Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု

1.3K 326 3
                                    

Chapter (29) – Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု

တံခါးက 'ကလစ္' ဆိုၿပီး ပိတ္သြားသံက ေက်ာင္းသားတစ္စု၏ရင္ထဲ ပဲ့တင္ထပ္သြားေတာ့သည္။

"He San.. အရင္အေတြ႕အႀကံဳအရ ဘာလုပ္တာ အေကာင္းဆံုးလဲ.."

"အျမန္ဆံုး ထြက္ေပါက္ေတြ႕ေအာင္ ရွာဖို႔ပဲ.."

တံခါးေသာ့ခတ္ၿပီး Chen Ge က Xiao Wan ကို သူ႔ဆီအျမန္ဆံုးလာေတြ႕ဖို႔ ေခၚလိုက္သည္။

"ေဘာ့စ္.. ဘာအလ်င္လိုေနလို႔လဲ.. ဧည့္သည္ေတြ သရဲအိမ္ထဲ ဝင္သြားၿပီမဟုတ္လား.."

Xu Wan က မသာမိတ္ကပ္လိမ္းၿပီး တေစၦသတို႔သမီးဝတ္စံုနဲ႔ အေဆာက္အဦးထဲ ေျပးလႊားလာပံုက အေတာ္ေလးေၾကာက္ဖို႔ေကာင္းသည္။

"ငါ တတိယထပ္မွာ သန္းေခါင္ယံညလူသတ္သမားဆိုတဲ့ ေျခာက္လွန္႔တဲ့အကြက္ကို ျပင္ဆင္ထားတယ္.. ေဆးေက်ာင္းသားေတြက ဒီအခန္းနဲ႔ ကြက္တိပဲ.."

Chen Ge က ဖုန္းအနက္ကိုထုတ္ၿပီး သူဆုရတဲ့ပစၥည္း ဘယ္မွာရွိသလဲဆိုတာ ၾကည့္လိုက္သည္။

"ဒါေပမယ့္ ျပခန္းအသစ္က ပန္းၿခံစီမံအဖြဲ႕ စစ္ၿပီးမွ ဧည့္သည္သြင္းရတာမဟုတ္လား.. ေဘာ့စ္... ရွင္ ဘာရွာေနတာလဲ.."

Xu Wan က ႐ိုးရာဝတ္စံုကို မၿပီး ေလွ်ာက္လာရင္း ေမးလိုက္သည္။

"မင္းအတြက္ ငါလုပ္ထားတဲ့ uniform ရွာေနတာ.."

"Uniform လား.."

ဝန္ထမ္းနားေနခန္းရဲ့ အတြင္းေထာင့္မွာ သူသတိမထားမိတဲ့ သစ္သားေသတၱာႀကီးတစ္လံုးကို မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရသည္။ ဖုန္းအနက္က ပစၥည္းေတြကို ျဖည့္ထားပံုရသည္။ Chen Ge က ေသတၱာကိုဖြင့္ၾကည့္လိုက္ေတာ့ ေသတၱာေအာက္နားမွာ ထူးဆန္းတဲ့တူတစ္ေခ်ာင္း၊ ေသြးစြန္းေနသည့္ ဝတ္စံုတစ္ထည္ႏွင့္ ဝါေနၿပီျဖစ္တဲ့ လူေပ်ာက္ေၾကျငာစာရြက္ကုိ ေတြ႕လိုက္ရသည္။

"ေတြ႕ၿပီ.."

Chen Ge က ဝတ္႐ံုကို ဆြဲထုတ္လိုက္ေတာ့ သာမန္ဆရာဝန္ဝတ္စံုထက္ ေလးေနတာ ေတြ႕လိုက္ရသည္။ ဒီဝတ္စံုကိုတြဲထားသည့္ သံခ်ိန္းႀကိဳးေၾကာင့္ ေလးေနျခင္းျဖစ္သည္။ သံခ်ိန္းႀကိဳးမွာ လူမ်က္ႏွာပံုအမ်ိဳးမ်ိဳးကို ထြင္းထားေသးသည္။

"ေဘာ့စ္.. ဒီဟာက ကၽြန္မအတြက္ Uniform လား.. ကၽြန္မ မဝတ္ႏိုင္ေလာက္ဘူးထင္တယ္.."

