Chapter (85+86+87+88+89+90) (Z+U)

1.3K 318 17
                                    

Chapter (85) – ငါေၾကာက္ရမွာလား ? (Z+U)

Chen Ge ၏ ဆ႒မအိမ္သာခန္းေရွ႕မွာ အနီေရာင္အရိပ္က ရပ္သြားခဲ့သည္။ Chen Ge က တူကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားၿပီး အနီေရာင္အရိပ္ႏွင့္ ပါးလႊာေသာတံခါးတစ္ခ်ပ္ပဲျခားကာ ဟိုဘက္သည္ဘက္ရပ္ေနသည္။ သူ႔တစ္ကိုယ္လုံး ေတာင့္တင္းလို႔ေနသည္။

ထိုအခ်ိန္ အိမ္သာတံခါးက ျဖည္းျဖည္းခ်င္းပြင့္သြားခဲ့သည္။

အႏၲရာယ္ႏွင့္ ရင္ဆိုင္ေတြ႕ခ်ိန္ ပင္ကိုယ္သိစိတ္ျဖင့္ Chen Ge သည္ တံခါးလုံးလုံးပြင့္မသြားခင္ တြန္းဖြင့္ကာ လက္ထဲကတူႏွင့္ အနီေရာင္အရိပ္ကို ႐ိုက္ခ်လိုက္သည္။

"ဘန္း"

တံခါးက အသံျမည္ကာပြင့္သြားၿပီး မေမွ်ာ္လင့္ထားေသာ တူခ်က္ေၾကာင့္ အနီေရာင္အရိပ္က ၾကမ္းျပင္ေပၚလဲက်ကာ ေဝဝါးသြားၿပီး အိမ္သာခန္းထဲက ထြက္ေျပးသြားခဲ့သည္။

"ဘာလဲဟ.. တိုက္ပြဲကၿပီးသြားၿပီလား .. ငါက ဒီထက္တိုက္ခိုက္ရမယ္ ထင္ေနတာ.."

Chen Ge က အားနည္းေသာ အနီေရာင္အရိပ္ေၾကာင့္ ေၾကာင္သြားခဲ့သည္။ အနီေရာင္အရိပ္ကို သူက ဝိညာဥ္ဆိုတာကို ေမ့ေနသလားမသိေတာ့ေပ။ ဆူညံသံေၾကာင့္ ပၪၥမအိမ္သာခန္းထဲက သရဲကေလးႏွစ္ေကာင္က ေၾကာက္လန႔္တၾကား တဝါးဝါးႏွင့္ ငိုေႂကြးၾကေတာ့သည္။ Chen Ge က ပၪၥမအိမ္သာခန္းတံခါးကို ဆြဲဖြင့္ကာ ေငါက္လိုက္သည္။

"ငိုတာေတြ ရပ္လိုက္စမ္း.."

ကေလးႏွစ္ဦးက ေၾကာက္လန႔္တၾကားႏွင့္ သူ႔ကိုေမာ့ၾကည့္ကာ ပါးစပ္ေလးေတြကို လက္ႏွင့္ပိတ္ထားၾကသည္။

"ဘာေၾကာင့္ မင္းတို႔က ငါ့ကို လူဆိုးႀကီးလို ၾကည့္ေနၾကတာလဲ.."

Chen Ge က လမ္းပိတ္ထားတာဖယ္ေပးေတာ့ ဖန္းယြီ၏ဝမ္းကြဲေမာင္ႏွမမ်ားဟု ထင္ရေသာ သရဲကေလးႏွစ္ဦးက ေလးဘက္ေထာက္ကာ အိမ္သာခန္းက်ဥ္းေလးထဲက ထြက္လာၾကၿပီး လက္ခ်င္းတြဲကာ အျပင္ဘက္ကို ေျပးထြက္သြားၾကေတာ့သည္။

ဒီကေလးႏွစ္ဦးက side mission ထဲက တစ္ခုျဖစ္လို႔ Chen Ge သူတို႔ေနာက္က လိုက္လာခဲ့သည္။ ကေလးႏွစ္ဦးက စာသင္ေဆာင္မွဆင္းလာၿပီး ေဘးဘက္က အုပ္ခ်ဳပ္ေရး႐ုံးခန္းရွိရာအေဆာင္ဘက္ ထြက္လာခဲ့သည္။ စာသင္ေဆာင္က မီးေလာင္ခဲ့ေပမယ့္ အုပ္ခ်ဳပ္ေရးအေဆာင္က မီးမေလာင္ေပ။ ကေလးေတြက ထိုအေဆာင္ထဲက အခန္းတစ္ခန္းထဲ ဝင္ေရာက္ေပ်ာက္ကြယ္သြားေသာေၾကာင့္ Chen Ge က ထိုအခန္းကိုဖြင့္ကာ ဓါတ္မီးႏွင့္ထိုးၾကည့္လိုက္သည္။

ထိုအခန္းက ဆရာတစ္ေယာက္၏အခန္း ျဖစ္ပုံရၿပီး စားပြဲေပၚတြင္ ေမးခြန္းႏွင့္စာ႐ြက္မ်ား ၊ ခဲတံမ်ားခ်ထားသျဖင့္ ေသခ်ာစစ္ၾကည့္လိုက္ရာ မူလတန္းသခ်ာေမၤးခြန္းမ်ား ျဖစ္ေနသည္။ အခန္းထဲဝင္လာေတာ့ သခ်ာစၤာအုပ္တစ္အုပ္လည္း ပြင့္ေနတာ ေတြ႕လိုက္ရသည္။ ပထမ Chen Ge သေဘာမေပါက္ေပမယ့္ စဥ္းစားၾကည့္လိုက္ေတာ့ မုယန္အထက္တန္းေက်ာင္းက လူႀကိဳက္နည္းသျဖင့္ ေက်ာင္းသားနည္းသည္ကို သတိရလိုက္သည္။ ဒါေၾကာင့္ ဒီေက်ာင္းမွာ ေက်ာင္းသားဦးေရထက္ ဆရာဦးေရက ပိုမ်ားေနေလာက္သည္။ မူလတန္းကေလးက နည္းလို႔ စာေမးပြဲစစ္တာကို ဆရာ့အခန္းထဲမွာ လာစစ္ပုံရသည္။ အခန္းထဲက ျပတင္းေပါက္ေဘးမွာ ပန္းအိုးတစ္ခုပင္ ယခုထိရွိေနဆဲျဖစ္သည္။ အခန္းထဲမွာ စားပြဲႏွစ္လုံးႏွင့္ စာအုပ္စင္တစ္ခုရွိသည္။

ဒီထဲမွာေပ်ာက္သြားတာဆိုေတာ့ သူတို႔ဘယ္မွာမ်ား ပုန္းေနၾကပါလိမ့္..။

ဒါက မုယန္ေက်ာင္းရဲ႕ သခ်ၤာဘာသာ စာသင္ခန္းလား..။ ၿပီးေတာ့ ဒီအခန္းက သခ်ၤာဆရာရဲ႕ ႐ုံးခန္းလည္းျဖစ္ပုံရသည္။ Chen Ge က ထိုအခန္းထဲက စားပြဲေအာက္ကအံဆြဲကို ဆြဲၾကည့္လိုက္ေတာ့ ကာတြန္း႐ုပ္ႏွင့္ ေက်ာင္းလြယ္အိတ္ေလးတစ္ခုကို ေတြ႕လိုက္ရသည္။ Chen Ge က ဇစ္ဖြင့္ၿပီးၾကည့္လိုက္ေတာ့ ေရာင္စုံျခယ္သည့္စာအုပ္ႏွင့္ ေရာင္စုံခဲတံဘူး ထြက္လာခဲ့သည္။

ဒီဟာေတြက ဘာေၾကာင့္ သခ်ၤာဆရာရဲ႕အခန္းမွာ ရွိေနရတာလဲ..။

ဒီလြယ္အိတ္ထဲက သင္႐ိုးၫႊန္းတမ္းေတြအရ ဒါက အထက္တန္းေက်ာင္းသားလြယ္အိတ္ မဟုတ္ေလာက္ေပ။ ဒီဟာက သခ်ၤာဆရာရဲ႕ကေလး လြယ္အိတ္မ်ားလား..။

ဒီကိစၥကို ေနာက္မွေတြးဖို႔ ဆုံးျဖတ္ၿပီး ေရာင္စုံခဲတံဘူးကို ဖြင့္ၾကည့္ေတာ့ အနီနဲ႔အနက္ကလြဲၿပီး အကုန္ရွိေနသည္။ ပုံဆြဲစာအုပ္ကိုဖြင့္ၾကည့္ေတာ့ ဖန္းယြီဆြဲထားသည့္ပုံႏွင့္ တစ္ထပ္တည္းတူေသာ အိမ္အနက္ႏွင့္ အနီေရာင္လူ႐ုပ္မ်ားကို ေတြ႕လိုက္ရသည္။ စာမ်က္ႏွာတိုင္းတြင္ လူ႐ုပ္မ်ားက ေျပာင္းလဲလို႔ေနသည္။ Chen Ge က အိတ္ထဲက ဖန္းယြီေရးဆြဲသည့္စာ႐ြက္ကိုထုတ္ကာ တိုက္ၾကည့္ေတာ့ တစ္ထပ္တည္းျဖစ္ေနသည္။

ဒါဆို ဖန္းယြီက ဒီႏွစ္ေတြမွာ ဒီပုံကိုပဲ ဆြဲေနတာေပါ့..

ဒီပုံဆြဲစာအုပ္က Chen Ge ကို သဲလြန္စအမ်ားႀကီးေပးခဲ့သည္။ အံဆြဲက ပင့္ကူမွ်င္မ်ားအရ ဒီလြယ္အိတ္ကို ေက်ာင္းႀကီးမပိတ္ခင္ကတည္းက အံဆြဲထဲထည့္ထားပုံရသည္။ ဒါဆိုရင္ ဒီကေလးက ေမြးကတည္းက သရဲျမင္ႏိုင္ေသာအစြမ္းနဲ႔ ေမြးဖြားလာၿပီး ငယ္ကတည္းက ျမင္ရပုံေပၚသည္။ သူဆြဲထားတာက အိမ္မည္းႀကီးက သူေနထိုင္ခဲ့ေသာအိမ္ျဖစ္ၿပီး လူနီေတြက အိမ္ထဲကသရဲေတြျဖစ္ပုံရသည္။

ကေလးကို ထိန္းသိမ္းျပဳစုလာရင္း သူ႔အေဒၚက ဒါကိုသိရွိခဲ့ၿပီး ျဖစ္ပုံရသည္။ ဒါေၾကာင့္ ထိုအမ်ိဳးသမီးက ဖန္းယြီကို သရဲေျခာက္သည့္အိမ္ကို ေခၚလာၿပီး ဝိညာဥ္ဘဝေရာက္ေနေသာ ကေလးေတြအေပၚထားသည့္အခ်စ္မ်ားကို ဖန္းယြီအေပၚပုံခ်ကာ စုေပါင္းၿပီးခ်စ္ေနပုံရသည္။ ဒီလြယ္အိတ္က ဖန္းယြီ၏လြယ္အိတ္သာျဖစ္ရင္ သူ႔အေဖက ဒီေက်ာင္းက သခ်ၤာဆရာျဖစ္ရမည္။ ဖန္းယြီ၏အေဖက အရက္စြဲေနၿပီး နာမည္ပ်က္ေၾကာင့္ ဘယ္ေက်ာင္းကမွ အလုပ္မခန႔္ခ်င္ခဲ့ေပ။ ဒါေပမယ့္ ဘာေၾကာင့္ မုယန္ေက်ာင္းက သူ႔ကိုအလုပ္ခန႔္ခဲ့သလဲ..။ ဒီကိစၥ၏ေနာက္ကြယ္မွာ လွ်ိဳ႕ဝွက္ခ်က္ရွိပုံရသည္။ ဒီအေၾကာင္းကိုေျပာစဥ္ ဖန္းယြီ၏အေဒၚက စကားလမ္းေၾကာင္းေျပာင္းပစ္လိုက္သည္ကို Chen Ge သတိရလာသည္။

ဖန္းယြီ၏ဖခင္က ဘယ္လိုလူစားမ်ိဳးလဲ..။

Chen Ge က တူကို စားပြဲေပၚတင္ကာ အခန္းထဲ ေစ့ေစ့စပ္စပ္လိုက္ရွာေတာ့ စာအုပ္စင္ေပၚက စြန႔္ပစ္ထားေသာစာအုပ္ထဲမွာ စာ႐ြက္တခ်ိဳ႕ကို ေတြ႕လိုက္ရသည္။

"ဆရာဖန္.. ခင္ဗ်ား တတိယထပ္က ဆ႒မအိမ္သာထဲမွာ ဘာလုပ္ခဲ့သလဲဆိုတာ ကြၽန္ေတာ္သိတယ္.. ဒါေၾကာင့္ ခင္ဗ်ား အဲ့ဒီမိန္းကေလးကိုေတာင္းပန္ၿပီး ဒီေက်ာင္းက ခ်က္ခ်င္းထြက္သြားပါ.."

"ခင္ဗ်ား ဒီေက်ာင္းကထြက္သြားဖို႔ ၂ရက္အခ်ိန္ရမယ္.. မဟုတ္ရင္ ခင္ဗ်ား တရားဝင္ဖြင့္ေျပာၿပီး ေတာင္းပန္ရမယ္.."

"ဒါက ေနာက္ဆုံးညပဲ.. ဒီညမွမထြက္သြားရင္ ခင္ဗ်ား ဒီေက်ာင္းမွာ ထာဝရေနသြားရမယ္.."
======================

Chapter (86) – ေနာက္ဆံုးစာသင္ခန္း

ဒါဆို ေခ်ာင္းၾကည့္ခဲ့တဲ့သူက ဖန္းယြီရဲ့အေဖပဲလား..။ ဒီစာရြက္ကိုသာမေတြ႕ရင္ ဒီလူက ဒီလိုဆိုတာ Chen Ge လံုးဝေတြးမိမည္မဟုတ္ေပ။ ထင္ထားတဲ့အတိုင္း ဖန္းယြီရဲ့အေဒၚက တခ်ိဳ႕အေရးႀကီးတဲ့အခ်က္အလက္ကို ဖံုးကြယ္ထားခဲ့တာပဲ..။

Chen Ge က လူသတ္သမားကိုစံုစမ္းဖုိ႔ စႀကိဳးစားခ်ိန္မွာ တခ်ိဳ႕အေရးႀကီးေသာသဲလြန္စေတြက ျပတ္ေတာက္ေနၿပီး ခုစာရြက္ေတြကေန မတူညီေသာအေတြးကို ေတြးလိုက္ႏိုင္သည္။

ဒီမွတ္စု၃ခုက လက္ေရးမတူေပ။ ဒါဆိုရင္ ဆရာဖန္း၏ေခ်ာင္းၾကည့္ေသာအက်င့္ကို သိသြားတာက လူ၃ေယာက္ျဖစ္ရမည္။ Chen Ge က သက္ေသေတြပ်က္စီးမည္စိုးေသာေၾကာင့္ ထိုစာရြက္၃ရြက္ကို မကိုင္ဘဲ စာထဲကအေၾကာင္းအရာကိုသာ ေသခ်ာမွတ္လိုက္သည္။

ဆရာဖန္းက ဒီစာရြက္ေတြကို ေသခ်ာသိမ္းၿပီး ဒီလက္ေရးပိုင္ရွင္ ေက်ာင္းသား၃ဦးကို လက္ေရးတိုက္ကာ ရွာခဲ့ပံုရသည္။ သူသာ ဒီေက်ာင္းမွာဆက္ေနခ်င္ရင္ သူ႔ကိုေဖာ္မည့္ေက်ာင္းသား၃ေယာက္ကို ေသခ်ာေပါက္ရွာမည္ျဖစ္သည္။ ဆရာတစ္ေယာက္ျဖစ္လို႔ ၃ရက္အတြင္း လူနည္းစုသာရွိေသာ ဒီေက်ာင္းမွာ လက္ေရးတိုက္ရွာဖို႔ အခ်ိန္လံုေလာက္ေနေလၿပီ။

ဆရာဖန္းက ဒီလက္ေရးရွင္ေက်ာင္းသား၃ေယာက္ကို ေတြ႕ခဲ့သလားဆိုတာ သူသိခ်င္ေနမိသည္။ ဒါေပမယ့္ ဒီမွတ္စု၃ရြက္ထဲက ေနာက္ဆံုးစာေၾကာင္းရဲ့ေလသံက ထူးဆန္းသည္။ ဒါက ပစ္မွတ္ထားခံရေသာ ေက်ာင္းသား၏ ေလသံမဟုတ္ေပ။ ဒီစာရြက္၃ခုထဲက အေၾကာင္းအရာက ထင္ရွားေပမယ့္ တကယ္တမ္းေျပာရရင္ ဆရာဖန္းလိုရာဇဝတ္ေကာင္ဆီက လူသိရွင္ၾကားေတာင္းပန္စကားကို ေတာင္းဆိုတာထက္ ရဲတိုင္လိုက္တာ ပိုမွန္ကန္လိမ့္မည္။ ဘာမွဆိုးဆိုးဝါးဝါး ထပ္မျဖစ္ရင္ေတာင္ ေခ်ာင္းၾကည့္ခံရေသာေက်ာင္းသူ၏ ဂုဏ္သိကၡာကို ထိခိုက္ေစၿပီး စိတ္ဒဏ္ရာပင္ရသြားႏိုင္သည္။

ဒီေက်ာင္းသားေတြက မိန္းကေလးအိမ္သာထဲမွာ ေခ်ာင္းၾကည့္ရတာ ဝါသနာပါတဲံဆရာဖန္းကို ေရတြင္းထဲပစ္ခ်လိုက္တာလား..။

ဒါေပမယ့္ အထက္တန္းအရြယ္ေက်ာင္းသား၃ေယာက္က အရြယ္ေရာက္ၿပီးလူႀကီးတစ္ေယာက္ကို ေရတြင္းထဲပစ္ခ်ဖို႔ အားရွိပါ့မလား။ ဒါေပမယ့္ ဆယ္ေက်ာ္သက္ေက်ာင္းသား၃ဦးက ခုလို လူတစ္ေယာက္ကို သတ္ျဖတ္ကာ သဲလြန္စေဖ်ာက္ရသည္အထိ မလုပ္ဝံ့ႏိုင္ေလာက္ေပ။ သူ႔အေတြးက ေခ်ာ္ေနၿပီလား..။

ထို႔ေၾကာင့္ ဆရာဖန္း၏႐ႈေထာင့္ဘက္က ျပန္ေတြးၾကည့္လိုက္ရင္ သူက ေသခ်ာေပါက္ ေက်ာင္းသား၃ေယာက္ကို ေတာင္းပန္လိမ့္မည္။ သူက နာမည္ပ်က္မွတ္တမ္းရွိေသာေၾကာင့္ ဒီျပစ္ခ်က္သာေပၚသြားလွ်င္ သူ႔ဘဝမွာ ဘယ္ေက်ာင္းကမွ ထပ္ၿပီးမခန္႔ေလာက္ေတာ့ေပ။ ၿပီးေတာ့ သူက ႀကီးေလးေသာျပစ္ဒဏ္လည္း က်ႏိုင္သည္။

ဒါေၾကာင့္ ဖန္းယြီ၏ဖခင္က ထိုစာရြက္ကိုေသခ်ာသိမ္းထားကာ ထုိေက်ာင္းသား၃ဦးကိုရွာဖို႔ ႀကိဳးစားေလာက္သည္။ ၃ရက္ျပည့္သြားေပမယ့္ သူက ဘယ္သူမွန္းရွာမရတာ ျဖစ္ႏိုင္သည္။ ဒါဆို ေက်ာင္းသား၃ေယာက္က ဆရာဖန္း၏ ညစ္ညမ္းေသာျပစ္မႈကို သိသြားေပမယ့္ ရဲကိုမတိုင္ဘဲ ဘာေၾကာင့္ဆရာဖန္းဆီ တိုက္႐ိုက္စာေရးၿပီး ၿခိမ္းေျခာက္ရတာလဲ။ ေနာက္ဆံုးေပးပို႔ေသာစာအတိုင္း တကယ္ျဖစ္လာေစခ်င္လို႔လား။

အတိုခ်ဳပ္ေျပာရရင္ ေက်ာင္းသား၃ေယာက္က ဆရာဖန္းေခ်ာင္းၾကည့္ေသာအက်င့္ကို သိၿပီး သူတို႔က သတိေပးစာပို႔မည္၊ တကယ္လို႔ ဆရာဖန္းက လိုက္နာျခင္းမရွိလွ်င္ ဆရာဖန္းကို ဒီေလာကထဲကေပ်ာက္သြားေအာင္ လုပ္ဖို႔ တစ္ခါတည္းႀကံထားၾကတာလား..။

