သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)

914 196 5
                                    

သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137) _ မျက်ဝန်းတစ်စုံ


"ဖေ့ဟူ!"

ချန်းကောသည်စာသင်ခန်းထဲရှိ အရုပ်ခေါင်းများ ကိုတပ်ဆင်နေစဉ် စင်္ကြံ၏အစွန်အဖျားမှ လူတစ်ယောက်၏အော်သံကို ရုတ်တရက်ကြား လိုက်ရသည်။ အဆိုပါအော်သံထဲတွင် ရှုပ်ထွေးနေသည့် စိတ်ခံစားမှုများ ရောနေခဲ့သည်။

ဒါကကြောက်စိတ်အော်သံနဲ့မတူဘူး။   အံ့အားသင့်စရာ၊ အမျက်ဒေါသကြောင့် အော်လိုက်သံနှင့်တူသည်။ ချန်ကောသည် နောက်ဆုံး အရုပ်ကို တင်ဆင်ပြီးနောက်   စာသင်ခန်းမှထွက်ခွာခဲ့သည်။ ဒီ ဧည့်သည်များက အရမ်းကို  လုံ့လရှိသူများဖြစ်သည်။

...

အခန်း ၃၀၃ ထဲကိုပြေးဝင်သွားခဲ့တဲ့ ဖေ့ဟူ က တံခါးကို ကိုယ်ဖြင့် ဖိပိတ်လိုက်စဉ်  သူ့နဖူးမှာ ချွေးစေးတွေဖုံးအုပ်နေတယ်။

ဝမ်ဝိန့်လုံ ဟာရေတွင်းထဲမှာပဲရှိနေသေးတယ်။ ဖေ့ဟူ ၏လက်ဖဝါးများသည် ချွေးများဖြင့်စိုစွတ်နေပြီး ဝိန့်လုံ ၏ဖုန်းကို သူ ဆုပ်ကိုင်လာခဲ့မိသည်။

"သူ့ဖုန်းကို ငါယူလာခဲ့မိပြီ။ ရေတွင်းက အရမ်းမှောင်နေတယ်။ ပြီးတော့အောက်မှာ မြှုပ်ထားတဲ့ အရုပ်က ၂ ခုတောင် ရှီနေတယ်။ "

ဖေ့ဟူက ထိုအတွေးကို ဆက်မတွေးဝံ့ပါ။ သူကအခန်းပတ်ပတ်လည်ကြည့်ရှုလိုက်စဉ် အခန်း ၃၀၃ သည် သူ၏မူလကို တည်ငြိမ်အောင် လုပ်လာနိုင်ခဲ့သည်။ အခန်းထဲမှာ ပုပ်စော်နံတဲ့ မလျှော်ရသေးတဲ့ အဝတ်တစ်ပုံရှိနေတယ်။
 

တစ်ယောက်ယောက်ကသူ့နောက်တံခါးကိုလာခေါက်တဲ့အခါ သူက စိတ်ထဲကနေ ညည်းတွားလိုက်သည်။

" သူတို့အခန်းထဲမှာ ဘာကြောင့်အဝတ်ပုံတစ်ထည် ချန်ထားခဲ့တာလဲ။ ဒီနေရာက ငါ့ကိုတွန့် ဆုတ်တဲ့ခံစားချက် ရစေတယ်။  လုံခြုံမှုရှိဖို့ ငါတံခါးနားမှာပဲ ရပ်နေရမယ်"  

သို့သော်ထူးဆန်းသည်မှာ တံခါးခေါက်သံ ထွက်ပေါ်လာသည်က  သူ၏ခြေထောက်အပေါ်နားက နေရာမှဖြစ်သည်။

"လူတွေက ပုံမှန်အားဖြင့် အဲဒီနေရာကိုခေါက်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီတံခါးခေါက်သံက ဝိန်လုံ မဟုတ်ဘူး"

စင်္ကြံအပြင်ဘက်လမ်းမှာ လျှောက်သွားနိုင်တဲ့ တစ်ခုတည်းသောအရာက....... ဝိန့်လုံအပြင်အခြား တစ်ခုသာ ကျန်တော့သည်။ ဖေ့ဟူရဲ့မျက်နှာက အောက်ကို ငုံ့သွားပြီးတံခါးကိုအောက်ခြေမှာ ငေးကြည့်နေတယ်။

"ဒါကခေါင်းပဲ။ အရုပ်ခေါင်းက တံခါးကိုခေါက် နေတယ်။ "

ဒီအတွေးက ဖေ့ဟူရဲ့ခြေထောက်တွေကို အားနည်းစေတယ်။ သူက တံခါးကိုသော့ခတ်ချင်တယ်။ သော့ခတ်ထားတာက အဆင်တန်ဆာတစ်ခုပဲဆိုတာ ထိတ်လန့်တုန်လှုပ်စွာနဲ့ သဘောပေါက်လိုက်တယ်။ အနည်းငယ်သော တွန်းအားပေးနှင့် တံခါးဖွင့်မည်ဖြစ်သည်။