Xu Wan က ေသြးနံ႔ေၾကာင့္ ေနာက္ကိုဆုတ္ရင္း ေျပာလိုက္သည္။

"သရဲအိမ္ကဝန္ထမ္းဆုိတာ သ႐ုပ္ေဆာင္ပဲ.. အႏုပညာေက်ာင္းက မင္းဆရာေတြသင္ေပးလိုက္တာ ျပန္စဥ္းစားစမ္းပါ.. သ႐ုပ္ေဆာင္ဆိုတာ ဘယ္ပစၥည္း၊ ဘယ္ role မွာမဆို ျပဳလုပ္ႏိုင္ရမယ္ မဟုတ္လား.."

Chen Ge က ဝတ္စံုကို ျဖန္႔လိုက္ေတာ့ လူမ်က္ႏွာပံုမ်က္ႏွာဖံုးက ထြက္က်လာသည္။ ဒီမ်က္ႏွာဖံုးက ဝတ္႐ံုႏွင့္အတူပါမွန္း Chen Ge မသိေပ။ Chen Ge က ေျမႀကီးေပၚက ကုန္းေကာက္လိုက္ၿပီး ၾကည့္လိုက္မိစဥ္ ၾကက္သီးေမြးညင္းမ်ား ေထာင္ထသြားေတာ့သည္။

ဒီမ်က္ႏွာဖံုးက ေယာက္်ားတစ္ေယာက္မ်က္ႏွာပံု ျပဳလုပ္ထားၿပီး ခပ္ၾကမ္းၾကမ္းပံုစံအျပင္ ေၾကာက္စရာေကာင္းလွသည္။

"ေဘာ့စ္.. ကၽြန္မ ဒီမ်က္ႏွာဖံုးကိုပါ စြပ္ထားရမွာလား.."

Xu Wan က တံခါးထိဆုတ္သြားၿပီး ေမးလိုက္သည္။

"လာ.. ဒါကို ဝတ္ၾကည့္စမ္းပါ.. ဘယ္လိုေနလဲ ငါၾကည့္ပါရေစ.. ေနာက္တစ္ခါ ငါ သရဲအျဖစ္ လုပ္ပါ့မယ္.. လိမၼာတယ္.. လာ.."

Chen Ge ရဲ့အသံက လူေကာင္းကို မေကာင္းမႈက်ဴးလြန္ဖို႔ ေသြးေဆာင္ေနသည့္ မေကာင္းဆိုးဝါးအသံႏွင့္ တူေနသည္။

"ေကာင္းၿပီ.. ကၽြန္မ စမ္းဝတ္ၾကည့္ပါ့မယ္.."

Xu Wan က တေစၦသတို႔သမီးဝတ္စံုကို ခၽြတ္လိုက္ၿပီး Uniform အသစ္ကို လဲလိုက္သည္။ Chen Ge ရပ္ေနတာကို စိတ္ထဲထားပံုမရေပ။

"ေဘာ့စ္.. ရွင္ ဒီဝတ္စံုကို ေခတ္မီေအာင္ ျပင္သင့္ေနၿပီ.."

Xu Wan က သံႀကိဳးတြဲေလာင္းႏွင့္ ဝတ္စံုကိုဝတ္၊ မ်က္ႏွာဖံုးလဲတပ္ၿပီးေရာ သူမရဲ့ပံုစံနဲ႔ အေငြ႕အသက္က လံုးဝေျပာင္းလဲသြားေတာ့သည္။ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ ႐ူးသြပ္ျခင္း၊ ဆိုးသြမ္းျခင္းဆိုသည့္အခ်က္က သူမဆီက ထြက္ေပၚလို႔လာသည္။

"မဆိုးဘူး.. လာ.. ငါ မင္းကို လိုက္ပို႔ေပးမယ္.."