သူေတြးတာမျဖစ္ႏိုင္မွန္းသိေပမယ့္ Chen Ge အမ်ိဳးမ်ိဳးေလွ်ာက္ေတြးေနမိသည္။ ယုတၱိရွိတာ မရွိတာ အပထား၊ သူဖတ္ခဲ့ဖူးေသာ စံုေထာက္ဝတၳဳမ်ား၊ မႈခင္းဇာတ္လမ္းမ်ားအတိုင္း ေလွ်ာက္စဥ္းစားေနမိသည္။ သူစဥ္းစားထားေသာ ၃ခ်က္လံုးအရ ကိုက္ညီမႈမရွိေပမယ့္ Chen Ge က ထို၃ေယာက္ထဲမွာ လူသတ္သမားတစ္ေယာက္ ေသခ်ာေပါက္ရွိမည္ဟု ခပ္ေရးေရးထင္ေနမိသည္။ ၿပီးေတာ့ ထိုလူသတ္သမားက ေသခ်ာႀကိဳတင္ျပင္ဆင္ထားပံုရသည္။ စာအရ သူတုိ႔က ဆရာဖန္းကိုေခ်ာင္းၾကည့္ခံရေသာ မိန္းကေလးကို ေတာင္းပန္ေစခ်င္သည္။ ဒါဆိုလွ်င္ ထုိမိန္းကေလးကို ေတြ႕ေအာင္ရွာလိုက္ပါက ဒီျပႆနာကို ေျဖရွင္းၿပီးသားျဖစ္ေလာက္သည္။

Chen Ge က ျမင္ျမင္သမွ် Camera နဲ႔ မွတ္တမ္းတင္ၿပီးေနာက္ စာအုပ္ကိုပိတ္ကာ စာအုပ္စင္ေပၚျပန္ထားလိုက္သည္။ တကယ္လို႔ အံဆြဲေတြကိုေလွ်ာက္မၾကည့္မိရင္ စာအုပ္စင္ေပၚကက်န္ခဲ့ေသာစာအုပ္ထဲက စာရြက္ကို ရွာေတြ႕မည္မဟုတ္ေပ။ ဒီလွ်ိဳ႕ဝွက္ခ်က္ကိုေျဖရွင္းဖို႔ အေသးစိတ္အခ်က္အလက္ကစၿပီး ရွာေဖြရမည္ထင္သည္။ Chen Ge က သခ်ၤာဆရာအခန္းမွထြက္ကာ က်န္အခန္းမ်ားကို လိုက္ၾကည့္ေပမယ့္ ဟာလာဟင္းလင္းျဖင့္ ဘာမွမေတြ႕ရေသာေၾကာင့္ အုပ္ခ်ဳပ္ေရးအေဆာင္က ထြက္လာခဲ့သည္။

နာရီကိုၾကည့္ေတာ့ 10:30pm ရွိေနၿပီး ခုထိ side mission ၂ခုကို မေျဖရွင္းႏိုင္ေသးေသာေၾကာင့္ မိုးရြာထဲ တစ္နာရီေလာက္ ေလွ်ာက္ရွာၾကည့္ေပမယ့္ တျခားဘာမွ ထပ္မေတြ႕ရေပ။ ေရတြင္းက ဘယ္မွာရွိႏိုင္မလဲ..။

ဖုန္းအနက္က မမွားႏိုင္ေပ။ သန္းေခါင္ေရာက္ဖို႔ တစ္နာရီခြဲေလာက္ပဲ က်န္ေတာ့သျဖင့္ Chen Ge က ေရတြင္းကိုမရွာေတာ့ဘဲ စာသင္ခန္းဘက္ကို ျပန္လာခဲ့သည္။ ေရတြင္းမစ္ရွင္ကို သူခ်န္ထားခဲ့ရေတာ့မည္။ သန္းေခါင္ယံမတိုင္ခင္ ခ်ိပ္ပိတ္ထားေသာစာသင္ခန္းမစ္ရွင္ကို သူေျဖရွင္းခ်င္ေသးသည္။ တကယ္လို႔ မစ္ရွင္ကသိပ္ခက္ခဲေနရင္ သန္းေခါင္ယံမတိုင္ခင္ ဒီေက်ာင္းကထြက္သြားရမည္။

မိုးရြာထဲေလွ်ာက္သြားထားေသာေၾကာင့္ Chen Ge ၏ဖိနပ္က ရႊံ႕မ်ားျဖင့္ညစ္ပတ္ကာ စာသင္ေဆာင္ထဲဝင္လာေတာ့ ရႊံ႕ေျခရာမ်ားထင္းေနသည္။ Chen Ge က ခ်ိပ္ပိတ္ထားေသာစာသင္ခန္းကို တန္းလာၿပီး ျပတင္းေပါက္ကေန ေခ်ာင္းၾကည့္ေတာ့ အခန္းလယ္မွာ စားပြဲခံုတစ္ခံု၊ စာရြက္၊ ေဘာလ္ပင္မ်ား ခ်ထားကာ ၾကည့္ရတာ ေၾကာက္စရာေကာင္းေနသည္။

မုယန္အထက္တန္းေက်ာင္းက မူလက မီးသၿဂိဳဟ္စက္ျဖစ္ၿပီး ထိုခ်ိပ္ပိတ္ထားေသာစာသင္ခန္းက အေလာင္းထားရာေနရာျဖစ္သည္ဟု အင္တာနက္သတင္းတစ္ခုက ေဖာ္ျပထားသည္။ ဒါဆိုရင္ ဒီေနရာက ယင္ဓာတ္တို႔ ပိုျပင္းထန္မွာေသခ်ာသည္။ ဒါေၾကာင့္ ဒီစာသင္ခန္းကို ခ်ိပ္ပိတ္ထားသည္ဟု ေဖာ္ျပထားသည္။

တခ်ိဳ႕ကေတာ့ ေက်ာင္းေလ့လာေရးသြားရင္း ေက်ာင္းကားေမွာက္ကာ ေသဆံုးသြားေသာေက်ာင္းသားမ်ား၏ဝိညာဥ္က ေက်ာင္းမွာလာစြဲကပ္ေနေသာေၾကာင့္ သူတို႔အတြက္ ခ်ိပ္ပိတ္ထားေသာစာသင္ခန္း ထားရွိခဲ့ရသည္ဟု ေရးထားျပန္သည္။

ေနာက္သတင္းတစ္ပုဒ္မွာေတာ့ မုယန္ေက်ာင္း၏ရလဒ္က ေနာက္ဆံုးမွာျဖစ္ေနေသာေၾကာင့္ ဝန္ထမ္းမ်ားက ေက်ာင္းသားေတြကို အဆင့္မေကာင္းလွ်င္၊ အမွတ္မေကာင္းလွ်င္ အတန္းတစ္တန္းသတ္သတ္ခြဲထားဖို႔ အႀကံျပဳထားသည္။ ဒါေပမယ့္ ေက်ာင္းအုပ္ႀကီးက ေက်ာင္းသားမ်ားစိတ္ဓာတ္က်သြားမည္စိုးေသာေၾကာင့္ အညံ့ဆံုးေက်ာင္းသားမ်ားထားမည့္ စာသင္ခန္းကို ခ်ိပ္ပိတ္ကာ သူတုိ႔ေက်ာင္းမွာ အညံ့ဆံုးေက်ာင္းသား မေမြးဖြားေသးပါဟုေျပာခဲ့သည္ဟု ဆိုေလသည္။

မုယန္ေက်ာင္းႏွင့္ပတ္သက္ေသာ သတင္းမ်ားစြာရွိေပမယ့္ Chen Ge က ထိုသတင္း၃ပုဒ္ကိုသာ မွတ္မိသည္။

Chen Ge နာရီၾကည့္ေတာ့ 11:30pm ရွိေနလို႔ ေသာ့ဖြင့္ကာ စာသင္ခန္းထဲဝင္လိုက္သည္။ စာသင္ခန္းက အျပင္ကၾကည့္တာနဲ႔ ထူးျခားမႈသိပ္မရွိေပ။ သူက စားပြဲေပၚကစာရြက္ကုိၾကည့္ေတာ့ ဘာမွေရးထားတာ မေတြ႕ရေပ။ စာအုပ္ကိုမလိုက္စဥ္ ခံုေပၚမွာ စာေတြေရးထားတာ ေတြ႕လိုက္ရသည္။

=====================

Chapter (87) – မင္းက ပံုထဲမွာရွိေနတာလား

သစ္သားစားပြဲခံုေပၚမွာ တစ္စံုတစ္ခုနဲ႔ေရးျခစ္ထားသည့္ လက္ေရးမ်ားက ထိုစာကိုေရးခဲ့ေသာသူ၏ စိတ္ခံစားခ်က္ႏွင့္ ေၾကာက္ရြံ႕ျခင္းကို ထင္ဟပ္ေနခဲ့သည္။ Chen Ge က camera ကို နီးနီးကပ္ကပ္ႏွိမ့္ခ်ကာ စာကို ေသခ်ာ႐ိုက္ယူလိုက္သည္။

"အိမ္သာနံရံေပၚက မ်က္လံုးေတြက အသက္ဝင္လာတာ ငါျမင္လိုက္ရတယ္.. မ်က္လံုးေတြက လႈပ္ရွားေနတယ္.."

"ငါ ဘာေၾကာင့္ ဒီလိုထင္ရသလဲမသိေပမယ့္ အဲ့ဒီကတည္းက ငါ့ေနာက္ကို အဲ့မ်က္လံုးအစံုက လိုက္ၾကည့္ေနသလို ခံစားေနရတယ္.."

"ဒီမ်က္လံုးေအာက္ကေန ငါ ဘယ္မွာမွ ပုန္းလို႔မလြတ္ႏိုင္ဘူး.. အိမ္သာထဲ၊ ခုတင္ေအာက္၊ ေစာင္ေအာက္၊ ဘယ္ေနရာၾကည့္ၾကည့္ ဒီမ်က္လံုးတစ္စံုကို ျမင္ေယာင္ေနမိတယ္.."

"ငါက လြယ္အိတ္ထဲေတာင္ ငံု႔မၾကည့္ရဲေအာင္ မ်က္လံုးတစ္စံုက လိုက္ၾကည့္ေနသလို ခံစားရတယ္.."

"ငါတစ္ေယာက္တည္းျဖစ္ေနမွာ ေၾကာက္ေနမိတယ္.. ေနရာက်ဥ္းေလးထဲကို မဝင္ရဲဘူး.. မီးမပိတ္ရဲဘူး.. ညအိပ္တိုင္း အိပ္မက္ထဲ ဒီမ်က္လံုးတစ္စံုကိုျမင္ရၿပီး လန္႔ေအာ္ၿပီးႏိုးလာရတယ္.. ဒီမ်က္လံုးက ငါ့စိတ္ထဲထိ လိုက္ၾကည့္ေနသလိုပဲ.."

"ငါ ဘာလုပ္သင့္လဲ.. ဒီမ်က္လံုးေတြက ငါ့ေနာက္ကိုလိုက္ေနတယ္.."

"ဒီမ်က္လံုးေတြထဲ တစ္ခုခုဖံုးကြယ္ထားသလိုပဲ.. ဒီမ်က္လံုးကို ငါ ရင္းႏွီးေနသလိုပဲ.. သူတို႔ကို တစ္ေနရာမွာ ျမင္ဖူးသလုိပဲ.."

"ငါ ဒီအေၾကာင္းကို မိဘနဲ႔အတန္းပိုင္ဆရာကို ေျပာျပေပမယ့္ သူတို႔က ငါေျပာတာ လက္မခံၾကဘူး.. ငါစာမလုပ္ခ်င္လို႔ ေလွ်ာက္ေျပာေနတယ္လို႔ စြပ္စြဲၾကတယ္.."

"ငါ အေတြးေခါင္ေနတာျဖစ္မွာပါ.. ငါပင္ပန္းေနလို႔ ကေယာင္ကတမ္းျမင္တာ ျဖစ္မွာပါ.. ဒါေပမယ့္ ဒီမ်က္လံုးေတြက သခ်ၤာဆရာရဲ့မ်က္လံုးေတြနဲ႔ ဘာေၾကာင့္တူေနတာလဲ.."

"ငါ့မိဘေတြက ငါ့ကိုေသခ်ာေစာင့္ၾကည့္ဖုိ႔ အတန္းပိုင္ဆရာကို မွာထားတယ္.. ဒါေပမယ့္ ဒီဆရာ အနားကပ္လာတိုင္း ေဘာလ္ပင္နဲ႔ သူ႔မ်က္လံုးကိုေဖာက္ထုတ္ခ်င္စိတ္ေတြ ေပၚလာမိတယ္.."

"ဒီလိုနဲ႔ ငါ့ဘဝ အဆံုးသတ္ေတာ့မွာလား.. ဒီအေၾကာင္းေတြ ဘယ္သူ႔ကိုမွ ငါမေျပာျပရဲဘူး.. ငါ့ေနာက္ကို ဒီမ်က္လံုးတစ္စံုက ေတာက္ေလွ်ာက္လိုက္ေနတယ္.. ငါ႐ူးသြားမွာကို ေၾကာက္ေနမိတယ္.."

"ငါက ရယ္ေမာဟန္ေဆာင္ေနေပမယ့္ ဒီမ်က္လံုးေတြကိုျမင္ေယာင္ေနၿပီး ငါဘယ္သူ႔ကိုမွ မယံုေတာ့ဘူး.. ငါ့စိတ္ေတြ ၿပိဳလဲက်လာသလိုပဲ.. တခါတေလ သစ္သီးလွီးဓားကိုေတြ႕ရင္ စက္ဆုပ္စရာအေတြးေတြေပၚလာၿပီး ငါ မ်က္ရည္က်လာမိတယ္.. သူတို႔ ငါ့ကိုဝုိင္းၾကည့္ေနလို႔ ငါ့မ်က္ရည္ကိုထိန္းခ်င္ေပမယ့္ ထိန္းမရခဲ့ဘူး.."

"ငါ ဒီလို ဆက္မေနႏိုင္ေတာ့ဘူး.. ငါ လြတ္ေအာင္ေျပးမွျဖစ္မယ္.."

"စာသင္ခန္းနဲ႔ပတ္သက္တဲ့သတင္းေတြကို ငါၾကားေနရတယ္.. ဒီေနရာက ငါ့ကို မ်က္လံုးတစ္စံုလက္က ကယ္တင္ေပးႏိုင္လိမ့္မယ္.. ငါ ဒီမ်က္လံုးကို ဖ်က္ဆီးပစ္ခ်င္တယ္.."

ဒီစာကိုဖတ္ၿပီးသြားေတာ့ ဒီစာကိုေရးထားတဲ့မိန္းကေလးက ဆရာဖန္း ေနာက္ကလိုက္ေခ်ာင္းတဲ့ ေက်ာင္းသူဆိုတာ သိသြားခဲ့သည္။ ဒီေက်ာင္းသူက အိမ္သာထဲကေခ်ာင္းၾကည့္သည့္ မ်က္လံုးတစ္စံုကို ေတြ႕သြားၿပီး ေျခာက္လွန္႔ခံရကာ ဒီအျဖစ္ကလြတ္ေျမာက္ဖို႔ ခ်ိပ္ပိတ္ထားေသာစာသင္ခန္းထဲ အကူအညီလာေတာင္းပံုရသည္။ ဒါေၾကာင့္ ဆရာဖန္းတို႔လင္မယား ေပ်ာက္ကြယ္သြားခဲ့တာမ်ားလား..။

ဒီစာသင္ခန္းက အဓိကေနရာကပါလာသည္ကို Chen Ge သိလာသည္။ ဆရာဖန္းကိုသတ္သည့္ တရားခံက ဒီစာသင္ခန္းထဲက တစ္စံုတစ္ရာေပါ့။ စာရြက္၃ရြက္ေပၚက လက္ေရးကိုရွာမရတာ မထူးဆန္းေတာ့ေပ။ တကယ္လို႔ လူသတ္သမားက ဒီစာသင္ခန္းထဲကဝိညာဥ္ေတြဆိုရင္ေတာ့ မျဖစ္ႏိုင္ဘူးထင္တဲ့အရာေတြက တကယ္ျဖစ္လာႏိုင္ေလၿပီ။

Chen Ge က စာသင္ခန္းအလြတ္ကို ေဝ့ၾကည့္လိုက္သည္။ ဖန္းယြီအေဒၚေျပာသည့္ ဓာတ္ပံုအရ ဒီစာသင္ခန္းထဲမွာ ေက်ာင္းသူေက်ာင္းသားဝိညာဥ္မ်ားစြာ ပိတ္မိေနပံုရသည္။ Chen Ge က စားပြဲေတြကို ေလွ်ာက္ၾကည့္လိုက္ေတာ့ စားပြဲတိုင္းမွာ ေရးျခစ္ထားေသာလက္ေရးေပါင္းစံုကို ေတြ႕လိုက္ရသည္။ Chen Ge က တျခားစားပြဲကိုသြားၾကည့္ေတာ့ စားပြဲစြန္းကိုတိုက္မိၿပီး ခံုေပၚတင္ထားသည့္ေဘာလ္ပင္က ေအာက္ကိုျပဳတ္က်သြားခဲ့သည္။ Chen Ge က ငံု႔ကာ စားပြဲေအာက္ကေဘာလ္ပင္ကို ေကာက္ယူမလိုလုပ္စဥ္ လက္တစ္ဖက္က ေဘာလ္ပင္ကိုေကာက္ကာ ကမ္းေပးခဲ့သည္။

"ေက်းဇူးပဲ.."

Chen Ge က အလိုေလ်ာက္ ေက်းဇူးတင္စကားေျပာကာ ေဘာလ္ပင္ကိုယူၿပီး စားပြဲေပၚျပန္တင္ထားလိုက္စဥ္ သူ႔တစ္ကိုယ္လံုး ေအးခဲသြားေတာ့သည္။ တစ္ကိုယ္လံုး ၾကက္သီးေမႊးညင္းမ်ား ေထာင္ထလာခဲ့သည္။

ဘယ္သူ႔လက္က ငါ့ကို ေဘာလ္ပင္ကမ္းေပးလိုက္တာလဲ..။

သူကိုင္ထားသည့္တူႏွင့္ လက္ရွိသည့္ဘက္ကို ယမ္းလိုက္ေပမယ့္ ေလကိုသာထုလိုက္မိသည္။ Chen Ge က စာသင္ခန္းကို ေဝ့ၾကည့္လိုက္ေတာ့ အရင္နဲ႔အတူတူျဖစ္တာကို ေတြ႕လိုက္ရသည္။

ဒီစာသင္ခန္းက ေကာ္ရစ္တာအဆံုးမွာရွိၿပီး ခ်ိပ္ပိတ္ထားလို႔ ဘယ္သူမွမဝင္ရဲၾကေပ။ ဒါေပမယ့္ စာသင္ခန္းက ညေရာက္ရင္ သက္ဝင္လႈပ္ရွားလာခဲ့သည္။ အခုက ညသန္းေခါင္ေရာက္ေနၿပီလား။ မစ္ရွင္ထဲကေဖာ္ျပခ်က္ကို သတိရေပမယ့္ Chen Ge က ေၾကာက္လန္႔ကာ အခန္းျပင္ကို ေျပးထြက္လာေတာ့သည္။ တံခါးႏွင့္နီးလာေလ ပိုေၾကာက္လာေလျဖစ္သည္။ သူလွည့္ၾကည့္လိုက္ရင္ အခန္းထဲ လူအျပည့္ျဖစ္ေနၿပီး သူအခန္းထဲကထြက္မရရင္ ဘယ္လိုလုပ္မလဲ..။

ကံေကာင္းေထာင္မၿပီး တံခါးက တြန္းလိုက္တာနဲ႔ပြင့္သြားၿပီး Chen Ge အျပင္ေရာက္သြားသည္။ Chen Ge က လွည့္ၾကည့္လိုက္ေပမယ့္ သူထင္သလို ဘာမွမေတြ႕ရေပ။

ဒီ side mission ကို သူမေအာင္ျမင္ႏုိင္တာ Chen Ge သိလိုက္သည္။ Chen Ge က စာသင္ခန္းကိုျပန္ၾကည့္ၿပီး ေကာလာဟလကို ျပန္သတိရလိုက္သည္။ ဒီအခန္းက တကယ္ပဲ ညသန္းေခါင္ေရာက္ရင္ သရဲေတြနဲ႔ သက္ဝင္လႈပ္ရွားလာတာပဲ။

Chen Ge က စာသင္ခန္းကိုပိတ္လိုက္ၿပီး ခဏအေမာေျဖေနစဥ္ အခန္းဝမွာ ေျခရာတစ္စံုကို ေတြ႕လိုက္ရလို႔ ထိတ္လန္႔သြားခဲ့သည္။ ဒီေျခရာက အခန္းဝမွာရပ္ေနၿပီး အခန္းထဲကသူ႔လႈပ္ရွားမႈကို ေစာင့္ၾကည့္ေနတာေပါ့။ တကယ္လို႔ ထိုသူကသာ ေသာ့ခတ္လိုက္ရင္ သူ ဒီအခန္းထဲ ပိတ္မိေနေတာ့မွာေသခ်ာသည္။ ကံေကာင္းၿပီး အခန္းေသာ့မခတ္ခင္ သူထြက္လာႏိုင္ခဲ့တာပဲ..။

ဒီဖိနပ္က  ရာဘာ ဘြတ္ ဖိနပ္ရာျဖစ္လို႔ ဒီလူႀကိဳတင္ျပင္ဆင္ထားတာ သိလိုက္ရသည္။ သူအခန္းထဲ စစ္ေဆးေနစဥ္ အခန္းအျပင္ကေန သူ႔ကို တိတ္တဆိတ္ေစာင့္ၾကည့္ေနသူ ရွိသည္ဆိုသည့္အသိေၾကာင့္ Chen Ge ထိတ္လန္႔သြားသည္။

Chen Ge က တူကိုဆုပ္ကိုင္ၿပီး ဒီေျခရာေနာက္ကိုလိုက္ရွာၿပီးမွ ဘာဆက္လုပ္မည္ကို ဆံုးျဖတ္ေတာ့မည္။ Chen Ge က ေျခရာေနာက္ကိုလိုက္ရင္း တတိယထပ္အိမ္သာခန္းက ပဥၥမအိမ္သာခန္းထဲ ဦးတည္သြားတာသိလိုက္ရသည္။

Chen Ge က ဖုန္းကိုကိုင္ၿပီး ပဥၥမအိမ္သာခန္းတံခါးကို တြန္းဖြင့္လိုက္ေတာ့ အမ်ိဳးသမီးတစ္ေယာက္ မိုးကာအက်ႌဝတ္ကာ အိမ္သာခန္းထဲ အားနည္းစြာမွီထိုင္ေနတာ ေတြ႕လိုက္ရသည္။ သူမပံုက အခ်ိန္မေရြး လဲက်သြားမလိုထင္ရသည္။

"မင္းက လူျဖစ္ျဖစ္၊ သရဲျဖစ္ျဖစ္ ထြက္လာၿပီးရွင္းျပပါ.."

