Chapter (62) - 4 Star Level Game (Zawgyi + Unicode)

1.1K 272 17
                                    

Chapter (62) – 4 Star Level Game (Zawgyi + Unicode)

၃ႀကိမ္တိတိ က်ရႈံးၿပီးေနာက္ Chen Ge လက္ေလွ်ာ့လိုက္ၿပီး သရဲအိမ္ျပန္ေရာက္မွ ေလ့လာမည္ဟု ဆုံးျဖတ္လိုက္သည္။ သူက က်န္းယာ့၏ personal page မွထြက္ၿပီးေနာက္ ဖုန္းအနက္ထဲ အျခားမက္ေဆ့ခ်္ေရာက္ေနတာ ေတြ႕လိုက္ရသည္။ ႏွလုံးေသြး mission က ၿပီးသြားၿပီမဟုတ္လား။ Chen Ge စာကို ဖြင့္ဖတ္လိုက္သည္။

>>အနီေရာင္ဝိညာဥ္၏ ခက္ခဲေသာအပိုင္းကို ေအာင္ျမင္လို႔ ဂုဏ္ယူပါသည္။ ဒီ mission က 4star အဆင့္ဂိမ္းျဖစ္သည့္ 'School of Afterlife' ၏ side mission တစ္ခုျဖစ္သည္။<<

>>သတိျပဳရန္ - ႏွလုံးေသြး mission ၿပီးဆုံးမႈ 100% ျဖစ္ရင္ 'School of Afterlife' အတြက္ Trial mission ေတြ ပြင့္ပါမယ္။ ဒီ Trial mission အားလုံး ကစားၿပီးရင္ 'School of Afterlife' mission ကစားလို႔ရပါမယ္။<<

>>School of Afterlife - 4star ဂိမ္း<<

>>Side Mission 1 - အနီေရာင္အကဖိနပ္ (သန္းေခါင္ယံအခ်ိန္တြင္ ဒီေက်ာင္းဝင္းသည္ အနီေရာင္ငန္း၏ stage စင္ျဖစ္သည္။ သူမက ဆိုးသြမ္းေသာဝိညာဥ္ျဖစ္သလို ေတာ္သည့္ အကသမားျဖစ္သည္။
Mission လုပ္ရမည့္ေနရာ - အေနာက္ပိုင္း Jiu Jiang ကိုယ္ပိုင္အကယ္ဒမီ<<

>>Side Mission 2 – The Hanging Man (ငါဘယ္တုန္းကမွ ကေလးမဟုတ္ဘူး၊ အသက္မရွိသလို ေသလည္းမေသဘူး)
Mission လုပ္ရမည့္ေနရာ - အေနာက္ပိုင္း Jiu Jiang ကိုယ္ပိုင္အကယ္ဒမီ<<

>>Side Mission 3 – The Stink (သူက ဖြင့္ေျပာလို႔မရသည့္ လွ်ိဳ႕ဝွက္ခ်က္ကို ဖုံးကြယ္ဖို႔ အမႈိက္မ်ားကို သူ႔အိပ္ယာထဲမွာ ဝွက္ခဲ့သည္)
Mission လုပ္ရမည့္ေနရာ - အေနာက္ပိုင္း Jiu Jiang ကိုယ္ပိုင္အကယ္ဒမီ<<

>>Side Mission 4 - ထြက္သြားဖို႔ျငင္းဆိုေသာ ေဘာပင္ဝိညာဥ္ (ေဘာလ္ပင္ဝိညာဥ္.. ေဘာလ္ပင္ဝိညာဥ္.. ေနာက္တစ္ေယာက္က ဘယ္သူေသမွာလဲ.. ကြၽန္မကို ေျပာျပလို႔ရမလား)
Mission လုပ္ရမည့္ေနရာ - Mu Yang အထက္တန္းေက်ာင္း<<

>>Side Mission 5 - အိမ္သာထဲက ၅ခုေျမာက္ ဘိုထိုင္အိမ္သာ (ညတိုင္းရဲ႕သန္းေခါင္ယံမွာ အိမ္သာထဲ အနီေရာင္ဝိညာဥ္ ျမင္ႏိုင္တယ္လို႔ လူတိုင္းကေျပာၾကတယ္။ အနီေရာင္ဝိညာဥ္နဲ႔ေတြ႕ဖို႔ ငါ ၅ခုေျမာက္ဘိုထိုင္အိမ္သာခန္းမွာ ပုန္းၿပီးေစာင့္ရတယ္)
Mission လုပ္ရမည့္ေနရာ - Mu Yang အထက္တန္းေက်ာင္း<<

