Chapter (167) _ ဝတ်စုံ

703 147 11
                                    


Chapter (167) _  ဝတ်စုံ

သူနာပြုဆရာမက ဆေးတွေ အကုန် လိုက်ဝေပြီးရင် သူမ ပြန်လာမယ်။ မှတ်စုစာအုပ် ပျောက်ဆုံးနေသည်ကို သူမ တွေ့ရှိသောအခါ သူမက ရှာဖွေလိမ့်မည်၊ သို့သော်   ရှောင်ရှောင်းနဲ့ ဘောပင်ဝိဉာဉ်က သူမ ထက် အနည်းငယ်သာလွန်သည်ဟု ချန်ကော ယုံကြည်သောကြောင့်  သူမနဲ့ ရင်ဆိုင်ရရင် ရှုံးမှာမဟုတ်ဘူး။

ချန်ကော က သံတူနဲ့ ကိုင်ပြီး စင်္ကြံထဲကို လျှောက်လာခဲ့သည်။ တကယ်လို့  ထိုလူက သူနာပြုမဟုတ်ပဲ အခြားလူသာဆိုရင် ထိုသူ လုပ်မယ့်အရာကို သူ ကြိုတင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။   အခန်းတွေကို တစ်လုံးပြီးတစ်လုံးဖွင့်လိုက်တော့ ချန်ကော က တတိယထပ် ရေချိုးခန်းတံခါးကို ရောက်တဲ့အထိ  အသစ် ဘာမှ ထပ်မတွေ့ခဲ့ဘူး။
 

တံခါးဖွင့်သံက အောက်ထပ်မှ ထွက်ပေါ်လာသောကြောင့် ဤရေချိုးခန်းသည် တဖက်လောကရဲ့ 'တံခါး' မဖြစ်လောက်ပေ။
 

သူ့ပခုံးပေါ်ရှိ ကြောင်ဖြူလေးဆီမှ ထွက်လာသော စိုးရိမ်ပူပန်မှုကို သူ ခံစားနိုင်သည်။ ချန်ကော က တံခါးကို တွန်းဖွင့်ဖို့ ကြိုးစားရင်း ရေချိုးခန်းဟာ လုံးဝအမှောင်ဖုံးနေပြီး အလင်းရောင်တစ်မျိုးမျိုးကို မျိုချလိုက်သလို ခံစားလိုက်ရသည်။
 

 ခုံတန်းများ သည် အမှောင်ထဲတွင် ကြောက်စရာ ကောင်းလှသလို မုယန် အထက်တန်းကျောင်းနှင့်မတူဘဲ အိမ်သာများတွင် သော့ခတ်ထားခြင်းမရှိပေ။ ချန်ကော သည် ဒီကိုလာခဲ့ပေမယ့်  ထူးထူးခြားခြား မတွေ့ခဲ့ရပေ။ နောက်ဆုံးတွင် သူသည် မှန်တစ်ချပ်ပါရှိသော နံရံရှေ့တွင် ရပ်လိုက်ပြီး ဒီဇိုင်းသည် မည်မျှစိတ်ဝင်စားစရာကောင်းသည်ကို သူ သဘောပေါက်လိုက်သည်။

မှန်၏ အပေါ်ဘက်တွင် ကန့်လန့်ကာတစ်ခုရှိသည်။ ကန့်လန့်ကာကို ဆွဲယူခြင်းဖြင့် မှန်ကို အလွယ်တကူ ဖုံးအုပ်နိုင်မည်ဖြစ်သည်။ ဤဒီဇိုင်းပုံစံလေးသည် ချန်ကော ကို သူ့ကိုယ်ပိုင် သရဲအိမ်အား အနည်းငယ်သတိရစေသည်။ ဤနေရာက မှန်ကို ကြည့်ရတာ  ပြဿနာအချို့ရှိပုံရသည်။

