Chapter (207) _ အဖြူလား အနက်လား?

212 48 2
                                    


Chapter (207) _  အဖြူလား အနက်လား?  

"ရှင် အရိပ်အဖြူကို တွေ့ပြီလား"

အမျိုးသမီးက အိပ်ခန်းထဲက ထွက်လာတော့ သူ့အမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ သူမ၏ မျက်တောင်များသည် ပေါ့ပါးစွာ တွန့်ကွေးသွားကာ သူမ၏ မျက်နှာတွင် အရောင်အသွေး ကင်းမဲ့နေပြီး  သူမသည် ဒုက္ခတွင်းထဲကျနေသည့် မိန်းမငယ်လေးတစ်ယောက်လို ဖြစ်နေသည်။

"ဟင့်အင်း.."

 ကုဖေးယွီ ၏ မျက်လုံးများသည် မျက်နှာဖုံးကို ဖယ်ထားသော အမျိုးသမီးကို စိုက်ကြည့်လာပြီး သူမ မျက်နှာထက်မှ မရွေ့မီ သူ့မျက်နှာပေါ်တွင် အဆင်မပြေသည့် အမူယာ တစ်ခု ပေါ်လာသည်။

"ခဏ ထိုင်ပါဦး။ အရိပ်ဖြူရဲ့ ပုံစံအရ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခု ရှိကောင်းရှိနိုင်တယ်"

အမျိုးသမီးက ကုဖေးယွီ ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ သူမက  ဒေါက်မြင့်ဖိနပ်တွေ ဝတ်ရတာ ပင်ပန်းနေပုံရလို့ ဖိနပ်တွေကို ချွတ်ပြီး မီးဖိုချောင်ထဲကို ခြေဗလာနဲ့ လျှောက်သွားခဲ့သည်။

သူ့လက်နှစ်ဘက်စလုံးက ရဲနံပါတ်တုတ်ကို ဆုပ်ကိုင်ထားရင်း ကုဖေးယွီ က သိသိသာသာ တုန်လှုပ်သွား သည် ။ သူက အရမ်းစိတ်လှုပ်ရှားနေပုံရပြီး သူ့ခြေထောက်တွေကတုန်ယင်နေသည်။ အမျိုးသမီးသည် ရေခဲသေတ္တာထဲကို  ဖွင့်ကာ အချိုရည်ပုလင်းနှစ်ပုလင်းကိုယူကာ ကော်ဖီစားပွဲပေါ်တင်လိုက်သည်။

 "ဒီနေ့  ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

"ဒါက ကျွန်တော့် အလုပ်ပါပဲ။" ကုဖေးယွီက  ရှက်ရွံ့စွာ ဖြေခဲ့သည်။

"မဟုတ်ဘူး၊ ကျွန်မ တကယ်ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာ မဟုတ်ရင်  ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျွန်မ အမကြီးက ပျောက်သွားပြီး ကျွန်မ တစ်ယောက်တည်း ကျုတ်ကျန်းမြို့ မှာ နေခဲ့တယ်။ ကျွန်မဆီမှာ ငွေစုထားတာ အများကြီးမရှိဘူး၊ ဒါကြောင့် ဒီနေရာကို ရောင်းထွက်အောင် ကျွန်မ စောင့်နေရတယ်။ ရောင်းပြီးရင် ဒီကနေ ကျွန်မ ပြောင်းတော့မယ်။"
အမျိုးသမီးက လုံခြုံရေးအစောင့်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။ သူမကိုကြည့်ရတာ ကြောက်နေသေးသည့်ပုံပေါ်သည်။ ဆိုဖာအစွန်းတစ်ဝိုက်တွင် သူမ၏ခြေထောက်များကို ကွေးလျက် လက်နှစ်ဖက်ဖြင့် ညင်သာစွာ နှိပ်နယ်နေသည်။

"ဒီက ထွက်သွားတာက မဆိုးပါဘူး"

ကုဖေးယွီ က ခေါင်းညိတ်လိုက်ပြီး ထိုအမျိုးသမီးကို ကြည့်နေသည့် အကြည့်တွေက သနားစိတ်ဖြင့် အရောင်ပြောင်းသွားသည်။