>>Side Mission 6 - နက္ရႈိင္းေသာေရတြင္း (ေမာင္ႏွမႏွစ္ေယာက္ ေက်ာင္းကိုလာခဲ့တယ္။ တစ္ေယာက္မွ ျပန္မသြားႏိုင္ခဲ့ဘူး)
Mission လုပ္ရမည့္ေနရာ - Mu Yang အထက္တန္းေက်ာင္း<<

>>Side Mission 7 - ခ်ိတ္ပိတ္ထားတဲ့ စာသင္ခန္း (ေကာ္ရစ္ဒါအဆုံးမွာရွိတဲ့ စာသင္ခန္းကို အၿမဲခ်ိတ္ပိတ္ထားတယ္။ ဘယ္သူမွ အထဲဝင္လို႔မရဘူး။ ဒါေပမယ့္ ညတိုင္း စာသင္ခန္းက သက္ဝင္လႈပ္ရွားလာတယ္)
Mission လုပ္ရမည့္ေနရာ - Mu Yang အထက္တန္းေက်ာင္း<<

>>Side Mission 8 - ျပင္ပဘဝ (လူသူမသိသည့္ ေျမေအာက္ရင္ခြဲ႐ုံတစ္ခုတြင္ ျပင္ပဘဝကိုရဖို႔ ႀကိဳးစားေနေသာ အုပ္စုတစ္စုရွိသည္)
Mission လုပ္ရမည့္ေနရာ - အေနာက္ပိုင္း Jiu Jiang ေဆးတကၠသိုလ္<<

>>ေနာက္ဆုံးမစ္ရွင္ - မပြင့္ေသးပါ<<

ဒီစာေတြဖတ္ၿပီး Chen Ge စိတ္ရႈပ္သြားသည္။ ၾကယ္တစ္ပြင့္သရဲအိမ္ကအခန္းပင္ မႈခင္းသိပၸံေဆးေက်ာင္းသားမ်ားကို သတိလစ္သြားေစသည္။ အခုက ၾကယ္ေလးပြင့္အဆင့္ဆိုေတာ့ ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလိုက္မလဲ။

လူေတြက ထိတ္လန႔္ျခင္းကို အရသာခံ ျမည္းစမ္းၾကေပမယ့္ လိုတာထက္ပိုသြားရင္ လူေတြရဲ႕က်န္းမာေရးကို ထိခိုက္ႏိုင္သည္။ ဒီ Side Mission ကိုဖတ္ၾကည့္႐ုံနဲ႔ Chen Ge ၾကက္သီးထလာခဲ့သည္။ ေနာက္ဆုံး mission က ပိတ္ေနဆဲျဖစ္သည္။ ဒါပြင့္ဖို႔ ေရွ႕က mission ၈ခုကို ၿပီးေအာင္ေျဖရွင္းရဦးမည္။ ၾကယ္၄ပြင့္အဆင့္ဂိမ္းက သူ႔အတြက္ လက္ရွိမွာ မလုပ္ႏိုင္ေလာက္ေသးေပ။ ေနာက္မွလုပ္ဖို႔ ေတြးထားလိုက္သည္။

Chen Ge က message ေတြပိတ္ၿပီး ပြင့္ေနေသာဂိမ္းမ်ားကို ၾကည့္လိုက္သည္။ Tiral Pick Hall ႏွင့္ အသုဘယာဥ္ဂိမ္းအျပင္ အခု School of Afterlife တစ္ခန္း တိုးလာၿပီး မတူတာက ေနာက္တိုးသည့္ဂိမ္းကို ေသြးလို စာလုံးနီနီေတြနဲ႔ ေဖာ္ျပထားျခင္းျဖစ္သည္။

ၾကည့္ရတာ သရဲဇာတ္လမ္းေတြကို ဒီတစ္ေနရာတည္း စုထားသလိုပင္။ ဒီဂိမ္းႀကီးကို သူ ၿပီးစီးလို႔ လက္ဝယ္ရရင္ေတာင္ လူၾကားထဲ ခ်ျပလို႔ရႏိုင္ပါ့မလား။

