါ...!"

ေလးႀကိ္မ္ေျမာက္မွာ တဖက္က  ျပန္ေျဖလာခဲ့တယ္။ ေဒါက္တာ ေကာင္း  ၏ အသံသည္ ဖုန္းထဲကေန ပ်ံ႕လြင့္လာသည္။

 "ခ်န္ေကာလား ?"

လိုင္းမေကာင္းတာေႀကာင့္ ေဒါက္တာ ေကာင္း  ၏အသံသည္ ခပ္တုိုးတိုးသာ ထြက္လာျပီး  ခ်န္ေကာ ကို ပို၍ ေၾကာက္႐ြံ႕ေစသည္။

"ေးါက္တာ ေကာင္း ၊  မန္နန္ေခၚလိုက္ပါ၊ ကြ်န္ေတာ္ အေရးေပၚကိစၥရွိေနလို႔!"

"သူ ေဆး႐ုံတက္ေနတုန္းပဲ။ မင္းက ဘာလိုခ်င္လို႔လဲ"

"ဒါက အသက္နဲ႔ဆိုင္တဲ့ အေျခအေနပါ။ သူ႔ကို စိတ္က်န္းမာေရးေဆး႐ုံမွာ ေမြးဖြားခဲ့တာပါ၊ ေဆးရံု လူနာခန္းက လွ်ိဳ႕ဝွက္ထားတဲ့ တတိယေျမာက္ပုဂၢိဳလ္ကေတာ့ မန္နန္အစစ္ပဲ"
ခ်န္ေကာ က အေရးတႀကီး ေျပာၾကားခဲ့သည္။ ေဒါက္တာ ေကာင္း  သည္ သူ ေျပာခဲ့ေသာစကားေၾကာင့္ စိတ္ရႈပ္ေထြးေနခ်ိန္တြင္ ခ်န္ေကာ ၏ လ်င္ျမန္ေသာေလသံေၾကာင့္ အေျခအေနက အေရးႀကီးေနတယ္ဆိုတာ သူ သိလိုက္သည္။

"ငါ အခု ေဆး႐ုံကို ေမာင္းသြားလိုက္မယ္။ မိနစ္ႏွစ္ဆယ္ ေနရင္ ေရာက္မယ္။ ဖုန္းမခ်လိုက္နဲ႔ ။ မင္း တစ္ခုခု လိုအပ္ရင္ ငါ့ကို ေျပာပါ"

"မိနစ္ႏွစ္ဆယ္ေလာက္ဆိုရင္ ကြ်န္ေတာ္ အသက္မရွင္ႏိုင္ေတာ့ဘူး"

ခ်န္ေကာ ၏ ေက်ာသည္ တံခါးတစ္ဖက္က အားျပင္းျပင္းထုရိုက္ေနမႈေႀကာင့္ နာက်င္ေနၿပီး သူ႔ေဘးနားရွိ လူနာခန္း အနည္းငယ္ထဲမွ ထူးဆန္းေသာအသံမ်ား စတင္ထြက္ေပၚလာသည္။
"ေဒါက္တာ ေကာင္း ၊   မန္နန္ဆီကိုေရာက္ရင္  လူနာထဲက အငယ္ဆုံးလူကို ေခၚဖို႔ ကူညီေပးခုိ္င္းလိုက္ပါ...!"

***-***

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now