Chen Ge က Xu Wan ကို မွန္နားမေရာက္ေအာင္ သတိထားကာ ေခၚထုတ္သြားသည္။ မဟုတ္ရင္ Xu Wan က သူမပံုကို ျပန္လန္႔သြားႏိုင္သည္။ Chen Ge က ေသတၱာထဲက ထူးဆန္းသည့္တူကို ေကာက္လိုက္သည္။ တူက 40 cm ခန္႔ရွိၿပီး လက္ကိုင္က လူေက်ာ႐ိုးဆစ္လို ပံုစံရွိသည္။ ထိပ္ႏွစ္ဖက္တြင္ သံစူးမ်ားရွိၿပီး ဆရာဝန္ဝတ္႐ံုက သံႀကိဳးႏွင့္ခ်ိတ္လို႔ရသည့္ ကြင္းေလးလည္း ပါရွိသည္။

"ဒီတူက သိပ္မေလးဘူး.. တကယ္လို႔ ဒါကိုသယ္ၿပီး ေျပးရတဲ့အခ်ိန္ ေလးတယ္ထင္ရင္ ၾကမ္းျပင္မွာ တရြတ္ဆြဲသြားလို႔ရတယ္.."

Xu Wan က Chen Ge ရဲ့ ထူးထူးဆန္းဆန္းအေတြးေတြကို ေမ့ထားၿပီး ေျပာသမွ် ေခါင္းတညိတ္ညိတ္ပဲ လုပ္ေနေတာ့သည္။

"ဖုန္းကို အျပင္အိတ္ကပ္ထဲမွာ ေသခ်ာထည့္ထား.. Bluetooth နားၾကပ္က ေကာင္းေကာင္းၾကားရေအာင္လုပ္ထား.. မင္း အဆင္သင့္ျဖစ္ရင္ ဝန္ထမ္းေပါက္ကေနဝင္ၿပီး ငါတို႔ အလုပ္စၾကစို႔.."

"ငါတို႔..? ေဘာ့စ္.. ရွင္ပါ ဒီျပကြက္ထဲ ဝင္ေျခာက္မလို႔လား.."

Xu Wan ၏စကားသံက မ်က္ႏွာဖံုးထဲကေန ခပ္စူးစူးထြက္လာသည္။

"ဒါေပါ့.. လာ.. သြားၾကစို႔.. ဧည့္သည္ေတြက ငါတို႔ကိုေစာင့္ရင္း ပ်င္းေနေလာက္ၿပီ.."

Xu Wan က တတိယထပ္ကိုေရာက္သြားေတာ့ Chen Ge က ထိန္းခ်ဳပ္ခန္းထဲသြားလိုက္ၿပီး Screen ေပၚက ၇ေယာက္အုပ္စုကို ရွာၾကည့္လိုက္သည္။ သူတို႔က အုပ္စုလိုက္ရွိေနၿပီး Gao Ru Xue ထက္သတၱိေၾကာင္ကာ မ်က္ႏွာေပၚမွာ စိတ္လႈပ္ရွားရိပ္ကို ျမင္ေနရသည္။ ဒီတေလွ်ာက္လံုး သူတို႔က ဝင္ေပါက္နားမွာပဲ ရစ္သီရစ္သီလုပ္ေနတာ နည္းနည္းတြန္းအားေပးရမည္ထင္သည္။

Chen Ge က Xu Wan ကိုဖုန္းမေခၚခင္ Black Friday ဆိုသည့္တီးလံုးကို ဖြင့္လိုက္သည္။

"Xu Wan.. ဒီအခန္းက ေျခာက္ရမယ့္အကြက္ ႀကီးတယ္.. တတိယထပ္တင္မကဘူး.. ပထမနဲ႔ ဒုတိယထပ္ပါ ပါတယ္.. ဒီအခန္းရဲ့ ဘယ္နဲ႔ညာဘက္ေထာင့္မွာ ေလွကားေတြရွိတယ္.. ေလွ်ာက္သြားရင္ မ်က္စိလည္ လမ္းေပ်ာက္သြားလိမ့္မယ္.. ငါေျပာတာကို ေသခ်ာနားေထာင္ၿပီးမွသြား.."

"ဟုတ္ကဲ့.."