ေျခာက္လွန႔္မႈျပကြက္ level မ်ိဳးစုံကိုၾကည့္ရင္း Chen Ge ေတြးေနမိသည္။ ၾကယ္တစ္ပြင့္ေျခာက္လွန႔္ကြက္က လူအမ်ားကို ဝင္ခြင့္ျပဳႏိုင္သည္။ ၾကယ္၃ပြင့္ႏွင့္အထက္ကိုေတာ့ ကန႔္သတ္ထားႏိုင္သည္။ ၾကယ္၂ပြင့္ႏွင့္ ၃ပြင့္အခန္းကို ျဖတ္ေက်ာ္ႏိုင္သူမွ ၾကယ္၄ပြင့္ေျခာက္လွန႔္ခန္းကို ဝင္ခြင့္ျပဳလိုက္ရင္ ဧည့္သည္အမ်ိဳးအစားကို ကန႔္သတ္ၿပီးသားျဖစ္မည္။

သရဲအိမ္မွာ ဒီလိုစဥ္းစားထားရင္ ဧည့္သည္ေတြက ဒီစိန္ေခၚမႈၿပီးဖို႔ ထပ္ခါထပ္ခါ လာရလိမ့္မည္။ သူတို႔တစ္ခါလာတိုင္း မတူသည့္ခံစားခ်က္ကို ရသြားႏိုင္သည္။ ဒါက ဧည့္သည္မ်ားကို ေရရွည္လာေအာင္ ဆြဲေဆာင္ႏိုင္သလို နာမည္လည္း ပိုႀကီးလာလိမ့္မည္။

႐ုတ္တရက္ Chen Ge ၏စိတ္ထဲ He San ကို ျမင္ေယာင္လာသည္။ သူက သရဲအိမ္ရဲ႕ Challenge ကို တစ္ခုထက္ကို ပိုေက်ာ္ျဖတ္ႏိုင္သူျဖစ္သည္။ ဒီေကာင္ေလးက သရဲအိမ္နဲ႔ပတ္သက္ၿပီး ကံေကာင္းပုံရသည္။ တကယ္လို႔ သရဲအိမ္ကစားခန္း အသစ္ဖြင့္ရင္ သူ႔ကို ဖိတ္ေခၚရမည္။ Level တစ္ခုၿပီးတစ္ခု ေက်ာ္ျဖတ္ႏိုင္သည့္ ဧည့္သည္ကို လက္မွတ္မ်ား ခ်ီးျမႇင့္ရမည္။ ဒါဆိုရင္ သရဲအိမ္ရဲ႕ ေနာက္ Challenge ေတြကို ဆက္ကစားဖို႔ ဧည့္သည္ေတြကို တြန္းအားျဖစ္ေစလိမ့္မည္။

ဒီလိုေတြးမိၿပီး သူ႔ကိုယ္သူ ေထာင္မႉးႀကီးတစ္ေယာက္လို ခံစားလာရသည္။ Chen Ge အလိုေလ်ာက္ ၿပဳံးလိုက္မိသည္။ သူ႔သရဲအိမ္ကိုလာသည့္ သူမ်ားထဲကေန ေၾကာက္႐ြံ႕ျခင္း၏အဓိပၸါယ္ကို ေကာင္းေကာင္းနားလည္သည့္ Professional အဖြဲ႕တစ္ခု ေပၚလာႏိုင္သည္။

"မင္း ဘာေၾကာင့္ ပါးစပ္ပိတ္ၿပီး ၿပဳံးေနတာလဲ.. ၾကည့္ရတာ မင္း ဒီမွာရွိတာ ဘာမွအကူအညီမရဘူးထင္ပါရဲ႕.."

အင္စပက္တာလီက အခန္းထဲမွာစစ္ေဆးၿပီး ထြက္လာခဲ့သည္။

"Team 1 နဲ႔ 2 က Zhang Peng ဒီတစ္ဝိုက္မွာမရွိဘူးလို႔ သတင္းပို႔တယ္.. ဒီေက်ာင္းဝင္းက တမ်ိဳးႀကီးပဲ.. ညမွာ စုံစမ္းစစ္ေဆးတာက ဘာမွမထူးဘူးလို႔ထင္တယ္.. ဒါေၾကာင့္ အစီအစဥ္ဆြဲၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕လာမွ စၾကတာေကာင္းမယ္.."

"ဟုတ္ကဲ့ပါ.."

