Chapter (65+66)(zawgyi+unicode)

1.2K 278 5
                                    

Chapter (65) – ကပ္ပတိန်ရန်

"ငါဘာမှမလုပ်ရသေးဘူး.. ခဏစောင့်.. ငါ ကိုယ်လက်သုတ်သင်ပြီး ဆင်းလာမယ်.."

Chen Ge က ပြတင်းပေါက်ကလှမ်းကြည့်လိုက်တော့ အပြင်ဘက်မှာ လူအုပ်ကြီးစုနေတာ တွေ့လိုက်ရသည်။

"ဘော့စ်.. ဧည့်သည်တွေပိုဆူမလာခင် မြန်မြန်လေးလာခဲ့ပါ.."

"ငါ ကိုယ်တုံးလုံးနဲ့ ပြေးလာရမှာလား.. ခဏစောင့်.."

Chen Ge က မျက်နှာသစ်၊ အဝတ်အစားလဲပြီး သရဲအိမ်သစ်သားတံခါးကြီးကိုဖွင့်ပြီး အပြင်ကိုထွက်လာခဲ့သည်။ Chen Ge ကိုမြင်လိုက်ရစဉ် ပရိသတ်ကြီးက ငြိမ်ကျသွားသည်။ ထိုလူအုပ်ထဲတွင် ရဲများ၊ သတင်းထောက်များ၊ ပန်းခြံဝန်ထမ်းများ၊ စပ်စုသောဧည့်သည်များဖြင့် ပြည့်နေသည်။ ဧည့်သည်တွေက ရဲတွေတွေ့တော့ Chen Ge ကို ဒီထက်ဆိုဝါးတဲ့အခြေအနေနဲ့ တွေ့ရဖို့ မျှော်လင့်နေဟန်တူသည်။ သူက ဒီအတိုင်းထွက်လာတာတွေ့တော့ စိတ်ပျက်သွားဟန်ပေါ်သည်။

လူတိုင်းက သူ့ကိုဝိုင်းကြည့်နေတော့ Chen Ge က ရှက်သလိုဖြစ်သွားပေမယ့် သူက ပြောရမည်ဖြစ်လို့ စကားစလိုက်သည်။

"ဘာတွေဖြစ်နေသလဲ.. တစ်ယောက်ယောက် ကျွန်တော့်ကို ရှင်းပြလို့ရမလားခင်ဗျာ.."

"မင်းက Chen Ge လား.."

သေတ္တာတစ်လုံးကိုင်ထားသည့် ကလေးဆန်ဆန်မျက်နှာထက်က ထက်မြက်သည့်မျက်ဝန်းတစ်စုံနှင့် ရဲအရာရှိက မေးလိုက်သည်။

"ဟုတ်ပါတယ်.."

"မင်းရဲ့မှတ်ပုံတင်ကဒ်ပြား ကြည့်လို့ရမလား.."

Chen Ge က သူ့ကဒ်ကို အတော်လေးမွှေနှောက်ရှာပြီး ပြလိုက်သည်။ ရဲအရာရှိက မှတ်ပုံတင်ကိုကြည့်နေစဉ် Chen Ge က ရဲအရာရှိကို အကဲခတ်လိုက်သည်။ သူဝတ်ထားသောဝတ်စုံက အင်စပက်တာလီတို့ ဝတ်စုံနှင့်မတူပေ။

"ကောင်းပြီ.. မင်းရဲ့ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်.."

ရဲအရာရှိက မှတ်ပုံတင်ပြန်ပေးရင်း ပြောလိုက်သည်။ ပြီးတော့ သူ့လက်ထဲက သေတ္တာလေးကို ဖွင့်လိုက်တော့ ဂုဏ်ပြုဆုတံဆိပ်တစ်ခုရှိပြီး ထိုအရာရှိက တည်ငြိမ်စွာကြေငြာလိုက်သည်။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now