"ဒီအခန်းထဲမှာပြတင်းပေါက် ရှိသင့်တာပေါ့။ ဒါပေမယ့် တံခါးကနေ ငါထွက်သွားပြီးနောက် အရုပ်ခေါင်းက အခန်းထဲဝင်လာရင်ကော။ "

ဖေ့ဟူက  ကြံရာမရဖြစ်နေစဉ် တံခါးခေါက်သံက ဆက်တိုက်ပေါ်နေပြီး သူ့ခေါင်းကို ထုရိုက်နေသလိုခံစားရသည်။

 "ငါ ဒီကနေထွက်ဖို့နည်းလမ်းတစ်ခု  ကြံဆဖို့ လိုအပ်တယ်။ "

ဖေ့ဟူက အခန်းကိုလှည့်ပတ်ကြည့်ပြီး ညစ်ပတ်သော မလျှောက်ရသေးသည့် အဝတ်ပုံကိုကျော်လိုက်သည်။ အခန်းကို စစ်ဆေးပြီးနောက် သူဘာမျှ မတတ်နိုင်တော့ပါ။

"ဒါကပြတင်းပေါက်အပြင်ဘက်မှာ ထူထပ်တဲ့ဘိလပ်မြေနံရံပဲရှိတယ်။  ထွက်ပေါက်မရှိဘူး။ ပွဲမပြီးမချင်း ငါ ဒီမှာနေရမှာလား"

ဖေ့ဟူက အခန်းအလယ်၌ရပ်နေ၏။

"သရဲခြောက်တဲ့အိမ်ကို လာလည်တာက ဒီလိုမျိုး ဘယ်လိုဖြစ်သွားတာလဲ။ လှုပ်ရှားနေတဲ့ အရုပ်တွေ၊ ရေတွင်းထဲကမြေမြှုပ်ထားတဲ့ အလောင်းလို အရုပ်တွေနဲ့ လူတွေကိုလိုက်ဖမ်းနေတာတဲ့ ခေါင်းမပါတဲ့ အရုပ်တွေ..ဒါကို  ဘယ်လိုလူတွေက စီမံထားတာလဲ။ သူဌေးကမှော်ဆရာလား။ "


ဖေ့ဟူ အဖြေမရမီ တံခါးပေါက်တွင် ကျယ်လောင်သောအသံတစ်ခုပေါ်လာသည်။

"ဒီအင်အားဟာ ရုတ်တရက်တိုးလာတယ်။ ဒါက အရုပ်လက်ချက်လား။  သူမခေါင်းကို တွေ့သွားပြီလား"

ဒီအတွေးက ဖေ့ဟူ ကိုအေးခဲစေခဲ့တယ်။ သူက ပတ်ပတ်လည်ကိုကြည့်လိုက်သည်နှင့် ချက်ချင်းပင် သူ အိပ်ယာထဲတွင် ဝင်ပုန်းနေခဲ့သည်။

" ဘာဖြစ်လို့ ဒီအိပ်ခန်းမှာ တံခါးတောင် မရှိရတာလဲ"

အခန်းထဲဝင်ပြီးနောက် သူ နောင်တရသော်လည်း အရာရာတိုင်း နောက်ကျသွားပြီဖြစ်သည်။ အိပ်ခန်းအတွင်းရှိ ပုန်းခိုရာနေရာမှာ အိပ်ရာအောက်၌ ရှိသည်။ အိပ်ယာအောက်မှာ ဖုန်းကို ထွန်းလိုက်တယ်၊ ထူးဆန်းတဲ့အရာ ဘာမှမရှိဘူးဆိုတာကို သိလိုက်ရတဲ့အခါမှ သူက အထဲကို တိုးဝင်သွားတယ်။

"ကျေးဇူးပြုပြီး ငါ့ကိုထားခဲ့ပါ   ။ "

သူသည်အိပ်ယာအောက်၌အိပ်ကာ  ဖုန်းကို အိတ်ကပ်ထဲထည့်ပြီး အခန်းတံခါးကို မျက်လုံးမမှိတ်ရဲပဲ စိုက်ကြည့်နေမိသည်။  လူတွေက ကြောက်တဲ့အရာကို ပိုကြည့်တတ်တယ်ဆိုတာ တကယ်ပဲ။  

အမှောင်ခန်းဟာတိတ်ဆိတ်ငြိမ်သက်စွာနဲ့  အနိမ့်ဆုံးအသံတောင် ကျယ်ကျယ် ကြားရတယ် လို့ ထင်ရတယ်။  စက္ကန့်အနည်းငယ်အကြာတွင် ဧည့်ခန်းတံခါးက အလိုလို ပွင့်လာသည်။  တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အလင်းရောင်မှိန်မှိန်လေးက ဧည့်ခန်းမှ ယ်ထွက်ပေါ်လာသည်။

တစ်ခုခုကကြမ်းပြင်ပေါ်မှာလှိမ့်နေသလိုပဲ ... ထို အတွေးသည် ဖေ့ဟူ ၏စိတ်ကိုဖြတ်သန်းသွားသည်။ နောက်တစ်စက္ကန့်အကြာတွင် သူ၏ခြေထောက်များ အေးခဲသွားပြီး သူ၏ခြေထောက်ကို ဘောလုံးများလာထိသလို ခံစားလိုက်ရလို့ အေးခဲသွားသလို ဖြစ်သါားသည်။

  ငါတ ဦး တည်း အဲ့ခေါင်းကို မေ့လျောပုံရတယ်!