Xu Wan ကိုေျပာၿပီး Chen Ge က မိတ္ကပ္ျပင္ၿပီး ဝန္ထမ္းေပါက္ကေန သန္းေခါင္ယံည လူသတ္သမားျပကြက္ထဲ ဝင္လိုက္သည္။ ဖုန္းအနက္ျဖင့္ သူက ေထာင္ေခ်ာက္ႏွင့္ ေျခာက္လွန္႔ကြက္ 10 ခုေလာက္ကို ေအးေဆးထိန္းခ်ဳပ္ႏိုင္သည္။ ဒီလိုလုပ္ႏိုင္စြမ္းေၾကာင့္ 'သန္းေခါင္ယံညလူသတ္သမား' ေျခာက္လွန္႔ခန္းက 'သက္ရွိတို႔ ေသဆံုးေသာည' ႏွင့္ 'တေစၦသတို႔သမီး' အခန္းထက္ ပိုေၾကာက္ဖို႔ေကာင္းလာခဲ့သည္။

ေမွာင္မည္းေနသည့္ၾကမ္းျပင္တြင္ အခန္းတစ္ခန္းမွ ေရခ်ိဳးကန္ကိုေရႊ႕ရင္း Chen Ge ထြက္လာၿပီး ပစၥည္းေတြကို ေနသားတက် ျပန္ထားလိုက္သည္။

"Xiao Wan.. သူတို႔က အခန္း 207 ေလာက္မွာ ရွိေလာက္တယ္.. မင္းက ေၾကာင္လိမ္ေလွကားရဲ့ ဘယ္ဘက္မွာ အဆင္သင့္ရပ္ေနၿပီး ငါ့ဆီကအမိန္႔ကို ေစာင့္ေနလိုက္.."

ၿပီးေတာ့ Chen Ge က အေမွာင္ထဲမွာ ေၾကာင္လိမ္ေလွကားရဲ့ ညာဘက္ကေန တတိယထပ္ေပၚ တက္လာခဲ့သည္။

ေဆးေက်ာင္းသားအုပ္စုက အႏၱရာယ္က သူတို႔နားခ်ဥ္းကပ္လာတာမသိဘဲ ေတြ႕ရာသဲလြန္စေတြကိုရွာရင္း ထြက္ေပါက္ကိုရွာေတြ႕ဖို႔ ေမွ်ာ္လင့္ေနၾကသည္။

"ဒီသရဲအိမ္က အလင္းေရာင္မွိန္ၿပီး နည္းနည္းေအးတာကလြဲရင္ ေၾကာက္ဖို႔ေကာင္းပံုမရဘူး.. ငါတို႔ပဲ ေသခ်ာဂ႐ုစိုက္ေနလို႔မ်ားလား.."

ေမ်ာက္က အုပ္စုထဲမွာ အေသးဆံုးနဲ႔ စကားအမ်ားဆံုးျဖစ္သည္။

"အစ္ကိုႀကီးဖိန္း.. ကၽြန္ေတာ္တို႔ ၂စုခြဲသင့္တယ္ထင္တယ္.. ခုလို တစ္ၿပံဳႀကီးသြားေနရင္ ထြက္ေပါက္ကိုရွာေတြ႕ဖို႔ ၾကာလိမ့္မယ္.."

အရပ္ရွည္ရွည္ႏွင့္ အစ္ကိုဖိန္းက သူတို႔တေစၦသတို႔သမီးနဲ႔ပတ္သက္ၿပီး ျပင္ဆင္လာသမွ် အလဟႆျဖစ္သြားရလို႔ စိတ္႐ႈပ္ေနသည္။ အခ်ိန္ၾကာလာေတာ့ ဒီအခန္းက သိပ္ေၾကာက္စရာမေကာင္းတာ သိလာခဲ့သည္။

"ဒီအႀကံမဆိုးဘူး.. ေမ်ာက္နဲ႔ေလာင္ဘုန္းက ေကာင္မေလး၂ေယာက္ကိုေခၚၿပီး ဘယ္ဘက္ကအခန္းကိုရွာ၊ ငါတို႔၃ေယာက္က ညာဘက္အခန္းေတြကိုရွာမယ္.."