Chen Ge က ၃မီတာထိဆုတ္ကာ တူကိုကိုင္ရင္း ေျပာလိုက္သည္။

ထိုမိန္းမက ေခါင္းစြပ္ကိုခၽြတ္ကာ ေျပာလိုက္သည္။

"ကၽြန္မဒီကိုလာတာ ရွင့္ကိုလာကယ္တာပါ.."

ထိုမိန္းမက ဖန္းယြီ၏အေဒၚျဖစ္ေနတာ ေတြ႕လိုက္ရသည္။

"ကၽြန္ေတာ့္ကိုကယ္ဖို႔ ဟုတ္လား.."

Chen Ge က ဒီမိန္းမကို မယံုပါ။ သူမက ဖန္ခြက္ထဲ သူ႔ကိုတစ္ခုခုထည့္တိုက္ဖို႔ ႀကိဳးစားေသးသည္မဟုတ္လား။

"ဟုတ္တယ္.. ကၽြန္မ ဖန္းယြီဆြဲထားတဲ့ပံုထဲမွာ ရွင့္ကိုေတြ႕လိုက္ရတယ္.."

အမ်ိဳးသမီးက အိတ္ထဲကပံုဆြဲစာရြက္ကို ထုတ္ကာ ေျပာလိုက္သည္။

"ဒီစာရြက္ကုိ ၾကမ္းေပၚခ်ထားၿပီး ေနာက္ကိုဆုတ္ပါ.."

ဖန္းယြီ၏အေဒၚက ပံုဆြဲစာရြက္ကိုခ်ကာ ဆ႒မအိမ္သာခန္းေရွ႕မွာ ရပ္လိုက္သည္။

=================

Chapter (88) – အမွန္တရား

အမ်ိဳးသမီး၏ပူးေပါင္းမႈေၾကာင့္ Chen Ge သတိထားတာေလွ်ာ့ခ်လိုက္သည္။ သူက စာရြက္ကိုေကာက္ယူၾကည့္လိုက္ေတာ့ အိမ္မည္းမည္းထဲမွာ လူနီေတြအျပည့္ရွိေနၿပီး ထိုလူနီမ်ားက ထင္ရွားေသာလူမည္းတစ္ဦးကို ေၾကာက္ရြံ႕ေနပံုပါရွိသည္။

"ကၽြန္ေတာ္က ပံုထဲမွာပါတယ္လို႔ ဘာၾကည့္ေျပာတာလဲ.."

Chen Ge က ဒီပံုေလးတစ္ခုနဲ႔ ဒီမိန္းမေျပာတာမယံုေပ။

"ဖန္းယြီဆြဲသမွ်ပန္းခ်ီကားတိုင္း လူနီေတြခ်ည္းပဲပါေပမယ့္ ရွင္နဲ႔ေတြ႕ၿပီးေနာက္မွ ထပ္ဆြဲတဲ့ပန္းခ်ီကားထဲ လူမည္းတစ္ေယာက္ပါလာတယ္.. ဒီပံုက ရွင္ပဲျဖစ္ရမယ္.. ဘာေၾကာင့္လဲဆိုေတာ့ ရွင္တစ္ေယာက္ပဲ ကၽြန္မတို႔အိမ္ကိုလာဖူးတဲ့ သူစိမ္းျဖစ္ေနလို႔ပဲ.."

ဖန္းယြီ၏အေဒၚက ရွင္းျပလိုက္သည္။ သူမမိုးကာက ေရက်သံတစ္စက္စက္က ဒီအေျခအေနကို စိတ္မသက္သာဖြယ္ ဖန္တီးေနသည္။

"ဒါပဲလား.. ဒါက ဘာကိုဆိုလိုတာလဲ.. လူနီနဲ႔လူမည္းၾကား ဘာကြာလို႔လဲ.."

ဖန္းယြီအေဒၚက Chen Ge ကို တိတ္ဆိတ္စြာစိုက္ၾကည့္ေနသည္။

"အနီေရာင္လူေတြက သရဲေတြျဖစ္ၿပီး အမည္းေရာင္က သက္ရွိလူသားပဲလို႔ ယူဆတယ္.. ဒီအမည္းေရာင္လူကို ကၽြန္မ ပထမဆံုးျမင္ဖူးတာပဲ.."

"သရဲေတြလား.."

"ကၽြန္မေျပာတာ မယံုႏိုင္စရာျဖစ္ေပမယ့္ ဒါကအမွန္ပါ.. ဖန္းယြီမိဘေတြက မေတာ္တဆမျဖစ္ခင္ကတည္းက ဖန္းယြီက သာမန္လူေတြမျမင္ႏိုင္တာကို ျမင္ႏိုင္စြမ္းရွိတာ ကၽြန္မသိတယ္.. သူ႔မိဘေတြကို ေျပာျပေပမယ့္ သူတို႔က သရဲရွိတာကို မယံုၾကည္ၾကဘူး.."

"သူတို႔မယံုၾကည္ဘဲ ခင္ဗ်ားက ဘာေၾကာင့္ယံုတာလဲ.."

"တကယ္ေတာ့ ကၽြန္မေယာက္်ားနဲ႔ ကေလးႏွစ္ေယာက္ ကားအက္ဆီးဒန္႔မျဖစ္ခင္အထိ ဖန္းယြီမွာ ဒီစြမ္းရည္ရွိတာ ကၽြန္မမသိခဲ့ဘူး.. ကၽြန္မေယာက္်ားနဲ႔ ကေလးေတြေသသြားေတာ့ ကၽြန္မဘဝက အေမွာင္ထုထဲက်ေနသလို ဝမ္းနည္းခဲ့ရတယ္.. တစ္ေန႔ ဖန္းယြီက ပံုဆြဲၿပီး အိမ္မည္းထဲကလူနီကေလးႏွစ္ေယာက္ပံုကို လာျပတယ္.. ဒီကေလးက သူ႔ရဲ့ညီနဲ႔ညီမလို႔ ေျပာခဲ့တယ္.."

အမ်ိဳးသမီး၏အၾကည့္ေတြက ႏူးည့ံလာခဲ့သည္။

"အစက ကၽြန္မ မယံုခဲ့ဘူး.. ဘာျဖစ္ျဖစ္ ဒီပံုေတြေၾကာင့္ ကၽြန္မ စိတ္သက္သာရာရလာခဲ့တယ္.. ဒါေပမယ့္ ေနာက္ပိုင္း ဖန္းယြီဆြဲတဲ့ပံုေတြကို ေတြ႕လာေတာ့ ကၽြန္မ ယံုၾကည္လာမိတယ္.. ကၽြန္မကေလးေတြ ဘာလုပ္ေနၾကတယ္လို႔ ဖန္းယြီေျပာလာေတာ့ ကၽြန္မ ပိုယံုလာတယ္.. အေမရင္းကသာ သိႏိုင္မယ့္ သူတို႔အမူအက်င့္ေတြ၊ လႈပ္ရွားမႈေတြကို ဖန္းယြီက ေျပာျပလာခဲ့တယ္.."

"ဒါေၾကာင့္ ဖန္းယြီက သရဲျမင္ႏိုင္တယ္လို႔ ခင္ဗ်ားယံုခဲ့တာေပါ့.."

"ဟုတ္တယ္.. ဒါမွမဟုတ္ ဒါကိုတကယ္ပဲ ျဖစ္လာေစခ်င္တယ္.. တခါတေလ ကၽြန္မကေလးေတြကို ဖန္းယြီကိုယ္ထဲမွာ ေတြ႕လာရသလိုပဲ.."

"ခင္ဗ်ားေျပာတာ အမွန္ဆိုရင္ေတာင္ ဖန္းယြီဆြဲသမွ်ပံုက ဘာမွသက္ေသမျပႏိုင္ဘူး.. ဒီပံုထဲမွာ ပါတဲ့လူမွန္သမွ် ေသမယ္လို႔ေတာ့ မေျပာနဲ႔ေနာ္.."

"ရွင္ အဲ့ဒီစာရြက္ေအာက္ကို ၾကည့္လိုက္ေလ.."

ထိုပံုေအာက္ေျခမွာ ေရတြင္းပံုဆြဲထားၿပီး ေရတြင္းထဲမွာ ပံုမွန္ထက္ပိုနီေသာ လက္မ်ားစြာ ကုတ္တက္ေနဟန္ ေရးဆြဲထားသည္။ ထိုေရတြင္းေဘးမွာရပ္ေနေသာ လူမည္းမွာ အိမ္ထဲကလူမည္းႏွင့္ တစ္ထပ္တည္းတူေနသည္။

"ပံုျပင္ေတြအရ ဒီေရတြင္းထဲမွာ လူေပါင္းမ်ားစြာ အသက္ဆံုး႐ံႈးခဲ့ရၿပီးၿပီ.. ဒီေရတြင္းထဲက သရဲေတြက အေပၚတက္ခ်င္ေနၿပီး ေဘးမွာ ရွင္က ရပ္ေနတယ္ဆိုေတာ့ သရဲေတြက ရွင့္ကိုဦးတည္ေနတာကို ျပေနတယ္.. ဒါေၾကာင့္ ရွင္ ဒီေက်ာင္းဝင္းထဲ ၾကာၾကာေနေလ ဒီမေကာင္းတဲ့အျဖစ္အပ်က္ေတြ ပိုျဖစ္လာႏိုင္ေခ်မ်ားတယ္.."

ဖန္းယြီ၏အေဒၚက Chen Ge ကို စိုးရိမ္စြာျဖင့္ ႐ိုး႐ိုးသားသားေျပာလိုက္သည္။

Chen Ge က ပံုကိုကိုင္ကာ ေသခ်ာၾကည့္လိုက္ၿပီး ပံုကို အိတ္ထဲထည့္ကာ ေျပာလိုက္သည္။

"ခင္ဗ်ား နားလည္မႈလြဲေနပါၿပီ.. ကၽြန္ေတာ္က ခုေလးတင္ ေက်ာင္းဝင္းထဲက ထြက္ေတာ့မလို႔ပဲ.. အတူတူသြားၾကတာေပါ့.. ဒါမွ တစ္ေယာက္ကိုတစ္ေယာက္ ေစာင့္ေရွာက္လို႔ရမွာ.."

"မွန္တယ္.. အတူတူသြားၾကစို႔.."

Chen Ge က အကူအညီမဲ့ေသာအမ်ိဳးသမီးကို ေခၚကာ ေက်ာင္းမွထြက္ဖို႔ျပင္လိုက္သည္။

Chen Ge က ေရွ႕ကဦးေဆာင္သြားၿပီး ဖန္းယြီ၏အေဒၚက ေနာက္မွကပ္လိုက္ခဲ့သည္။ Chen Ge က တူကိုက်စ္က်စ္ပါေအာင္ဆုပ္ကာ ခပ္ျဖည္းျဖည္းေလွ်ာက္လာစဥ္ ေနာက္ကအမ်ိဳးသမီးက ေၾကာက္လန္႔ေနပံုျဖင့္ Chen Ge နား ခပ္သြက္သြက္တိုးကပ္လာစဥ္ မိုးကာအက်ႌေအာက္မွ ဓားေျမႇာင္တစ္ေခ်ာင္းက ထြက္လာၿပီး Chen Ge ၏ေနာက္ေက်ာကို အရွိန္ႏွင့္ထိုးသြင္းလိုက္သည္။

"ဘန္း.."

Chen Ge က လွည့္ကာ ဓားကိုင္လက္ကို လွည့္ကန္လိုက္သည္။ ထိုမိန္းမက အိမ္သာတံခါးႏွင့္ေဆာင့္မိကာ ၾကမ္းျပင္ေပၚလဲက်သြားခဲ့သည္။ ဓားက ထက္ရွေနၿပီး သားလွီးဓားျဖစ္သည္။ ထိုအမ်ိဳးသမီး၏ဆံပင္ေတြက ဖ႐ိုဖရဲျဖစ္ကာ သူမက ၾကမ္းျပင္ကေန တြားၿပီးထရပ္ဖို႔ႀကိဳးစားေပမယ့္ Chen Ge က သူမကို ၾကမ္းျပင္မွာဖိထားလိုက္သည္။

"ကၽြန္ေတာ္ ခင္ဗ်ားတို႔အိမ္ေရာက္ကတည္းက သံသယဝင္ခဲ့ေပမယ့္ သက္ေသမျပနိုင္ခဲ့ဘူး.. ခုေတာ့ ခင္ဗ်ားရဲ့မ်က္ႏွာအစစ္အမွန္ကို ေဖာ္ထုတ္ႏိုင္ၿပီေပါ့.."

"မင္း ငါ့ကို ဘယ္လိုရိပ္မိသြားတာလဲ.."

ဖန္းယြီ၏အေဒၚက ထရပ္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားေပမယ့္ ရပ္မရသျဖင့္ အခဲမေၾကစြာ ေမးလိုက္သည္။

"ခင္ဗ်ားကို ကၽြန္ေတာ္ အစကတည္းက မယံုဘူး.. ခင္ဗ်ားေပးတဲ့ပံုရဲ့ ေနာက္ေက်ာက ေရတြင္းက ခင္ဗ်ားတုပၿပီးဆြဲထားတဲ့ဟာပဲ.. ကေလးတစ္ေယာက္ပံုကို အတုလုပ္ဖို႔ လြယ္မယ္မ်ားထင္ေနလား.. ခင္ဗ်ား ခုလိုေဖာ္ထုတ္မခံခ်င္ရင္ အစကတည္းက မေကာင္းမႈကိုမလုပ္နဲ႔ေလ.. တကယ္ေတာ့ ခင္ဗ်ားက ဖန္းယြီအေဖကိုသတ္ခဲ့တဲ့ လူသတ္သမားပဲမဟုတ္လား.. ဘယ္လိုလုပ္ၿပီး ကိုယ့္မိသားစုဝင္ကို ခုလို ေသြးေအးေအး သတ္ႏိုင္ရတာလဲ.."

Chen Ge က ဓားေျမႇာင္ကို အေဝးကိုကန္ပစ္ကာ ေျပာလိုက္သည္။

"ငါက သူ႔ကိုသတ္ဖို႔ မရည္ရြယ္ဘူး.. အဲ့ဒီညက ဘာျဖစ္ခဲ့တယ္ဆိုတာ မင္းမသိပါဘူး.."

"ဒါေပမယ့္ ေသခ်ာတာေတာ့ ခင္ဗ်ားက လူသတ္သမားပဲ.."

Chen Ge က ရဲအဖြဲ႕ကို ဖုန္းဆက္ေခၚၿပီး ေစာင့္ဆုိင္းေနစဥ္ ေျပာလိုက္သည္။

"တကယ့္လူသတ္သမားအစစ္က ဖန္းယြီရဲ့အေဖပဲ.."

"ခင္ဗ်ားက ေသၿပီးသားလူကို အျပစ္တင္တာလား.."

ဖန္းယြီ၏အေဒၚဆီမွာ လက္နက္မရွိတာသိရေတာ့မွ Chen Ge စိတ္သက္သာရာရသြားခဲ့သည္။

"အဲ့တာက အမွန္ပါ.."

သူမက ၾကမ္းေပၚလဲက်သြားၿပီး ႏွစ္ေပါင္းမ်ားစြာသိုဝွက္ထားေသာ အမွန္တရားက သူမႏႈတ္မွ ေပၚထြက္လာေတာ့သည္။

"ကၽြန္မအစ္ကိုက ဘယ္လိုလုပ္ခဲ့တယ္မသိဘူး.. သူက အိမ္သာထဲမွာ ေခ်ာင္းၾကည့္ခံခဲ့ရတဲ့ အျပစ္မဲ့မိန္းကေလးကို ႐ူးသြပ္သြားေစၿပီး သတ္ေသဖို႔ ဖိအားေပးခဲ့တယ္.. ဒီကိစၥျဖစ္ၿပီးေနာက္ပိုင္း ကၽြန္မအစ္ကိုက ပိုပိုထူးဆန္းလာၿပီး အေၾကာက္လြန္လာတယ္.. တစ္ေယာက္ေယာက္ သူ႔ကိုလာေခၚေနတယ္လို႔ ေျပာေျပာလာတယ္.. ကၽြန္မေယာင္းမက မခံႏိုင္ေတာ့လို႔ သူ႔ကိုကြာရွင္းဖို႔ ေျပာလာခဲ့တယ္.. ဒါေပမယ့္ အစ္ကိုက သူမကို ကြာရွင္းမေပးခဲ့ဘဲ သူမကို အဆံုးစြန္ထိ တြန္းပို႔ခဲ့တယ္.. ဒါေၾကာင့္ ေယာင္းမက သူ႔ကိုကြာရွင္းမေပးရင္ သူလုပ္ခဲ့တဲ့မေကာင္းမႈကို ေဖာ္ထုတ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တယ္.."

====================
Chapter (89) – နက္႐ိႈင္းေသာေရတြင္း

စိတ္ကေယာင္ေျခာက္ျခားျဖစ္ေနေသာလူက ခုလိုၿခိမ္းေျခာက္ခံရရင္ အဆံုးစြန္ထိလုပ္လိမ့္မည္ဟု Chen Ge ေတြးေနစဥ္ အမ်ိဳးသမီးက ဆက္ေျပာခဲ့သည္။

"ဒီလိုၿခိမ္းေျခာက္ခံလိုက္ရေတာ့ အစ္ကိုက ၿငိမ္က်သြားၿပီး ေန႔တစ္ဝက္ေလာက္ စဥ္းစားေနခဲ့တယ္.. သူက ကြာရွင္းေပးမယ့္အစား သူ႔မိန္းမကို သတ္ပစ္ဖို႔ ဆံုးျဖတ္လိုက္တာကို ကၽြန္မ မသိခဲ့ဘူး.. အဲ့ဒီေန႔က သူ ေက်ာင္းမွာ ဖန္းယြီကို အခန္းထဲေသာ့ပိတ္ထားခဲ့ၿပီး အိမ္ကိုျပန္လာတယ္.. အဲ့ဒီေန႔က မိုးေတြသည္းႀကီးမည္းႀကီး ရြာေနတယ္.. အိမ္ေရာက္ေတာ့ ကေလးေပ်ာက္တယ္လို႔ေျပာၿပီး ကေလးရွာဖို႔ ေယာင္းမကို မုယန္ေက်ာင္းကို ေခၚသြားခဲ့တယ္.. အဲ့ဒီည ၉နာရီေလာက္ မိုးခ်ဳပ္ေတာ့ ကၽြန္မ အိမ္ျပန္လာခ်ိန္ အိမ္မွာဘယ္သူမွမရွိလုိ႔ ေက်ာင္းကို လိုက္လာခဲ့တယ္.."

"ေက်ာင္းကိုေရာက္ေတာ့ ေရတြင္းပ်က္ေဘးမွာ အစ္ကိုက ေျမႀကီးကိုတူးဆြေနတာ ေတြ႕လိုက္ရတယ္.. ကၽြန္မက ပထမ ေယာင္းမကိုမျမင္ဘူး.. အစ္ကိုရဲ့နာမည္ကိုေခၚၿပီး ေဘးကိုကပ္သြားေတာ့မွ ေယာင္းမအေလာင္းကို ေဘးမွာမွီလ်က္ရွိေနတာ ေတြ႕လိုက္ရတယ္.. ကၽြန္မအစ္ကို ခုလိုလုပ္လိမ့္မယ္လို႔ ကၽြန္မ လံုးဝမထင္ထားမိဘူး.. သူက စိတ္ထားႏူးညံ့ၿပီး သူ႔မိန္းမကို အရမ္းခ်စ္တဲ့သူပါ.. ဒါေပမယ့္ ဟိုဓာတ္ပံုကို အိမ္ကိုယူလာကတည္းက သူ သရဲပူးခံေနရတာကို ကၽြန္မသိခဲ့သင့္တယ္.. သူလူသတ္တာေတြ႕ရေတာ့ ကၽြန္မက အေလာင္းကိုကူၿပီး ေဖ်ာက္ဖ်က္ေပးရမလား၊ သတ္ေသရမလားဆိုၿပီး ေရြးစရာ၂ခုပဲရွိေတာ့တယ္.."

"ကၽြန္မအသက္ကိုကယ္ဖို႔ အစ္ကို႔ကိုကူၿပီး ေရတြင္းထဲမွာ ေယာင္းမရဲ့အေလာင္းကို ေဖ်ာက္ဖ်က္တာ ကူညီေပးလိုက္ရတယ္.. ေရတြင္းကိုေဖာ္တဲ့ေနရာမွာ သူ႔ကို ကူေပးလိုက္တယ္.. တကယ္ေတာ့ ဒီစြန္႔ပစ္ေရတြင္းက မိုးႀကီးၿပီး ၿပိဳက်လို႔ ပိတ္ထားတဲ့တြင္းျဖစ္တယ္.."