အသံ ဆူညံသံနီးလာသည်နှင့် ဖေ့ဟူက တံခါးကိုဆီသို့ ဦး တည်လိုက်သောအခါ ပြုံးနေသော ခေါင်းနဲ့ကိုယ် သီးခြားဖြစ်သော အရုပ်ဦး ခေါင်းသည် အိပ်ခန်းတံခါးဝတွင် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

မျက်လုံးနှစ်စုံသည် တစ် ဦး ကိုတစ် ဦး ကြည့်လိုက်ပြီး အချိန်သည် ရပ်တန့်သွားသလို ထင်ရသည်။

...

ဝမ်ဟိုင်းလုံက ရှမိန်လိ၊  တုန့်မုန့်လုတို့ကို အမျိုးသမီးကျောင်းသူ အဆောင်သို့ပို့ဆောင်ပေး ခဲ့သည်။  အစ်ကိုလုံသည်အစောပိုင်းက ငိုခဲ့သော်လည်း သူ၏ရည်းစားဖြစ်သူရှေ့တွင် အင်မတန် ကြံ့ခိုင်သူလို ရှေ့ကနေ ဦးဆောင်လျှောက်လာခဲ့သည်။
 သူတို့ဟာ ဘောပင်နတ်ရှိနေသည့် အခန်းရှေ့မှာ မဝင်ခင် အရင် အိပ်ခန်းထဲကိုကြည့်လိုက်တယ်။

"ဒီအခန်းက မတူဘူး။ "

အခန်းအလယ်တွင် ထိုင်ခုံ အနည်းငယ်ချထားသည်။ စာရွက်ပေါ်တွင်ရေးထားသည့် အဖြူရောင်စာရွက် တစ်ရွက်ရှိ၏။  အစ်ကိုလုံသည် စာရွက်တစ်ရွက်ကိုကောက်ကိုင်လိုက်ပြီး ကျယ်လောင်စွာဖတ်ပြသည်။


" ဘောပင်နတ်က နာမည်သုံးခုရဲ့တည်နေရာကိုသိတယ်။"

"ဒါက သိပ်အကျွမ်းတဝင်ရှိတာ အံ့သြစရာမဟုတ်ပါ။ ဒါက ဘောပင်နတ်မေးတမ်းကစားရတဲ့ဂိမ်းပဲ"

တုန့်မုန့်လုက သိချင်စိတ်နှင့်ပိုမိုနီးကပ်စွာလှည့်ပတ်ကြည့်လိုက်သည်။  

"ဒီလိုမျိုးရိုက်ထားတဲ့ ကြောက်စရာရုပ်ရှင်ကို ကျွန်မအကြိမ်ကြိမ်တွေ့ခဲ့ဖူးပေမယ့် တကယ့်ဘ ၀ မှာ ဒီတစ်ခုကို တွေ့ရမယ်လို့ ့မမျှော်လင့်ခဲ့ပါဘူး"

"ဒါဟာ အားလုံးအတုပဲ။ လူကို လှည့်စားဖို့လုပ်ထားတဲ့အရာဖြစ်မှာပါ  "


ဝမ်ဟိုင်းလုံကစက္ကူကို ကုလားထိုင်ပေါ်ပြန်ပစ်လိုက်သည်။

"ဒါပေမယ့် ငါတို့ဒါကိုသုံးပြီး အခြားနာမည်ကဒ် ၃ ခုကို ရနိုင်တယ်လေ။ နင်တို့ ဒီကစားနည်း စည်းမျဉ်ကို သိလား"

 
"ငါလုပ်မယ်။ "

တုန့်မုန့်လုသည်ကုလားထိုင်တစ်ခုတွင်ထိုင်ကာ ဝမ်ဟိုင်းလုံက သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

 "ကိုယ့်လုပ်သလို လိုက်နာပါ  "

"မင်းတို့နှစ်ယောက် နည်းနည်းပိုပြီးသတိထားလို့ ရနိုင်မလား? သရဲအိမ်ထဲမှာ  ဒီလိုမျိုးကစားခြင်းဟာ မလိုလားအပ်တဲ့ စိတ်ခြောက်ခြားမှုကိုဖြစ်ပေါ်စေနိုင်တယ်။ "

ရှမိန်လိက တံခါးနားမှာရပ်ပြီး ထိုအတွဲကို ကြည့်ကာ ဝင်တားလိုက်ပေမယ့် သူတို့က နားမထောင်ကြပေ။