"ငါတုိ႔ ဒီလုိလုပ္သင့္တာၾကာၿပီ.. လူေတြ သရဲအိမ္ကို ဘာေၾကာင့္ ဒီေလာက္ေၾကာက္ေနသလဲ မသိေတာ့ဘူး.. ဒီေနရာက ငါတို႔ေဆးေက်ာင္းက ရင္ခြဲ႐ံုနဲဲ႔ယွဥ္ရင္ ပန္းၿခံသာသာပဲရွိတယ္.."

ဆံပင္ေဆးဆိုးထားသည့္ မိန္းကေလးက ဒီစကားကိုေျပာလိုက္သည္။ Gao Ru Xue နဲ႔မတူ သူမက မိတ္ကပ္လိမ္းျခယ္ထားၿပီး ေက်ာင္းသူထက္ အရြယ္ေရာက္တဲ့အမ်ိဳးသမီးႏွင့္တူသည္။

"အစ္မေဟြ႕၊ အစ္ကိုႀကီးဖိန္း.. ကၽြန္ေတာ္တို႔ အတူတူရွိသင့္တယ္လို႔ထင္တယ္.. လူစုမခြဲသင့္ေသးဘူးေနာ္.. သရဲအိမ္ပိုင္ရွင္က ပံုမွန္ပံုစံမ်ိဳးနဲ႔ လုပ္ေလ့မရွိဘူး.. သူက သူ႔အသက္ကိုေတာင္ မႏွေျမာတဲ့ အ႐ူးတစ္ေယာက္ေနာ္.."

He San က လူအုပ္ထဲတိုးဝင္ေနရင္း ေျပာလိုက္သည္။
===========================
Chapter (29) – Xiao Wan - ဒေါက်တာအရိုး၏ ဆေးရုံဂျူတီဝတ်စုံ

တံခါးက 'ကလစ်' ဆိုပြီး ပိတ်သွားသံက ကျောင်းသားတစ်စု၏ရင်ထဲ ပဲ့တင်ထပ်သွားတော့သည်။

"He San.. အရင်အတွေ့အကြုံအရ ဘာလုပ်တာ အကောင်းဆုံးလဲ.."

"အမြန်ဆုံး ထွက်ပေါက်တွေ့အောင် ရှာဖို့ပဲ.."

တံခါးသော့ခတ်ပြီး Chen Ge က Xiao Wan ကို သူ့ဆီအမြန်ဆုံးလာတွေ့ဖို့ ခေါ်လိုက်သည်။

"ဘော့စ်.. ဘာအလျင်လိုနေလို့လဲ.. ဧည့်သည်တွေ သရဲအိမ်ထဲ ဝင်သွားပြီမဟုတ်လား.."

Xu Wan က မသာမိတ်ကပ်လိမ်းပြီး တစ္ဆေသတို့သမီးဝတ်စုံနဲ့ အဆောက်အဦးထဲ ပြေးလွှားလာပုံက အတော်လေးကြောက်ဖို့ကောင်းသည်။

"ငါ တတိယထပ်မှာ သန်းခေါင်ယံညလူသတ်သမားဆိုတဲ့ ခြောက်လှန့်တဲ့အကွက်ကို ပြင်ဆင်ထားတယ်.. ဆေးကျောင်းသားတွေက ဒီအခန်းနဲ့ ကွက်တိပဲ.."

Chen Ge က ဖုန်းအနက်ကိုထုတ်ပြီး သူဆုရတဲ့ပစ္စည်း ဘယ်မှာရှိသလဲဆိုတာ ကြည့်လိုက်သည်။

"ဒါပေမယ့် ပြခန်းအသစ်က ပန်းခြံစီမံအဖွဲ့ စစ်ပြီးမှ ဧည့်သည်သွင်းရတာမဟုတ်လား.. ဘော့စ်... ရှင် ဘာရှာနေတာလဲ.."

Xu Wan က ရိုးရာဝတ်စုံကို မပြီး လျှောက်လာရင်း မေးလိုက်သည်။

"မင်းအတွက် ငါလုပ်ထားတဲ့ uniform ရှာနေတာ.."

