Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း

437 97 5
                                    

Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း


တိပ်ကြိုးနှင့် အသံဖမ်းစက်သည် ရှစ်ဆယ်နှင့် ကိုးဆယ်ခုနှစ်များတွင် ရေပန်းစားလာသော်လည်း အင်တာနက် ထွန်းကားလာသည်နှင့်အမျှ တဖြည်းဖြည်း အသုံးမပြုတော့ပေ။
လွန်ခဲ့သည့်ခေတ်၏ခံစားချက်ကို ထိန်းသိမ်းထားနိုင်စေရန် ထျန်ထန်ဆေးကျောင်းသည် ဤအခန်းအတွင်း ရှေးဟောင်းပစ္စည်းအများအပြားကို ထားရှိခဲ့ပြီး အထင်ရှားဆုံးမှာ တိပ်ခွေနှင့် ခေတ်ဟောင်းဓာတ်မီး တစ်လက်ဖြစ်သည်။

ချန်ကောသည် ဟိုးရှေးရှေးတုန်းက သူမြင်ဖူးခဲ့သော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခိုက်အတန့်တစ်ခုကို သတိရလိုက်မိသည်။ အသံဖမ်းစက်သည် ညသန်းခေါင်တိုင်းတွင် သူ့ဘာသာသူ ဖွင့်ပြပြီး ထိုအသံကို ကြားရသူများသည် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းမျိုးကို  ဖြစ်စေလိမ့်မည်။

ဒါက လူတွေကို ခြောက်လှန့်ဖို့ ထားတဲ့ ေထောက်ကူပဲလား။ ချန်ကောသည် စားပွဲပေါ်တွင် ပြိုကျနေသော 'အသေကောင်' ကို လုံးဝလျစ်လျူရှုလိုက်သည်။ စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်စဉ် အသံဖမ်းစက်မှ တစ်မီတာအကွာတွင် သူသည်  Play ခလုတ်ကို သူ့ဘာသာသူ နှိပ် ခဲ့သည်။
 

အာရုံခံကိရိယာတပ်ဆင်ထားတာလား? မဟုတ်လောက်ဘူး၊ တစ်စုံတစ်ယောက်သည် သူကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်ထားတာ ဖြစ်လောက်သည်။

 ချန်ကောက နောက်ပြန်လှည့်ကြည့်လိုက်တော့ လူသေအလောင်းဟာ သူ့လက်နှစ်ဖက်က အိတ်ထဲမှာ နစ်မြုပ်နေတဲ့ပုံစံနဲ့ လဲလျောင်းနေတယ်။ လူသေအလောင်းနဲ့ ယှဉ်ရင် ချန်ကောက သူ့ရှေ့မှာ ဒီအသံဖမ်းစက်ကို ပိုစိတ်ဝင်စားတယ်။ ခလုတ်ကို နှိပ်ပြီးနောက်၊ တိပ်က စတင်ဖွင့်လာသည်။ ကနဦး   ဆူညံသံ ထွက်ပေါ်လာပြီးနောက် လူလတ်ပိုင်းတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..... ကျေးဇူးပြုပြီး .....ငါ တောင်းပန်ပါတယ်!"

အဲဒီလူက တောင်းပန်နေရင်း သေခြင်းတရားက လွတ်မြောက်သွားသလိုပဲ။ သူ့အော်သံတွေကြားနေရသလို  ခုတ်ထစ်သံတွေ ထွက်လာတယ်။


ဒါက တကယ့်ကို တဲ့တိုးဆန်ပြီး အကွက်က အရမ်းမိုက်တယ်။

ချန်ကောက အသံတွေကို ကြားလိုက်သောအခါ ပုံရိပ်များက သူ့စိတ်ထဲတွင်ပေါ်လာသည်။ အရိုးများ ကျိုးသွားကာ အရေပြားများ ပြဲသွားခြင်း၊ အရက်စက်ဆုံး ညှဉ်းပန်းနှိပ်စက်မှုပုံရိပ်တွေ  ဖြစ်သည်။