ဖန္းယြီအေဒၚက ထိုအေၾကာင္းအရာကို စိတ္ပ်က္လက္ပ်က္ေျပာျပေနသည္။

"ကၽြန္မက ရာဇဝတ္မႈမွာ ႀကံရာပါျဖစ္လာေပမယ့္ အစ္ကိုက စိတ္ေဖာက္ေနၿပီ.. သူ ဘယ္ေတာ့ ကၽြန္မကို ေရတြင္းထဲပစ္ခ်မလဲမသိဘူး.. သူက သက္ေသမက်န္ေအာင္ ေသခ်ာေပါက္ ကၽြန္မကို ေရတြင္းထဲပစ္ခ်လိမ့္မယ္.."

"ဒါေၾကာင့္ ခင္ဗ်ားက ဦးေအာင္ သူ႔ကိုသတ္လိုက္တာလား.."

Chen Ge က ေမးလိုက္သည္။ ဒီမိသားစုက ပံုမွန္မဟုတ္ေပ။ အမ်ိဳးသမီးျဖစ္သူက ေယာက္်ား အိမ္သာထဲေခ်ာင္းၾကည့္တာ သိေပမယ့္ ရဲမတိုင္ဘဲ ဒီအခ်က္နဲ႔ ကြာရွင္းဖို႔ႀကိဳးစားခဲ့သည္။

"ကၽြန္မ သူ႔ကိုမသတ္ရင္ သူက သတ္သြားမွာေပါ့.. သူ႔ကိုသတ္လိုက္ရင္ ဖန္းယြီကို ကၽြန္မပိုင္သြားၿပီ.. ကၽြန္မက တစ္ဦးတည္းေသာ မိသားစုဝင္ျဖစ္ၿပီး ဘယ္သူနဲ႔မွ မွ်ေဝဖို႔မလိုေတာ့ဘူး.."

အမ်ိဳးသမီးက အမွန္အတိုင္းထုတ္ေျပာလာခဲ့သည္။

"ဒါေပမယ့္ အစကတည္းက ဖန္းယြီက ခင္ဗ်ားရဲ့သားမွမဟုတ္တာ.."

လြန္ခဲ့ေသာ၃ႏွစ္ကျဖစ္ရပ္ကို ဘယ္သူမွမသိႏိုင္လို႔ ဖန္းယြီ၏အေဒၚကို ဘယ္သူမွ တရားလာမစြဲႏိုင္ေတာ့ေပ။

"မင္းမွားေနၿပီ.. ငါ့ကေလးေတြက ဖန္းယြီရဲ့ကိုယ္ထဲမွာ ရွိတယ္.. ငါ့ကေလးေတြရဲ့အမူအက်င့္ကို ငါေသခ်ာသိတယ္.. ခုဆို ကေလး၃ေယာက္လံုးကို ငါပိုင္သြားၿပီ.. ငါ့အစ္ကိုကေလးနဲ႔ ငါ့ကေလးႏွစ္ေယာက္က ခႏၶာကိုယ္တစ္ခုတည္းမွာပဲ ရွိေနတယ္.."

အမ်ိဳးသမီး၏မ်က္ႏွာထက္က အစိမ္းေရာင္ေသြးေၾကာေတြ ေထာင္ထလာၿပီး ႏႈတ္ခမ္းကိုကိုက္လိုက္လို႔ ေသြးေတြစီးက်လာခဲ့သည္။

ထိုအမ်ိဳးသမီးကို ဖိအားေပးတာ အေမွ်ာ္အျမင္မရွိရာက်လို႔ Chen Ge ၿငိမ္လုိက္သည္။ သူမအစ္ကုိ ႐ူးေနၿပီဟု သူမေျပာေပမယ့္ သူမကိုယ္တုိင္ကလည္း ပံုမွန္မဟုတ္ေပ။ သူမေယာက္်ားႏွင့္ ကေလးေတြ အက္ဆီးဒန္႔ေၾကာင့္ေသသြားၿပီးေနာက္ ဖန္းယြီဆီမွာ သူမကေလးေတြရဲ့ဝိညာဥ္ ပူးကပ္ေနသည္ဟု စိတ္ကိုလွည့္စားထားပံုရသည္။

ဒီအမ်ိဳးသမီးကိုၾကည့္ၿပီး ဖုန္းအနက္ထဲကမစ္ရွင္တစ္ခုျဖစ္တဲ့ 'လူတိုင္းမွာ ရွက္စရာေကာင္းသည့္ လွ်ိဳ႕ဝွက္ခ်က္ကို ႏွလံုးသားထဲမွာျမႇဳပ္ႏွံထားသည္' ဆိုသည့္ဟာကို သတိရလိုက္သည္။

"ထ.. ခင္ဗ်ားအစ္ကိုကို ျမႇဳပ္ႏွံထားတဲ့ေရတြင္းကို လိုက္ျပပါဦး.."

"ဒီေရတြင္းက ေပ်ာက္သြားၿပီ.. ကၽြန္မအစ္ကိုက ေယာင္းမအေလာင္းကို ေရတြင္းထဲပစ္ခ်ၿပီးေတာ့ ကၽြန္မလည္း သူ႔ကိုေရတြင္းထဲတြန္းခ်လိုက္တယ္.. သူက ေယာင္းမအေလာင္းေပၚ လဲက်သြားၿပီး အထဲကေန ကၽြန္မကို ေဒါသတႀကီး ေအာ္ေငါက္က်ိန္ဆဲေနတယ္.. ကၽြန္မက ေရတြင္းထဲ ေျမစာေတြနဲ႔ဖို႔လိုက္တယ္.. ၃ႏွစ္ေတာင္ၾကာၿပီဆိုေတာ့ ေရတြင္းေနရာလည္း ေပ်ာက္သြားၿပီး ဘယ္သူမွ ရွာလို႔မေတြ႕ႏိုင္ေတာ့ဘူး.."

ထုိအမ်ိဳးသမီးက ဆံပင္မ်ားကိုဆုပ္ကိုင္ကာ စိတ္႐ႈပ္ေထြးစြာ ေျပာခဲ့သည္။

"အဲ့ဒီေရတြင္းရွိတဲ့ေနရာ အၾကမ္းဖ်ဥ္းကို ေျပာျပပါ.."

"ဘယ္သူမွ ဒီေရတြင္းကို ရွာလို႔မရေတာ့ဘူး.. ဖန္းယြီကို ကၽြန္မတစ္ေယာက္တည္းပိုင္ၿပီ.. သူ႔ကို ကၽြန္မပဲ ပ်ိဳးေထာင္သြားေပးမယ္.. သူလိုတဲ့အခ်စ္အားလံုး ကၽြန္မပဲေပးမယ္.."

ထိုအမ်ိဳးသမီး၏ ကြယ္ဝွက္ထားေသာမွတ္ဥာဏ္က သူမကို ရင္ကြဲမတတ္ခံစားရေစသည္။

"ခင္ဗ်ားက ဖန္းယြီကို တကယ္မခ်စ္လို႔ ဒါေတြလုပ္ေနတာေပါ့.. ဒါက ခင္ဗ်ားကိုယ္က်ိဳးအတြက္ပဲ.. ဒါက တကိုယ္ေကာင္းဆန္တာပဲ.."

သရဲအိမ္ထဲမွာ ဖန္းယြီက သူ႔အေဒၚထက္ လူစိမ္းျဖစ္တဲ့သူ႔ကို စကားေျပာဖို႔ ပိုလိုလားသည္ကို Chen Ge သတိရကာ ေျပာလိုက္သည္။ ဒါက ဒီတူဝရီးႏွစ္ေယာက္ၾကား ေကာင္းမြန္ေသာဆက္ဆံေရးမရွိတာကို ေဖာ္ျပေနသည္။

"ခင္ဗ်ားမိသားစု မေတာ္တဆျဖစ္ၿပီးေနာက္ပိုင္း ခင္ဗ်ားဘဝမွာ စိတ္ညစ္စရာအေကာင္းဆံုး ႀကံဳရခ်ိန္ ဖန္းယြီက ပံုဆြဲၿပီး ႏွစ္သိမ့္ေပးခဲ့တယ္.. ဒါေပမယ့္ ခင္ဗ်ားက သူ႔မိဘႏွစ္ပါးကို သတ္လိုက္တယ္.. ဖန္းယြီက ကေလးေလးပဲရွိေသးတာကို ေက်းဇူးတင္လိုက္ေပေတာ့.."

Chen Ge က အနီေရာင္လူေတြနဲ႔ျပည့္ေနေသာ အိမ္ပံုကို သတိရကာ ေျပာလိုက္သည္။ တရားဥပေဒရဲ့ အျပစ္ေပးျခင္းကပဲ ဒီတူဝရီးအတြက္ ေကာင္းရာကိုျဖစ္ေစေတာ့မည္။ ဖန္းယြီက ေရတြင္းထဲမွာ ေကာင္းကင္ဘံုကိုရွာတယ္ဆိုကတည္းက သူ႔အေဒၚက လူသတ္သမားဆိုတာ ဖန္းယြီသိၿပီးေနၿပီျဖစ္သည္။ တကယ္လို႔ သူႀကီးျပင္းလာရင္ သူ႔အေဒၚကို ကလဲ့စားေခ်ႏိုင္ၿပီး ဒီကေလးရဲ့အနာဂတ္က ပ်က္စီးသြားႏိုင္ေလာက္သည္။

"ဒီေၾကကဲြဖြယ္ဇာတ္လမ္းက အဆံုးသတ္ခ်ိန္ေရာက္ပါၿပီ.."

Chen Ge က Live လႊင့္တာရပ္လိုက္ၿပီး ရဲကိုဖုန္းထပ္ဆက္ေခၚရင္း ထပ္ေျပာလိုက္သည္။ ဖန္းယြီရဲ့အေဒၚကို တရားဥပေဒက ဘယ္လိုျပစ္ဒဏ္ခ်မွတ္မလဲဆိုတာ Chen Ge မသိေတာ့ေပ။

"ဒီကေလးက သူ႔မိဘကိုသတ္တဲ့ လူသတ္သမားနဲ႔ အတူေနဖို႔ ဖိအားေပးခံရတယ္.. သူက စိတ္ေရာဂါလကၡဏာျပတာ မထူးဆန္းေတာ့ဘူး.. ခင္ဗ်ားက တကယ့္ေရာဂါအရင္းခံတစ္ခုပဲ.."

Chen Ge ရဲကိုဖုန္းဆက္ေနစဥ္ ထိုအမ်ိဳးသမီးက ႐ုန္းကန္ကာ ထြက္ေျပးေတာ့သည္။

"ထြက္မေျပးနဲ႔.. ရပ္.."

Chen Ge က အမ်ိဳးသမီး စိတ္႐ူးေပါက္ကာ ေလွ်ာက္လုပ္မည္စိုးလို႔ ေနာက္ကေျပးလိုက္ခဲ့သည္။ သူမက ေအာက္ထပ္ကိုဆင္းေျပးခဲ့သည္။ Chen Ge က သူမေနာက္က ေျပးလိုက္ရင္း ခ်ိပ္ပိတ္ထားေသာစာသင္ခန္းေရွ႕သို႔ သူမ ေရာက္လာခဲ့သည္။

ထိုစာသင္ခန္းေရွ႕တြင္ တစ္စံုတစ္ခုက သူမေျခေထာက္ကို လွမ္းဆြဲလိုက္သလို သူမ လဲက်သြားခဲ့သည္။ Chen Ge လည္း နံရံကိုေက်ာကပ္ကာ စာသင္ခန္းထဲလွမ္းၾကည့္လိုက္ေတာ့ စာသင္ခန္းထဲမွာ ပံုမွန္ေက်ာင္းခန္းလို ေက်ာင္းသားမ်ားျပည့္ေနသည္ကို ေတြ႕လိုက္ရသည္။ အသက္ႀကီးႀကီးဆရာတစ္ေယာက္က ေက်ာက္သင္ပုန္းေရွ႕မွာ စာသင္ေနသည္။

=====================

Chapter (90) – က်ိန္စာသင့္ေသာ ေဘာလ္ပင္

ဖန္းယြီ၏အေဒၚလည္း ေက်ာင္းခန္းထဲကလူေတြကို ေတြ႕လိုက္ရသည္။ ထိုေက်ာင္းသားမ်ားက သူမအစ္ကိုဓာတ္ပံုထဲက ေက်ာင္းသားေတြနဲ႔တူေနေသာေၾကာင့္ သူမ ေၾကာက္လန္႔ကာ ေအးစက္သြားသည္။ သူမက ေၾကာက္လန္႔ကာ ထရပ္ခ်င္ေပမယ့္ ေျခလက္ေတြက ေပ်ာ့ေခြေနသည္။

Chen Ge က အမ်ိဳးသမီးေဘးကိုေျပးကာ လက္ေမာင္းကေနဆြဲၿပီး စာသင္ေဆာင္ဘက္က တရၾကမ္းေျပးထြက္လာခဲ့သည္။

ေကာလာဟလေတြက တကယ္မွန္ေနေလၿပီ။ သန္းေခါင္ယံမွာ ခ်ိပ္ပိတ္ထားေသာစာသင္ခန္းက သက္ဝင္လႈပ္ရွားတယ္ဆုိတာ တကယ္ပဲျဖစ္သည္။ သူတို႔ေသၿပီးတာေတာင္ စာသင္ခန္းထဲမွာ ရွိေနၾကဆဲျဖစ္သည္။

"ရွင္ ဒါကိုျမင္တယ္မဟုတ္လား.."

အမ်ိဳးသမီး၏မ်က္လံုးက ျပဴးထြက္ကာ သူ႔ကိုေမးလိုက္သည္။

"အခု ဒီေနရာက အရင္ထြက္ရေအာင္.."

Chen Ge က သူမကိုဆြဲကာ ေျပးရင္း စာသင္ခန္းဘက္ျပန္ၾကည့္ေတာ့ စာသင္ခန္းက ေမွာင္မည္းကာ တိတ္ဆိတ္သြားျပန္သည္။

"ငါ ေက်ာင္းဝင္းထဲေရာက္ေနတာ ၾကာေနတာေတာင္ သူတုိ႔က ငါ့ကို ဘာမွမလုပ္ၾကဘူး.. သူတို႔က မေကာင္းတဲ့သရဲေတာ့ မဟုတ္ေလာက္ဘူး.."

Chen Ge က ဒါကိုယံုၾကည္သည္။

ဖန္းယြီအေဖ၏လက္ခ်က္ေၾကာင့္ ႐ူးသြပ္သြားေသာေက်ာင္းသူက သတ္ေသၿပီးေနာက္ ဒီေက်ာင္းခန္းထဲကဝိညာဥ္ ျဖစ္သြားပံုရသည္။ ဒီအခန္းထဲက တျခားဝိညာဥ္မ်ားက သူမကို ကူညီဖို႔ ဆရာဖန္းကို သတိေပးစာပို႔ခဲ့ပံုရသည္။ ဝိညာဥ္ေက်ာင္းသားေတြလုပ္တာ မွားေနတယ္ဆိုေပမယ့္ သူတို႔က သူတုိ႔ေက်ာင္းသူကို ကာကြယ္ခ်င္ၾကတာျဖစ္သည္။

Chen Ge က ဖန္းယြီ၏အေဒၚကို ဆုပ္ကိုင္ကာ မုယန္ေက်ာင္းေပါက္ဝထိ ဆြဲေခၚလာသည္။ ခုက သန္းေခါင္ေက်ာ္သြားၿပီျဖစ္လို႔ ေက်ာင္းဝင္းထဲကအေဆာက္အဦးထဲမွာေနတာ အႏၱရာယ္မ်ားလွသည္။ သန္းေခါင္ေက်ာ္သြားၿပီျဖစ္လို႔ မိုးက အရွိန္ေလ်ာ့သြားေလၿပီ။ ည 1am ထိုးေတာ့ ဓာတ္မီးေရာင္ေတြ႕လို႔ Chen Ge က ဝမ္းသာအားရ ေအာ္ေခၚလိုက္သည္။

မၾကာခင္ လူတစ္အုပ္က မိုးကာၿခံဳကာ ဓာတ္မီးကိုယ္စီျဖင့္ ေရာက္လာၾကသည္။

"ဒီမွာ သံသယရွိသူကို ဖမ္းမိထားပါၿပီ.."

Chen Ge ေအာ္လိုက္ေပမယ့္ ဦးေဆာင္လာသူကိုေတြ႕ေတာ့ ေလသံကတုိးသြားသည္။

"ဘာေၾကာင့္ မင္းပဲျဖစ္ရျပန္တာလဲ.. တစ္ပတ္တည္း အေရးေပၚဖုန္းလိုင္းကေန ဖုန္းေခၚတာ ၃ႀကိမ္ရွိၿပီ.. အေရးေပၚဖုန္းေစာင့္တဲ့ဝန္ထမ္းက မင္းအသံကိုေတာင္ မွတ္မိေနၿပီ.. ဒီဟာက ၃၅ ႏွစ္အတြင္း ပထမဆံုးျဖစ္တဲ့ျဖစ္ရပ္ပဲ.."

Chen Ge လည္း ဘာေျဖရမွန္း မသိေတာ့ေပ။ သူက စိတ္ပ်က္စြာႏွင့္ ဖန္းယြီ၏အေဒၚကို အင္စပက္တာလီလက္ထဲ လႊဲေပးလိုက္သည္။ အင္စပက္တာလီက ေက်ာင္းဝင္းဂိတ္တံခါး ဖြင့္ေစၿပီး လွမ္းေမးလိုက္သည္။

"သူမက အျပစ္မဲ့သားေကာင္လား.."

"မဟုတ္ဘူး.. သူမက လူသတ္သမားေတြထဲက တစ္ေယာက္ပဲ.."

Chen Ge က သူမကိုလက္လႊဲေပးကာ ေျပာလိုက္သည္။

"လူသတ္သမားေတြထဲက တစ္ေယာက္ ဟုတ္လား.. ဒါဆို ေက်ာင္းဝင္းထဲ ပုန္းေနတဲ့လူသတ္သမား ရွိေသးတာလား.."

"တျခားလူသတ္သမားက ေသသြားပါၿပီ.."

Chen Ge က အက်ဥ္းခ်ဳပ္ရွင္းျပလိုက္သည္။

"ဒီအမ်ိဳးသမီးရဲ့အစ္ကိုက ျပစ္မႈတစ္ခုက်ဴးလြန္ခဲ့ၿပီး သူ႔အမ်ိဳးသမီးက ေတြ႕သြားတယ္.. သူမက ဒါကိုသံုးၿပီး ကြာရွင္းခြင့္ေတာင္းေတာ့ သူမကို သတ္ပစ္လိုက္တယ္.. ဒီအမ်ိဳးသမီးရဲ့အစ္ကို သူ႔မိန္းမကိုသတ္တာကို ညီမကေတြ႕သြားေတာ့ သူမက သူ႔ကိုယ္သူကာကြယ္ဖုိ႔ သူမအစ္ကုိကို သတ္ခဲ့ျပန္တယ္.."

"ဒါဆုိ ကိုယ့္ကိုယ္ကို ခုခံကာကြယ္တာပဲေပါ့.."

အင္စပက္တာလီက လိုရင္းကိုေမးလိုက္သည္။

"တကယ္လို႔ အဲ့လိုသာဆုိရင္ သူမက ရဲကိုအေၾကာင္းၾကားမွာေပါ့.. ဒါေပမယ့္ သူမက သဲလြန္စအားလံုး ေဖ်ာက္ဖ်က္ခဲ့တယ္.. ဒါက လြန္ခဲ့တဲ့၃ႏွစ္က လူသတ္မႈဆိုေတာ့ သဲလြန္စ၊ သက္ေသ ဘာမွမက်န္ေတာ့ဘူး.. ဒါကို ကၽြန္ေတာ္သိတာကလည္း သူမေျပာျပလို႔ပါ.. သူမက လိမ္မယ့္ပံုမေပၚပါဘူး.."

Chen Ge က အမ်ိဳးသမီးကို လက္ညိႈးထိုးျပကာ ေျပာလိုက္သည္။

"အခင္းျဖစ္ပြားတဲ့ေနရာက ဘယ္မွာလဲ.."

အင္စပက္တာလီက Chen Ge ဘာေၾကာင့္ ဒီကိုေရာက္ေနသည္ကိုပါ သိခ်င္ေနသည္။

"ဒါကေတာ့ သူမကိုပဲ ေမးေပေတာ့.."

Chen Ge လည္း ေရတြင္းတည္ေနရာကို သိခ်င္ေနသည္။ ဒါမွ သူ႔ mission ကို ၿပီးေအာင္ေဆာင္ရြက္ႏိုင္မွာျဖစ္သည္။ အင္စပက္တာလီက Chen Ge ထက္ လူကိုစစ္ေဆးရာမွာ ပိုကၽြမ္းက်င္သည္။ သူက ေျခာက္ေသြ႕ေသာတဘက္ကိုယူကာ လွမ္းေပးရင္း အမ်ိဳးသမီးကိုေျပာလိုက္သည္။

"လူသတ္ရန္ႀကံစည္မႈဆိုတာ ခင္ဗ်ားကို လွ်ပ္စစ္ကုလားထိုင္ေပၚ ေရာက္ေစလိမ့္မယ္.. တကယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္မႈဆိုရင္ေတာ့ ေနေရာင္ျခည္ကို ျပန္ျမင္ဖို႔ အခြင့္အေရးရွိေသးတယ္.."