ချန်ကော က ကန့်လန့်ကာကို ဆွဲထုတ်လိုက်ပြီး တစ်စုံတစ်ယောက် လက်ဖြင့် ထိကိုင်ထားသလို မှန်မျက်နှာပြင်ထက်တွင် လက်ရာတွေ စွန်းထင်းနေသည်။
 

တံခါးက ဒီမှာမရှိဘူး၊
ချန်ကော က တတိယထပ် ရေချိုးခန်းရဲ့ အပြင်အဆင်ကို သေချာစစ်ဆေးပြီးမှ အတည်ပြုလိုက်သည်။ ရေချိုးခန်းမှထွက်လာပြီး ကပ်လျက်လှေကားကို အသုံးပြုကာ ဒုတိယထပ်သို့ဆင်းသွားခဲ့သည်။

ပထမထပ်ကို နီးလေလေ လေထဲမှာ အပုပ်နံ့ ပိုပြင်းလေလေပါပဲ။ ချန်ကော ကို အံ့အားသင့်စေသော အရာမှာ ဒုတိယထပ်၏ စင်္ကြံနှင့် နံရံများတွင် ထူးဆန်းသော အရာအချို့ ပေါ်လာခြင်း ဖြစ်သည်။

အဆောက်အဦ၏ ဟောင်းနွမ်းမှုကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာခြင်း ရှိ၊ မရှိ မသိရသေးသော်လည်း အပြင်သို့ ထွက်လာသည့် စင်္ကြံတစ်လျှောက် အကွက်များပေါ်နေသည်။  အချွန်အတက်များတွင် နီရဲသော အရေပြားအရောင်ကဲ့သို့ ဖြစ်နေသည်။  အက်ကွဲနေတဲ့ ကြမ်းပြင်မှာလည်း သွေးတွေလို ထင်ရတဲ့ အရည်တွေ ကျန်နေတယ်။ တစ်ချိန်က အက်ကွဲကြောင်းများမှ သွေးများ စိမ့်ထွက်ပြီး ယခုအခါ ခြောက်သွားသကဲ့သို့ ဖြစ်နေသည်။


ဒုတိယထပ်က တတိယထပ်နဲ့ လုံးဝမတူဘူး။ အန္တရာယ်အဆင့်သတ်မှတ်ချက်အရ  း  နှစ်ဆတိုးလာခဲ့သည်။ တတိယထပ်က ကြောက်စရာကောင်းရင် ဒုတိယထပ်က အန္တရာယ်ရှိတယ်။ အဲဒါက လူတွေကို လှည့်ပြေးချင်အောင် လုပ်လိုက်တာပဲ။

ဒါက တကယ့်သွေးအစစ်ဖြစ်မလား။ ချန်ကော  သည် ကြမ်းပြင်မှ သွေးများ ယိုစိမ့်နေသော တစ်စုံတစ်ခုကို ကောက်ယူလိုက်ပြီး သူ့လက်ထဲတွင် ဖျစ်ညှစ်လိုက်သည်။ သွေးအနံ့ မရဘူး။ ဒါဆိုရင ်ဒါက သာမာန် အနီရောင် မြေစေးတွေပဲ  ဖြစ်နိုင်ပါတယ်။

စင်္ကြံပေါ်ရှိ မွေ့ယာများသည် လမ်းပေါ်တွင်သာ ရှိပြီး ချန်ကော က မွေ့ယာတွေနာုးက ဖြတ်ကျော်သွားစဉ်တွင် အိပ်ယာခင်းတစ်ချို့ကို လှန်ကြည့်လိုကသ်ည်။  ပထမထပ်သို့ သူနီးကပ်လာသည်နှင့်အမျှ ဤအရုပ်များသည် အစစ်တွေနဲ့ ပိုတူလာကြောင်း သူ သဘောပေါက်လာသည်။ အရုပ်တွေရဲ့ ပုံစံက အစစ်နဲ့ တူတယ်လို့ မဆိုလိုပေမယ့် အသက်ဝင်နေသလို    ပိုမိုပြင်းထန်သော ခံစားချက်ကို ပေးနေးခဲ့သည်။

