Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်

817 204 7
                                    

Chapter (123) - လွတ်မြောက်ခြင်း



အရိပ်က တံခါးကို မရောက်ခင် သွေးအတုတွေ စွန်းထင်းနေသည့် အရုပ်မလေး ရှောင်းရှောင်းက လေထုကို ဖြတ်သန်းပြီး အရိပ်ဆီကိုရောက်သွားခဲ့သည်။

ထူးဆန်းသည်မှာ ပုံသဏ္ဍာန်ထူးဆန်းသော အရိပ်ပေါ်သို့ အရုပ်မလေးကျသွားသည်နှင့် ထိုအရိပ်၏လက်မောင်းကို အရုပ်မလေးက ကိုက်လိုက်သည်။

"ကောင်းကောင်း အဆုံးသတ်လိုက်ပြီ!"

ချန်ကောက အရိပ်ဆိကို လက်နှိပ်ဓာတ်မီးနှင့် ထိုးလိုက်သည်။ တောက်ပသော အလင်းရောင် အောက်တွင် အရိပ်မှတောက်ပလာပြီး အရောင်များ မှေးမှိန်လာသည်။ မှန်မရှိရင် မကောင်းဆိုးဝါးက မျှော်လင့်ထားတာထက်အားနည်းနေတယ်။ မကောင်းဆိုးဝါးက သူ၏ခန္ဓာကိုယ်၏အစိတ်အပိုင်းကို စွန့်ပစ်ခဲ့ပြီးအခန်း ၃၀၂ သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

အဆိုပါ မကောင်းဆိုးဝါး စွန့်ပစ်ခဲ့သော အစိတ် အပိုင်းများ မကြာမီ ပျောက်ကွယ်သွားပြီး လေထုထဲ ပျောက်ကွယ်သွားသလား၊ ရှောင်ရှောင်းက စားပစ်သလား မသိတော့ပေ။


ဤအရာများကို စားခြင်းသည် ရှောင်ရှောင်း အတွက် အကျိုးရှိသည်။ ချန်ကောက ရှောင်ရှောင်းကို ပြန်ကောက်ကာ သူ့အိတ်ကပ်ထဲထည့်ပြီး အခန်း ၃၀၂ ၏တံခါးကိုခေါက်လိုက်သည်။

" လာပြီ!"

သံမဏိတံခါးအိုကြီးက ဖုန်မှုန့်များနှင့်သံချေးများ တက်နေပြီး တံခါးဘောင်က ခပ်ကြမ်းကြမ်းလှုပ် လိုက်ရင်ကို တုန်ခါနေသည်။ ရုတ်ရုတ်သဲသဲဖြစ် နေသောကြောင့် အနီးအနားရှိ အိမ်ငှားများအားလုံး သတိပေးခံရသလို ဖြစ်လာသည်။ အခန်း ၃၀၁ တံခါးက တံခါးကို နည်းနည်းဟကာ ကြည့်လိုက်သည်။


"ဒီမှာ ဘာလို့ ရုတ်ရုတ်သဲသဲဖြစ်နေတာလဲ?"

လူလတ်ပိုင်း အရက်သမားကြီးက သူ့အခန်းထဲက ထွက်မလာပဲ လှမ်းမေးလိုက်သည်။

အခန်း ၃၀၂ ၏တံခါး ရုတ်တရက်ဖွင့်လိုက်သည်။ ထိုတွင်နေထိုင်သောလူငယ်သည် သူ၏လက်၌ ဓားမြှောင်ကိုင်ပြီး ချန်ကော ကိုရူးသွပ်စွာ လှမ်းခုတ်လိုက်သည်။

မှန်ထဲက မကောင်းဆိုးဝါးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့လေပြီ။ စင်္ကြံသည် အလွန်ကျဉ်းမြောင်း သောကြောင့် ချန်ကော နောက်ဆုတ်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး အခန်း 301 ထဲ ဝင်လိုက်သည်။


တံခါးကို အပြင်ကနေ ခုတ်ထစ်နေသည့် ဓါးသံက စိတ်လှုပ်ရှားစရာဖြစ်နေခဲ့သည်။ ထိုကောင်လေးသည် လုံးဝ စိတ်ဖောက်ပြန် ခဲ့ရလေပြီ။ သူ၏မျက်စိသည် သွေးရောင်ရဲနေပြီး မျက်နှာက ရူးသွပ်နေသလိုပင် အားကုန်သုံးကာ အခန်း 301 ၏ တံခါးကို ဓါးဖြင့် ခုတ်ကာ ဖွင့်ရန်ကြိုးစားနေသည်။ သူသည် ချန်ကောကို အပိုင်းပိုင်းခုတ်ရန်စီစဉ်နေ ပုံရသည်။