ဖန္းယြီ၏အေဒၚက ေသျခင္းတရားကို ေၾကာက္ပံုမရဘဲ တဘတ္ျဖင့္ မိုးေရေတြကိုသုတ္ေနသည္။

"ခင္ဗ်ားမိသားစုကို စဥ္းစားၾကည့္ပါ.. ဒီအရြယ္ဆုိ ခင္ဗ်ားမွာ သားသမီးရွိမွာပဲ.. ခင္ဗ်ား ပူးေပါင္းမႈမရွိရင္ ကေလးေတြကို ထပ္ေတြ႕ရမွာမဟုတ္ဘူး.."

ထိုစကားေၾကာင့္ ဖန္းယြီအေဒၚက လႈပ္လႈပ္ရွားရွားျဖစ္လာသည္။ သူမက ခဏစဥ္းစားၿပီး ေျပာခဲ့သည္။

"ေရတြင္းက ေက်ာင္းေနာက္က ေတာင္ကုန္းေပၚမွာပါ.. ေနရာအတိအက်ေတာ့ မမွတ္မိေတာ့ပါဘူး.."

သူမက ေက်ာင္းေနာက္ကေတာင္ကုန္းေလးကိုညႊန္ျပကာ ဆက္ေျပာလိုက္သည္။

"အဲ့ဒီေနရာက ေျမၿပိဳမႈျဖစ္သြားေတာ့ ေရတြင္းေနရာက ရွာလို႔မရႏိုင္ေလာက္ေတာ့ဘူး.."

ဒီေျမေတြကို တူးဆြဖို႔ ေျမေကာ္စက္ေတြလိုေပမယ့္ ဒီယာဥ္ေတြဝင္လာဖို႔ လမ္းမရွိေသာေၾကာင့္ လူအားနဲ႔ တူးရမည္ျဖစ္သည္။

"ဒီအမ်ိဳးသမီးရဲ့စကားကို အတည္မျပဳႏိုင္ရင္ အ႐ုဏ္တက္တာနဲ႔ ကိစၥေတြေျပာင္းသြားႏိုင္တယ္.."

Chen Ge က side mission မၿပီးမွာစိုးလို႔ အင္စပက္တာလီကို ေလာလိုက္သည္။ အင္စပက္တာလီက လူအင္အားႏွင့္ လိုအပ္ေသာေျမတူးကိရိယာမ်ား မွာကာ 2:15am မွာ စတင္ၿပီး တူးဆြေတာ့သည္။

Chen Ge လည္း ကိုယ္တုိင္ပါဝင္ကူညီသျဖင့္ ရဲအရာရွိမ်ားက သူ၏တက္ၾကြစြာပူးေပါင္းမႈကို အသိအမွတ္ျပဳလိုက္ၾကသည္။ မနက္ ၃နာရီမွာ ေရတြင္းကိုေတြ႕ၿပီး မနက္ 4:30 မွာ အေလာင္းႏွစ္ေလာင္းကို ေရတြင္းထဲက ဆယ္ယူရရွိခဲ့သည္။

ထိုအခ်ိန္ ဖုန္းအမည္းက မစ္ရွင္ေအာင္ျမင္ေၾကာင္း စာပို႔လာခဲ့သည္။ Chen Ge က စာဖြင့္ဖတ္လိုက္သည္။

>>သင္က အ႐ုဏ္မတက္ခင္ အခင္းျဖစ္ပြားရာကို ေဖာ္ထုတ္ႏိုင္ၿပီး side mission ၄ခုကို ေအာင္ျမင္စြာလုပ္ႏိုင္ေသာေၾကာင့္ မုယန္အထက္တန္းေက်ာင္း အစမ္းမစ္ရွင္ ပြင့္သြားပါၿပီ.. သင္ ဒီ game ကို ကစားႏိုင္ဖို႔ ဖုန္းကိုဖြင့္ၿပီး စစ္ေဆးၾကည့္႐ႈႏိုင္ပါၿပီ..<<

>>အစမ္းမစ္ရွင္ၿပီးစီးမႈ 90% ေက်ာ္.. ကစားလို႔ရေသာ လွ်ိဳ႕ဝွက္မစ္ရွင္ - က်ိန္စာသင့္ေသာ ေဘာလ္ပင္<<

>>က်ိန္စာသင့္ေသာေဘာလ္ပင္ (ပ်က္စီး) - ဒီေဘာလ္ပင္ဝိညာဥ္က သင္ေခၚဆိုခ်ိန္ လာဖို႔ ျငင္းဆိုေနသည္။ သူေပ်ာက္ကြယ္မသြားခင္ သင့္ကို စိုက္ၾကည့္ေနခဲ့သည္။<<

===================

Chapter (85) – ငါကြောက်ရမှာလား ? (Z+U)

Chen Ge ၏ ဆဋ္ဌမအိမ်သာခန်းရှေ့မှာ အနီရောင်အရိပ်က ရပ်သွားခဲ့သည်။ Chen Ge က တူကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး အနီရောင်အရိပ်နှင့် ပါးလွှာသောတံခါးတစ်ချပ်ပဲခြားကာ ဟိုဘက်သည်ဘက်ရပ်နေသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းလို့နေသည်။

ထိုအချိန် အိမ်သာတံခါးက ဖြည်းဖြည်းချင်းပွင့်သွားခဲ့သည်။

အန္တရာယ်နှင့် ရင်ဆိုင်တွေ့ချိန် ပင်ကိုယ်သိစိတ်ဖြင့် Chen Ge သည် တံခါးလုံးလုံးပွင့်မသွားခင် တွန်းဖွင့်ကာ လက်ထဲကတူနှင့် အနီရောင်အရိပ်ကို ရိုက်ချလိုက်သည်။

"ဘန်း"

တံခါးက အသံမြည်ကာပွင့်သွားပြီး မမျှော်လင့်ထားသော တူချက်ကြောင့် အနီရောင်အရိပ်က ကြမ်းပြင်ပေါ်လဲကျကာ ဝေဝါးသွားပြီး အိမ်သာခန်းထဲက ထွက်ပြေးသွားခဲ့သည်။

"ဘာလဲဟ.. တိုက်ပွဲကပြီးသွားပြီလား .. ငါက ဒီထက်တိုက်ခိုက်ရမယ် ထင်နေတာ.."

Chen Ge က အားနည်းသော အနီရောင်အရိပ်ကြောင့် ကြောင်သွားခဲ့သည်။ အနီရောင်အရိပ်ကို သူက ဝိညာဉ်ဆိုတာကို မေ့နေသလားမသိတော့ပေ။ ဆူညံသံကြောင့် ပဉ္စမအိမ်သာခန်းထဲက သရဲကလေးနှစ်ကောင်က ကြောက်လန့်တကြား တဝါးဝါးနှင့် ငိုကြွေးကြတော့သည်။ Chen Ge က ပဉ္စမအိမ်သာခန်းတံခါးကို ဆွဲဖွင့်ကာ ငေါက်လိုက်သည်။

"ငိုတာတွေ ရပ်လိုက်စမ်း.."

ကလေးနှစ်ဦးက ကြောက်လန့်တကြားနှင့် သူ့ကိုမော့ကြည့်ကာ ပါးစပ်လေးတွေကို လက်နှင့်ပိတ်ထားကြသည်။

"ဘာကြောင့် မင်းတို့က ငါ့ကို လူဆိုးကြီးလို ကြည့်နေကြတာလဲ.."

Chen Ge က လမ်းပိတ်ထားတာဖယ်ပေးတော့ ဖန်းယွီ၏ဝမ်းကွဲမောင်နှမများဟု ထင်ရသော သရဲကလေးနှစ်ဦးက လေးဘက်ထောက်ကာ အိမ်သာခန်းကျဉ်းလေးထဲက ထွက်လာကြပြီး လက်ချင်းတွဲကာ အပြင်ဘက်ကို ပြေးထွက်သွားကြတော့သည်။

ဒီကလေးနှစ်ဦးက side mission ထဲက တစ်ခုဖြစ်လို့ Chen Ge သူတို့နောက်က လိုက်လာခဲ့သည်။ ကလေးနှစ်ဦးက စာသင်ဆောင်မှဆင်းလာပြီး ဘေးဘက်က အုပ်ချုပ်ရေးရုံးခန်းရှိရာအဆောင်ဘက် ထွက်လာခဲ့သည်။ စာသင်ဆောင်က မီးလောင်ခဲ့ပေမယ့် အုပ်ချုပ်ရေးအဆောင်က မီးမလောင်ပေ။ ကလေးတွေက ထိုအဆောင်ထဲက အခန်းတစ်ခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသောကြောင့် Chen Ge က ထိုအခန်းကိုဖွင့်ကာ ဓါတ်မီးနှင့်ထိုးကြည့်လိုက်သည်။

ထိုအခန်းက ဆရာတစ်ယောက်၏အခန်း ဖြစ်ပုံရပြီး စားပွဲပေါ်တွင် မေးခွန်းနှင့်စာရွက်များ ၊ ခဲတံများချထားသဖြင့် သေချာစစ်ကြည့်လိုက်ရာ မူလတန်းသချာင်္မေးခွန်းများ ဖြစ်နေသည်။ အခန်းထဲဝင်လာတော့ သချာင်္စာအုပ်တစ်အုပ်လည်း ပွင့်နေတာ တွေ့လိုက်ရသည်။ ပထမ Chen Ge သဘောမပေါက်ပေမယ့် စဉ်းစားကြည့်လိုက်တော့ မုယန်အထက်တန်းကျောင်းက လူကြိုက်နည်းသဖြင့် ကျောင်းသားနည်းသည်ကို သတိရလိုက်သည်။ ဒါကြောင့် ဒီကျောင်းမှာ ကျောင်းသားဦးရေထက် ဆရာဦးရေက ပိုများနေလောက်သည်။ မူလတန်းကလေးက နည်းလို့ စာမေးပွဲစစ်တာကို ဆရာ့အခန်းထဲမှာ လာစစ်ပုံရသည်။ အခန်းထဲက ပြတင်းပေါက်ဘေးမှာ ပန်းအိုးတစ်ခုပင် ယခုထိရှိနေဆဲဖြစ်သည်။ အခန်းထဲမှာ စားပွဲနှစ်လုံးနှင့် စာအုပ်စင်တစ်ခုရှိသည်။

ဒီထဲမှာပျောက်သွားတာဆိုတော့ သူတို့ဘယ်မှာများ ပုန်းနေကြပါလိမ့်..။

ဒါက မုယန်ကျောင်းရဲ့ သင်္ချာဘာသာ စာသင်ခန်းလား..။ ပြီးတော့ ဒီအခန်းက သင်္ချာဆရာရဲ့ ရုံးခန်းလည်းဖြစ်ပုံရသည်။ Chen Ge က ထိုအခန်းထဲက စားပွဲအောက်ကအံဆွဲကို ဆွဲကြည့်လိုက်တော့ ကာတွန်းရုပ်နှင့် ကျောင်းလွယ်အိတ်လေးတစ်ခုကို တွေ့လိုက်ရသည်။ Chen Ge က ဇစ်ဖွင့်ပြီးကြည့်လိုက်တော့ ရောင်စုံခြယ်သည့်စာအုပ်နှင့် ရောင်စုံခဲတံဘူး ထွက်လာခဲ့သည်။

ဒီဟာတွေက ဘာကြောင့် သင်္ချာဆရာရဲ့အခန်းမှာ ရှိနေရတာလဲ..။

ဒီလွယ်အိတ်ထဲက သင်ရိုးညွှန်းတမ်းတွေအရ ဒါက အထက်တန်းကျောင်းသားလွယ်အိတ် မဟုတ်လောက်ပေ။ ဒီဟာက သင်္ချာဆရာရဲ့ကလေး လွယ်အိတ်များလား..။

ဒီကိစ္စကို နောက်မှတွေးဖို့ ဆုံးဖြတ်ပြီး ရောင်စုံခဲတံဘူးကို ဖွင့်ကြည့်တော့ အနီနဲ့အနက်ကလွဲပြီး အကုန်ရှိနေသည်။ ပုံဆွဲစာအုပ်ကိုဖွင့်ကြည့်တော့ ဖန်းယွီဆွဲထားသည့်ပုံနှင့် တစ်ထပ်တည်းတူသော အိမ်အနက်နှင့် အနီရောင်လူရုပ်များကို တွေ့လိုက်ရသည်။ စာမျက်နှာတိုင်းတွင် လူရုပ်များက ပြောင်းလဲလို့နေသည်။ Chen Ge က အိတ်ထဲက ဖန်းယွီရေးဆွဲသည့်စာရွက်ကိုထုတ်ကာ တိုက်ကြည့်တော့ တစ်ထပ်တည်းဖြစ်နေသည်။

ဒါဆို ဖန်းယွီက ဒီနှစ်တွေမှာ ဒီပုံကိုပဲ ဆွဲနေတာပေါ့..

ဒီပုံဆွဲစာအုပ်က Chen Ge ကို သဲလွန်စအများကြီးပေးခဲ့သည်။ အံဆွဲက ပင့်ကူမျှင်များအရ ဒီလွယ်အိတ်ကို ကျောင်းကြီးမပိတ်ခင်ကတည်းက အံဆွဲထဲထည့်ထားပုံရသည်။ ဒါဆိုရင် ဒီကလေးက မွေးကတည်းက သရဲမြင်နိုင်သောအစွမ်းနဲ့ မွေးဖွားလာပြီး ငယ်ကတည်းက မြင်ရပုံပေါ်သည်။ သူဆွဲထားတာက အိမ်မည်းကြီးက သူနေထိုင်ခဲ့သောအိမ်ဖြစ်ပြီး လူနီတွေက အိမ်ထဲကသရဲတွေဖြစ်ပုံရသည်။

ကလေးကို ထိန်းသိမ်းပြုစုလာရင်း သူ့အဒေါ်က ဒါကိုသိရှိခဲ့ပြီး ဖြစ်ပုံရသည်။ ဒါကြောင့် ထိုအမျိုးသမီးက ဖန်းယွီကို သရဲခြောက်သည့်အိမ်ကို ခေါ်လာပြီး ဝိညာဉ်ဘဝရောက်နေသော ကလေးတွေအပေါ်ထားသည့်အချစ်များကို ဖန်းယွီအပေါ်ပုံချကာ စုပေါင်းပြီးချစ်နေပုံရသည်။ ဒီလွယ်အိတ်က ဖန်းယွီ၏လွယ်အိတ်သာဖြစ်ရင် သူ့အဖေက ဒီကျောင်းက သင်္ချာဆရာဖြစ်ရမည်။ ဖန်းယွီ၏အဖေက အရက်စွဲနေပြီး နာမည်ပျက်ကြောင့် ဘယ်ကျောင်းကမှ အလုပ်မခန့်ချင်ခဲ့ပေ။ ဒါပေမယ့် ဘာကြောင့် မုယန်ကျောင်းက သူ့ကိုအလုပ်ခန့်ခဲ့သလဲ..။ ဒီကိစ္စ၏နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိပုံရသည်။ ဒီအကြောင်းကိုပြောစဉ် ဖန်းယွီ၏အဒေါ်က စကားလမ်းကြောင်းပြောင်းပစ်လိုက်သည်ကို Chen Ge သတိရလာသည်။

ဖန်းယွီ၏ဖခင်က ဘယ်လိုလူစားမျိုးလဲ..။

Chen Ge က တူကို စားပွဲပေါ်တင်ကာ အခန်းထဲ စေ့စေ့စပ်စပ်လိုက်ရှာတော့ စာအုပ်စင်ပေါ်က စွန့်ပစ်ထားသောစာအုပ်ထဲမှာ စာရွက်တချို့ကို တွေ့လိုက်ရသည်။

"ဆရာဖန်.. ခင်ဗျား တတိယထပ်က ဆဋ္ဌမအိမ်သာထဲမှာ ဘာလုပ်ခဲ့သလဲဆိုတာ ကျွန်တော်သိတယ်.. ဒါကြောင့် ခင်ဗျား အဲ့ဒီမိန်းကလေးကိုတောင်းပန်ပြီး ဒီကျောင်းက ချက်ချင်းထွက်သွားပါ.."

"ခင်ဗျား ဒီကျောင်းကထွက်သွားဖို့ ၂ရက်အချိန်ရမယ်.. မဟုတ်ရင် ခင်ဗျား တရားဝင်ဖွင့်ပြောပြီး တောင်းပန်ရမယ်.."

"ဒါက နောက်ဆုံးညပဲ.. ဒီညမှမထွက်သွားရင် ခင်ဗျား ဒီကျောင်းမှာ ထာဝရနေသွားရမယ်.."
======================

Chapter (86) – နောက်ဆုံးစာသင်ခန်း

ဒါဆို ချောင်းကြည့်ခဲ့တဲ့သူက ဖန်းယွီရဲ့အဖေပဲလား..။ ဒီစာရွက်ကိုသာမတွေ့ရင် ဒီလူက ဒီလိုဆိုတာ Chen Ge လုံးဝတွေးမိမည်မဟုတ်ပေ။ ထင်ထားတဲ့အတိုင်း ဖန်းယွီရဲ့အဒေါ်က တချို့အရေးကြီးတဲ့အချက်အလက်ကို ဖုံးကွယ်ထားခဲ့တာပဲ..။

Chen Ge က လူသတ်သမားကိုစုံစမ်းဖို့ စကြိုးစားချိန်မှာ တချို့အရေးကြီးသောသဲလွန်စတွေက ပြတ်တောက်နေပြီး ခုစာရွက်တွေကနေ မတူညီသောအတွေးကို တွေးလိုက်နိုင်သည်။

ဒီမှတ်စု၃ခုက လက်ရေးမတူပေ။ ဒါဆိုရင် ဆရာဖန်း၏ချောင်းကြည့်သောအကျင့်ကို သိသွားတာက လူ၃ယောက်ဖြစ်ရမည်။ Chen Ge က သက်သေတွေပျက်စီးမည်စိုးသောကြောင့် ထိုစာရွက်၃ရွက်ကို မကိုင်ဘဲ စာထဲကအကြောင်းအရာကိုသာ သေချာမှတ်လိုက်သည်။

ဆရာဖန်းက ဒီစာရွက်တွေကို သေချာသိမ်းပြီး ဒီလက်ရေးပိုင်ရှင် ကျောင်းသား၃ဦးကို လက်ရေးတိုက်ကာ ရှာခဲ့ပုံရသည်။ သူသာ ဒီကျောင်းမှာဆက်နေချင်ရင် သူ့ကိုဖော်မည့်ကျောင်းသား၃ယောက်ကို သေချာပေါက်ရှာမည်ဖြစ်သည်။ ဆရာတစ်ယောက်ဖြစ်လို့ ၃ရက်အတွင်း လူနည်းစုသာရှိသော ဒီကျောင်းမှာ လက်ရေးတိုက်ရှာဖို့ အချိန်လုံလောက်နေလေပြီ။

ဆရာဖန်းက ဒီလက်ရေးရှင်ကျောင်းသား၃ယောက်ကို တွေ့ခဲ့သလားဆိုတာ သူသိချင်နေမိသည်။ ဒါပေမယ့် ဒီမှတ်စု၃ရွက်ထဲက နောက်ဆုံးစာကြောင်းရဲ့လေသံက ထူးဆန်းသည်။ ဒါက ပစ်မှတ်ထားခံရသော ကျောင်းသား၏ လေသံမဟုတ်ပေ။ ဒီစာရွက်၃ခုထဲက အကြောင်းအရာက ထင်ရှားပေမယ့် တကယ်တမ်းပြောရရင် ဆရာဖန်းလိုရာဇဝတ်ကောင်ဆီက လူသိရှင်ကြားတောင်းပန်စကားကို တောင်းဆိုတာထက် ရဲတိုင်လိုက်တာ ပိုမှန်ကန်လိမ့်မည်။ ဘာမှဆိုးဆိုးဝါးဝါး ထပ်မဖြစ်ရင်တောင် ချောင်းကြည့်ခံရသောကျောင်းသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး စိတ်ဒဏ်ရာပင်ရသွားနိုင်သည်။

ဒီကျောင်းသားတွေက မိန်းကလေးအိမ်သာထဲမှာ ချောင်းကြည့်ရတာ ဝါသနာပါတဲံဆရာဖန်းကို ရေတွင်းထဲပစ်ချလိုက်တာလား..။

ဒါပေမယ့် အထက်တန်းအရွယ်ကျောင်းသား၃ယောက်က အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ကို ရေတွင်းထဲပစ်ချဖို့ အားရှိပါ့မလား။ ဒါပေမယ့် ဆယ်ကျော်သက်ကျောင်းသား၃ဦးက ခုလို လူတစ်ယောက်ကို သတ်ဖြတ်ကာ သဲလွန်စဖျောက်ရသည်အထိ မလုပ်ဝံ့နိုင်လောက်ပေ။ သူ့အတွေးက ချော်နေပြီလား..။

ထို့ကြောင့် ဆရာဖန်း၏ရှုထောင့်ဘက်က ပြန်တွေးကြည့်လိုက်ရင် သူက သေချာပေါက် ကျောင်းသား၃ယောက်ကို တောင်းပန်လိမ့်မည်။ သူက နာမည်ပျက်မှတ်တမ်းရှိသောကြောင့် ဒီပြစ်ချက်သာပေါ်သွားလျှင် သူ့ဘဝမှာ ဘယ်ကျောင်းကမှ ထပ်ပြီးမခန့်လောက်တော့ပေ။ ပြီးတော့ သူက ကြီးလေးသောပြစ်ဒဏ်လည်း ကျနိုင်သည်။