"Uniform လား.."

ဝန်ထမ်းနားနေခန်းရဲ့ အတွင်းထောင့်မှာ သူသတိမထားမိတဲ့ သစ်သားသေတ္တာကြီးတစ်လုံးကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ဖုန်းအနက်က ပစ္စည်းတွေကို ဖြည့်ထားပုံရသည်။ Chen Ge က သေတ္တာကိုဖွင့်ကြည့်လိုက်တော့ သေတ္တာအောက်နားမှာ ထူးဆန်းတဲ့တူတစ်ချောင်း၊ သွေးစွန်းနေသည့် ဝတ်စုံတစ်ထည်နှင့် ဝါနေပြီဖြစ်တဲ့ လူပျောက်ကြေငြာစာရွက်ကို တွေ့လိုက်ရသည်။

"တွေ့ပြီ.."

Chen Ge က ဝတ်ရုံကို ဆွဲထုတ်လိုက်တော့ သာမန်ဆရာဝန်ဝတ်စုံထက် လေးနေတာ တွေ့လိုက်ရသည်။ ဒီဝတ်စုံကိုတွဲထားသည့် သံချိန်းကြိုးကြောင့် လေးနေခြင်းဖြစ်သည်။ သံချိန်းကြိုးမှာ လူမျက်နှာပုံအမျိုးမျိုးကို ထွင်းထားသေးသည်။

"ဘော့စ်.. ဒီဟာက ကျွန်မအတွက် Uniform လား.. ကျွန်မ မဝတ်နိုင်လောက်ဘူးထင်တယ်.."

Xu Wan က သွေးနံ့ကြောင့် နောက်ကိုဆုတ်ရင်း ပြောလိုက်သည်။

"သရဲအိမ်ကဝန်ထမ်းဆိုတာ သရုပ်ဆောင်ပဲ.. အနုပညာကျောင်းက မင်းဆရာတွေသင်ပေးလိုက်တာ ပြန်စဉ်းစားစမ်းပါ.. သရုပ်ဆောင်ဆိုတာ ဘယ်ပစ္စည်း၊ ဘယ် role မှာမဆို ပြုလုပ်နိုင်ရမယ် မဟုတ်လား.."

Chen Ge က ဝတ်စုံကို ဖြန့်လိုက်တော့ လူမျက်နှာပုံမျက်နှာဖုံးက ထွက်ကျလာသည်။ ဒီမျက်နှာဖုံးက ဝတ်ရုံနှင့်အတူပါမှန်း Chen Ge မသိပေ။ Chen Ge က မြေကြီးပေါ်က ကုန်းကောက်လိုက်ပြီး ကြည့်လိုက်မိစဉ် ကြက်သီးမွေးညင်းများ ထောင်ထသွားတော့သည်။

ဒီမျက်နှာဖုံးက ယောက်ျားတစ်ယောက်မျက်နှာပုံ ပြုလုပ်ထားပြီး ခပ်ကြမ်းကြမ်းပုံစံအပြင် ကြောက်စရာကောင်းလှသည်။

"ဘော့စ်.. ကျွန်မ ဒီမျက်နှာဖုံးကိုပါ စွပ်ထားရမှာလား.."

Xu Wan က တံခါးထိဆုတ်သွားပြီး မေးလိုက်သည်။

"လာ.. ဒါကို ဝတ်ကြည့်စမ်းပါ.. ဘယ်လိုနေလဲ ငါကြည့်ပါရစေ.. နောက်တစ်ခါ ငါ သရဲအဖြစ် လုပ်ပါ့မယ်.. လိမ္မာတယ်.. လာ.."

Chen Ge ရဲ့အသံက လူကောင်းကို မကောင်းမှုကျူးလွန်ဖို့ သွေးဆောင်နေသည့် မကောင်းဆိုးဝါးအသံနှင့် တူနေသည်။

"ကောင်းပြီ.. ကျွန်မ စမ်းဝတ်ကြည့်ပါ့မယ်.."