"ထျန်ထန်ဆေးကျောင်းက ဒီဟာကို သာမန်ဧည့်သည်တွေအတွက် မသုံးဖြစ်လောက်ဘူး။"

ချန်ကောပြောတာကြားတော့ စားပွဲပေါ်က လူသေအလောင်းက အနည်းငယ် တုန်လှုပ်သွားတယ်။ အဖြစ်မှန်က သူ့ထင်ကြေးနဲ့ မဝေးပေ။ အထူးသဖြင့် ချန်ကောအတွက် နောက်ဆုံးမိနစ်တွင် တိပ် ကို ထားရှိခြင်းနဲ့ပတ်သတ်ပြီး သူ့သဘောထားကို ပြောကြားခဲ့သည်။ ချန်ကောသည် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို ကျင့်သားရနေပေမယ့်  ရက်စက်ကြမ်းကြုတ်ခြင်းအတွက် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။ ဒီလိုပုံစံနဲ့ သူဟာ သာမန်လူတစ်ယောက်နဲ့ မတူလှဘူး။

"ဆက်လုပ်နေဆဲလား။ ဒါကို နောက်ခံတေးဂီတအဖြစ် သုံးဖို့ စိတ်ကူးရှိနေတာလား။"

ချန်ကောက သူ့ကို ဂိမ်းရှင်းလင်းရာမှာ ကူညီပေးနိုင်မယ့် သဲလွန်စတွေ ပါဝင်နေမယ်လို့ ယူဆတာကြောင့် စိတ်ရှည်ရှည်နဲ့ နားထောင်ခဲ့ပါတယ်။ သို့သော် သူသည် တစ်မိနစ်ပြည့် နားထောင်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုမှ အော်ဟစ်ကာ အသနားခံနေသည့် အသံက ထွက်ပေါ်နေဆဲဖြစ်သည်။

"လူက ဒီလော်သွေးထွက်ရင် သတိမေ့သွားလိမ့်မယ်။ တစ်မိနစ်လောက် သွေးယိုစီးပြီးရင် ဘယ်လောက်တောင် တောင့်ခံနိုင်မှာမို့လဲ။ နောက်တော့ သူတို့ ငှားထားတဲ့ မင်းသားက သရုပ်ဆောင် အတော် ကောင်းတယ်၊ ကြောက်စရာကောင်းတဲ့ ခံစားချက်ကို ဖန်တီးနိုင်ခဲ့တယ်။ သူ့အသံကို တကယ့်ကို ပီပြင်အောင် သုံးနိုင်ခဲ့တယ်။"
ထိုလူ၏အသံသည် နောက်ဆုံးတွင် အားပျော့သွားကာ သူ ပြုခဲ့သော ကြောက်မက်ဖွယ်အရာ အားလုံးအတွက် ပေးဆပ်ရတော့သည်။


ချန်ကောသည် တိပ်ခွေပေါ်ရှိ သားကောင်သည် ထျန်ထန်ဆေးကျောင်း၏ ဒါရိုက်တာဖြစ်သည်၊ ငွေအတွက် ဘာမဆို လုပ်တတ်သူဖြစ်သည်ကို ချန်ကောက သိလိုက်သည်။

"ဒီဇာတ်လမ်းက ခံရတဲ့သူတွေက လူကောင်းတွေဖြစ်ကုန်ပြီး မကောင်းတဲ့လူတွေမှာ အဆုံးသတ်မှာ ကံဆိုးမိုးမှောင်ကျရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"

တိပ်ခွေအဆုံးမှာတော့ ဒါရိုက်တာက သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို ဝန်ခံခဲ့သည်။ သူ့သမီးကို  မထိခိုက်စေဖို့ သူ့ကို ညှဉ်းပန်းနှိပ်စက်သူတွေကို တောင်းပန်ခဲ့သေးသည်။


ဒီမှာတော့ လှည့်ကွက်တွေ ရောက်လာခဲ့သည်။  ဒါရိုက်တာက သူ့ရဲ့ညှဉ်းပန်းနှိပ်စက်သူတွေကို သူ့သမီးကို မထိခိုက်စေဖို့ တောင်းပန်ခဲ့သလို အသံသွင်းရာမှာ တံခါးဖွင့်သံလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အမျိုးသမီးတစ်ဦး၏အော်သံတစ်ခု လျင်မြန်စွာထွက်ပေါ်လာပြီး ဒါရိုက်တာကပြောလိုက်သံ ထွက်လာသည်။

 "ကျန်းကျန်း.... ပြေး!"