 "ဒါပေမယ့် မင်း ဒီလောက် စိတ်ဓာတ်ကျနေစရာ မလိုဘူး။ မင်းအမကြီး ပျောက်နေတယ်ဆိုပေမယ့် သူမက  တစ်နေ့နေ့ ပြန်လာနိုင်တယ်"

"အရာရာက ရှင် ထင်သလောက် မရိုးရှင်းဘူး။ ကျွန်မက အမကြီးနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်။    ကျွန်မတို့က အတူကြီးပြင်းလာခဲ့တယ်။ သူမဟာ အရာအားလုံးကို ဝေမျှပေးပြီး သူမရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပေမယ့် တစ်နေ့မှာတော့ သူမဟာ ဒီအတိုင်း ပျောက်ကွယ်သွားခဲ့တယ်။ သူမ မပြန်လမ်းကို သွားနေပြီလားလို့တောင် ကျွန်မ သံသယဝင်လာ မိတယ်..."

 အမျိုးသမီးက ထိုစကားကို ပြောရင်း သူမ အသံက ဆို့နင့်သွားသည်။ ထိုကံတရားကို သူမကိုယ်တိုင် ရင်ဆိုင်ခဲ့သလိုပင်... သူမက သူစိမ်းတစ်ယောက်ရှေ့တွင် ခံစားရသမျှကို ရင်ဖွင့်နေသည်။

သူမ၏ ကိုယ်လုံးသည် သေးငယ်၍ ခြေလက်များ ပိန်လှီလှသည်။ သူမသည် ထိလွယ်ရှလွယ်ကာ တစ်ဖက်သားကို ကာကွယ်ပေးချင်သည့် ခံစားချက်ကို ပေးနိုင်သည်။ သူမ ငိုစပြုလာတဲ့အခါ လူတိုင်းရဲ့နှလုံးသားက သူမ ဆီကို အလွယ်တကူ ရောက်သွားသည်။ ကုဖေးယွီ က စိတ်ရှုပ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ ခဏကြာတော့ နံပါတ်တုတ်ကို ချလိုက်ပြီး စားပွဲပေါ်ရှိ တစ်ရှူးသေတ္တာကို အမျိုးသမီးထံ ကမ်းပေးခဲ့သည်။ အမျိုးသမီးသည် တစ်ရှူးတစ်ရှူးကို လက်ခံသော်လည်း သူမ၏ မိတ်ကပ်ပျက်စီးမည်ကို ကြောက်သောကြောင့် သူမ၏မျက်လုံးတစ်ဝိုက်ကို အသာလေး တို့ကာ သုတိုက်သည်။

 "အလုပ်ကပြန်လာတော့ အရိပ်အဖြူကိုမြင်တော့ ကျွန်မ စိတ်ထဲမှာ အံ့သြသွားတယ်။ အရိပ်အဖြူက ကျွန်မ အမကြီးကို ခေါ်သွားတယ်လို့ မထင်ဘူးလားဟင်။"

သူမ၏အသံမှာ စိတ်ပျက်အားငယ်သံများဖြင့် လွှမ်းခြုံနေသည်။ "အခု အရိပ်အဖြူကို မြင်ပြီဆိုတော့ ၊ နောက်တစ်ခါ ကျွန်မကိုများ  ခေါ်သွား မလားမသိဘူး"

"မင်းကို မခေါ်နိုင်ပါဘူး။"
 အမျိုးသမီးသည်   ဝမ်းနည်းနေသဖြင့် သူမ စကဒ် အောက်စလွတ်နေသည်ကို သတိမထားမိပေ။   ကုဖေးယွီ က ဒါကိုမြင်ပြီး ချက်ချင်း သူ့မျက်လုံးတွေကိုလွဲလိုက်သည်။

"ရှင်ပြောတာ မှန်မယ်လို့မျှော်လင့်ပါတယ်။"

 အမျိုးသမီးသည် သူ့ရှေ့မှ သောက်ရေကို ကောက်ယူလိုက်ပြီး ကုဖေးယွီ ရှေ့တွင် ပုလင်းက အသာအယာထိလိုက်သည်။

"ရှင် ဒါကို မသောက်ပဲ ထားရစ်ခဲ့ရင် ကျွန်မ တကယ် စိတ်မကောင်းဖြစ်မိမှာပဲ"