ရက်သတ္တပတ်များစွာ စီစဉ်ထားပြီးနောက်ဆုံးတွင် သူက မန်နန်၏ခန္ဓာကိုယ်ထဲသို့ ၀ င်ရောက်ရခါနီးမှ ချန်ကောက တားဆီးခဲ့သည်။ ဒါအပြင် ဒီတိုက်ပွဲအတွင်း သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရသည်။ စင်္ကြံထဲတွင် သံမဏိတံခါးနှင့် သံမဏိဓါး ထိသံကိုသာ ကြားနေရသည်။

"ဘာဖြစ်နေတာလဲ?"

အခန်းတွင်းရှိလူလတ်ပိုင်းအရွယ် လူသည် ကြောက်လန့်ပြီး ခြေထောက်ပျော့ခွေနေသည်၊

"ကူညီပါ!"

အခန်းတံခါးကိုသော့ခတ်လို့မရဘူး။ ချန်ကောက အတွင်းကနေ အတင်းဆွဲထားပြီးေ ပြာလိုက်သည်။

"ငါ ... ငါ ရဲကိုခေါ်လိုက်ပါ့မယ်!"

လူလတ်ပိုင်းယောက်ျားသည်တံခါးနားသို့မလာရဲပါ။ သူက ပိုက်ထားတဲ့ ဘီယာပုလင်းကို စားပွဲပေါ်တင်လိုက်ပြီး ဖုန်းကိုမြန်မြန်ရှာလိုက်တယ်။ အလျင်အမြန် သူသည် ဘီယာဗူးခွံများစွာကို ကျော်ခွလိုက်သည်။

" တံခါးကိုလာကူဆွဲပေးဖို့ ပြောနေတာ !"

အဆိုပါ ဓါး၏အသံ ဆူညံနေလို့ အောက်ထပ်က အခန်းတွေက မီးဖွင့်ကာ အခန်းကထွက်လာပြီး စုံစမ်းကြသည်။

အခန်း ၃၀၄ တွင် ဒေါက်တာကောင်း သည် မန်နန် ကို ဧည့်ခန်း ဆိုဖာပေါ်တွင် သိပ်ထားလိုက်ပြီး ချန်ကော၏ အကူညီတောင်းသံကြောင့် အပြင်ကို ထွက်လာသည်။

အခန်း ၃၀၂ မှလူငယ် ၏အာရုံသည် အခန်း 301 ထဲကိုဝင်နေသည့် ချန်ကော အပေါ်အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ ဆရာဝန် က ဒီအခွင့်အရေးကို သုံးပြီး နောက်ကွယ်မှ ခိုးကြောင်ခိုးဝှက် ကပ်လာ ခဲ့သည်။ သူသည် လူငယ်နှင့် တစ်မီတာအကွာအဝေးတွင် ရောက်တော့ ကောင်လေးရဲ့ ကျာရိုး၏အထက်ပိုင်းကို ရိုက်ရန် ထိုင်ခုံကိုမြှောက်ခဲ့သည်။ Doctor ၏ပစ်မှတ်သည် ထိုလူငယ်၏ခေါင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကြောင်းပြချက်အချို့ကြောင့် သူက ကျောကိုပဲ ရိုက်လိုက်သည်။

ထိုလူငယ်သည် ဆရာဝန်၏ရိုက်ချက်ကြောင့် ဟ န်ချက်ပျက်ကာ ယိုင်ထွက်သွားခဲ့ပြီး ဆရာဝန်ကို သွေးရောင်ရဲနေသည့် မျက်လုံးဖြင့် စိုက်ကြည့်နေသည်။ သူ့လည်ချောင်းထဲက အသံထွက်လာပြီး ဆရာဝန်ကိုတိုက်ခိုက်ရန် လှည့်လိုက်စဉ် အထဲက ချောင်းကြည့်နေသည့် ချန်ကောက အခွင့်ကောင်းယူပြီး
တံခါးကိုဖွင့်လိုက်သည်။ ချန်ကောသည် ကြမ်းပြင်မှပုလင်းတစ်လုံးကို ကောက်ယူလိုက်ပြီး လူငယ်၏ခေါင်းကို ရိုက်လိုက်သည်။