အသံသွင်းတာက အဲဒီမှာပဲ ပြီးသွားတော့ ချန်ကောက ဒီဇာတ်လမ်းကို ဘယ်လိုတွေးရမှန်းမသိဘူး။ ဒါရိုက်တာမှာ အပြစ်ရှိကြောင်း ထင်ရှားသော်လည်း သမီးမှာ အပြစ်ကင်းစင်သည်။ မည်သို့ပင်ဆိုစေကာမူ ဒါတွေက အရေးမကြီးပေ။ အရေးကြီးတာက မကောင်းဆိုးဝါးတွေက သူ့အဖေကို ညှဉ်းပန်းနှိပ်စက်နေ ချိန်မှာ သမီးက အခန်းထဲကို ဝင်သွားတယ်။ ထို့နောက် သူမ၏အဆုံးသတ်သည် သူမ၏ အဖေနှင့်တူသွား လိမ့်မည်။

ထျန်ထန်ဆေးကျောင်းအတွင်းရှိ အရုပ်များအားလုံးတွင် ရွှီကျန်းကျန်းဟူသောအမည်ကို ရေးထားသည်၊ အဲဒါက ဘာအဓိပ္ပာယ်လဲ။

ထျန်ထန်ဆေးကျောင်းသည် သရဲအိမ် အသိုင်းဝိုင်းအတွင်းတွင် ကျော်ကြားခဲ့ပြီး မြင်ကွင်းအားလုံးကို ပရော်ဖက်ရှင်နယ်အဖွဲ့မှ ဒီဇိုင်းထုတ်ထားသည်။ ဤမျှကြီးမားသော ရွေ့လျားနေသော သရဲခြောက်သောအိမ်ကြီးကို သူ၏ အမြင့်ဆုံးအခက်အခဲဖြင့် စိန်ခေါ်လိုက်ခြင်းဖြင့် သူ့နာမည်အတွက် တစ်ခုခုတော့ ရှိရမည်ဖြစ်သည်။

သရဲခြောက်တဲ့အိမ်မှာရှိတဲ့ အလုပ်သမားတွေအားလုံးက သရဲတစ္ဆေအတုတွေနဲ့ ကစားနေကြပေမယ့် တကယ့်သရဲတစ္ဆေကို ဖုံးကွယ်ဖို့ ဒါကို လုပ်ထားတာလား။

ဝင်ပေါက်မှာ လူတိုင်းကို နှုတ်ဆက်တဲ့ 'တွဲလောင်းကျနေသည့် အမျိုးသမီးခန္ဓာကိုယ်' နဲ့ ခွဲစိတ်ခန်းထဲက အင်္ဂါအစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ရတဲ့ အရုပ်တွေနဲ့ သရဲခြောက်တဲ့အိမ်အတွက် ရွှီကျန်းကျန်းရဲ့ နာမည်ကို ထပ်ခါတလဲလဲ ပြောနေတာကြောင့် ချန်ကောက ထျန်ထန်ဆေးကျောင်းက ဒါတွေကို ဘာကြောင့် လုပ်ခဲ့တာလဲဆိုတာကို စဉ်းစားနေမိသည်။

 
သရုပ်ဆောင်မင်းသား၏ အမူယာတွေက မည်မျှပင် လက်တွေ့ကျသည်ဖြစ်စေ ဧည့်သည်များသည် သူတို့သည် အတုများဖြစ်ကြောင်း စိတ်ထဲကနေ သိနေသောကြောင့် ဧည့်သည်များအားလုံးနောက်သို့ တကယ်လိုက်နေသည့်  'တစ္ဆေအစစ်' ကို ဖန်တီးရမည်ဖြစ်ပြီး ရွှီကျန်းကျန်းက ထိုအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။