Chen Ge က သူ႔mission ၿပီးသြားၿပီျဖစ္လို႔ အေစာကတည္းက ဒီေက်ာင္းက ခြာခ်င္ေနၿပီျဖစ္သည္။ လူတိုင္းက ေက်ာင္းဝင္းရဲ႕ ေျမျပင္အေနအထားကို စစ္ေဆးၾကသည္။ ရဲမ်ားက အကူအညီလာခ်ိန္ကိုေစာင့္ၿပီး ေက်ာင္းဂိတ္တံခါးကို ပိတ္ထားၾကသည္။ စုံစမ္းေရးအဖြဲ႕လာေတာ့ အ႐ုဏ္တက္ခ်ိန္ေရာက္ေလၿပီ။ သူတို႔က အင္စပက္တာလီရဲ႕အဖြဲ႕လိုပဲ ေမာပန္းေနပုံရသည္။ အင္စပက္တာလီက ႏႈတ္ဆက္စကားဆိုၿပီး Chen Ge ကို ကားေမာင္းၿပီး ျပန္ပို႔ေပးသည္။ Chen Ge က ရဲကားခုံေပၚ ပ်င္းရိဇိမ္က်စြာ မွီလွဲခ်လိုက္သည္။

"ေနာက္ထပ္ အိပ္ေရးပ်က္ရတဲ့ညပဲ.."

"ရဲကားထဲ သက္ေတာင့္သက္သာေနႏိုင္တာ မင္းတစ္ေယာက္ပဲ ငါေတြ႕ဖူးတယ္.."

အင္စပက္တာလီက မေက်မနပ္ေျပာရင္း မရွင္းတာေမးလိုက္သည္။

"ဒါနဲ႔ မင္းကိုေျပာမယ္နဲ႔ မေမးျဖစ္တာေတြ ရွိေသးတယ္.."

"ဒါဆို မေမးနဲ႔ေတာ့.."

Chen Ge က ဘာေမးမယ္ဆိုတာ ခန႔္မွန္းမိေနၿပီး သူက ဇိမ္က်က်ထိုင္ရင္း မ်က္လုံးေမွးစင္းကာ အိပ္ေတာ့မလိုလုပ္ေနသည္။

"မင္းက ဒီကိုယ္ပိုင္အကယ္ဒမီေက်ာင္းထဲ ညသန္းေခါင္ ဘာေၾကာင့္ေရာက္ေနတာလဲ.. ၿပီးေတာ့ ေကာင္မေလးေတြေသတဲ့ အခ်ိန္အတိအက်ကို မင္းဘယ္လိုသိတာလဲ.. အဲ့ဒီအမႈျဖစ္ခ်ိန္က ရင္ခြဲစစ္ေဆးတဲ့ မႈခင္းဆရာဝန္က ဒီအမႈကိုလႊဲမလာမခ်င္း ငါ့ကိုေတာင္ ဘာမွေျပာတာမဟုတ္ဘူး.. ဒါေပမယ့္ မင္းက သိေနတယ္.. မင္းက ပုံမွန္မဟုတ္ဘူး.."

အင္စပက္တာလီက ကားစက္ႏႈိးရင္း ေျပာလိုက္သည္။

"ကံေကာင္းၿပီး ခန႔္မွန္းတာမွန္သြားလို႔ပါဗ်ာ... အန္ကယ္ဆန္းေပါင္ Air-con ေလးဖြင့္ေပးပါဦး.."

"မင္းက ငါ့ကိုဆို ပုံမွန္မဟုတ္တာ ခိုင္းေနက်ျဖစ္ေနၿပီလား.."

အင္စပက္တာလီက Air-con ဖြင့္ေပးရင္း ဆက္ေျပာလိုက္သည္။

"ေနာက္တစ္ခြန္းဆက္ေျပာရင္ မင္းကို ကားေပၚက ကန္ခ်ပစ္မယ္.."

ထိုစဥ္ ဖုန္းျမည္လာခဲ့သည္။

"အန္ကယ္ရဲ႕ဖုန္း ျမည္ေနတယ္.."

အင္စပက္တာလီက ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္ကာ ကိုင္လိုက္သည္။ သူဘာမွမေျပာေပမယ့္ ၃စကၠန႔္မွာ ဖုန္းက ဘာမွမေျပာဘဲ ခ်သြားသည္။

"ရဲအရာရွိကို လာစတဲ့ဖုန္းသရဲက ရွိေသးတာလား.."