ဒါကြောင့် ဖန်းယွီ၏ဖခင်က ထိုစာရွက်ကိုသေချာသိမ်းထားကာ ထိုကျောင်းသား၃ဦးကိုရှာဖို့ ကြိုးစားလောက်သည်။ ၃ရက်ပြည့်သွားပေမယ့် သူက ဘယ်သူမှန်းရှာမရတာ ဖြစ်နိုင်သည်။ ဒါဆို ကျောင်းသား၃ယောက်က ဆရာဖန်း၏ ညစ်ညမ်းသောပြစ်မှုကို သိသွားပေမယ့် ရဲကိုမတိုင်ဘဲ ဘာကြောင့်ဆရာဖန်းဆီ တိုက်ရိုက်စာရေးပြီး ခြိမ်းခြောက်ရတာလဲ။ နောက်ဆုံးပေးပို့သောစာအတိုင်း တကယ်ဖြစ်လာစေချင်လို့လား။

အတိုချုပ်ပြောရရင် ကျောင်းသား၃ယောက်က ဆရာဖန်းချောင်းကြည့်သောအကျင့်ကို သိပြီး သူတို့က သတိပေးစာပို့မည်၊ တကယ်လို့ ဆရာဖန်းက လိုက်နာခြင်းမရှိလျှင် ဆရာဖန်းကို ဒီလောကထဲကပျောက်သွားအောင် လုပ်ဖို့ တစ်ခါတည်းကြံထားကြတာလား..။

သူတွေးတာမဖြစ်နိုင်မှန်းသိပေမယ့် Chen Ge အမျိုးမျိုးလျှောက်တွေးနေမိသည်။ ယုတ္တိရှိတာ မရှိတာ အပထား၊ သူဖတ်ခဲ့ဖူးသော စုံထောက်ဝတ္ထုများ၊ မှုခင်းဇာတ်လမ်းများအတိုင်း လျှောက်စဉ်းစားနေမိသည်။ သူစဉ်းစားထားသော ၃ချက်လုံးအရ ကိုက်ညီမှုမရှိပေမယ့် Chen Ge က ထို၃ယောက်ထဲမှာ လူသတ်သမားတစ်ယောက် သေချာပေါက်ရှိမည်ဟု ခပ်ရေးရေးထင်နေမိသည်။ ပြီးတော့ ထိုလူသတ်သမားက သေချာကြိုတင်ပြင်ဆင်ထားပုံရသည်။ စာအရ သူတို့က ဆရာဖန်းကိုချောင်းကြည့်ခံရသော မိန်းကလေးကို တောင်းပန်စေချင်သည်။ ဒါဆိုလျှင် ထိုမိန်းကလေးကို တွေ့အောင်ရှာလိုက်ပါက ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်လောက်သည်။

Chen Ge က မြင်မြင်သမျှ Camera နဲ့ မှတ်တမ်းတင်ပြီးနောက် စာအုပ်ကိုပိတ်ကာ စာအုပ်စင်ပေါ်ပြန်ထားလိုက်သည်။ တကယ်လို့ အံဆွဲတွေကိုလျှောက်မကြည့်မိရင် စာအုပ်စင်ပေါ်ကကျန်ခဲ့သောစာအုပ်ထဲက စာရွက်ကို ရှာတွေ့မည်မဟုတ်ပေ။ ဒီလျှို့ဝှက်ချက်ကိုဖြေရှင်းဖို့ အသေးစိတ်အချက်အလက်ကစပြီး ရှာဖွေရမည်ထင်သည်။ Chen Ge က သင်္ချာဆရာအခန်းမှထွက်ကာ ကျန်အခန်းများကို လိုက်ကြည့်ပေမယ့် ဟာလာဟင်းလင်းဖြင့် ဘာမှမတွေ့ရသောကြောင့် အုပ်ချုပ်ရေးအဆောင်က ထွက်လာခဲ့သည်။

နာရီကိုကြည့်တော့ 10:30pm ရှိနေပြီး ခုထိ side mission ၂ခုကို မဖြေရှင်းနိုင်သေးသောကြောင့် မိုးရွာထဲ တစ်နာရီလောက် လျှောက်ရှာကြည့်ပေမယ့် တခြားဘာမှ ထပ်မတွေ့ရပေ။ ရေတွင်းက ဘယ်မှာရှိနိုင်မလဲ..။

ဖုန်းအနက်က မမှားနိုင်ပေ။ သန်းခေါင်ရောက်ဖို့ တစ်နာရီခွဲလောက်ပဲ ကျန်တော့သဖြင့် Chen Ge က ရေတွင်းကိုမရှာတော့ဘဲ စာသင်ခန်းဘက်ကို ပြန်လာခဲ့သည်။ ရေတွင်းမစ်ရှင်ကို သူချန်ထားခဲ့ရတော့မည်။ သန်းခေါင်ယံမတိုင်ခင် ချိပ်ပိတ်ထားသောစာသင်ခန်းမစ်ရှင်ကို သူဖြေရှင်းချင်သေးသည်။ တကယ်လို့ မစ်ရှင်ကသိပ်ခက်ခဲနေရင် သန်းခေါင်ယံမတိုင်ခင် ဒီကျောင်းကထွက်သွားရမည်။

မိုးရွာထဲလျှောက်သွားထားသောကြောင့် Chen Ge ၏ဖိနပ်က ရွှံ့များဖြင့်ညစ်ပတ်ကာ စာသင်ဆောင်ထဲဝင်လာတော့ ရွှံ့ခြေရာများထင်းနေသည်။ Chen Ge က ချိပ်ပိတ်ထားသောစာသင်ခန်းကို တန်းလာပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်တော့ အခန်းလယ်မှာ စားပွဲခုံတစ်ခုံ၊ စာရွက်၊ ဘောလ်ပင်များ ချထားကာ ကြည့်ရတာ ကြောက်စရာကောင်းနေသည်။

မုယန်အထက်တန်းကျောင်းက မူလက မီးသဂြိုဟ်စက်ဖြစ်ပြီး ထိုချိပ်ပိတ်ထားသောစာသင်ခန်းက အလောင်းထားရာနေရာဖြစ်သည်ဟု အင်တာနက်သတင်းတစ်ခုက ဖော်ပြထားသည်။ ဒါဆိုရင် ဒီနေရာက ယင်ဓာတ်တို့ ပိုပြင်းထန်မှာသေချာသည်။ ဒါကြောင့် ဒီစာသင်ခန်းကို ချိပ်ပိတ်ထားသည်ဟု ဖော်ပြထားသည်။

တချို့ကတော့ ကျောင်းလေ့လာရေးသွားရင်း ကျောင်းကားမှောက်ကာ သေဆုံးသွားသောကျောင်းသားများ၏ဝိညာဉ်က ကျောင်းမှာလာစွဲကပ်နေသောကြောင့် သူတို့အတွက် ချိပ်ပိတ်ထားသောစာသင်ခန်း ထားရှိခဲ့ရသည်ဟု ရေးထားပြန်သည်။

နောက်သတင်းတစ်ပုဒ်မှာတော့ မုယန်ကျောင်း၏ရလဒ်က နောက်ဆုံးမှာဖြစ်နေသောကြောင့် ဝန်ထမ်းများက ကျောင်းသားတွေကို အဆင့်မကောင်းလျှင်၊ အမှတ်မကောင်းလျှင် အတန်းတစ်တန်းသတ်သတ်ခွဲထားဖို့ အကြံပြုထားသည်။ ဒါပေမယ့် ကျောင်းအုပ်ကြီးက ကျောင်းသားများစိတ်ဓာတ်ကျသွားမည်စိုးသောကြောင့် အညံ့ဆုံးကျောင်းသားများထားမည့် စာသင်ခန်းကို ချိပ်ပိတ်ကာ သူတို့ကျောင်းမှာ အညံ့ဆုံးကျောင်းသား မမွေးဖွားသေးပါဟုပြောခဲ့သည်ဟု ဆိုလေသည်။

မုယန်ကျောင်းနှင့်ပတ်သက်သော သတင်းများစွာရှိပေမယ့် Chen Ge က ထိုသတင်း၃ပုဒ်ကိုသာ မှတ်မိသည်။

Chen Ge နာရီကြည့်တော့ 11:30pm ရှိနေလို့ သော့ဖွင့်ကာ စာသင်ခန်းထဲဝင်လိုက်သည်။ စာသင်ခန်းက အပြင်ကကြည့်တာနဲ့ ထူးခြားမှုသိပ်မရှိပေ။ သူက စားပွဲပေါ်ကစာရွက်ကိုကြည့်တော့ ဘာမှရေးထားတာ မတွေ့ရပေ။ စာအုပ်ကိုမလိုက်စဉ် ခုံပေါ်မှာ စာတွေရေးထားတာ တွေ့လိုက်ရသည်။

=====================

Chapter (87) – မင်းက ပုံထဲမှာရှိနေတာလား

သစ်သားစားပွဲခုံပေါ်မှာ တစ်စုံတစ်ခုနဲ့ရေးခြစ်ထားသည့် လက်ရေးများက ထိုစာကိုရေးခဲ့သောသူ၏ စိတ်ခံစားချက်နှင့် ကြောက်ရွံ့ခြင်းကို ထင်ဟပ်နေခဲ့သည်။ Chen Ge က camera ကို နီးနီးကပ်ကပ်နှိမ့်ချကာ စာကို သေချာရိုက်ယူလိုက်သည်။

"အိမ်သာနံရံပေါ်က မျက်လုံးတွေက အသက်ဝင်လာတာ ငါမြင်လိုက်ရတယ်.. မျက်လုံးတွေက လှုပ်ရှားနေတယ်.."

"ငါ ဘာကြောင့် ဒီလိုထင်ရသလဲမသိပေမယ့် အဲ့ဒီကတည်းက ငါ့နောက်ကို အဲ့မျက်လုံးအစုံက လိုက်ကြည့်နေသလို ခံစားနေရတယ်.."

"ဒီမျက်လုံးအောက်ကနေ ငါ ဘယ်မှာမှ ပုန်းလို့မလွတ်နိုင်ဘူး.. အိမ်သာထဲ၊ ခုတင်အောက်၊ စောင်အောက်၊ ဘယ်နေရာကြည့်ကြည့် ဒီမျက်လုံးတစ်စုံကို မြင်ယောင်နေမိတယ်.."

"ငါက လွယ်အိတ်ထဲတောင် ငုံ့မကြည့်ရဲအောင် မျက်လုံးတစ်စုံက လိုက်ကြည့်နေသလို ခံစားရတယ်.."

"ငါတစ်ယောက်တည်းဖြစ်နေမှာ ကြောက်နေမိတယ်.. နေရာကျဉ်းလေးထဲကို မဝင်ရဲဘူး.. မီးမပိတ်ရဲဘူး.. ညအိပ်တိုင်း အိပ်မက်ထဲ ဒီမျက်လုံးတစ်စုံကိုမြင်ရပြီး လန့်အော်ပြီးနိုးလာရတယ်.. ဒီမျက်လုံးက ငါ့စိတ်ထဲထိ လိုက်ကြည့်နေသလိုပဲ.."

"ငါ ဘာလုပ်သင့်လဲ.. ဒီမျက်လုံးတွေက ငါ့နောက်ကိုလိုက်နေတယ်.."

"ဒီမျက်လုံးတွေထဲ တစ်ခုခုဖုံးကွယ်ထားသလိုပဲ.. ဒီမျက်လုံးကို ငါ ရင်းနှီးနေသလိုပဲ.. သူတို့ကို တစ်နေရာမှာ မြင်ဖူးသလိုပဲ.."

"ငါ ဒီအကြောင်းကို မိဘနဲ့အတန်းပိုင်ဆရာကို ပြောပြပေမယ့် သူတို့က ငါပြောတာ လက်မခံကြဘူး.. ငါစာမလုပ်ချင်လို့ လျှောက်ပြောနေတယ်လို့ စွပ်စွဲကြတယ်.."

"ငါ အတွေးခေါင်နေတာဖြစ်မှာပါ.. ငါပင်ပန်းနေလို့ ကယောင်ကတမ်းမြင်တာ ဖြစ်မှာပါ.. ဒါပေမယ့် ဒီမျက်လုံးတွေက သင်္ချာဆရာရဲ့မျက်လုံးတွေနဲ့ ဘာကြောင့်တူနေတာလဲ.."

"ငါ့မိဘတွေက ငါ့ကိုသေချာစောင့်ကြည့်ဖို့ အတန်းပိုင်ဆရာကို မှာထားတယ်.. ဒါပေမယ့် ဒီဆရာ အနားကပ်လာတိုင်း ဘောလ်ပင်နဲ့ သူ့မျက်လုံးကိုဖောက်ထုတ်ချင်စိတ်တွေ ပေါ်လာမိတယ်.."

"ဒီလိုနဲ့ ငါ့ဘဝ အဆုံးသတ်တော့မှာလား.. ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ ငါမပြောပြရဲဘူး.. ငါ့နောက်ကို ဒီမျက်လုံးတစ်စုံက တောက်လျှောက်လိုက်နေတယ်.. ငါရူးသွားမှာကို ကြောက်နေမိတယ်.."

"ငါက ရယ်မောဟန်ဆောင်နေပေမယ့် ဒီမျက်လုံးတွေကိုမြင်ယောင်နေပြီး ငါဘယ်သူ့ကိုမှ မယုံတော့ဘူး.. ငါ့စိတ်တွေ ပြိုလဲကျလာသလိုပဲ.. တခါတလေ သစ်သီးလှီးဓားကိုတွေ့ရင် စက်ဆုပ်စရာအတွေးတွေပေါ်လာပြီး ငါ မျက်ရည်ကျလာမိတယ်.. သူတို့ ငါ့ကိုဝိုင်းကြည့်နေလို့ ငါ့မျက်ရည်ကိုထိန်းချင်ပေမယ့် ထိန်းမရခဲ့ဘူး.."

"ငါ ဒီလို ဆက်မနေနိုင်တော့ဘူး.. ငါ လွတ်အောင်ပြေးမှဖြစ်မယ်.."

"စာသင်ခန်းနဲ့ပတ်သက်တဲ့သတင်းတွေကို ငါကြားနေရတယ်.. ဒီနေရာက ငါ့ကို မျက်လုံးတစ်စုံလက်က ကယ်တင်ပေးနိုင်လိမ့်မယ်.. ငါ ဒီမျက်လုံးကို ဖျက်ဆီးပစ်ချင်တယ်.."

ဒီစာကိုဖတ်ပြီးသွားတော့ ဒီစာကိုရေးထားတဲ့မိန်းကလေးက ဆရာဖန်း နောက်ကလိုက်ချောင်းတဲ့ ကျောင်းသူဆိုတာ သိသွားခဲ့သည်။ ဒီကျောင်းသူက အိမ်သာထဲကချောင်းကြည့်သည့် မျက်လုံးတစ်စုံကို တွေ့သွားပြီး ခြောက်လှန့်ခံရကာ ဒီအဖြစ်ကလွတ်မြောက်ဖို့ ချိပ်ပိတ်ထားသောစာသင်ခန်းထဲ အကူအညီလာတောင်းပုံရသည်။ ဒါကြောင့် ဆရာဖန်းတို့လင်မယား ပျောက်ကွယ်သွားခဲ့တာများလား..။

ဒီစာသင်ခန်းက အဓိကနေရာကပါလာသည်ကို Chen Ge သိလာသည်။ ဆရာဖန်းကိုသတ်သည့် တရားခံက ဒီစာသင်ခန်းထဲက တစ်စုံတစ်ရာပေါ့။ စာရွက်၃ရွက်ပေါ်က လက်ရေးကိုရှာမရတာ မထူးဆန်းတော့ပေ။ တကယ်လို့ လူသတ်သမားက ဒီစာသင်ခန်းထဲကဝိညာဉ်တွေဆိုရင်တော့ မဖြစ်နိုင်ဘူးထင်တဲ့အရာတွေက တကယ်ဖြစ်လာနိုင်လေပြီ။

Chen Ge က စာသင်ခန်းအလွတ်ကို ဝေ့ကြည့်လိုက်သည်။ ဖန်းယွီအဒေါ်ပြောသည့် ဓာတ်ပုံအရ ဒီစာသင်ခန်းထဲမှာ ကျောင်းသူကျောင်းသားဝိညာဉ်များစွာ ပိတ်မိနေပုံရသည်။ Chen Ge က စားပွဲတွေကို လျှောက်ကြည့်လိုက်တော့ စားပွဲတိုင်းမှာ ရေးခြစ်ထားသောလက်ရေးပေါင်းစုံကို တွေ့လိုက်ရသည်။ Chen Ge က တခြားစားပွဲကိုသွားကြည့်တော့ စားပွဲစွန်းကိုတိုက်မိပြီး ခုံပေါ်တင်ထားသည့်ဘောလ်ပင်က အောက်ကိုပြုတ်ကျသွားခဲ့သည်။ Chen Ge က ငုံ့ကာ စားပွဲအောက်ကဘောလ်ပင်ကို ကောက်ယူမလိုလုပ်စဉ် လက်တစ်ဖက်က ဘောလ်ပင်ကိုကောက်ကာ ကမ်းပေးခဲ့သည်။

"ကျေးဇူးပဲ.."

Chen Ge က အလိုလျောက် ကျေးဇူးတင်စကားပြောကာ ဘောလ်ပင်ကိုယူပြီး စားပွဲပေါ်ပြန်တင်ထားလိုက်စဉ် သူ့တစ်ကိုယ်လုံး အေးခဲသွားတော့သည်။ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထောင်ထလာခဲ့သည်။

ဘယ်သူ့လက်က ငါ့ကို ဘောလ်ပင်ကမ်းပေးလိုက်တာလဲ..။

သူကိုင်ထားသည့်တူနှင့် လက်ရှိသည့်ဘက်ကို ယမ်းလိုက်ပေမယ့် လေကိုသာထုလိုက်မိသည်။ Chen Ge က စာသင်ခန်းကို ဝေ့ကြည့်လိုက်တော့ အရင်နဲ့အတူတူဖြစ်တာကို တွေ့လိုက်ရသည်။

ဒီစာသင်ခန်းက ကော်ရစ်တာအဆုံးမှာရှိပြီး ချိပ်ပိတ်ထားလို့ ဘယ်သူမှမဝင်ရဲကြပေ။ ဒါပေမယ့် စာသင်ခန်းက ညရောက်ရင် သက်ဝင်လှုပ်ရှားလာခဲ့သည်။ အခုက ညသန်းခေါင်ရောက်နေပြီလား။ မစ်ရှင်ထဲကဖော်ပြချက်ကို သတိရပေမယ့် Chen Ge က ကြောက်လန့်ကာ အခန်းပြင်ကို ပြေးထွက်လာတော့သည်။ တံခါးနှင့်နီးလာလေ ပိုကြောက်လာလေဖြစ်သည်။ သူလှည့်ကြည့်လိုက်ရင် အခန်းထဲ လူအပြည့်ဖြစ်နေပြီး သူအခန်းထဲကထွက်မရရင် ဘယ်လိုလုပ်မလဲ..။

ကံကောင်းထောင်မပြီး တံခါးက တွန်းလိုက်တာနဲ့ပွင့်သွားပြီး Chen Ge အပြင်ရောက်သွားသည်။ Chen Ge က လှည့်ကြည့်လိုက်ပေမယ့် သူထင်သလို ဘာမှမတွေ့ရပေ။

ဒီ side mission ကို သူမအောင်မြင်နိုင်တာ Chen Ge သိလိုက်သည်။ Chen Ge က စာသင်ခန်းကိုပြန်ကြည့်ပြီး ကောလာဟလကို ပြန်သတိရလိုက်သည်။ ဒီအခန်းက တကယ်ပဲ ညသန်းခေါင်ရောက်ရင် သရဲတွေနဲ့ သက်ဝင်လှုပ်ရှားလာတာပဲ။

Chen Ge က စာသင်ခန်းကိုပိတ်လိုက်ပြီး ခဏအမောဖြေနေစဉ် အခန်းဝမှာ ခြေရာတစ်စုံကို တွေ့လိုက်ရလို့ ထိတ်လန့်သွားခဲ့သည်။ ဒီခြေရာက အခန်းဝမှာရပ်နေပြီး အခန်းထဲကသူ့လှုပ်ရှားမှုကို စောင့်ကြည့်နေတာပေါ့။ တကယ်လို့ ထိုသူကသာ သော့ခတ်လိုက်ရင် သူ ဒီအခန်းထဲ ပိတ်မိနေတော့မှာသေချာသည်။ ကံကောင်းပြီး အခန်းသော့မခတ်ခင် သူထွက်လာနိုင်ခဲ့တာပဲ..။

ဒီဖိနပ်က  ရာဘာ ဘွတ် ဖိနပ်ရာဖြစ်လို့ ဒီလူကြိုတင်ပြင်ဆင်ထားတာ သိလိုက်ရသည်။ သူအခန်းထဲ စစ်ဆေးနေစဉ် အခန်းအပြင်ကနေ သူ့ကို တိတ်တဆိတ်စောင့်ကြည့်နေသူ ရှိသည်ဆိုသည့်အသိကြောင့် Chen Ge ထိတ်လန့်သွားသည်။

Chen Ge က တူကိုဆုပ်ကိုင်ပြီး ဒီခြေရာနောက်ကိုလိုက်ရှာပြီးမှ ဘာဆက်လုပ်မည်ကို ဆုံးဖြတ်တော့မည်။ Chen Ge က ခြေရာနောက်ကိုလိုက်ရင်း တတိယထပ်အိမ်သာခန်းက ပဉ္စမအိမ်သာခန်းထဲ ဦးတည်သွားတာသိလိုက်ရသည်။

Chen Ge က ဖုန်းကိုကိုင်ပြီး ပဉ္စမအိမ်သာခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အမျိုးသမီးတစ်ယောက် မိုးကာအင်္ကျီဝတ်ကာ အိမ်သာခန်းထဲ အားနည်းစွာမှီထိုင်နေတာ တွေ့လိုက်ရသည်။ သူမပုံက အချိန်မရွေး လဲကျသွားမလိုထင်ရသည်။

"မင်းက လူဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် ထွက်လာပြီးရှင်းပြပါ.."