"တကယ်လို့ ဘောပင်စောင့်ဝိဉာဉ် တကယ်ပေါ်လာမယ်ဆိုရင် ဒါဟာအံ့သြစရာပါပဲ။ ငါက အကိုလုံရဲ့အနာဂတ်ဇနီးဖြစ်မလားဆိုတာ ငါ မေးကြည့်ချင်တယ်။ "

တုန့်မုန့်လုက တိတ်ဆိတ်စွာဖြင့် တိပ်ကပ်ထားသော ဘောပင်ကိုကောက်ကိုင်လိုက်သည်နှင့် အကိုလုံက သူမလက်ကို အုပ်မိုးကာ ကိုင်လိုက်သည်။

 
"မေးတော့လေ။ "

ဝမ်ဟိုင်းလုံက ဒါကို အယုံကြည် သိပ်မရှိပေ။ ရှမိန်လိ သတိပေးတာကို  လျစ်လျူရှုကာ သူသည် တုန့်မုန့်လု၏လက်ကိုတိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။  

"မင်းတို့ နှစ်ယောက်အပျော်ဆော့မယ်ဆိုလည်း ဆော့တော့။ အခြားနေရာ ငါ သွားကြည့်လိုက်ဦးမယ်"

"ဝေးဝေး  သွား မနေ နဲ့ဦး မိန်လိ "

"သူမက သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို  သိတယ်။ အခု စဆိုတော့မယ်။ သေချာ နားထောင်ပါ။ ဘောပင်ဝိဉာဉ်ကိုမေးတဲ့ဂိမ်းမှာ မသေချာတာတွေ  အများကြီးရှိတယ်။ တစ်ခုကတော့သေခြင်းတရား အကြောင်းမမေးသင့်ဘူး၊နောက်တခုက မေးရင်းတန်းလန်း ဂိမ်းကို ရုတ်တရက် မရပ်တန့်နိုင်ဘူး။ "  

ရှမိန်လိက ထိုအခန်းမှထွက်သွားသည့်အခါ လေက ပိုမိုလန်းဆန်းလာသည်။ အဲ့ဒီအခန်းက ချိုမြိန်နေတယ်။

"ဘောပင်နတ်က သူတို့ကို သင်ခန်းစာသင်ပေး လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

 သူမသည်စင်္ကြံ၏အဆုံး မှလမ်းလျှောက်လာစဉ် ထိုနေရာက ပိုပြီး ခြောက်ခြားဖွယ်ဖြစ်လာသည်။

ရှမိန်လိသည်စင်္ကြံ၏အခြားအဆုံးတဖက်မှ ဝမ်ဝိန်လုံ၏အော်ဟစ်သံကိုကြားရသောအခါပြန်လှည့် လိုက်သည်။

ဘာဖြစ်သွားတာလဲ? ဝမ်ဝိန်လုံရဲ့အော်သံက ကြောက်လန့်ခြင်းမရှိသော်လည်း သူ ဒေါသထွက်နေသကဲ့သို့ဖြစ်သည်။ ရှမိန်လိက သူမ၏ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းခဲ့သည်၊ သို့သော် ဤတစ်ကြိမ်တွင် သူမသည် အခြားစင်္ကြံထဲသို့ဝင်သွားခဲ့မိသည်။

သူတို့ဘယ်မှာလဲ? လမ်းက နောက်ထပ် လမ်းခွဲရှိနေတာလား။ ငါ ဘယ်လမ်းသွားသင့်လဲ

ရှမိန်လိက ရေတွင်းဟောင်းနှင့် ဟိုင်မင်တိုက်ခန်းကို သွားသည့် လမ်းဆုံတွင်ရပ်ကာ  သူမ တွန့်ဆုတ်နေပြီး ဖေ့ဟူက စာသင်ခန်းထဲမှာ  တယ်လီဖုန်းပျောက်ဆုံးသွား သောကြောင့် ဝမ်ဝိန်လုံကိုဖုန်းဆက်သင့်သည်ဟု တွေးလိုက်သည်။

ဟိုင်မင်တိုက်ခန်း၏အခန်းတစ်ခန်းမှ ဖုန်းမြည်သံ ထွက်လာသော်လည်း မည်သူမျှဖြေကြားခြင်းမရှိခဲ့ပါ။

သူတို့က ဒီအခန်းတစ်ခန်းထဲမှာရောက်နေတာလား...

သရဲအိမ်ထဲတွင်မြည်နေသော ဖုန်းသံမှာ ထူးဆန်းသောအသံဖြစ်သည်။ ရှမိန်လိက ခေါ်ဆိုမှုကိုအဆုံးသတ်လိုက်ပြီး တံခါးသုံးပေါက်ဆီသို့ လျှောက်သွားခဲ့သည်

*-*


Chapter (138) _ တခုခု ဒီမှာ ပုန်းနေတယ်

 

"ဝိန်လုံလား...?ဖေ့ဟူ နင်ရှိနေလား?"