"ဒါက ငါ့မိန္းမပါ ငါအေရးႀကီးတဲ့တာဝန္ကို ထမ္းေဆာင္တဲ့အခ်ိန္ ငါ ေဘးကင္း မကင္း သိရဖို႔ ငါ့မိန္းမနဲ႔ငါက ႏွစ္ေယာက္ပဲသိတဲ့သေကၤတနဲ႔ ဆက္သြယ္ၾကတယ္.. သူဆက္တဲ့ဖုန္းကို ငါကိုင္လိုက္ရင္ ဘာမွေျပာစရာမလိုဘဲ ငါေဘးကင္းတယ္ဆိုတာ သူသိႏိုင္တယ္.."

အင္စပက္တာလီ၏ မ်က္ႏွာအမူအယာက ေပ်ာ့ေျပာင္းစြာျဖင့္ ရွင္းျပခဲ့သည္။

============================

Chapter (62) – 4 Star Level Game (Zawgyi + Unicode)

၃ကြိမ်တိတိ ကျရှုံးပြီးနောက် Chen Ge လက်လျှော့လိုက်ပြီး သရဲအိမ်ပြန်ရောက်မှ လေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။ သူက ကျန်းယာ့၏ personal page မှထွက်ပြီးနောက် ဖုန်းအနက်ထဲ အခြားမက်ဆေ့ချ်ရောက်နေတာ တွေ့လိုက်ရသည်။ နှလုံးသွေး mission က ပြီးသွားပြီမဟုတ်လား။ Chen Ge စာကို ဖွင့်ဖတ်လိုက်သည်။

>>အနီရောင်ဝိညာဉ်၏ ခက်ခဲသောအပိုင်းကို အောင်မြင်လို့ ဂုဏ်ယူပါသည်။ ဒီ mission က 4star အဆင့်ဂိမ်းဖြစ်သည့် 'School of Afterlife' ၏ side mission တစ်ခုဖြစ်သည်။<<

>>သတိပြုရန် - နှလုံးသွေး mission ပြီးဆုံးမှု 100% ဖြစ်ရင် 'School of Afterlife' အတွက် Trial mission တွေ ပွင့်ပါမယ်။ ဒီ Trial mission အားလုံး ကစားပြီးရင် 'School of Afterlife' mission ကစားလို့ရပါမယ်။<<

>>School of Afterlife - 4star ဂိမ်း<<

>>Side Mission 1 - အနီရောင်အကဖိနပ် (သန်းခေါင်ယံအချိန်တွင် ဒီကျောင်းဝင်းသည် အနီရောင်ငန်း၏ stage စင်ဖြစ်သည်။ သူမက ဆိုးသွမ်းသောဝိညာဉ်ဖြစ်သလို တော်သည့် အကသမားဖြစ်သည်။
Mission လုပ်ရမည့်နေရာ - အနောက်ပိုင်း Jiu Jiang ကိုယ်ပိုင်အကယ်ဒမီ<<

>>Side Mission 2 – The Hanging Man (ငါဘယ်တုန်းကမှ ကလေးမဟုတ်ဘူး၊ အသက်မရှိသလို သေလည်းမသေဘူး)
Mission လုပ်ရမည့်နေရာ - အနောက်ပိုင်း Jiu Jiang ကိုယ်ပိုင်အကယ်ဒမီ<<

>>Side Mission 3 – The Stink (သူက ဖွင့်ပြောလို့မရသည့် လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့ အမှိုက်များကို သူ့အိပ်ယာထဲမှာ ဝှက်ခဲ့သည်)
Mission လုပ်ရမည့်နေရာ - အနောက်ပိုင်း Jiu Jiang ကိုယ်ပိုင်အကယ်ဒမီ<<

>>Side Mission 4 - ထွက်သွားဖို့ငြင်းဆိုသော ဘောပင်ဝိညာဉ် (ဘောလ်ပင်ဝိညာဉ်.. ဘောလ်ပင်ဝိညာဉ်.. နောက်တစ်ယောက်က ဘယ်သူသေမှာလဲ.. ကျွန်မကို ပြောပြလို့ရမလား)
Mission လုပ်ရမည့်နေရာ - Mu Yang အထက်တန်းကျောင်း<<