တီထွင်ဖန်တီးနိုင်စွမ်းက အဲဒီ့မှာရှိပြီး ချန်ကောကို လှုံ့ဆော်မှုများစွာပေးခဲ့တယ်။ ဒါတွေအားလုံးက တကယ့်တစ္ဆေလား? အဲဒီ အခါကျရင် တစ်ခုခုကိုတော့ သူတို့က ဧည့်သည်ကို ပေး၇လိမ့်မယ်။

တိပ်ခွေပြီးခါနီးနေပြီဆိုတာ ချန်ကောက သဘောပေါက်သွားတယ်။ သူက အခွေထုတ်သည့်ခလုတ်ကို နှိပ်လိုက်သည်။ သူသည် 'အသေကောင်' နှင့် ဝေးရာသို့ မျက်နှာမူနေသောကြောင့် သူ ဘာလုပ်နေသည်ကို မည်သူမျှ မသိပေ။

ဒီလို အသံဖမ်းစက်မျိုးက ဈေးကွက်မှာ မရောင်းတော့ဘူး။ ထပ်ခိုးပေါ်က အခန်းထဲမှာ တိပ်ခွေတစ်ခု တွေ့ခဲ့ပေမယ့် သူ့မှာ ကက်ဆက် မရှိပေ။ အခုတော့ ကံကောင်းပြီး ချန်ကော ရှေ့မှာ တစ်ခုရှိနေသည်။    အခု ငါ့ရေ့မှာ တစ်ခုရှိတော့ ငါ့မှာရှိနေတဲ့   ဒီတိပ်ခွေကို စမ်းသုံးကြည့်လို့ရတယ်။

သူ့တိပ်ခွေကို အသံဖမ်းစက်ထဲသို့ ထည့်လိုက်ပြီး Play ခလုတ်ကို ဖိလိုက်သည်။ တိပ်က စပြီး လည်နေပေမယ့်  အသံမထွက်ဘူး။

တိပ်အလွတ်ကြီးလား...?

ချန်ကောစောင့်နေလိုက်သည်။

အခန်းအပြင်အဆင်ကို သဘောကျနေသကဲ့သို့ လှည့်ပတ်ကြည့်မိသည်။

တတိယဖျားနာဆောင်ခန်းမထဲ မှ ထွက်လာပြီးနောက် ထျန်ထန်ဆေးကျောင်းက ခြောက်ခြားဖွယ်ရာသည် ချန်ကောအတွက် အပန်းဖေ ခရီး သွားရသလိုပါပဲ။ ချန်ကောသည် အချိန်အတော်ကြာအောင် ဒီလို သက်တောင့် သက်သာဖြစ်မှုကို မခံစားခဲ့ရပေ။ သရဲခြောက်သောအိမ်သည် အမှန်တကယ်ပင် စိတ်ဖိစီးမှုများကို ပြေပျောက်ရန် နေရာကောင်းတစ်ခုဖြစ်သည်။ ပြန်သွားတဲ့အခါ အရောင်းမြှင့်တင်ရေး ဆောင်ပုဒ်ကို ပြောင်းရမယ်။

အခန်းတစ်ဝိုက် လမ်းလျှောက်ပြီးနောက် ချန်ကောသည် ကြမ်းပြင်မှ အဝါရောင် သတင်းစာတစ်စောင်ကို ကောက်ယူလိုက်သည်။ ထိုသတင်းကို ဖတ်ပြီး အတုမဟုတ်ကြောင်း သိလိုက်ရသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက အကြောင်းရာကို ဖော်ပြထားတာ တွေ့လိုက်ရသည်။

"ရှင်းဟိုင် မနက်ခင်းသတင်းလား?"