ပထမထပ်ကို ဝင်တဲ့အခါ မွေ့ယာထဲက အရုပ်တွေက သူ့ဘာသာသူ တွားသွားထွက်လာနိုင်မလား။

  ဒီဖြစ်နိုင်ခြေကို အလေးအနက်ထားပြီး ချန်ကော  စဉ်းစားနေတယ်။ စင်္ကြံပေါ်မှဆင်းလာစဉ် အခန်းနောက်မှတစ်ခန်းကို ဖြတ်လျှောက်လာရင်း၊ ချန်ကော သည် ထောင့်ကိုလှည့်ခါနီးတွင် အထူးအခန်းအချို့ကို သတိပြုမိသည်။ လူနာများ၏အခန်းအားလုံးတွင် ဆရာဝန်များက အခန်း အတွင်းပိုင်းကို အလွယ်တကူမြင်နိုင်စေရန်အတွက် တံခါးများတွင် ပြတင်းပေါက်များပါ ရှိသော်လည်း အဆိုပါအခန်းအနည်းငယ်မှာ မတူညီပေ။

ဒါရိုက်တာရဲ့ရုံးလား?

ချန်ကော သည် စိတ်ကျန်းမာရေးဆေးရုံကို စူးစမ်းလေ့လာခြင်း ပြီးသွားခဲ့ပြီဖြစ်ပြီး နာမည်ပြား ကပ်ထားသည့် တံခါးကို သူ ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းဖြစ်သည်။ အခန်းထဲဝင်လာကြည့်တော့ ထိုနေရာက ကျယ်တယ်။ သာမန်အခန်းသုံးခန်းကြားက နံရံတွေကို ဖြိုဖျက်ပြီး ရုံးခန်း လုပ်ထားတာဖြစ်နိုင်သည်။

နံရံမှာ သေနေတဲ့ အပင်တွေရဲ့ပန်း အိုးပေါင်းများစွာ ရှိနေပြီး သူတို့ဘေးမှာ စာအုပ်စင်တွေနဲ့ ရုံးခန်း စားပွဲလွတ်တွေ ရှိနေတယ်။ အနားယူရန်နေရာလည်း ရှိနေသည်။ ဒီနေရာသည် အလုပ်ခွင် နေရာ၏ ထက်ဝက်ခန့်ရှိပြီး ထိုနေရာတွင် ကုတင်တစ်လုံးနှင့် အချိုးအစားမမျှသော ကြီးမားသော အဝတ်အစားများရှိနေသည်။

သူ့နောက်က တံခါးကိုပိတ်ပြီး ချန်ကော  အခန်းထဲကို လှမ်းဝင်လိုက်တယ်။ ကြမ်းပြင်တွင် လူနာမှတ်တမ်းများစွာဖြင့် အမှိုက်သရိုက်များ ရှိနေသော်လည်း အဆိုပါမှတ်တမ်းများသည် သူနာပြု၏မှတ်စုစာအုပ်ရှိ မှတ်တမ်းများနှင့် ကွဲပြားပါသည်။ ထိုထဲက စာကို ဘာမှ မှတ်ချက်မရေးထားလို့ ဒီလူနာတွေက အသက်ရှင်နေသေးတယ်လို့ ယူဆလို့ရသည်။
 
စိတ်ကျန်းမာရေးဆေးရုံသည် အနည်းဆုံး ဆယ်နှစ်ကြာ လည်ပတ်ခဲ့ပြီးဖြစ်လို့ ဆေးရုံထဲ ဝင်လာသည့် ၊  လူနာအရေအတွက်မှာ များပြားနေပြီး ချန်ကော မျှော်မှန်းထားသည်ထက် များစွာများပြားလှသည်။