>>Side Mission 5 - အိမ်သာထဲက ၅ခုမြောက် ဘိုထိုင်အိမ်သာ (ညတိုင်းရဲ့သန်းခေါင်ယံမှာ အိမ်သာထဲ အနီရောင်ဝိညာဉ် မြင်နိုင်တယ်လို့ လူတိုင်းကပြောကြတယ်။ အနီရောင်ဝိညာဉ်နဲ့တွေ့ဖို့ ငါ ၅ခုမြောက်ဘိုထိုင်အိမ်သာခန်းမှာ ပုန်းပြီးစောင့်ရတယ်)
Mission လုပ်ရမည့်နေရာ - Mu Yang အထက်တန်းကျောင်း<<

>>Side Mission 6 - နက်ရှိုင်းသောရေတွင်း (မောင်နှမနှစ်ယောက် ကျောင်းကိုလာခဲ့တယ်။ တစ်ယောက်မှ ပြန်မသွားနိုင်ခဲ့ဘူး)
Mission လုပ်ရမည့်နေရာ - Mu Yang အထက်တန်းကျောင်း<<

>>Side Mission 7 - ချိတ်ပိတ်ထားတဲ့ စာသင်ခန်း (ကော်ရစ်ဒါအဆုံးမှာရှိတဲ့ စာသင်ခန်းကို အမြဲချိတ်ပိတ်ထားတယ်။ ဘယ်သူမှ အထဲဝင်လို့မရဘူး။ ဒါပေမယ့် ညတိုင်း စာသင်ခန်းက သက်ဝင်လှုပ်ရှားလာတယ်)
Mission လုပ်ရမည့်နေရာ - Mu Yang အထက်တန်းကျောင်း<<

>>Side Mission 8 - ပြင်ပဘဝ (လူသူမသိသည့် မြေအောက်ရင်ခွဲရုံတစ်ခုတွင် ပြင်ပဘဝကိုရဖို့ ကြိုးစားနေသော အုပ်စုတစ်စုရှိသည်)
Mission လုပ်ရမည့်နေရာ - အနောက်ပိုင်း Jiu Jiang ဆေးတက္ကသိုလ်<<

>>နောက်ဆုံးမစ်ရှင် - မပွင့်သေးပါ<<

ဒီစာတွေဖတ်ပြီး Chen Ge စိတ်ရှုပ်သွားသည်။ ကြယ်တစ်ပွင့်သရဲအိမ်ကအခန်းပင် မှုခင်းသိပ္ပံဆေးကျောင်းသားများကို သတိလစ်သွားစေသည်။ အခုက ကြယ်လေးပွင့်အဆင့်ဆိုတော့ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

လူတွေက ထိတ်လန့်ခြင်းကို အရသာခံ မြည်းစမ်းကြပေမယ့် လိုတာထက်ပိုသွားရင် လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်သည်။ ဒီ Side Mission ကိုဖတ်ကြည့်ရုံနဲ့ Chen Ge ကြက်သီးထလာခဲ့သည်။ နောက်ဆုံး mission က ပိတ်နေဆဲဖြစ်သည်။ ဒါပွင့်ဖို့ ရှေ့က mission ၈ခုကို ပြီးအောင်ဖြေရှင်းရဦးမည်။ ကြယ်၄ပွင့်အဆင့်ဂိမ်းက သူ့အတွက် လက်ရှိမှာ မလုပ်နိုင်လောက်သေးပေ။ နောက်မှလုပ်ဖို့ တွေးထားလိုက်သည်။

Chen Ge က message တွေပိတ်ပြီး ပွင့်နေသောဂိမ်းများကို ကြည့်လိုက်သည်။ Tiral Pick Hall နှင့် အသုဘယာဉ်ဂိမ်းအပြင် အခု School of Afterlife တစ်ခန်း တိုးလာပြီး မတူတာက နောက်တိုးသည့်ဂိမ်းကို သွေးလို စာလုံးနီနီတွေနဲ့ ဖော်ပြထားခြင်းဖြစ်သည်။

ကြည့်ရတာ သရဲဇာတ်လမ်းတွေကို ဒီတစ်နေရာတည်း စုထားသလိုပင်။ ဒီဂိမ်းကြီးကို သူ ပြီးစီးလို့ လက်ဝယ်ရရင်တောင် လူကြားထဲ ချပြလို့ရနိုင်ပါ့မလား။