ရှမိန်လိ သည်တံခါးဝမှာနှစ်ကြိမ်ခေါ်ခဲ့သော်လည်း သရဲအိမ်ထဲတွင် ပဲ့တင်သံပင် မရှိခဲ့ပါ။ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါးတစ်ယောက်က အသံတွေကို မျိုချလိုက်သလိုခံစားရတယ်။

သူတို့နှစ်ယောက်ဘာဖြစ်နေခဲ့သလဲ။

သူမသည် ချစ်ကြည်နူး တစ်တီတူးလုပ်နေသည့် တုန့်မုန့်လုနှင့် ဝမ်ဟိုင်းလုံတို့ရှိနေတသည့် အခန်းကို ပြန်သွားချင် စိတ် မပေါ်ပဲ  ထိုနေရာကို တစ်ယောက်တည်း စူးစမ်းလိုခဲ့သည်။

"ငါ့ကို သူတို့ တစ်ခုခုဖြစ်ပျက်နေတာများလား။ ဝိန့်လုံရဲ့ အော်သံက  အန္တရာယ်ရှိတယ်လို့မ ထင်ပါဘူး။"

ရှမိန်လိ သည်တံခါးတွေနားမှာ အချိန်အတန်ကြာရပ်ပြီး သူမ၏နောက်ဆုံးတံခါးကို ဖွင့်လိုက်သည်။

304? အဘယ်ကြောင့် တံခါးပေါ်မှာနံပါတ်တစ်ခု ရှိနေတာလဲ။ အဓိပ္ပါယ်ကားလာလဲ။

ရှမိန်လိက အခန်း အတွင်းပိုင်း ကိုချောင်းကြည့် လိုက်တော့ ဒါဟာ သူမ မျှော်လင့်ထားသလို မဟုတ်ပဲ အခန်းကအရမ်းသန့်ရှင်းနေတယ်

ထိုနေရာက အရမ်း သန့်ရှင်းပေမယ့် ဘာကြောင့် ငါ့စိတ်ထဲမှာ အရမ်း  စိတ်ပူမိတာလဲ။

သူမသည်တံခါးနားမှာရပ်ပြီး သူမရဲ့သူငယ်ချင်းများ၏ အမည်များကိုနှစ်ကြိမ်ခေါ်ခဲ့သည်။ သူမ ဖုန်းခေါ်လေလေ သူမ ခြောက်ခြားလေး ဖြစ်သည်။ ဤလူကြီးနှစ်ယောက်သည် မည်သည့်နေရာတွင် အငွေ့ပျံထွက်သွားတာလဲ..

 

သူမသည် သူမ၏ဖုန်းအလင်းရောင်ဖြင့် ပတ် ၀ န်းကျင်တွင် လင်းစေမည့် အလင်းကို ထုတ်ယူ လိုက်သည်။ သို့သော် အလင်းရောင်က သူမကိုဝန်းရံထားခြင်းဖြင့်  သူမ၏နောက်ကွယ်ရှိ စင်္ကြံထဲတွင် ပိုမှောင်နေစေပြီး တစ်ခုခုရွေ့လျားနေသလို ထင်ရသည်။

"အပြင်ဘက်မှာ ရပ်နေလို့ အရမ်းအန္တရာယ်များတယ် ငါ အရင်ဝင်သွားကြည့်ချင်တယ်"

ရှမိန်လိ သည်အခန်း ၃၀၄ ထဲသို့ ၀ င်ရောက်ပြီး သူမ၏နောက်မှ တံခါးကိုပိတ်လိုက်သည်။ ဒီအခန်းက ပုံမှန်ငှားရမ်းတဲ့အခန်းလိုပဲ ပုံမှန်ဖြစ်ပုံရပါတယ်၊ ဒါပေမယ့် ပုံမှန်လေလေ၊ ကြောက်စရာ တစ်ခုခုရှိလာလေလေပဲ။ သရဲအိမ်ပိုင်ရှင်ရဲ့သူဌေးက အလှဆင်ရုံအတွက် ဒီလိုပစ္စည်းမျိုး မဆောက်ထားနိုင်ဘူး။

သူမသည် မိန်းကလေးအများစုထက် ပို၍ ဂရုစိုက်တတ်သူဖြစ်သည်။ သူမရဲ့ခန္ဓာကိုယ်က နံရံကိုဆန့်ကျင်ကို ဆန့်ကျင် ကျောခိုင်းထားသည်။  သူမသည်ပထမ ဦး ဆုံးခြေလှမ်းသေးသေးလေး မလုပ်မီအခန်းကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ ရှမိန်လိသည် မိနစ်အနည်းငယ်အကြာ အခန်းကိုစစ်ဆေးပြီး ထူးဆန်းသောအရာ တစ်စုံတစ်ခုမျှမတွေ့ရပါ။