ပုလင်းကွဲသွားပြီး လူငယ်ရဲ့ခေါင်းမှ သွေးတွေစီးကျလာတယ်။ ချန်ကော သည်ရှေ့သို့တက်။ ကာ လူငယ်ကို ကြမ်းပြင်ပေါ် လှဲချလိုက်သည်။ ဒေါက်တာသည် ထိုလူငယ်အား ဖမ်းရန်ရှေ့သို့ ပြေးလာသည်။

ထိုလူငယ်သည် သူ့အား ဝိုင်းဝန်းထိန်းသိမ်းရန် အခြားအိမ်ငှားများ မလာမချင်း ခုခံရန်ကြိုးစားနေ ခဲ့သည်။ ထို့နောက် သူသည်နောက်ဆုံး၌ သူ၏ခုခံမှုကို စွန့်လွှတ်လိုက်သည်။ သူ၏ပါးကို ဘိလပ်မြေကြမ်းပြင် ပေါ်သို့ဖိချခံလိုက်သောအခါ ချန်ကော ၏ရုပ်ရည်ကို အလွတ်မှတ်ရန်ကြိုးစားနေ သကဲ့သို့လူငယ်၏ မျက်လုံးများမှာချန်ကောဆီကိုပဲ အာရုံစိုက်နေခဲ့သည်။

သုံးမိနစ်အကြာတွင် ထိုလူငယ်၏မျက်သား သူငယ်အိမ်လှန်သွားပြီး သတိလစ်သွားသည်။ တစ်ချိန်တည်းမှာပင် နံရံပေါ်၌ထင်ဟပ်နေသော လူငယ်၏အရိပ်သည် ရုတ်တရက်ရွေ့လျားသွားပြီး လှေကားအောက်သို့ ဆင်းပြေးသွားသည်။

လူအများအပြားက ထိုအရာကိုတွေ့မြင်ခဲ့ကြ သော်လည်း၊ သူတို့ ဘာမှ မလုပ်ရသေးခင် ထို အရိပ် ပျောက်ကွယ်သွားသည်။

"အဲဒါဘာလဲ?"

ဆရာဝန် ၏မျက်လုံးများ ပြူးကျယ်လာသည်။ အဲဒီညမှာ ထူးဆန်းတဲ့အရာတွေအများကြီးဖြစ်ခဲ့တယ်။

" သိပ်မသေချာဘူး။ "

လူငယ်လေးရဲ့အကြည့်က အရင်တခါ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသော လူသတ်သမား၏ လက်စားချေချင်သော မျက်လုံးများနှင့်တူကာ ချန်ကော အရမ်းရင်းနှီးနေသည်ကို တွေ့လိုက်ရသည်။ သူက မှန်ထဲက မကောင်းဆိုးဝါးကို ပြန်လည်သတိရလိုက် သည်။

အဲဒါ ဖြစ်နိုင်တယ်...သူတို့ထဲ မှန်မှာရှိတဲ့ တူညီသော ကမ္ဘာမှ လာခဲ့တာများလား။

ချန်ကောသည် အရိပ်ကို လိုက်ဖမ်းဖို့ အောက်ကို ဆင်းလိုက်မည်အပြု အိမ်ရှင်က တက်လာခဲ့သည်။
အိမ်ရှင်က မျက်နှာထားတင်းတင်းဖြင့် လှေကားကိုပိတ်ရပ်လိုက်တယ်။

အိမ်ရှင်ကိုရော မကောင်းဆိုးဝါးက အပိုင်စီးထားပြီလား...


ချန်ကောက နောက်ဆုတ်ကာ အကဲခတ်လိုက်စဉ် အိမ်ရှင်အမျိုးသမိးက ညနက်သန်းခေါင် ဘာကြောင့် ဆူညံနေသလဲလို့ ပြောခဲ့သည်။ သူမ၏တိုက်ခန်း ၌ဖြစ်ပျက်ခဲ့သော ပြသနာများ၏အကြောင်းရင်းမှာ သူမကို စိတ်မသက်သာဖြစ်စေသည်။

" ညမှာ မင်း ဘာလုပ်နေတာလဲ။ "

အိမ်ရှင်သည်တတိယအထပ်သို့တက်လာသည်။ အိမ်ငှားအချို့သည် သူမနောက်မှ လိုက်ကြသည်။ ချန်ကော က ဘာပြောရမလည်းဆိုတာ စဉ်းစားနေတုန်း အခန်း ၃၀၁ က လူလတ်ပိုင်း က ဖုန်းကိုကိုင်ပြီး ထွက်လာသည်။