သူမ ပုလင်းကို ပါးစပ်နားသို့  တိုးကပ်ကာ သောက်လိုက်စဉ် ကုဖေးယွီက ယဉ်ကျေးမှုအရ ရေပုလင်းကို ယူလိုက်သည်။

"ခင်ဗျား အဲဒီလောက် အဆိုးမမြင်ပါနဲ့။  ဒီရက်ပိုင်းမှာ ခင်ဗျားအမကြီးအကြောင်း လာမေးတဲ့သူတွေ အများကြီးရှိနေမှတော့ သူမက အသက်ရှင်နေသေးတယ်ဆိုတာ သေချာတယ်။ ခင်ဗျားကို လာမတွေ့နိုင်သေးတာ သူမဆီမှာ အကြောင်းပြချက်တစ်ခုခုတော့ ရှိမှာပါ"

ရေခဲသေတ္တာထဲက ထုတ်လာတဲ့ သောက်ရေက အေးစက်လို့နေသည်။  ကုဖေးယွီ က အရသာ အရမ်းကောင်းတာကြောင့်   နောက်တစ်ခွက်ထပ်သောက်လိုက်သည်။

 "ခင်ဗျား အမကြီး ထွက်သွားရတဲ့ အကြောင်းအရင်းတခုခု ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သရဲတစ္ဆေတွေ ဆိုတာကို ကျွန်တော် မယုံဘူး။ လူတွေက အမှားတစ်ခုခု လုပ်မိပြီး ဥပဒေရဲ့ အရေးယူမှု မခံရစေဖို့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်မှာပါ။   ကမ္ဘာပေါ်ကနေ ပုန်းကွယ်နေပြီး ကိုယ့်အချစ်ဆုံးလူကိုတောင် ထွက်မတွေ့နိုင်မှတော့ အသက်ရှင်နေလည်း ဘာ  အဓိပ္ပါယ်ရှိမှာလဲ။"

"ရှင်  သူမကို နားမလည်ဘူး။  သူ့ကို နားလည်ဖို့ ဘယ်သူမှ မကြိုးစားဖူးဘူး"

ထိုအမျိုးသမီး၏အမူအရာမှာ ဝမ်းနည်းမှုအပြည့်ရှိသော်လည်း သူမ၏လေသံမှာ အနည်းငယ် ပြောင်းလဲသွားသည်။

 "သူမက အကောင်းဆုံး အမကြီးပါ။  သူမပိုင်ဆိုင်တဲ့ အဖိုးတန်ဆုံး အရာတွေကို ကျွန်မနဲ့ ဝေမျှဖို့ ဆန္ဒရှိခဲ့တယ်။"

ကုဖေးယွီ ရုတ်တရက် အရမ်း ပင်ပန်းလာသလို ခံစားလိုက်ရသည်။  သူက နံပါတ်တုတ်ကို ပွေ့ဖက်လိုက်ပြီး ဆိုဖာပေါ် မှီလိုက်သည်။

"မင်းတို့နှစ်ယောက် ဆက်ဆံရေးက အရမ်းကောင်းနေပုံပဲ"

အမျိုးသမီးသည် ပြန်တွေးနေပုံရပေမယ့်   သူမ၏ အကြည့်များက စားပွဲပေါ်ရှိ ပုလင်းတစ်ဝက် ကျိုးနေသည့် ရေပုလင်းကို ကြည့်နေသည်။

 "ငယ်ငယ်တုန်းကတော့ လူတွေက ကျွန်မကို အနိုင်ကျင့်တာကို သဘောကျပြီး ကျွန်မ အမကြီးက ကျွန်မကို ကာကွယ်ပေးခဲ့တယ်။ ကျွန်မတို့ အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ပင်ကိုယ်စရိုက်တွေက တစ်ယောက်နဲ့တစ်ယောက်   မတူတော့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စွန့်စားတတ်လာတယ်။ ဒေါသတကြီး ဝုန်းဒိုင်းကြဲနေပေမယ့် ကျွန်မ ဘာပဲလုပ်လုပ် ကျွန်မ အမကြီးက အမြဲတမ်း ခွင့်လွှတ်ပေးတယ်။သူမက ပြီးပြည့်စုံတယ်၊ လှပတယ်၊ အဲဒီအချိန်တုန်းကတော့ ကျွန်မ အဲဒါကို မမြင်ခဲ့ဘူး။ ကျွန်မ အပေါ် သည်းခံနိုင်လေလေ သူမကို ပိုမုန်းလေပဲ။ သူမ ကြိုက်တာမှန်သမျှကို ကျွန်မ မုန်းတယ်။ သူမက အဖြူရောင်ကို ကြိုက်တယ်၊ ကျွန်မက အနက်ရောင်ကို ကြိုက်တယ်။ ကျွန်မက သူနဲ့ မတူဘူး။ ဒီအဖြစ်အပျက်မဖြစ်ပွားခင်အထိ လအတော်ကြာကြာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။"