Chen Ge က ၃မီတာထိဆုတ်ကာ တူကိုကိုင်ရင်း ပြောလိုက်သည်။

ထိုမိန်းမက ခေါင်းစွပ်ကိုချွတ်ကာ ပြောလိုက်သည်။

"ကျွန်မဒီကိုလာတာ ရှင့်ကိုလာကယ်တာပါ.."

ထိုမိန်းမက ဖန်းယွီ၏အဒေါ်ဖြစ်နေတာ တွေ့လိုက်ရသည်။

"ကျွန်တော့်ကိုကယ်ဖို့ ဟုတ်လား.."

Chen Ge က ဒီမိန်းမကို မယုံပါ။ သူမက ဖန်ခွက်ထဲ သူ့ကိုတစ်ခုခုထည့်တိုက်ဖို့ ကြိုးစားသေးသည်မဟုတ်လား။

"ဟုတ်တယ်.. ကျွန်မ ဖန်းယွီဆွဲထားတဲ့ပုံထဲမှာ ရှင့်ကိုတွေ့လိုက်ရတယ်.."

အမျိုးသမီးက အိတ်ထဲကပုံဆွဲစာရွက်ကို ထုတ်ကာ ပြောလိုက်သည်။

"ဒီစာရွက်ကို ကြမ်းပေါ်ချထားပြီး နောက်ကိုဆုတ်ပါ.."

ဖန်းယွီ၏အဒေါ်က ပုံဆွဲစာရွက်ကိုချကာ ဆဋ္ဌမအိမ်သာခန်းရှေ့မှာ ရပ်လိုက်သည်။

=================

Chapter (88) – အမှန်တရား

အမျိုးသမီး၏ပူးပေါင်းမှုကြောင့် Chen Ge သတိထားတာလျှော့ချလိုက်သည်။ သူက စာရွက်ကိုကောက်ယူကြည့်လိုက်တော့ အိမ်မည်းမည်းထဲမှာ လူနီတွေအပြည့်ရှိနေပြီး ထိုလူနီများက ထင်ရှားသောလူမည်းတစ်ဦးကို ကြောက်ရွံ့နေပုံပါရှိသည်။

"ကျွန်တော်က ပုံထဲမှာပါတယ်လို့ ဘာကြည့်ပြောတာလဲ.."

Chen Ge က ဒီပုံလေးတစ်ခုနဲ့ ဒီမိန်းမပြောတာမယုံပေ။

"ဖန်းယွီဆွဲသမျှပန်းချီကားတိုင်း လူနီတွေချည်းပဲပါပေမယ့် ရှင်နဲ့တွေ့ပြီးနောက်မှ ထပ်ဆွဲတဲ့ပန်းချီကားထဲ လူမည်းတစ်ယောက်ပါလာတယ်.. ဒီပုံက ရှင်ပဲဖြစ်ရမယ်.. ဘာကြောင့်လဲဆိုတော့ ရှင်တစ်ယောက်ပဲ ကျွန်မတို့အိမ်ကိုလာဖူးတဲ့ သူစိမ်းဖြစ်နေလို့ပဲ.."

ဖန်းယွီ၏အဒေါ်က ရှင်းပြလိုက်သည်။ သူမမိုးကာက ရေကျသံတစ်စက်စက်က ဒီအခြေအနေကို စိတ်မသက်သာဖွယ် ဖန်တီးနေသည်။

"ဒါပဲလား.. ဒါက ဘာကိုဆိုလိုတာလဲ.. လူနီနဲ့လူမည်းကြား ဘာကွာလို့လဲ.."

ဖန်းယွီအဒေါ်က Chen Ge ကို တိတ်ဆိတ်စွာစိုက်ကြည့်နေသည်။

"အနီရောင်လူတွေက သရဲတွေဖြစ်ပြီး အမည်းရောင်က သက်ရှိလူသားပဲလို့ ယူဆတယ်.. ဒီအမည်းရောင်လူကို ကျွန်မ ပထမဆုံးမြင်ဖူးတာပဲ.."

"သရဲတွေလား.."

"ကျွန်မပြောတာ မယုံနိုင်စရာဖြစ်ပေမယ့် ဒါကအမှန်ပါ.. ဖန်းယွီမိဘတွေက မတော်တဆမဖြစ်ခင်ကတည်းက ဖန်းယွီက သာမန်လူတွေမမြင်နိုင်တာကို မြင်နိုင်စွမ်းရှိတာ ကျွန်မသိတယ်.. သူ့မိဘတွေကို ပြောပြပေမယ့် သူတို့က သရဲရှိတာကို မယုံကြည်ကြဘူး.."

"သူတို့မယုံကြည်ဘဲ ခင်ဗျားက ဘာကြောင့်ယုံတာလဲ.."

"တကယ်တော့ ကျွန်မယောက်ျားနဲ့ ကလေးနှစ်ယောက် ကားအက်ဆီးဒန့်မဖြစ်ခင်အထိ ဖန်းယွီမှာ ဒီစွမ်းရည်ရှိတာ ကျွန်မမသိခဲ့ဘူး.. ကျွန်မယောက်ျားနဲ့ ကလေးတွေသေသွားတော့ ကျွန်မဘဝက အမှောင်ထုထဲကျနေသလို ဝမ်းနည်းခဲ့ရတယ်.. တစ်နေ့ ဖန်းယွီက ပုံဆွဲပြီး အိမ်မည်းထဲကလူနီကလေးနှစ်ယောက်ပုံကို လာပြတယ်.. ဒီကလေးက သူ့ရဲ့ညီနဲ့ညီမလို့ ပြောခဲ့တယ်.."

အမျိုးသမီး၏အကြည့်တွေက နူးညံ့လာခဲ့သည်။

"အစက ကျွန်မ မယုံခဲ့ဘူး.. ဘာဖြစ်ဖြစ် ဒီပုံတွေကြောင့် ကျွန်မ စိတ်သက်သာရာရလာခဲ့တယ်.. ဒါပေမယ့် နောက်ပိုင်း ဖန်းယွီဆွဲတဲ့ပုံတွေကို တွေ့လာတော့ ကျွန်မ ယုံကြည်လာမိတယ်.. ကျွန်မကလေးတွေ ဘာလုပ်နေကြတယ်လို့ ဖန်းယွီပြောလာတော့ ကျွန်မ ပိုယုံလာတယ်.. အမေရင်းကသာ သိနိုင်မယ့် သူတို့အမူအကျင့်တွေ၊ လှုပ်ရှားမှုတွေကို ဖန်းယွီက ပြောပြလာခဲ့တယ်.."

"ဒါကြောင့် ဖန်းယွီက သရဲမြင်နိုင်တယ်လို့ ခင်ဗျားယုံခဲ့တာပေါ့.."

"ဟုတ်တယ်.. ဒါမှမဟုတ် ဒါကိုတကယ်ပဲ ဖြစ်လာစေချင်တယ်.. တခါတလေ ကျွန်မကလေးတွေကို ဖန်းယွီကိုယ်ထဲမှာ တွေ့လာရသလိုပဲ.."

"ခင်ဗျားပြောတာ အမှန်ဆိုရင်တောင် ဖန်းယွီဆွဲသမျှပုံက ဘာမှသက်သေမပြနိုင်ဘူး.. ဒီပုံထဲမှာ ပါတဲ့လူမှန်သမျှ သေမယ်လို့တော့ မပြောနဲ့နော်.."

"ရှင် အဲ့ဒီစာရွက်အောက်ကို ကြည့်လိုက်လေ.."

ထိုပုံအောက်ခြေမှာ ရေတွင်းပုံဆွဲထားပြီး ရေတွင်းထဲမှာ ပုံမှန်ထက်ပိုနီသော လက်များစွာ ကုတ်တက်နေဟန် ရေးဆွဲထားသည်။ ထိုရေတွင်းဘေးမှာရပ်နေသော လူမည်းမှာ အိမ်ထဲကလူမည်းနှင့် တစ်ထပ်တည်းတူနေသည်။

"ပုံပြင်တွေအရ ဒီရေတွင်းထဲမှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီးပြီ.. ဒီရေတွင်းထဲက သရဲတွေက အပေါ်တက်ချင်နေပြီး ဘေးမှာ ရှင်က ရပ်နေတယ်ဆိုတော့ သရဲတွေက ရှင့်ကိုဦးတည်နေတာကို ပြနေတယ်.. ဒါကြောင့် ရှင် ဒီကျောင်းဝင်းထဲ ကြာကြာနေလေ ဒီမကောင်းတဲ့အဖြစ်အပျက်တွေ ပိုဖြစ်လာနိုင်ချေများတယ်.."

ဖန်းယွီ၏အဒေါ်က Chen Ge ကို စိုးရိမ်စွာဖြင့် ရိုးရိုးသားသားပြောလိုက်သည်။

Chen Ge က ပုံကိုကိုင်ကာ သေချာကြည့်လိုက်ပြီး ပုံကို အိတ်ထဲထည့်ကာ ပြောလိုက်သည်။

"ခင်ဗျား နားလည်မှုလွဲနေပါပြီ.. ကျွန်တော်က ခုလေးတင် ကျောင်းဝင်းထဲက ထွက်တော့မလို့ပဲ.. အတူတူသွားကြတာပေါ့.. ဒါမှ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရမှာ.."

"မှန်တယ်.. အတူတူသွားကြစို့.."

Chen Ge က အကူအညီမဲ့သောအမျိုးသမီးကို ခေါ်ကာ ကျောင်းမှထွက်ဖို့ပြင်လိုက်သည်။

Chen Ge က ရှေ့ကဦးဆောင်သွားပြီး ဖန်းယွီ၏အဒေါ်က နောက်မှကပ်လိုက်ခဲ့သည်။ Chen Ge က တူကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ခပ်ဖြည်းဖြည်းလျှောက်လာစဉ် နောက်ကအမျိုးသမီးက ကြောက်လန့်နေပုံဖြင့် Chen Ge နား ခပ်သွက်သွက်တိုးကပ်လာစဉ် မိုးကာအင်္ကျီအောက်မှ ဓားမြှောင်တစ်ချောင်းက ထွက်လာပြီး Chen Ge ၏နောက်ကျောကို အရှိန်နှင့်ထိုးသွင်းလိုက်သည်။

"ဘန်း.."

Chen Ge က လှည့်ကာ ဓားကိုင်လက်ကို လှည့်ကန်လိုက်သည်။ ထိုမိန်းမက အိမ်သာတံခါးနှင့်ဆောင့်မိကာ ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။ ဓားက ထက်ရှနေပြီး သားလှီးဓားဖြစ်သည်။ ထိုအမျိုးသမီး၏ဆံပင်တွေက ဖရိုဖရဲဖြစ်ကာ သူမက ကြမ်းပြင်ကနေ တွားပြီးထရပ်ဖို့ကြိုးစားပေမယ့် Chen Ge က သူမကို ကြမ်းပြင်မှာဖိထားလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့အိမ်ရောက်ကတည်းက သံသယဝင်ခဲ့ပေမယ့် သက်သေမပြနိုင်ခဲ့ဘူး.. ခုတော့ ခင်ဗျားရဲ့မျက်နှာအစစ်အမှန်ကို ဖော်ထုတ်နိုင်ပြီပေါ့.."

"မင်း ငါ့ကို ဘယ်လိုရိပ်မိသွားတာလဲ.."

ဖန်းယွီ၏အဒေါ်က ထရပ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ရပ်မရသဖြင့် အခဲမကြေစွာ မေးလိုက်သည်။

"ခင်ဗျားကို ကျွန်တော် အစကတည်းက မယုံဘူး.. ခင်ဗျားပေးတဲ့ပုံရဲ့ နောက်ကျောက ရေတွင်းက ခင်ဗျားတုပပြီးဆွဲထားတဲ့ဟာပဲ.. ကလေးတစ်ယောက်ပုံကို အတုလုပ်ဖို့ လွယ်မယ်များထင်နေလား.. ခင်ဗျား ခုလိုဖော်ထုတ်မခံချင်ရင် အစကတည်းက မကောင်းမှုကိုမလုပ်နဲ့လေ.. တကယ်တော့ ခင်ဗျားက ဖန်းယွီအဖေကိုသတ်ခဲ့တဲ့ လူသတ်သမားပဲမဟုတ်လား.. ဘယ်လိုလုပ်ပြီး ကိုယ့်မိသားစုဝင်ကို ခုလို သွေးအေးအေး သတ်နိုင်ရတာလဲ.."

Chen Ge က ဓားမြှောင်ကို အဝေးကိုကန်ပစ်ကာ ပြောလိုက်သည်။

"ငါက သူ့ကိုသတ်ဖို့ မရည်ရွယ်ဘူး.. အဲ့ဒီညက ဘာဖြစ်ခဲ့တယ်ဆိုတာ မင်းမသိပါဘူး.."

"ဒါပေမယ့် သေချာတာတော့ ခင်ဗျားက လူသတ်သမားပဲ.."

Chen Ge က ရဲအဖွဲ့ကို ဖုန်းဆက်ခေါ်ပြီး စောင့်ဆိုင်းနေစဉ် ပြောလိုက်သည်။

"တကယ့်လူသတ်သမားအစစ်က ဖန်းယွီရဲ့အဖေပဲ.."

"ခင်ဗျားက သေပြီးသားလူကို အပြစ်တင်တာလား.."

ဖန်းယွီ၏အဒေါ်ဆီမှာ လက်နက်မရှိတာသိရတော့မှ Chen Ge စိတ်သက်သာရာရသွားခဲ့သည်။

"အဲ့တာက အမှန်ပါ.."

သူမက ကြမ်းပေါ်လဲကျသွားပြီး နှစ်ပေါင်းများစွာသိုဝှက်ထားသော အမှန်တရားက သူမနှုတ်မှ ပေါ်ထွက်လာတော့သည်။

"ကျွန်မအစ်ကိုက ဘယ်လိုလုပ်ခဲ့တယ်မသိဘူး.. သူက အိမ်သာထဲမှာ ချောင်းကြည့်ခံခဲ့ရတဲ့ အပြစ်မဲ့မိန်းကလေးကို ရူးသွပ်သွားစေပြီး သတ်သေဖို့ ဖိအားပေးခဲ့တယ်.. ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ကျွန်မအစ်ကိုက ပိုပိုထူးဆန်းလာပြီး အကြောက်လွန်လာတယ်.. တစ်ယောက်ယောက် သူ့ကိုလာခေါ်နေတယ်လို့ ပြောပြောလာတယ်.. ကျွန်မယောင်းမက မခံနိုင်တော့လို့ သူ့ကိုကွာရှင်းဖို့ ပြောလာခဲ့တယ်.. ဒါပေမယ့် အစ်ကိုက သူမကို ကွာရှင်းမပေးခဲ့ဘဲ သူမကို အဆုံးစွန်ထိ တွန်းပို့ခဲ့တယ်.. ဒါကြောင့် ယောင်းမက သူ့ကိုကွာရှင်းမပေးရင် သူလုပ်ခဲ့တဲ့မကောင်းမှုကို ဖော်ထုတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်.."

====================
Chapter (89) – နက်ရှိုင်းသောရေတွင်း

စိတ်ကယောင်ခြောက်ခြားဖြစ်နေသောလူက ခုလိုခြိမ်းခြောက်ခံရရင် အဆုံးစွန်ထိလုပ်လိမ့်မည်ဟု Chen Ge တွေးနေစဉ် အမျိုးသမီးက ဆက်ပြောခဲ့သည်။

"ဒီလိုခြိမ်းခြောက်ခံလိုက်ရတော့ အစ်ကိုက ငြိမ်ကျသွားပြီး နေ့တစ်ဝက်လောက် စဉ်းစားနေခဲ့တယ်.. သူက ကွာရှင်းပေးမယ့်အစား သူ့မိန်းမကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာကို ကျွန်မ မသိခဲ့ဘူး.. အဲ့ဒီနေ့က သူ ကျောင်းမှာ ဖန်းယွီကို အခန်းထဲသော့ပိတ်ထားခဲ့ပြီး အိမ်ကိုပြန်လာတယ်.. အဲ့ဒီနေ့က မိုးတွေသည်းကြီးမည်းကြီး ရွာနေတယ်.. အိမ်ရောက်တော့ ကလေးပျောက်တယ်လို့ပြောပြီး ကလေးရှာဖို့ ယောင်းမကို မုယန်ကျောင်းကို ခေါ်သွားခဲ့တယ်.. အဲ့ဒီည ၉နာရီလောက် မိုးချုပ်တော့ ကျွန်မ အိမ်ပြန်လာချိန် အိမ်မှာဘယ်သူမှမရှိလို့ ကျောင်းကို လိုက်လာခဲ့တယ်.."

"ကျောင်းကိုရောက်တော့ ရေတွင်းပျက်ဘေးမှာ အစ်ကိုက မြေကြီးကိုတူးဆွနေတာ တွေ့လိုက်ရတယ်.. ကျွန်မက ပထမ ယောင်းမကိုမမြင်ဘူး.. အစ်ကိုရဲ့နာမည်ကိုခေါ်ပြီး ဘေးကိုကပ်သွားတော့မှ ယောင်းမအလောင်းကို ဘေးမှာမှီလျက်ရှိနေတာ တွေ့လိုက်ရတယ်.. ကျွန်မအစ်ကို ခုလိုလုပ်လိမ့်မယ်လို့ ကျွန်မ လုံးဝမထင်ထားမိဘူး.. သူက စိတ်ထားနူးညံ့ပြီး သူ့မိန်းမကို အရမ်းချစ်တဲ့သူပါ.. ဒါပေမယ့် ဟိုဓာတ်ပုံကို အိမ်ကိုယူလာကတည်းက သူ သရဲပူးခံနေရတာကို ကျွန်မသိခဲ့သင့်တယ်.. သူလူသတ်တာတွေ့ရတော့ ကျွန်မက အလောင်းကိုကူပြီး ဖျောက်ဖျက်ပေးရမလား၊ သတ်သေရမလားဆိုပြီး ရွေးစရာ၂ခုပဲရှိတော့တယ်.."

"ကျွန်မအသက်ကိုကယ်ဖို့ အစ်ကို့ကိုကူပြီး ရေတွင်းထဲမှာ ယောင်းမရဲ့အလောင်းကို ဖျောက်ဖျက်တာ ကူညီပေးလိုက်ရတယ်.. ရေတွင်းကိုဖော်တဲ့နေရာမှာ သူ့ကို ကူပေးလိုက်တယ်.. တကယ်တော့ ဒီစွန့်ပစ်ရေတွင်းက မိုးကြီးပြီး ပြိုကျလို့ ပိတ်ထားတဲ့တွင်းဖြစ်တယ်.."

ဖန်းယွီအဒေါ်က ထိုအကြောင်းအရာကို စိတ်ပျက်လက်ပျက်ပြောပြနေသည်။

"ကျွန်မက ရာဇဝတ်မှုမှာ ကြံရာပါဖြစ်လာပေမယ့် အစ်ကိုက စိတ်ဖောက်နေပြီ.. သူ ဘယ်တော့ ကျွန်မကို ရေတွင်းထဲပစ်ချမလဲမသိဘူး.. သူက သက်သေမကျန်အောင် သေချာပေါက် ကျွန်မကို ရေတွင်းထဲပစ်ချလိမ့်မယ်.."

"ဒါကြောင့် ခင်ဗျားက ဦးအောင် သူ့ကိုသတ်လိုက်တာလား.."

Chen Ge က မေးလိုက်သည်။ ဒီမိသားစုက ပုံမှန်မဟုတ်ပေ။ အမျိုးသမီးဖြစ်သူက ယောက်ျား အိမ်သာထဲချောင်းကြည့်တာ သိပေမယ့် ရဲမတိုင်ဘဲ ဒီအချက်နဲ့ ကွာရှင်းဖို့ကြိုးစားခဲ့သည်။

"ကျွန်မ သူ့ကိုမသတ်ရင် သူက သတ်သွားမှာပေါ့.. သူ့ကိုသတ်လိုက်ရင် ဖန်းယွီကို ကျွန်မပိုင်သွားပြီ.. ကျွန်မက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး ဘယ်သူနဲ့မှ မျှဝေဖို့မလိုတော့ဘူး.."

အမျိုးသမီးက အမှန်အတိုင်းထုတ်ပြောလာခဲ့သည်။

"ဒါပေမယ့် အစကတည်းက ဖန်းယွီက ခင်ဗျားရဲ့သားမှမဟုတ်တာ.."