ဧည့်ခန်းထဲမှာ ထိတ်လန့်စရာဘာမှမရှိဘူး၊ ဒါကြောင့် တခြားအခန်းနှစ်ခုမှာ အန္တရာယ်ရှိနိုင်တယ်။ ဝိန်လုံနဲ့ဖေ့ဟူတို့သည် အခြားအခန်းများတွင်ထားရှိတဲ့ ထောင်ချောက်ထဲ မိသွားတာ ဖြစ်နိုင်တယ်။

ရှမိန်လိက သူမအိပ်ခန်းသို့ပြောင်းရွေ့စဉ် ဖုန်းကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။

အိပ်ခန်းမှာ တံခါးမရှိဘူး၊ ဒါကြောင့်နောက်ကွယ်မှာ ပုန်းနေတဲ့သရုပ်ဆောင် တစ်ယောက်ရှိမှာ မဟုတ်ဘူး။ သို့သော်တံခါးဘောင် နောက်ကွယ်က မမြင်ရဘူးဆိုတော့ အဲ့နေရာတွေကို   ငါ ဂရုစိုက်ဖို့လိုတယ်

 သူမသည် တဖြည်းဖြည်းရွေ့လျားသွားသော်လည်း သူမ၏နှလုံးသည် ပိုမိုမြန်ဆန်စွာ ခုန်လာခဲ့သည်။ သူမအိပ်ခန်းအခန်းသို့ရောက်သောအခါ ရှမိန်လိသည် သူမ၏ဖုန်းတွင် ဗီဒီယိုအသံဖမ်းစက်ကိုဖွင့်ပြီး ဖုန်းထဲသို လှည့်ရိုက်ကာ ထိုအခန်းထဲသို့ ၀ င်လိုက်သည်။


ဗွီဒီယိုကို မြင်ကွင်းကျယ်ချဲ့ကာ  ဖုန်းကို သူမ စစ်ဆေးခဲ့တယ်။ ဒီဗီဒီယိုဟာ မှောင်မိုက်နေခဲ့ပေမယ့် အိပ်ခန်းထဲမှာ ဘယ်သူမှပုန်းအောင်း မနေတာတော့ သေချာတယ်။

"အိပ်ခန်းထဲမှာ ဘယ်သူမှမရှိဘူးလား။"

 အိုး....ငါမေ့တော့မလို့....ငါ အိပ်ရာအောက်ဧရိယာကို မစစ်ဆေးရသေးဘူး။ သူမက ဧည့်ခန်းကို  ပြန်သွားပြီး သတ်သတ်မှတ်မှတ်ထောင့်ကို ရွေးချယ်ကာထိုင်လိုက်ပြီး   အိပ်ရာအောက်ရှိ နေရာလွတ်ထဲကို ဖုန်းမီးရောင်ဖြင့် ထိုးကြည့်ရန် ရည်ရွယ်လိုက်သည်။

"ဘာမှ မရှိဘူး။ ငါ ကြောက်စရာရုပ်ရှင်တွေကို ကြည့်တာ များသွားလို့ ထင်ပါတယ်..."


ရှမိန်လိက အနည်းငယ် စိတ်သက်သာရာရသွားသည်။

 "ငါသာ သရဲအိမ်ရဲ့ ဒီဇိုင်နာဖြစ်မယ်ဆိုရင် အိပ်ရာအောက်မှာရှိတဲ့ ဒီအဖိုးတန်နေရာကို ငါ မဖြုန်းတီးဘူး။ တစ်ယောက်ယောက် အိပ်ရာပေါ်မှာထိုင်တဲ့အခါ အရုပ်ကို  ခုန်ထွက်အောင် ငါ ထောင်ချောက်အချို့ချထားလိုက်မယ်။"

ထို့နောက် ရှမိန်လိသည် အိပ်ခန်းထဲသို့လှည့်လည်သွားခဲ့သည်။ တကယ်တော့ ထောင်ချောက်တွေ မရှိဘူး။ သို့သော် ခေါင်းလျှော်ရည်  
 ရှန်ပူနံ့ရှိနေတယ်။ ဒီအိမ်ဌားက အသန့်လွန် ရောဂါရှိပုံရတယ်။
 

အိပ်ခန်းမှထွက်သွားပြီးနောက် ရှမိန်လိသည်နောက်ဆုံး အခန်းကိုကြည့်ရှုရန် လှည့်ခဲ့သည်။ အိမ်သာသည်လည်း အဓိကနေရာဖြစ်သည်၊ သို့သော် ဤအိမ်သာသည် သေးငယ်ပြီး တံခါးပင် မရှိလို့    လူပုန်းဖို့နေရာတောင် မရှိဘူး။