သူက အိမ်ရှင်၏နားရွက်နားကို တိုးတိုးလေးပြန်ပြောလိုက်သည်။

"အစ်မ.. ယောက်ဖ ပြန်လာပြီလို့ ကျွန်တော ်ခံစားရတယ်။ အခန်း ၃၀၂ မှာရှိတဲ့ ရှောင်တုက ဒီဓားကိုသုံးပြီး လူတွေကို တိုက်ခိုက်ခဲ့တယ်။ ဒါဟာယောဖရဲ့ အခြေအနေနဲ့လုံးဝအတူတူပဲ"

သူကဒီအကြောင်းကိုပြောတော့ ပတ်ပတ်လည်မှာ စုရုံးနေကြတဲ့ လူတွေက လူစုကွဲသွားကြတယ်။ သူတို့အခန်းထဲပြန်ဝင်လာပြီး တံခါးကိုတင်းတင်းပိတ်ထားလိုက်သည်။

"အားလုံး ဘယ်လိုတွေ အဆင်မပြေဖြစ်နေကြတာလဲ?"

အိမ်ရှင်က တတိယထပ်စင်္ကြံမှာရှိတဲ့ ပရမ်းပတာ အခြေအနေကိုကြည့်နေတယ်။ ချန်ကောနှင့် ဆရာဝန် က အိမ်ရှင်နဲ့ စကားပြောနေစဉ် အမျိုးသမိးရဲ့ မောင်က အခန်း 302က ကောင်လေးကို ဆေးရုံလိုက်ပို့ပေး ခဲ့သည်။

"ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုကာကွယ်ရုံပဲ၊ အခန်း ၃၀၂ က ကလေးသည် ကျွန်တော်တို့ကို သေလုနီးပါးဖြစ်စေခဲ့တယ်"

"ကျွန်မ သိတယ်။ ကျွန်မက ဒီနေရာကို ဆက်ဌားဖို့လိုတယ်။ မကောင်းတဲ့သတင်းထွက်သွားရင် အဆင်မပြေဘူး။ ကျွန်မက အဲ့ဒီကောင်လေးရဲ့ ဆေးဖိုးကို ကျခံလိုက်မယ်။ ဒီအဖြစ်ကို ရဲစခန်းကို မတိုက်ပဲနေရင်ကော..ဘယ်လိုလဲ... ကလေးက ငယ်သေးတယ်၊ သူ့အနာဂတ်ကို ကျွန်မ မဖျက်ဆီးချင်ဘူး"

အိမ်ရှင်က သူမပိုင်သည့် တိုက်ခန်း၏ အခန်း ၃၀၃ ရှိလျှို့ဝှက်ချက်နှင့်အခန်း ၃၀၂ ၏ လူငယ်လေး၏ ရူးသွပ်မှုအကြောင်းအရင်းကို သူမ သိနေပြီးလျှို့ဝှက် ထား ချင်ကြောင်း ချန်ကော သိလိုက် သည်။

ကောင်းကျိုးနှင့်ဆိုးကျိုးများကို စဉ်းစားပြီးနောက် အိမ်ရှင်ကို ဖိအားပေးခြင်းမှာ အကျိုးမရှိကြောင်း ချန်ကောက သဘောပေါက်သည်။ နောက်ဆုံးတွင် သူ၏ အနက်ရောင် ဖုန်းမှ မစ်ရှင်ပြီးဆုံးခဲ့သည်။

ချန်ကော က ဒီကိစ္စကို Doctor နှင့်ဆွေးနွေးခဲ့ပြီး သူတို့နှစ် ဦး လုံးကအိမ်ရှင်နှင့်သဘောတူခဲ့သည်။

အိမ်ရှင်က ထွက်ခွာသွားပြီးနောက် ဆရာဝန် သည် ချန်ကောကို ခေါ်ပြီး ဧည့်ခန်းတွင်စောင့်နေသည့် မန်နန် ကိုစောင့်ရှောက်ရန် အခန်း ၃၀၄ သို့ပြန်သွားခဲ့သည်။ သူ့မှာမေးခွန်းတွေအများကြီးကျန်နေသေးတယ်။

***-***

Chapter (124) - အနီရောင်အငြိုးအတေး ဝိဉာဉ်ဖြစ်နိုင်တယ်


တစ်နာရီအကြာတွင် အခန်း ၃၀၂ မှလူငယ်နှင့် အတူလူလတ်ပိုင်း လူက ဟိုင်မင်တိုက်ခန်းကို တိုက်ခန်းသို့ပြန်လာခဲ့သည်။ ထိုလူငယ်သည် သူ၏ခေါင်းပေါ်တွင်ပတ်တီးစီးထားသည်။

"မင်း နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီပဲ.. "