ခြောက်လှန့်မှုပြကွက် level မျိုးစုံကိုကြည့်ရင်း Chen Ge တွေးနေမိသည်။ ကြယ်တစ်ပွင့်ခြောက်လှန့်ကွက်က လူအများကို ဝင်ခွင့်ပြုနိုင်သည်။ ကြယ်၃ပွင့်နှင့်အထက်ကိုတော့ ကန့်သတ်ထားနိုင်သည်။ ကြယ်၂ပွင့်နှင့် ၃ပွင့်အခန်းကို ဖြတ်ကျော်နိုင်သူမှ ကြယ်၄ပွင့်ခြောက်လှန့်ခန်းကို ဝင်ခွင့်ပြုလိုက်ရင် ဧည့်သည်အမျိုးအစားကို ကန့်သတ်ပြီးသားဖြစ်မည်။

သရဲအိမ်မှာ ဒီလိုစဉ်းစားထားရင် ဧည့်သည်တွေက ဒီစိန်ခေါ်မှုပြီးဖို့ ထပ်ခါထပ်ခါ လာရလိမ့်မည်။ သူတို့တစ်ခါလာတိုင်း မတူသည့်ခံစားချက်ကို ရသွားနိုင်သည်။ ဒါက ဧည့်သည်များကို ရေရှည်လာအောင် ဆွဲဆောင်နိုင်သလို နာမည်လည်း ပိုကြီးလာလိမ့်မည်။

ရုတ်တရက် Chen Ge ၏စိတ်ထဲ He San ကို မြင်ယောင်လာသည်။ သူက သရဲအိမ်ရဲ့ Challenge ကို တစ်ခုထက်ကို ပိုကျော်ဖြတ်နိုင်သူဖြစ်သည်။ ဒီကောင်လေးက သရဲအိမ်နဲ့ပတ်သက်ပြီး ကံကောင်းပုံရသည်။ တကယ်လို့ သရဲအိမ်ကစားခန်း အသစ်ဖွင့်ရင် သူ့ကို ဖိတ်ခေါ်ရမည်။ Level တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်သည့် ဧည့်သည်ကို လက်မှတ်များ ချီးမြှင့်ရမည်။ ဒါဆိုရင် သရဲအိမ်ရဲ့ နောက် Challenge တွေကို ဆက်ကစားဖို့ ဧည့်သည်တွေကို တွန်းအားဖြစ်စေလိမ့်မည်။

ဒီလိုတွေးမိပြီး သူ့ကိုယ်သူ ထောင်မှူးကြီးတစ်ယောက်လို ခံစားလာရသည်။ Chen Ge အလိုလျောက် ပြုံးလိုက်မိသည်။ သူ့သရဲအိမ်ကိုလာသည့် သူများထဲကနေ ကြောက်ရွံ့ခြင်း၏အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်သည့် Professional အဖွဲ့တစ်ခု ပေါ်လာနိုင်သည်။

"မင်း ဘာကြောင့် ပါးစပ်ပိတ်ပြီး ပြုံးနေတာလဲ.. ကြည့်ရတာ မင်း ဒီမှာရှိတာ ဘာမှအကူအညီမရဘူးထင်ပါရဲ့.."

အင်စပက်တာလီက အခန်းထဲမှာစစ်ဆေးပြီး ထွက်လာခဲ့သည်။

"Team 1 နဲ့ 2 က Zhang Peng ဒီတစ်ဝိုက်မှာမရှိဘူးလို့ သတင်းပို့တယ်.. ဒီကျောင်းဝင်းက တမျိုးကြီးပဲ.. ညမှာ စုံစမ်းစစ်ဆေးတာက ဘာမှမထူးဘူးလို့ထင်တယ်.. ဒါကြောင့် အစီအစဉ်ဆွဲပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့လာမှ စကြတာကောင်းမယ်.."

"ဟုတ်ကဲ့ပါ.."