အစောင့်ကို တစ်ချက် လေ့လာပြီးနောက် အမျိုးသမီးက ဆက်ပြောခဲ့သည်။

 "ကျွန်မ ဝန်မခံချင်ပေမယ့် လူတစ်ယောက်တည်းကိုပဲ ကျွန်မတို့နှစ်ယောက်  အတူတူ ချစ်မိသွားတယ်။

"ကျွန်မတို့ရပ်ကွက်မှာ ကျွန်မ အမကြီးကို ချစ်တဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ရှိတယ်။ သူက သီချင်းနားထောင်ပြီး သီချင်းရေးစပ်ရတာကို ကြိုက်တယ်။ ပြီးတော့ သူက အရမ်းကောင်းတဲ့ အဆိုတော်လည်း ဖြစ်တယ်၊ သူမတို့ ချိန်းတွေ့တဲ့အခါတိုင်း ကျွန်မ နှလုံးသားက ကြေကွဲသွားရသလိုပဲ။  ဓားအချောင်း တစ်ထောင်နဲ့ ရင်ဘတ်ကို ထိုးစိုက်ထားသလိုခံစားရလို့ ကျွန်မ မရတဲ့ သူကို  ကျွန်မ အမကြီး ရတာကိုလည်း မလိုလားခဲ့ဘူး။ ကျွန်မက ကျွန်မ အမကြီးနဲ့ ရုပ်ချင်းတူတယ်။  ဒါကြောင့် မိတ်ကပ်လိမ်းပြီး သူ့အဝတ်အစားတွေ ဝတ်လိုက်တယ်။ အစကတော့ အမကြီးလို အယောင်ဆောင်ပြီး  ချိန်းတွေ့တာက  အောင်မြင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အဲ့ဒီကောင်လေးက ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မက အမကြီး မဟုတ်ဘူးဆိုတာ သိသွားတဲ့အပြင် စရိုက်လည်း လုံးဝမတူတာကို သိသွားခဲ့တယ်။ ကျွန်မက ငိုယိုတောင်းပန်ပေမယ့် သူက ကျွန်မ အမကြီးကိုပဲ ချစ်နေခဲ့တယ်။  "

အမျိုးသမီး၏ လက်မောင်းရှိ သွေးကြောများသည် ကြောက်စရာကောင်းအောင် ထောင်ထ လာသော်လည်း သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော ကုဖေးယွီ သည် ဒါကို သတိမထားမိပေ။   အချိန်အကြာကြီး ညနေခင်းကင်းလှည့်ခဲ့ရလို့ သူက  ပင်ပန်းလွန်းသဖြင့် မျက်လုံးများ မှိတ်ထားလိုက်သည်။

"သူ့အတွက် ကျွန်မက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အမကြီးဆီကို တောင်းပန်ခဲ့တယ်။ ကျွန်မကို အမြဲတမ်းချစ်ခဲ့တဲ့ အမကြီးက ဒီတစ်ခါတော့ နူတ်ဆိတ်နေခဲ့တယ်။   နောက်ဆုံးတော့ အမကြီးက  သူ့ ကောင်လေးကို ခေါ်ပြီး ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်းမယ်လို့ ပြောခဲ့တယ်။။ အဲ့ဒီကောင်လေးက အမကြီးရဲ့ ဖိတ်ကြားချက်ကိုရလို့ အရမ်းပျော်သွားတယ်။ အင်္ကျီအသစ်နဲ့ ပန်းတွေဝယ်ပြီး ထွက်လာခဲ့တယ်။ အမကြီးရဲ့ အကြိုက်ဆုံးသီချင်းကို တစ်ညလုံး အသံသွင်းခဲ့တယ်။ သူ ရောက်လာတော့ ကောင်လေးက အမကြီးကို ချစ်ကြောင်း တိုက်ရိုက်ဝန်ခံခဲ့တယ်။ ဒါပေမယ့် အမကြီးက ချက်ချင်းလက်မခံခဲ့ဘူး။"