ချန်ကော သည် အခန်း ၃၀၄ မှ ထွက်လာပြ၊ီး သူ၏လက်မှာ တူကိုကိုင်ထားဆဲဖြစ်သည်။

" စိတ်မပူပါနဲ့၊ မင်းကို ငါ မနာကျင်စေပါဘူး ။ ငါ မင်းကို မေးခွန်းတွေ မေးချင်တယ်"

ထိုလုလင်၏မျက်လုံးများသည် သူ့အခန်းတံခါးကိုမဖွင့်မီ ချန်ကောနှင့် အကြည့်မဆုံပဲ ရှောင်ရှားနေခဲ့သည်။

"ဒါဆို အခန်းထဲကို လာကြပါ။ "

အခန်း ၃၀၂ တွင် မွှန်ထူနေသော အပုပ်နံ့ရှိနေခဲ့သည်။ အခန်းအလယ်၌ ရပ်ပြီး အိမ်ရှင်အမျိုးသမိး၏မောင်က သူ၏နှာခေါင်းအပေါ်တွင် လက်ကို အုပ်တင်ထားသည်။

"ဒီနေရာကို ခင်ဗျား သန့်ရှင်းရေးမလုပ်တာ ဘယ်လောက်ကြာ ပြီလဲ။ အစားအစာတချို့ အချဉ်ပေါက်သွားပြီလား၊ တစ်ခုခုရှိနေတာလား"

ချန်ကောက ရှုပ်ထွေးနေတယ်။ အခန်းက သပ်သပ်ရပ်ရပ်ဖြစ်ဟန်ရှိသည်။ သူက ဖြစ်သလို နေတတ်သည့် လူပုံတော့ မပေါက်ပေ။


"လွန်ခဲ့သော ၂ လ အတွင်းဖြစ်ပျက်ခဲ့တဲ့ အရာတွေက အိပ်မက်တစ်ခုလို ခံစားခဲ့ရတယ် "

ထိုလူငယ်သည်သူ၏ ဦး ခေါင်းကို ကိုင်ပြီးအိပ်ရာသို့ သွားလိုက်ကာ အိပ်ယာအောက်မှ အနက်ရောင် ပလပ်စတစ်အိတ် ကိုဆွဲထုတ်လိုက်တယ်။ ဒါဟာသေးငယ်တဲ့တိရိစ္ဆာန် အသေကောင်နှင့် ပြည့်နေသည်။

"ဒါဟာ ကျွန်တော် အိပ်မပျော်စေတဲ့ အိပ်မက်ဆိုးတစ်ခု လိုပါပဲ။ "

ချန်ကောက အိတ်ထဲကိုလှည့်ကြည့်လိုက်ပြီး လူငယ်ကို ပြန်ကြည့်လိုက်သည်။

"အခု မင်းရဲ့ အိပ်မက်ဆိုးပြီးသွားပြီ၊ မင်းဖုန်းကွယ်နေတဲ့ အရာတွေ ငါ့ကို ပြောပြပေးပါ "

ထိုလူငယ်သည် အိတ်ကိုဘေးဖယ်ပြီး တောင်းပန်ခဲ့သည်။

"လွန်ခဲ့တဲ့သုံးလက ဒီအခန်းကို ကျွန်တော်ပြောင်းရွှေ့ လာတဲ့အခါ အိမ်ရှင်က ကျွန်တော် စိတ်မသက်မသာ ဖြစ်ခဲ့ရင် ဒါမှမဟုတ် ထူးဆန်းတဲ့အရာ တစ်ခုခုနဲ့ တွေ့မိရင် လွတ်လွတ်လပ်လပ် ထွက်သွားနိုင်တယ် လို့ပြောခဲ့ တယ်။ အဲဒီညရဲ့ ပထမဆုံးညမှာ ကျွန်တော် အိပ်မက်ဆိုးမက်ခဲ့တယ်။ ကျွန်တော်က ပြတင်းပေါက် တစ်ခု အကြောင်း အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်တော်ဟာ အဲဒါကိုပိတ်ဖို့သွားခဲ့တယ်၊ ဘေးအခန်းမှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အစပိုင်းမှာတော့ ကျွန်တော် သိပ်ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအိပ်မက်ဟာ အကြိမ်ကြိမ် အထပ်ထပ်အခါခါ မက်နေပြီး တစ်နေ့မှာ ရုတ်တရက် ကျွန်တော်အိမ်ရှေ့အခန်းထဲမှာ အဲ့လူက ကျွန်တော့်အခန်းထဲ ဝင်လာပြီဆိုတာ ရုတ်တရက် သဘောပေါက် လိုက်တယ်။ ခုခံတွန်းလှန်နိုင် ပေမယ့် ကျွန်တော် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို နာကျင်အောင်မလုပ်ချင်ဘူး။ သူ့ကို ကူညီပေးစေချင်ခဲ့တယ်တဲ့ "