Chen Ge က သူ့mission ပြီးသွားပြီဖြစ်လို့ အစောကတည်းက ဒီကျောင်းက ခွာချင်နေပြီဖြစ်သည်။ လူတိုင်းက ကျောင်းဝင်းရဲ့ မြေပြင်အနေအထားကို စစ်ဆေးကြသည်။ ရဲများက အကူအညီလာချိန်ကိုစောင့်ပြီး ကျောင်းဂိတ်တံခါးကို ပိတ်ထားကြသည်။ စုံစမ်းရေးအဖွဲ့လာတော့ အရုဏ်တက်ချိန်ရောက်လေပြီ။ သူတို့က အင်စပက်တာလီရဲ့အဖွဲ့လိုပဲ မောပန်းနေပုံရသည်။ အင်စပက်တာလီက နှုတ်ဆက်စကားဆိုပြီး Chen Ge ကို ကားမောင်းပြီး ပြန်ပို့ပေးသည်။ Chen Ge က ရဲကားခုံပေါ် ပျင်းရိဇိမ်ကျစွာ မှီလှဲချလိုက်သည်။

"နောက်ထပ် အိပ်ရေးပျက်ရတဲ့ညပဲ.."

"ရဲကားထဲ သက်တောင့်သက်သာနေနိုင်တာ မင်းတစ်ယောက်ပဲ ငါတွေ့ဖူးတယ်.."

အင်စပက်တာလီက မကျေမနပ်ပြောရင်း မရှင်းတာမေးလိုက်သည်။

"ဒါနဲ့ မင်းကိုပြောမယ်နဲ့ မမေးဖြစ်တာတွေ ရှိသေးတယ်.."

"ဒါဆို မမေးနဲ့တော့.."

Chen Ge က ဘာမေးမယ်ဆိုတာ ခန့်မှန်းမိနေပြီး သူက ဇိမ်ကျကျထိုင်ရင်း မျက်လုံးမှေးစင်းကာ အိပ်တော့မလိုလုပ်နေသည်။

"မင်းက ဒီကိုယ်ပိုင်အကယ်ဒမီကျောင်းထဲ ညသန်းခေါင် ဘာကြောင့်ရောက်နေတာလဲ.. ပြီးတော့ ကောင်မလေးတွေသေတဲ့ အချိန်အတိအကျကို မင်းဘယ်လိုသိတာလဲ.. အဲ့ဒီအမှုဖြစ်ချိန်က ရင်ခွဲစစ်ဆေးတဲ့ မှုခင်းဆရာဝန်က ဒီအမှုကိုလွှဲမလာမချင်း ငါ့ကိုတောင် ဘာမှပြောတာမဟုတ်ဘူး.. ဒါပေမယ့် မင်းက သိနေတယ်.. မင်းက ပုံမှန်မဟုတ်ဘူး.."

အင်စပက်တာလီက ကားစက်နှိုးရင်း ပြောလိုက်သည်။

"ကံကောင်းပြီး ခန့်မှန်းတာမှန်သွားလို့ပါဗျာ... အန်ကယ်ဆန်းပေါင် Air-con လေးဖွင့်ပေးပါဦး.."

"မင်းက ငါ့ကိုဆို ပုံမှန်မဟုတ်တာ ခိုင်းနေကျဖြစ်နေပြီလား.."

အင်စပက်တာလီက Air-con ဖွင့်ပေးရင်း ဆက်ပြောလိုက်သည်။

"နောက်တစ်ခွန်းဆက်ပြောရင် မင်းကို ကားပေါ်က ကန်ချပစ်မယ်.."

ထိုစဉ် ဖုန်းမြည်လာခဲ့သည်။

"အန်ကယ်ရဲ့ဖုန်း မြည်နေတယ်.."

အင်စပက်တာလီက ဖုန်းကိုတစ်ချက်ကြည့်လိုက်ကာ ကိုင်လိုက်သည်။ သူဘာမှမပြောပေမယ့် ၃စက္ကန့်မှာ ဖုန်းက ဘာမှမပြောဘဲ ချသွားသည်။

"ရဲအရာရှိကို လာစတဲ့ဖုန်းသရဲက ရှိသေးတာလား.."

"ဒါက ငါ့မိန်းမပါ ငါအရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်တဲ့အချိန် ငါ ဘေးကင်း မကင်း သိရဖို့ ငါ့မိန်းမနဲ့ငါက နှစ်ယောက်ပဲသိတဲ့သင်္ကေတနဲ့ ဆက်သွယ်ကြတယ်.. သူဆက်တဲ့ဖုန်းကို ငါကိုင်လိုက်ရင် ဘာမှပြောစရာမလိုဘဲ ငါဘေးကင်းတယ်ဆိုတာ သူသိနိုင်တယ်.."

အင်စပက်တာလီ၏ မျက်နှာအမူအယာက ပျော့ပြောင်းစွာဖြင့် ရှင်းပြခဲ့သည်။

============================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now