ကျုတ်ကျန်းမြို့ လူဦးရေ သန်းပေါင်းများစွာနှင့် နှိုင်းယှဉ်ပါက စိတ်ဝေဒနာရှင် အရေအတွက်မှာ အလွန်နည်းသော်လည်း ဒီမြို့မှာ အစိုးရ အသိအမှတ်ပြု   စိတ်ကျန်းမာရေး ဆေးရုံ နှစ်ရုံသာ ရှိပြီး ထိုဆေးရုံတွေမှာ လူနာ တစ်ထောင်ခန့်သာ ကုသနိုင်ခဲ့သည်။ ဒါက စိတ်ရောဂါဝေဒနာတွေ ထပ်ခါထပ်ခါ ကုသဖို့ လိုအပ်တယ်ဆိုတဲ့အချက်နဲ့ ပေါင်းစပ်လိုက်ရင် စိတ်ဝေဒနာရှင်တွေ များတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား။ ဒါကြောင့် ကျူတ်ကျန်းမြို့မှာ တတိယစိတ်ကျန်းမာရေးပြန်လည်ထူထောင်ရေးစင်တာလို   ပုဂ္ဂလိက ဆေးရုံများ ရှိနေခဲ့သည်။

လိုအပ်သော အသိမှတ်ပြု လက်မှတ်များပါရှိသော်လည်း နောက်ဆုံးတွင် ပုဂ္ဂလိဆေးရုံ တစ်ခုဖြစ်ခဲ့သည်။ ဒီဆေးရုံ အဓိက ထားတဲ့အချက်က  ငွေကြေးအကျိုးအမြတ်ဖြစ်ပြီး သူတို့ရဲ့ စီမံခန့်ခွဲမှုက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ စိတ်ဝေဒနာရှင်များ၏ သဘောသဘာဝကြောင့်၊ များစွာသော အရာများကို သူတို့ ထိုက်တန်သော လေးလေးနက်နက်   ကုသခြင်း မခံရပေ။ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်သော်လည်း ငွေအတွက်ကြောင့် ဝမ်ဟိုင်မင်ကို လက်ခံခဲ့မိသည့် ဖြစ်ရပ်က ဥပမာတစ်ခုဖြစ်သည်။

လူနာ၏မှတ်တမ်းအချို့ကို ကောက်ယူပြီးနောက် ချန်ကော သည် မကြာမီ စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ ဖော်ပြထားသော ရောဂါလက္ခဏာများသည် အတော်လေးတူညီသည်—ကုသမှုနည်းလမ်းများသည် တစ်ခုနှင့်တစ်ခုဆင်တူသည်။

"တကယ့်ဆရာဝန်က Doctorကောင်း နဲ့တူတဲ့သူတစ်ယောက်ပါ။ ဒီဆရာဝန်တွေက လူနာတွေရဲ့ စိတ်ဝိဉာဉ်တွေကို တိတ်တဆိတ် ထိန်းချုပ်ပြီး သူတို့ကို သီးသန့်ရုပ်သေးရုပ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတာပဲ။"

ချန်ကော က ဆက်လက်ရှာဖွေခဲ့သည်။ စာအုပ်စင်များနှင့် စားပွဲအံဆွဲများက  လွတ်နေသည်။ ချန်ကော သည် အနားယူရာနေရာကို ဝင်လိုက်ပြီး ကုတင်ကို ဇောက်ထိုးလှန်လိုက်သည်။ ထိုအောက်တွင် ဘာမှ မရှိခဲ့ပါ။ နောက်ဆုံးတွင် သူသည် သံသယကြီးကြီးမားမားဖြင့် အဝတ်စား ထားသည့် နေရာကို  လှည့်ကြည့်လိုက်သည်။ ဤနေရာသည် သူ မရှာရသေးသော တစ်ခုတည်းသောနေရာဖြစ်သည်။