"အဲဒီ အိပ်မက်ပြီးတဲ့နောက် မနက်တစ်လျှောက်လုံး ကျွန်တော် အာရုံစူးစိုက်မှု ပျောက်ဆုံးသွားတယ်။ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ရဲ့ နေရာမှာ နေဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အဲဒီလူက ကျွန်တော်နဲ့ ပတ်သတ်နေပုံရပြီး ဘယ်မှာ နေနေ အိပ်မက်ထဲမှာ သူ ပေါ်လာတယ်။ ဒီတစ်ခါ အဲ့လူက အိပ်ယာဘေးမှာ တိုက်ရိုက်ရောက်လာတယ်"

"ကျွန်တော် ထွက်ပြေးလွတ်မြောက်နိုင်တဲ့ နည်းလမ်းမရှိဘူးလို့ဒီလူကပြောတယ်။ သူက ကျွန်တော် သူ့ကိုကူညီနေသမျှ ကာလပတ်လုံး ကျွန်တော့်ကို အနှောက်အယှက်မပေးတော့ဘူးလို့ပြောခဲ့တယ်။ သူပြောတာကို ကျွန်တော်ယုံခဲ့တယ်။ ဒါကြောင့် သူက တိရိစ္ဆာန်အချို့ဖမ်းဖို့ ကျွန်တော့်ကို ခိုင်းခဲ့တယ်။ ကျွန်တော် စာကလေးတွေကို ဖမ်းပြီး အခန်း 303 ထဲကို ပစ်ထည့်လိုက်တယ်။ ပစ်ထည့်တုန်းက အရှင်ပေမယ့် နောက်နေ့ သွားကြည့်ရင် တိရစ္ဆာန်များအားလုံးသေသွားတာ တွေ့ရတယ်။
သူတို့အလောင်းတွေမှာမြင်နိုင်တဲ့ ဒဏ်ရာတွေ မတွေ့ရဘူး၊ "

သူဆက်ပြောလေလေ လူငယ်လေးက ပိုပြီးကြောက်လာလေပဲ။

" အိပ်မက်ထဲမှာ သူနဲ့ကျွန်တော် လွတ်မြောက်ချင် ခဲ့တယ်။ ဒါပေမယ့် သူ့ အစာစားချင်စိတ်က ကြီးထွားလာတယ်။ အစပိုင်းမှာ သူဟာ စာကလေး တစ်ကောင် ဒါမှမဟုတ် ကြွက်တစ်ကောင် လိုချင်တယ်၊ ဒါပေမယ့် တစ်ပတ်ကြာပြီးတဲ့နောက် သူက သူ့ကို လမ်းဘေးခွေးတွေကို ဖမ်းပေးဖို့တောင်းဆိုခဲ့တယ်။ သန်းခေါင်ယံမှ လူတစ် ဦးကို အခန်း ၃၀၃ ကို ခေါ်လာဖို့ ပြောခဲ့တယ် ။ ကျွန်တော်ငြင်းတော့ သူက အိပ်မက်ထဲမှာ ကျွန်တော့်ကို ခြိမ်းခြောက်ပြီး တွန်းအားပေးခဲ့တယ် "


ထိုလူငယ်၏မျက်လုံးတွေနီလာပြီး ခေါင်းငုံ့လိုက်သည်။

"ကျွန်တော့် သူငယ်ချင်းတွေကို အိပ်မက်အကြောင်းကိုကျွန်ုပ်ပြောပြခဲ့ပြီး တချို့က ညမှာ အခန်း ၃၀၃ ထဲ ၀ င်ခဲ့ပေမယ့် ဘာမျှဖြစ်မလာခဲ့လို့ နောက်ဆိုရင် သူငယ်ချင်းတွေက ကျွန်တော်ပြောတာကို မယုံကြတော့ဘူး။ ကျွန်တော် ရူးနေတယ်လို့ပဲ ထင်နေကြတယ်။ "

" ကျွန်တော့ဘက်မှာ ဘယ်သူမှ မရှိတော့ အဲ့လူက ပိုဆိုးလာတယ်။ မနက်ခင်းမှာတောင် သူက ကျွန်တော့် အနားမှာရပ်နေပြီး စောင့်ကြည့်နေတယ်"