ချန်ကောအံ့အားသင့်သွားသည်။ လွန်ခဲ့သည့် လေးနှစ်က အမျိုးသမီးတစ်ဦးသည် စွန့်ပစ်ထားသော ဆေးရုံသို့ ပြေးသွားပြီး မိမိကိုယ်ကို သတ်သေခဲ့သည်။ စုံစမ်းစစ်ဆေးပြီးနောက် အမျိုးသမီး၏အမည်မှာ ရွှီကျန်းကျန်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရသည်။ ဆေးရုံဟာ တစ်ချိန်က သူ့အဖေပိုင်ခဲ့ပြီး သူ့အဖေက အဲဒီ့မတိုင်ခင် ဆယ်နှစ်လောက်က သူ့ကိုယ်ပိုင်ရုံးခန်းမှာ သတ်သေခဲ့တယ်။

ဦးတည်ရာ တူသော်လည်း သားကောင်တွေက မတူပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော အဆုံးစီရင်မှုနှစ်ခုသည် ရှင်းဟိုင်သတင်းစာ မှတစ်ဆင့် ပြည်သူအကြား စိတ်ဝင်စားမှု လှိုင်းလုံးကြီးဖြစ်စေခဲ့သည်။ ဆေးဘက်ဆိုင်ရာဆရာဝန်က အဆိုပါအမျိုးသမီးသည် သတ်သေမှုကြောင့် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း သူမသေဆုံးပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသော အနီရောင်လက်ဗွေများ ထွက်ပေါ်လာခဲ့သည်။ ဒါတွေက အလွန်ထူးဆန်းပုံရသည်။

အဲဒီနောက်မှာတော့ လူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာပြီး ရဲတွေလည်း ပါလာခဲ့တယ်။ ဒါပေမယ့် အဖြစ်မှန်ကို မဖော်နိုင်ပဲ ဒီအမှုဟာ ဒီလိုနဲ့ ပြီးသွားတယ်။

သေဆုံးသူရဲ့ နာမည်ကတော့ ရွှီကျန်းကျန်းဖြစ်နေတယ်။ ဤသည်မှာ ထျန်ထန်ဆေးကျောင်းတွင် လျှို့ဝှက်ထား ပုံရသည်။

ချန်ကော စာရွက်ကို ချလိုက်သည်။ သာမာန်ဧည့်သည်တစ်ဦးဆိုရင် ကြောက်လန့်ကာ  အော်ဟစ်ငိုယိုနေလို့ ဤကဲ့သို့သောအသေးစိတ်အချက်အလက်များကို လွတ်သွားလိမ့်မည်ဖြစ်သည်။ ရဲရင့်သော ဧည့်သည်တစ်ဦးသာ ဖြည်းညှင်းစွာရှာဖွေပြီး သရဲခြောက်သောအိမ်သည် တကယ့်ဖြစ်ရပ်အပေါ်အခြေခံကြောင်း သိရှိလာသောအခါတွင် သူတို့၏နှလုံးသားအတွင်းမှ ဒါတွေ အားလုံးက သရဲအတုတွေပဲ ဆိုတဲ့  ခုခံမှု ကွဲအက်သွားလိမ့်မည်။ သူတို့ဟာ သူတို့ကိုယ်သူတို့ သံသယဝင်လာပြီး သူတို့ရဲ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုတွေ တိုးလာလိမ့်မယ်။

ထျန်ထန်ဆေးကျောင်း၏ ဒီဇိုင်းသည် ပြီးပြည့်စုံသော်လည်း စီးပွားရေးလောကတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့သော ဒီဇိုင်နာများသည် တစ်နေ့တွင် ချန်ကောကဲ့သို့သော ဖောက်သည်တစ်ဦးကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဒီသရဲခြောက်တဲ့အိမ်က စိတ်ဝင်စားဖို့ကောင်းတယ်။ ချန်ကောသည် လုံခြုံရေးမှတ်တိုင်အတွင်း သူ မြင်ခဲ့သော မြေပုံကို ပြန်တွေးလိုက်သည်။ သူသည် မြင်ကွင်းများ၏ သုံးပုံနှစ်ပုံကို လည်ပတ်ပြီးပြီဖြစ်၍ ထွက်ပေါက်နှင့်နီးလာပြီ ဖြစ်သည်။

******-******

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now