ရှမိန်လိ သည် သရဲအိမ်ထဲ သို့အလည်အပတ်ခရီးကို ရှင်သန်ရပ်တည်ရေးအတွက် ကစားနေခြင်းဖြစ်သည်။ သူမသည်အလွန်ဂရုစိုက်ပြီး တမင်ခြေလှမ်းများ ဖြည်းဖြည်း လှမ်းခဲ့သည်။ သရဲအိမ် ပိုင်ရှင်များ အနေဖြင့် ၎င်းတို့သည် သရဲအိမ်မှထောင်ချောက်များကို ဖယ်ရှားရန် နည်းလမ်းအမျိုးမျိုးဖြင့် လာရောက်လည်ပတ်သော ဧည့်သည်အမျိုးအစားသည် အလွန်ကြောက်စရာကောင်းသည်။ ထောင်ချောက်များကို ကြိုတင်ဖော်ထုတ်ထားသည့်အခါ ကြောက်မက်ဖွယ် ဆိုးကျိုးရှိလာနိုင်သည်။

ဟိုင်မင်တိုက်ခန်းများ၏အိမ်သာ အပြင်အဆင်သည်  စိတ်ဝင်စားစရာ အနည်းဆုံးဖြစ်သည်။ မှန်က အိမ်သာတံခါးကနေ တည့်တည့်ရှိနေသည်။  ထို့ကြောင့် အခန်းထဲ နေထိုင်သူသည် အိမ်သာသို့သွားသည်ဖြစ်စေ ဝင်သည်ဖြစ်စေ သူတို့အာရုံကို မှန်ဆီကို ရောက်သွားလိမ့်မည်။

ရှမိန်လိလည်း အတူတူပါပဲ

မှန်ထဲ၌ သူမရဲ့ အရိပ် ရောင်ပြန်ဟပ်မှုကိုကြည့်ရင်း စိတ်မသိုးမသန့်ဖြစ်လာမိသည်။ ဒါက ပတ်ဝန်းကျင် သို့မဟုတ် မျက်စိ၏လှည့်စားမှု တစ်ခုလား။ မှန်ထဲမှလူက ငါ  မဟုတ်သလို ဘာကြောင့် ခံစားလာရတာလဲ။

 သူမတံခါးနား မှာ ရပ်ပြီး ဖုန်းကို မှန်ဘက် ထိုးကြည့်လိုက်သည်။ မှန်ကို  အလင်းကိုရောင်ပြန်ဟပ်သောကြောင့် ၎င်းသည် တကယ့်မှန်တစ်ခုဖြစ်နေသည်ကို သိလိုက်သည်။

သူမသည်အိမ်သာသို့ဝင်သောအခါ  နံရံကိုကိုင်ထား၏။ အတွင်းပိုင်းနေရာက သေးငယ်ပြီးမကြာခင်မှာပဲ သူမမှန်ရှေ့မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဒီအခန်းထဲမှာ ထောင်ချောက်မရှိဘူး။ ဒါမှမဟုတ် ဝိန့်လုံနဲ့ ဖေ့ဟူ တို့ကိုကြောက်ပြီး ဒီနေရာထဲမှာ ပုန်းနေတဲ့လူတွေ ရှိနေလား။"

ရှမိန်လိသည်မှန်ကိုထိရန်ကြိုးစားခဲ့ပြီး သူမ၏တင်းမာနေသော ခံစားချက်များကိုဖြေလျော့ပေးခဲ့သည်။

"ဒါက ကြောက်စိတ်တစ်ခုပဲ။ ဒါ အားလုံး ဖေ့ဟူရဲ့အမှားပဲ။ ငါ သူရဲဘောနည်းတဲ့ရောဂါ ကူးစက်ခံနေရတယ်"

သူမသည် မှန်ထဲက မိမိကိုယ်ကိုကြည့်ရှုပြီး , ပိုမို နီးကပ်စွာကြည့်ရှုလိုက် သောအခါ,  အများကြီး ပိုပြီး ပုံမှန်ဖြစ်နေတာကို တွေ့လိုက်ရသည်။

"ဒါက သာမန် သရဲအိမ်ပါပဲ။ သူတို့ နှစ်ယောက်က အခြား အခန်း ၂ ခန်းမှာ ရှိနေပုံရတယ်။ ငါတို့စိ်တ်ကပဲ ငါတို့ကို ခြောက်လှန့်နေတာပါ"

ရှမိန်လိက ဝိန့်လုံကို ဖုန်းထပ်မံခေါ်ဆိုခဲ့သည်။ အသံက ဘေးခန်း ပိတ်ထားတဲ့ တံခါးကနေ ထွက်လာသလို ထင်ရသည်။

 
သူမသည်နားထောင်ရန် ဘေးဘက်သို့မှီလိုက်စဉ် ခေါင်မိုးပေါ်မှရေတစ်စက်ကျလာခဲ့သည်။

ရှမိန်လိက  ဖုန်းမြည်သံ၏ ရင်းမြစ်ကို ရှာရန်  စိတ်စောနေလို့  ဘာကြောင့် မျက်နှာကျက်မှရေ ယိုစိမ့်နေသည်ကို သူမ မ တွေးမိခဲ့ပါ။

ဒါဟာနောက်ကျောကပ်လျက်အခန်း    303 ကနေ ဖုန်းသံမြည်နေတာပဲ..