"အမကြီးက အဖြူရောင်ဝတ်စုံဝတ်ထားပြီး ကျွန်မက အနက်ရောင်ဝတ်ထားတယ်။ အမကြီးက ကောင်လေးက  'အချစ်ရေ...ရှင်က အဖြူရောင်ကို ကြိုက်သလား၊ အနက်ရောင်ကို ကြိုက်သလားလို့ မေးခဲ့တယ်။ ကျွန်မက တစ်ဘဝလုံးစာအတွက် စိတ်ကိုနှစ်ပြီး ဆုတောင်းခဲ့ပေမယ့် ကောင်လေးက တုန့်ဆိုင်းခြင်းမရှိ အမကြီးကိုပဲ ရွေးခဲ့တယ်။ "

သူမ က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့ သူမရဲ့ လက်သည်းတွေက သူမ လက်ဖဝါးထဲကို နစ်ဝင်သွားခဲ့သည်။   နှစ်များစွာကြာပြီးသည့်တိုင်  ထိုအမျိုးသမီးက ချစ်ရသူကို ဆုံးရှုံးရသည့် ခံစားချက်ကို ပြင်းထန်စွာ ခံစားနေရသေးသည်။ သူမရဲ့ အသက်ရှုသံတွေ မြန်ဆန်လာပြီး အတော်ကြာမှ ပုံမှန်ပြန်ဖြစ်လာသည်။

"ကျွန်မ နှလုံးသားက အစိတ်စိတ်အမွှာအမွှာ ကြေကွဲသွားသလို  ခံစားခဲ့ရတယ်။ နာကျင်မှုကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ ကျွန်မ  ထွက်သွားပြီး လူတွေရှာမတွေ့တဲ့ တစ်နေရာမှာပဲ နေချင်တော့တယ်။ အစ်မကြီး က  ကျွန်မ နာကျင်ကြေကွဲတာကို  မြင်လိုက်ရတယ်။ ဒီအဆုံးသတ်ကို သူမ မျှော်လင့်ထားပြီးသား ဖြစ်နေပုံရတယ်။ ကျမဘဝရဲ့ အနိမ့်ဆုံး အချိန်မှာ ကျမကို ကူညီဖို့ ထွက်လာခဲ့တဲ့ အမကြီး က ကောင်လေးကို ရေတစ်ပုလင်းတိုက်ကျွေးပြီး ဖယ်ပစ်လိုက်တယ်။ အသား ခုတ်ဓားမကိုယူဖို့ မီးဖိုချောင်ထဲကို လျှောက်မသွားခင် သူမ ဝတ်ထားတဲ့  အဖြူရောင်ဝတ်စုံကို ချွတ်ပစ်လိုက်တယ်။ ပြီးတော့ အစ်မကြီးက အဖြူနဲ့ အနက်အပြင် တရားမျှတစွာ ရွေးလို့ရတဲ့ အခြားတစ်ခုရှိသေးတယ်လို့ ကျွန်မကို ပြောခဲ့တယ်။ "

အမျိုးသမီးက စကားရပ်လိုက်ပြီး ဆိုဖာအောက်က ဓားမတစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။ ကုဖေးယွီ ပေးသော တစ်ရှူးဖြင့် သူမမျက်နှာပေါ်ရှိ မိတ်ကပ်ဖျက်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတိရလိုက်သလိုပင်၊ အမျိုးသမီးသည် လက်မှ အသားခုတ်ဓါးကို ကိုင်ကာ ကူဖေယွီဆီသို့ ရွေ့လျားလာရင်း ဓားကို မြင့်မြင့်မြှောက် ကိုင်ထားလိုက်သည်။ ဆံပင်တုသည် သူမခေါင်းပေါ်မှ ပြုတ်ကျသွားပြီး ဆံပင်မရှိသော မျက်နှာသည် ကုဖေးယွီ ၏ နားရွက်နားသို့ ကပ်လာသည်။

"အချစ်ရေ...ရှင်  အနက်၊ အဖြူ၊ နဲ့ အနီ  ဘယ်အရောင်ကို ပိုကြိုက်လဲ။"



*****-*******

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now