ထိုလူငယ်၏လက်များသည် သူ၏ခေါင်းပေါ်က ပတ်တီးကို ကိုင်ရန်ပြောင်းရွှေ့ခဲ့သည်။

"အဲဒီတုန်းက သူ့လက်က ကျွန်တော် လွတ်မြောက်ချင်ခဲ့တယ်၊ ဒါကြောင့် တစ်ယောက်ယောက်ကို အခန်း ၃၀၃ ထဲ ဆွဲဆောင်ဖို့ကြိုးစားခဲ့ပေမဲ့ သိပ်ခက်တယ်။ "

သူ သက်သာသွားသောအခါ ဆက်ပြောသည်။

"ရက်အနည်းငယ်အကြာမှာ ကျောင်းမှာကြော်ငြာ ဘုတ်မှာ အခန်းခ သက်သာတဲ့ အခန်းဌားချင်တယ်ဆိုတဲ့ ကြေငြာတွေ့လိုက်တယ်။ နောက် ဘာဆက်ဖြစ်ဆိုတာ ခင်ဗျားတို့သိတယ် ထင်တယ်။ ကိုယ်ရေးကိုယ်တာ အကြောင်းတွေကြောင့် မန်နန်က ကျောင်းအိပ်ဆောင်မှာ မနေချင်ခဲ့ဘူး၊ ဘတ်ဂျက် အကန့်အသတ်ရှိတာကြောင့် သူ့ကို ဟိုင်မင်းတိုက်ခန်းကို ကျွန်တော်အကြံပေး ခဲ့တယ်။ "

"ဒါဆို မင်းပြောလို့ မန်နန်က အခန်း ၃၀၄ ကိုပြောင်းသွားတာလား။ "

ချန်ကော ကတော့ ဒီလိုဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

"ကျွနတော် သူ့ကို သတိပေးခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့် လိုပဲ သူက ဂရုမစိုက်ခဲ့ဘူး။ "

အရာရာကို ထုတ်ပြောပြီးတော လူငယ်က နေရတာ ပိုကောင်းလာသလိုပဲ။

"ဒါတွေအားလုံးက အရင်ကဖြစ်ခဲ့လို့ မင်းကို အပြစ်မတင်တော့ပါဘူး။ လောလောဆယ် မန်နန်နိုးလာတာကိုပဲ စောင့်ရမယ်။ နောက်ဆုံးမေးခွန်းမေးချင်တယ်။ မင်း ရိုးရိုးသားသားဖြေပေးပါ။ မင်းမသိဘူးဆိုရင်ငါ့ကိုပြောပါ၊ "

ချန်ကောသည်သံချေးတက်သောသော့ကို သူ၏အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။

"အိုကေ။ "

"မင်းရဲ့အိပ်မက်ထဲက ယောက်ျားရဲ့မျက်နှာကိုမြင်ဖူးလား။ "

"ဒီတစ်ချိန်ကမြင်ခဲ့ရတယ်။ သူ့မှာလူနှစ်ယောက်လို မျက်နှာနှစ်မျိုး ရှိတယ်။ သူတို့အချင်းချင်း ဆက်သွယ်ပြီး အငြင်းပွားကြတယ်။ "

" မင်းကို သူတို့ရဲ့တောင်းဆိုချက်တွေ အပြင်၊ သူတို့က တခြားအရာတစ်ခုကိုပြောနေလား။ "

ဒါက အခြားကမ္ဘာအကြောင်းကိုသိရန် အကောင်းဆုံး အခွင့် အလမ်းဖြစ်ခဲ့သည်။

"သူတို့အများဆုံးလုပ်ခဲ့တာက အငြင်းပွားတာပဲ။ တခါကတော့ မျက်နှာတစ်ခုက ဒေါသတကြီးနဲ့ ပြောတာက အနီရောင်အငြိုးအတေး ဝိဉာဉ်ကိုကြောက်လို့မ ဟုတ်ရင် သူဟာအမှိုက်ပုံးနဲ့ အတူရှိနေတာထက် အ သေခံလိုကမယ်တဲ့ "

"အနီရောင်အငြိုးအတေး ဝိဉာဉ်လား?"