"ဒီဝတ်စုံက လူကြီးနှစ်ယောက်နဲ့ ပိုကိုက်ညီတယ်။ ပျောက်နေတဲ့ ဒါရိုက်တာကို အထဲမှာ ထားခဲ့လို့ ရမလား။"

တူကို ကိုင်ကာ အဝတ်အစား တွေကို သူ စတင် လှန်လျောရှာလိုက်သည်။ ဝတ်စုံတွေကို ရဲတွေရဲ့ အမှတ် တံဆိပ်ခတ်ထားပြီး ဘယ်သူမှ မထိရသေးလို့ ဒီ အဝါရောင် တိပ်တွေကို မဖယ်ပစ်ရသေးပေ။.
 

"ရဲတွေက ဘာလို့ အဝတ်တွေကို အဝါရောင် တိပ်နဲ့ တားထားတာလဲ။ ဒီအဝတ်က  အလောင်းကို ဖုံးထားခဲ့တဲ့ အဝတ်တွေဖြစ်နေလို့လား"

ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး ချန်ကော  သိချင်သော အကြောင်းအရာများစွာ ရှိခဲ့သည်။ အဝတ်တေါရဲ့ အစွန်းလေးခုကို တိပ်ဖြင့် ကပ် ထားပြီး ထောင့်များတွင် ဂါထာ  မန္တန်များကို ရေးထားသည်။ ဝတ်စုံမှ သာမာန်လက်ဖဝါး၏ ထက်ဝက်ခန့် အရှည်ရှိသော လက်သည်းနီများလည်း ရှိသည်။

"ဒီအဝတ်အစားက အရေးကြီးတဲ့ အရာတစ်ခုကို ထုပ်ပိုး သယ်ဆောင်သွားသလို ခံစားရတယ်။"

ချန်ကော က ကြောင်ဖြူတစ်ကောင်ကို ပွေ့ဖက်ပြီး တံခါးနားမှာ ချထားလိုက်တယ်။ သူသည် ရဲ တွေ တားထားသည့် အဝါရောင် တိပ်ကို ဖယ်ရှားကာ အားတင်းပြီး ထိုအထုပ်ကို ဖြည်လိုက်သည်။

 ဒါပေမယ့် အထဲမှာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုး မရှိဘူး၊ ဒီအဝတ်ကို ဝတ်ခဲ့သူက ထူးထူးခြားခြားဘာမှ မလုပ်ခဲ့ဘူး။  အထဲမှာ  မပို့ရသေးတဲ့ စာအိတ်တွေနဲ့ စာအပြည့်ပါတဲ့ စာရွက်တချို့ရှိနေသည်။  အပေါ်ဆုံးစာရွက်ကို ကောက်ကိုင်လိုက်တော့ ချန်ကော ရဲ့ မျက်လုံးထဲကို ဝင်လာတဲ့ ပထမဆုံးစာကြောင်းက သူ့နှလုံးသားကို ခုန်စေတယ်။

"အခန်း 3 ထဲက ကလေးက ထပ်ပြီး  သရုပ်ဆောင်နေပြန်တယ်။ သူက 'တံခါး' ကို ပထမဆုံး မြင်ဖူးသူမို့ 'တံခါး' ရဲ့ အသွင်အပြင်က သူနဲ့ ဆက်စပ်နေတယ်လို့ ငါ သံသယရှိတယ်။

အခန်း 3 သည် လွတ်နေတယ်  မဟုတ်လား။ ဒီကလေးက ဘယ်ကလာတာလဲ။

ချန်ကော က ဆက်ဖတ်ပြီး ထို အဝတ်ထဲက ပါသည့်  စာတွေက 'တံခါး' တစ်ခုတည်းက စိတ်ကျန်းမာရေးဆေးရုံတစ်ခုလုံး ပျက်စီးသွားပုံကို ရှင်းပြထားတယ်ဆိုတာ သိလိုက်ရသည်။
 


****-****

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now