နောက်ထပ် ရေစက်လေးတွေက မျက်နှာကျက်ကနေ ကျသွားတယ်။ ဤတစ်ကြိမ်တွင် ရှမိန်လိ၏ဖိနပ်ပေါ်သို့ ကျသွားသည်။ သူမ တုန့်ပြန်နိုင်ခင် တတိယမြောက်ရေစက်သည်  သူမ၏နှာခေါင်းပေါ်သို့ကျသွားပြီး သူမမျက်နှာပေါ်သို့ ကျသွားသည်။ နောက်ဆုံးတွင် ရှမိန်လိက သတိပြုမိလာသည်။

"ဒီသရဲခြောက်တဲ့အိမ်က ပျက်စီးနေပြီလား"

သူမသည် မျက်မှောင်ကြုတ်ခြင်းနှင့်အတူ သူမ၏ ဦး ခေါင်းကိုမော့ကြည့်လိုက်သည်။

သူမခေါင်းကိုအထက်ပိုင်းတွင် လုံးဝ ယိုယွင်း ပျက်စီးနေပုံရသည့်အမျိုးသမီးတစ် ဦး ရှိနေသည်။ နာကျင်မှုကြောင့် သူမရဲ့ မျက်နှာက တွန့်ရှုံ့နေပြီး ရှမိန်လိကို သူမရဲ့  ဆံပင်အနက်ရောင်တွေကြားက စိုက်ကြည့်နေသည်။

မျက်နှာကျက် အပေါက်ထဲက ဆံပင်ရှည် ဖျားလျားတွေက မကြာမီ ရှမိန်လိ၏မျက်နှာကို ထိမိတော့မည်။

"ငါ ဘာမှ ရှာမတွေ့တာ အံ့သြစရာမဟုတ်ဘူး။ အဲ့ဒါက မျက်နှာကျက်ထဲမှာ ပုန်းနေတာကိုး"

ရှမိန်လိရဲ့မျက်နှာပေါ်ကို ရေထက်ပျစ်တဲ့အရာက ကျလာလို့ လက်နှင့်သုတ်ကြည့်လိုက်တော့ သွေးလို နီရဲတဲ့ အရာကို မြင်လိုက်ရချိန် ရှမိန်လိရဲ့ကိုယ်က ပျော့ခွေပြီး ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်


...

ချန်ကောသည် ချိပ်ပိတ်ထားသော စာသင်ခန်းမှ ထွက်လာခဲ့သည်။

"ငါဒီမှာ ထားခဲ့တဲ့ အရုပ်က ဘယ်မှာလဲ။"

မိန်းကလေးအရုပ်ပျောက်ကွယ်သွားလို့ ချန်ကော သည် တံခါးဝသို့ပြေးလာခဲ့သည်။ သူက အနက်ရောင် ဖုန်းပေါ်ရှိ  သူ ထိန်းချုပ်နိုင်သည့် သရဲများသည် သရဲခြောက်သည့်အိမ် မှထွက်သွား သည်နှင့် တပြိုင်နက် သူတို့သည် အထိန်းချုပ်မဲ့ ဖြစ်သွားနိုင်သည်။

ချန်ကောသည် သစ်သားပျဉ်ပြားများကို ၀  ကြည့်ရှုစစ်ဆေးလိုက်သည်။ ပျဉ်ပြားက နေရာမရွှေ့လို့ စိတ်သက်သာရာရသွားသည်။
 
"သူတို့ကို ကယ်ထုတ်ရဖို့အချိန်နီးနေပြီ။"

သူသည် သံတူကို မကိုင်နိုင်ပဲ သွေးစွန်းနေသည့် ရှပ် အင်္ကျီဖြင့် ဆက်တင်ခန်းတွေထဲ  ဝင်ခဲ့သည်။ သူသည်စင်္ကြန်လမ်းတစ်ဝက်တွင် အမျိုးသမီး အဆောင်ဘက်မှ နားကွဲစေလောက် သည့်အော်ဟစ်သံ ကိုကြားလိုက်ရသည်။

"အဲဒါက ဘောပင်ဝိဉာဉ်ရဲ့အခန်းကလာတဲ့အသံပဲ။ ဒါပေမယ့် ဘောပင်ဝိဉာဉ်က ဒီလောက်ဖြစ်အောင်လုပ်ဖို့ လုံလောက်တဲ့ရန်လိုစိတ် ရှိပုံမရဘူး။"

ချန်ကောသည် အရှိန်အဟုန်ကိုတိုးမြှင့်ခဲ့ပြီး ပြေးလာခဲ့စဉ် မကြာမီတွင် သူသည်ဒေါက်မြင့်ဖိနပ်စီးကာ ထွက်ပြေးသွားသည့် ဘောင်းဘီတိုဝတ် အမျိုးသမီးတစ် ဦး ကိုတွေ့ခဲ့သည်

*-*

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now