ချန်ကောက အကျွမ်းတဝင်ရှိသည့်အသုံးအနှုန်းကြောင့် မျက်မှောင်ကြုတ်ခဲ့သည်။ သူသည်အနက်ရောင်ဖုန်းကို ထုတ်ပြီး ချစ်ခင်တွယ်တာခြင်း ဆိုသည့် စာမျက်နှာသို့နှိပ်လိုက်သည်။ ရှောင်းရှောင်၏ နာမည်အောက်တွင် ခြိမ်းခြောက်ခြင်း ဝိဉာဉ်လို့ရေးထားပြီး ကျန်းယာ့အောက်တွင် အနီရောင်အငြိုးအတေး ဝိဉာဉ်လို့ရေးထားတာကို ဖတ်လိုက်ရသည်။

ဒါက အရေးကြီးပုံမပေါ်ပေ။ သို့သော် ဤစကားလုံး နှစ်လုံး ကြောင့် ကျန်းယာ့၏ ကိုယ်ပိုင်စာမျက်နှာကို အနက်ရောင်ဖုန်းတွင် တွေ့ရသည်။ ချန်ကောက နက်နက်ရှိုင်းရှိုင်း တွေးနေတယ်။ တတိယ ဖျားနာဆောင်ခန်းမထဲမှ ဝမ်ဟိုင်မင်နောက်မှလိုက်သော သတ္တဝါသည် အနီရောင်အငြိုးအတေး ဝိဉာဉ်ကို သိနေသည်။ ထို့ကြောင့် တတိယဖျားနာဆောင်ခန်းမ၌ အနီရောင်အငြိုးအတေး ဝိဉာဉ်တစ် ဦး ရှိနေဖို့ အခွင့်အလမ်း များစွာရှိသည်။

ကျန်းယာ့ နှင့်တူညီသောအဆင့်ရှိသည့် အနီရောင်အငြိုးအတေး ဝိဉာဉ် လား ။

ဒီအတွေးက ချန်ကော ကိုခေါင်းကိုက်စေခဲ့တယ်။ သူကြုံတွေ့ခဲ့ရသည့် ပထမဆုံးသောမကောင်းဆိုးသည် ကျန်းယာ့ အတွက်ကစားစရာဖြစ်ခဲ့သည်။ ဒါကြောင့် အနီရောင်အငြိုးအတေး ဝိဉာဉ် ရှေ့မှာ သာမန်သရဲတစ္ဆေက ဘာခွန်အားမရှိခဲ့ပါဘူး။

"အနီရောင်အငြိုးအတေး ဝိဉာဉ် က လွဲရင် သူတို့မှာ အားနည်းချက်အချို့ရှိကြောင်းကို ကျွန်ုပ်သဘောပေါက်ခဲ့တယ်။ အခြေနေ အလွန်အမင်းဆိုးရွားလာသောအခါ အဲ့ဒါကိုအသုံးပြုဖို့ ကျွန်တော် စီစဉ်ခဲ့သည်။ အဲ့ဒီလူက သန်းခေါင်ယံမဟုတ်ရင် ပေါ်လာခဲ့တယ်။ သူက ဆူညံသံတွေ အလင်းရောင်တွေနဲ့ ကြောင်ကို ကြောက်တယ်"

ထိုလုလင်သည်အိပ်ရာပေါ်တွင်ထိုင်နေသည်။

"ကြောင်တွေကိုကြောက်သလား"

ချန်ကောက စပ်စုခဲ့သည်။

"ဟုတ်တယ်၊ အိပ်မက်ထဲက လူက သက်ရှိသတ္တဝါ များစွာ ကိုပြင်ဆင်ခိုင်းတယ်။ ဒါပေမယ့်ကြောင်တွေ ကတော့ခြွင်းချက်ပဲ။ ဒါကြောင့်ကြောင်တွေကို ကြောက်တာလို့ ကျွန်တော် ထင်တယ်။ "

ထိုလူငယ်သည် အချက်တစ်ချက်ရှိသော်လည်းနောက်ဆုံးတွင် ၎င်းသည် ထင်မြင်ချက်သာဖြစ်သည်။ ဖြစ်နိုင်လျှင် ချန်ကောသည် ပထမဆုံးစမ်းသပ်သူဖြစ်ချင်သည်။

ငါ သရဲအိမ်မှာ တစ်နည်းနည်းနဲ့ပြန်စမ်းကြည့်နိုင်တယ်။

ချန်ကောက မှတ်ချက်မပေးခဲ့သည့် အတွက် ထိုလူငယ်သည် စကားမပြောဝံ့ပါ။ သို့သော် လူလတ်ပိုင်းအရွယ်လူက သူတို့ပြောတဲ့စကားကို နားထောင်ပြီး လပြည့်ညလို မျက်လုံးက ပြူးကျယ်ဝိုင်းကာ ချာချာလည် လှည့်နေခဲ့သည်။


*--*

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now