လွန်ခဲ့သော၃နှစ်ကဖြစ်ရပ်ကို ဘယ်သူမှမသိနိုင်လို့ ဖန်းယွီ၏အဒေါ်ကို ဘယ်သူမှ တရားလာမစွဲနိုင်တော့ပေ။

"မင်းမှားနေပြီ.. ငါ့ကလေးတွေက ဖန်းယွီရဲ့ကိုယ်ထဲမှာ ရှိတယ်.. ငါ့ကလေးတွေရဲ့အမူအကျင့်ကို ငါသေချာသိတယ်.. ခုဆို ကလေး၃ယောက်လုံးကို ငါပိုင်သွားပြီ.. ငါ့အစ်ကိုကလေးနဲ့ ငါ့ကလေးနှစ်ယောက်က ခန္ဓာကိုယ်တစ်ခုတည်းမှာပဲ ရှိနေတယ်.."

အမျိုးသမီး၏မျက်နှာထက်က အစိမ်းရောင်သွေးကြောတွေ ထောင်ထလာပြီး နှုတ်ခမ်းကိုကိုက်လိုက်လို့ သွေးတွေစီးကျလာခဲ့သည်။

ထိုအမျိုးသမီးကို ဖိအားပေးတာ အမျှော်အမြင်မရှိရာကျလို့ Chen Ge ငြိမ်လိုက်သည်။ သူမအစ်ကို ရူးနေပြီဟု သူမပြောပေမယ့် သူမကိုယ်တိုင်ကလည်း ပုံမှန်မဟုတ်ပေ။ သူမယောက်ျားနှင့် ကလေးတွေ အက်ဆီးဒန့်ကြောင့်သေသွားပြီးနောက် ဖန်းယွီဆီမှာ သူမကလေးတွေရဲ့ဝိညာဉ် ပူးကပ်နေသည်ဟု စိတ်ကိုလှည့်စားထားပုံရသည်။

ဒီအမျိုးသမီးကိုကြည့်ပြီး ဖုန်းအနက်ထဲကမစ်ရှင်တစ်ခုဖြစ်တဲ့ 'လူတိုင်းမှာ ရှက်စရာကောင်းသည့် လျှို့ဝှက်ချက်ကို နှလုံးသားထဲမှာမြှုပ်နှံထားသည်' ဆိုသည့်ဟာကို သတိရလိုက်သည်။

"ထ.. ခင်ဗျားအစ်ကိုကို မြှုပ်နှံထားတဲ့ရေတွင်းကို လိုက်ပြပါဦး.."

"ဒီရေတွင်းက ပျောက်သွားပြီ.. ကျွန်မအစ်ကိုက ယောင်းမအလောင်းကို ရေတွင်းထဲပစ်ချပြီးတော့ ကျွန်မလည်း သူ့ကိုရေတွင်းထဲတွန်းချလိုက်တယ်.. သူက ယောင်းမအလောင်းပေါ် လဲကျသွားပြီး အထဲကနေ ကျွန်မကို ဒေါသတကြီး အော်ငေါက်ကျိန်ဆဲနေတယ်.. ကျွန်မက ရေတွင်းထဲ မြေစာတွေနဲ့ဖို့လိုက်တယ်.. ၃နှစ်တောင်ကြာပြီဆိုတော့ ရေတွင်းနေရာလည်း ပျောက်သွားပြီး ဘယ်သူမှ ရှာလို့မတွေ့နိုင်တော့ဘူး.."

ထိုအမျိုးသမီးက ဆံပင်များကိုဆုပ်ကိုင်ကာ စိတ်ရှုပ်ထွေးစွာ ပြောခဲ့သည်။

"အဲ့ဒီရေတွင်းရှိတဲ့နေရာ အကြမ်းဖျဉ်းကို ပြောပြပါ.."

"ဘယ်သူမှ ဒီရေတွင်းကို ရှာလို့မရတော့ဘူး.. ဖန်းယွီကို ကျွန်မတစ်ယောက်တည်းပိုင်ပြီ.. သူ့ကို ကျွန်မပဲ ပျိုးထောင်သွားပေးမယ်.. သူလိုတဲ့အချစ်အားလုံး ကျွန်မပဲပေးမယ်.."

ထိုအမျိုးသမီး၏ ကွယ်ဝှက်ထားသောမှတ်ဉာဏ်က သူမကို ရင်ကွဲမတတ်ခံစားရစေသည်။

"ခင်ဗျားက ဖန်းယွီကို တကယ်မချစ်လို့ ဒါတွေလုပ်နေတာပေါ့.. ဒါက ခင်ဗျားကိုယ်ကျိုးအတွက်ပဲ.. ဒါက တကိုယ်ကောင်းဆန်တာပဲ.."

သရဲအိမ်ထဲမှာ ဖန်းယွီက သူ့အဒေါ်ထက် လူစိမ်းဖြစ်တဲ့သူ့ကို စကားပြောဖို့ ပိုလိုလားသည်ကို Chen Ge သတိရကာ ပြောလိုက်သည်။ ဒါက ဒီတူဝရီးနှစ်ယောက်ကြား ကောင်းမွန်သောဆက်ဆံရေးမရှိတာကို ဖော်ပြနေသည်။

"ခင်ဗျားမိသားစု မတော်တဆဖြစ်ပြီးနောက်ပိုင်း ခင်ဗျားဘဝမှာ စိတ်ညစ်စရာအကောင်းဆုံး ကြုံရချိန် ဖန်းယွီက ပုံဆွဲပြီး နှစ်သိမ့်ပေးခဲ့တယ်.. ဒါပေမယ့် ခင်ဗျားက သူ့မိဘနှစ်ပါးကို သတ်လိုက်တယ်.. ဖန်းယွီက ကလေးလေးပဲရှိသေးတာကို ကျေးဇူးတင်လိုက်ပေတော့.."

Chen Ge က အနီရောင်လူတွေနဲ့ပြည့်နေသော အိမ်ပုံကို သတိရကာ ပြောလိုက်သည်။ တရားဥပဒေရဲ့ အပြစ်ပေးခြင်းကပဲ ဒီတူဝရီးအတွက် ကောင်းရာကိုဖြစ်စေတော့မည်။ ဖန်းယွီက ရေတွင်းထဲမှာ ကောင်းကင်ဘုံကိုရှာတယ်ဆိုကတည်းက သူ့အဒေါ်က လူသတ်သမားဆိုတာ ဖန်းယွီသိပြီးနေပြီဖြစ်သည်။ တကယ်လို့ သူကြီးပြင်းလာရင် သူ့အဒေါ်ကို ကလဲ့စားချေနိုင်ပြီး ဒီကလေးရဲ့အနာဂတ်က ပျက်စီးသွားနိုင်လောက်သည်။

"ဒီကြေကွဲဖွယ်ဇာတ်လမ်းက အဆုံးသတ်ချိန်ရောက်ပါပြီ.."

Chen Ge က Live လွှင့်တာရပ်လိုက်ပြီး ရဲကိုဖုန်းထပ်ဆက်ခေါ်ရင်း ထပ်ပြောလိုက်သည်။ ဖန်းယွီရဲ့အဒေါ်ကို တရားဥပဒေက ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတာ Chen Ge မသိတော့ပေ။

"ဒီကလေးက သူ့မိဘကိုသတ်တဲ့ လူသတ်သမားနဲ့ အတူနေဖို့ ဖိအားပေးခံရတယ်.. သူက စိတ်ရောဂါလက္ခဏာပြတာ မထူးဆန်းတော့ဘူး.. ခင်ဗျားက တကယ့်ရောဂါအရင်းခံတစ်ခုပဲ.."

Chen Ge ရဲကိုဖုန်းဆက်နေစဉ် ထိုအမျိုးသမီးက ရုန်းကန်ကာ ထွက်ပြေးတော့သည်။

"ထွက်မပြေးနဲ့.. ရပ်.."

Chen Ge က အမျိုးသမီး စိတ်ရူးပေါက်ကာ လျှောက်လုပ်မည်စိုးလို့ နောက်ကပြေးလိုက်ခဲ့သည်။ သူမက အောက်ထပ်ကိုဆင်းပြေးခဲ့သည်။ Chen Ge က သူမနောက်က ပြေးလိုက်ရင်း ချိပ်ပိတ်ထားသောစာသင်ခန်းရှေ့သို့ သူမ ရောက်လာခဲ့သည်။

ထိုစာသင်ခန်းရှေ့တွင် တစ်စုံတစ်ခုက သူမခြေထောက်ကို လှမ်းဆွဲလိုက်သလို သူမ လဲကျသွားခဲ့သည်။ Chen Ge လည်း နံရံကိုကျောကပ်ကာ စာသင်ခန်းထဲလှမ်းကြည့်လိုက်တော့ စာသင်ခန်းထဲမှာ ပုံမှန်ကျောင်းခန်းလို ကျောင်းသားများပြည့်နေသည်ကို တွေ့လိုက်ရသည်။ အသက်ကြီးကြီးဆရာတစ်ယောက်က ကျောက်သင်ပုန်းရှေ့မှာ စာသင်နေသည်။

=====================

Chapter (90) – ကျိန်စာသင့်သော ဘောလ်ပင်

ဖန်းယွီ၏အဒေါ်လည်း ကျောင်းခန်းထဲကလူတွေကို တွေ့လိုက်ရသည်။ ထိုကျောင်းသားများက သူမအစ်ကိုဓာတ်ပုံထဲက ကျောင်းသားတွေနဲ့တူနေသောကြောင့် သူမ ကြောက်လန့်ကာ အေးစက်သွားသည်။ သူမက ကြောက်လန့်ကာ ထရပ်ချင်ပေမယ့် ခြေလက်တွေက ပျော့ခွေနေသည်။

Chen Ge က အမျိုးသမီးဘေးကိုပြေးကာ လက်မောင်းကနေဆွဲပြီး စာသင်ဆောင်ဘက်က တရကြမ်းပြေးထွက်လာခဲ့သည်။

ကောလာဟလတွေက တကယ်မှန်နေလေပြီ။ သန်းခေါင်ယံမှာ ချိပ်ပိတ်ထားသောစာသင်ခန်းက သက်ဝင်လှုပ်ရှားတယ်ဆိုတာ တကယ်ပဲဖြစ်သည်။ သူတို့သေပြီးတာတောင် စာသင်ခန်းထဲမှာ ရှိနေကြဆဲဖြစ်သည်။

"ရှင် ဒါကိုမြင်တယ်မဟုတ်လား.."

အမျိုးသမီး၏မျက်လုံးက ပြူးထွက်ကာ သူ့ကိုမေးလိုက်သည်။

"အခု ဒီနေရာက အရင်ထွက်ရအောင်.."

Chen Ge က သူမကိုဆွဲကာ ပြေးရင်း စာသင်ခန်းဘက်ပြန်ကြည့်တော့ စာသင်ခန်းက မှောင်မည်းကာ တိတ်ဆိတ်သွားပြန်သည်။

"ငါ ကျောင်းဝင်းထဲရောက်နေတာ ကြာနေတာတောင် သူတို့က ငါ့ကို ဘာမှမလုပ်ကြဘူး.. သူတို့က မကောင်းတဲ့သရဲတော့ မဟုတ်လောက်ဘူး.."

Chen Ge က ဒါကိုယုံကြည်သည်။

ဖန်းယွီအဖေ၏လက်ချက်ကြောင့် ရူးသွပ်သွားသောကျောင်းသူက သတ်သေပြီးနောက် ဒီကျောင်းခန်းထဲကဝိညာဉ် ဖြစ်သွားပုံရသည်။ ဒီအခန်းထဲက တခြားဝိညာဉ်များက သူမကို ကူညီဖို့ ဆရာဖန်းကို သတိပေးစာပို့ခဲ့ပုံရသည်။ ဝိညာဉ်ကျောင်းသားတွေလုပ်တာ မှားနေတယ်ဆိုပေမယ့် သူတို့က သူတို့ကျောင်းသူကို ကာကွယ်ချင်ကြတာဖြစ်သည်။

Chen Ge က ဖန်းယွီ၏အဒေါ်ကို ဆုပ်ကိုင်ကာ မုယန်ကျောင်းပေါက်ဝထိ ဆွဲခေါ်လာသည်။ ခုက သန်းခေါင်ကျော်သွားပြီဖြစ်လို့ ကျောင်းဝင်းထဲကအဆောက်အဦးထဲမှာနေတာ အန္တရာယ်များလှသည်။ သန်းခေါင်ကျော်သွားပြီဖြစ်လို့ မိုးက အရှိန်လျော့သွားလေပြီ။ ည 1am ထိုးတော့ ဓာတ်မီးရောင်တွေ့လို့ Chen Ge က ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

မကြာခင် လူတစ်အုပ်က မိုးကာခြုံကာ ဓာတ်မီးကိုယ်စီဖြင့် ရောက်လာကြသည်။

"ဒီမှာ သံသယရှိသူကို ဖမ်းမိထားပါပြီ.."

Chen Ge အော်လိုက်ပေမယ့် ဦးဆောင်လာသူကိုတွေ့တော့ လေသံကတိုးသွားသည်။

"ဘာကြောင့် မင်းပဲဖြစ်ရပြန်တာလဲ.. တစ်ပတ်တည်း အရေးပေါ်ဖုန်းလိုင်းကနေ ဖုန်းခေါ်တာ ၃ကြိမ်ရှိပြီ.. အရေးပေါ်ဖုန်းစောင့်တဲ့ဝန်ထမ်းက မင်းအသံကိုတောင် မှတ်မိနေပြီ.. ဒီဟာက ၃၅ နှစ်အတွင်း ပထမဆုံးဖြစ်တဲ့ဖြစ်ရပ်ပဲ.."

Chen Ge လည်း ဘာဖြေရမှန်း မသိတော့ပေ။ သူက စိတ်ပျက်စွာနှင့် ဖန်းယွီ၏အဒေါ်ကို အင်စပက်တာလီလက်ထဲ လွှဲပေးလိုက်သည်။ အင်စပက်တာလီက ကျောင်းဝင်းဂိတ်တံခါး ဖွင့်စေပြီး လှမ်းမေးလိုက်သည်။

"သူမက အပြစ်မဲ့သားကောင်လား.."

"မဟုတ်ဘူး.. သူမက လူသတ်သမားတွေထဲက တစ်ယောက်ပဲ.."

Chen Ge က သူမကိုလက်လွှဲပေးကာ ပြောလိုက်သည်။

"လူသတ်သမားတွေထဲက တစ်ယောက် ဟုတ်လား.. ဒါဆို ကျောင်းဝင်းထဲ ပုန်းနေတဲ့လူသတ်သမား ရှိသေးတာလား.."

"တခြားလူသတ်သမားက သေသွားပါပြီ.."

Chen Ge က အကျဉ်းချုပ်ရှင်းပြလိုက်သည်။

"ဒီအမျိုးသမီးရဲ့အစ်ကိုက ပြစ်မှုတစ်ခုကျူးလွန်ခဲ့ပြီး သူ့အမျိုးသမီးက တွေ့သွားတယ်.. သူမက ဒါကိုသုံးပြီး ကွာရှင်းခွင့်တောင်းတော့ သူမကို သတ်ပစ်လိုက်တယ်.. ဒီအမျိုးသမီးရဲ့အစ်ကို သူ့မိန်းမကိုသတ်တာကို ညီမကတွေ့သွားတော့ သူမက သူ့ကိုယ်သူကာကွယ်ဖို့ သူမအစ်ကိုကို သတ်ခဲ့ပြန်တယ်.."

"ဒါဆို ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာပဲပေါ့.."

အင်စပက်တာလီက လိုရင်းကိုမေးလိုက်သည်။

"တကယ်လို့ အဲ့လိုသာဆိုရင် သူမက ရဲကိုအကြောင်းကြားမှာပေါ့.. ဒါပေမယ့် သူမက သဲလွန်စအားလုံး ဖျောက်ဖျက်ခဲ့တယ်.. ဒါက လွန်ခဲ့တဲ့၃နှစ်က လူသတ်မှုဆိုတော့ သဲလွန်စ၊ သက်သေ ဘာမှမကျန်တော့ဘူး.. ဒါကို ကျွန်တော်သိတာကလည်း သူမပြောပြလို့ပါ.. သူမက လိမ်မယ့်ပုံမပေါ်ပါဘူး.."

Chen Ge က အမျိုးသမီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"အခင်းဖြစ်ပွားတဲ့နေရာက ဘယ်မှာလဲ.."

အင်စပက်တာလီက Chen Ge ဘာကြောင့် ဒီကိုရောက်နေသည်ကိုပါ သိချင်နေသည်။

"ဒါကတော့ သူမကိုပဲ မေးပေတော့.."

Chen Ge လည်း ရေတွင်းတည်နေရာကို သိချင်နေသည်။ ဒါမှ သူ့ mission ကို ပြီးအောင်ဆောင်ရွက်နိုင်မှာဖြစ်သည်။ အင်စပက်တာလီက Chen Ge ထက် လူကိုစစ်ဆေးရာမှာ ပိုကျွမ်းကျင်သည်။ သူက ခြောက်သွေ့သောတဘက်ကိုယူကာ လှမ်းပေးရင်း အမျိုးသမီးကိုပြောလိုက်သည်။

"လူသတ်ရန်ကြံစည်မှုဆိုတာ ခင်ဗျားကို လျှပ်စစ်ကုလားထိုင်ပေါ် ရောက်စေလိမ့်မယ်.. တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုဆိုရင်တော့ နေရောင်ခြည်ကို ပြန်မြင်ဖို့ အခွင့်အရေးရှိသေးတယ်.."

ဖန်းယွီ၏အဒေါ်က သေခြင်းတရားကို ကြောက်ပုံမရဘဲ တဘတ်ဖြင့် မိုးရေတွေကိုသုတ်နေသည်။

"ခင်ဗျားမိသားစုကို စဉ်းစားကြည့်ပါ.. ဒီအရွယ်ဆို ခင်ဗျားမှာ သားသမီးရှိမှာပဲ.. ခင်ဗျား ပူးပေါင်းမှုမရှိရင် ကလေးတွေကို ထပ်တွေ့ရမှာမဟုတ်ဘူး.."

ထိုစကားကြောင့် ဖန်းယွီအဒေါ်က လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သူမက ခဏစဉ်းစားပြီး ပြောခဲ့သည်။

"ရေတွင်းက ကျောင်းနောက်က တောင်ကုန်းပေါ်မှာပါ.. နေရာအတိအကျတော့ မမှတ်မိတော့ပါဘူး.."

သူမက ကျောင်းနောက်ကတောင်ကုန်းလေးကိုညွှန်ပြကာ ဆက်ပြောလိုက်သည်။

"အဲ့ဒီနေရာက မြေပြိုမှုဖြစ်သွားတော့ ရေတွင်းနေရာက ရှာလို့မရနိုင်လောက်တော့ဘူး.."

ဒီမြေတွေကို တူးဆွဖို့ မြေကော်စက်တွေလိုပေမယ့် ဒီယာဉ်တွေဝင်လာဖို့ လမ်းမရှိသောကြောင့် လူအားနဲ့ တူးရမည်ဖြစ်သည်။

"ဒီအမျိုးသမီးရဲ့စကားကို အတည်မပြုနိုင်ရင် အရုဏ်တက်တာနဲ့ ကိစ္စတွေပြောင်းသွားနိုင်တယ်.."

Chen Ge က side mission မပြီးမှာစိုးလို့ အင်စပက်တာလီကို လောလိုက်သည်။ အင်စပက်တာလီက လူအင်အားနှင့် လိုအပ်သောမြေတူးကိရိယာများ မှာကာ 2:15am မှာ စတင်ပြီး တူးဆွတော့သည်။

Chen Ge လည်း ကိုယ်တိုင်ပါဝင်ကူညီသဖြင့် ရဲအရာရှိများက သူ၏တက်ကြွစွာပူးပေါင်းမှုကို အသိအမှတ်ပြုလိုက်ကြသည်။ မနက် ၃နာရီမှာ ရေတွင်းကိုတွေ့ပြီး မနက် 4:30 မှာ အလောင်းနှစ်လောင်းကို ရေတွင်းထဲက ဆယ်ယူရရှိခဲ့သည်။

ထိုအချိန် ဖုန်းအမည်းက မစ်ရှင်အောင်မြင်ကြောင်း စာပို့လာခဲ့သည်။ Chen Ge က စာဖွင့်ဖတ်လိုက်သည်။

>>သင်က အရုဏ်မတက်ခင် အခင်းဖြစ်ပွားရာကို ဖော်ထုတ်နိုင်ပြီး side mission ၄ခုကို အောင်မြင်စွာလုပ်နိုင်သောကြောင့် မုယန်အထက်တန်းကျောင်း အစမ်းမစ်ရှင် ပွင့်သွားပါပြီ.. သင် ဒီ game ကို ကစားနိုင်ဖို့ ဖုန်းကိုဖွင့်ပြီး စစ်ဆေးကြည့်ရှုနိုင်ပါပြီ..<<

>>အစမ်းမစ်ရှင်ပြီးစီးမှု 90% ကျော်.. ကစားလို့ရသော လျှို့ဝှက်မစ်ရှင် - ကျိန်စာသင့်သော ဘောလ်ပင်<<

>>ကျိန်စာသင့်သောဘောလ်ပင် (ပျက်စီး) - ဒီဘောလ်ပင်ဝိညာဉ်က သင်ခေါ်ဆိုချိန် လာဖို့ ငြင်းဆိုနေသည်။ သူပျောက်ကွယ်မသွားခင် သင့်ကို စိုက်ကြည့်နေခဲ့သည်။<<

===================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now