Xu Wan က တစ္ဆေသတို့သမီးဝတ်စုံကို ချွတ်လိုက်ပြီး Uniform အသစ်ကို လဲလိုက်သည်။ Chen Ge ရပ်နေတာကို စိတ်ထဲထားပုံမရပေ။

"ဘော့စ်.. ရှင် ဒီဝတ်စုံကို ခေတ်မီအောင် ပြင်သင့်နေပြီ.."

Xu Wan က သံကြိုးတွဲလောင်းနှင့် ဝတ်စုံကိုဝတ်၊ မျက်နှာဖုံးလဲတပ်ပြီးရော သူမရဲ့ပုံစံနဲ့ အငွေ့အသက်က လုံးဝပြောင်းလဲသွားတော့သည်။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ရူးသွပ်ခြင်း၊ ဆိုးသွမ်းခြင်းဆိုသည့်အချက်က သူမဆီက ထွက်ပေါ်လို့လာသည်။

"မဆိုးဘူး.. လာ.. ငါ မင်းကို လိုက်ပို့ပေးမယ်.."

Chen Ge က Xu Wan ကို မှန်နားမရောက်အောင် သတိထားကာ ခေါ်ထုတ်သွားသည်။ မဟုတ်ရင် Xu Wan က သူမပုံကို ပြန်လန့်သွားနိုင်သည်။ Chen Ge က သေတ္တာထဲက ထူးဆန်းသည့်တူကို ကောက်လိုက်သည်။ တူက 40 cm ခန့်ရှိပြီး လက်ကိုင်က လူကျောရိုးဆစ်လို ပုံစံရှိသည်။ ထိပ်နှစ်ဖက်တွင် သံစူးများရှိပြီး ဆရာဝန်ဝတ်ရုံက သံကြိုးနှင့်ချိတ်လို့ရသည့် ကွင်းလေးလည်း ပါရှိသည်။

"ဒီတူက သိပ်မလေးဘူး.. တကယ်လို့ ဒါကိုသယ်ပြီး ပြေးရတဲ့အချိန် လေးတယ်ထင်ရင် ကြမ်းပြင်မှာ တရွတ်ဆွဲသွားလို့ရတယ်.."

Xu Wan က Chen Ge ရဲ့ ထူးထူးဆန်းဆန်းအတွေးတွေကို မေ့ထားပြီး ပြောသမျှ ခေါင်းတညိတ်ညိတ်ပဲ လုပ်နေတော့သည်။

"ဖုန်းကို အပြင်အိတ်ကပ်ထဲမှာ သေချာထည့်ထား.. Bluetooth နားကြပ်က ကောင်းကောင်းကြားရအောင်လုပ်ထား.. မင်း အဆင်သင့်ဖြစ်ရင် ဝန်ထမ်းပေါက်ကနေဝင်ပြီး ငါတို့ အလုပ်စကြစို့.."

"ငါတို့..? ဘော့စ်.. ရှင်ပါ ဒီပြကွက်ထဲ ဝင်ခြောက်မလို့လား.."

Xu Wan ၏စကားသံက မျက်နှာဖုံးထဲကနေ ခပ်စူးစူးထွက်လာသည်။

"ဒါပေါ့.. လာ.. သွားကြစို့.. ဧည့်သည်တွေက ငါတို့ကိုစောင့်ရင်း ပျင်းနေလောက်ပြီ.."

Xu Wan က တတိယထပ်ကိုရောက်သွားတော့ Chen Ge က ထိန်းချုပ်ခန်းထဲသွားလိုက်ပြီး Screen ပေါ်က ၇ယောက်အုပ်စုကို ရှာကြည့်လိုက်သည်။ သူတို့က အုပ်စုလိုက်ရှိနေပြီး Gao Ru Xue ထက်သတ္တိကြောင်ကာ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားရိပ်ကို မြင်နေရသည်။ ဒီတလျှောက်လုံး သူတို့က ဝင်ပေါက်နားမှာပဲ ရစ်သီရစ်သီလုပ်နေတာ နည်းနည်းတွန်းအားပေးရမည်ထင်သည်။

Chen Ge က Xu Wan ကိုဖုန်းမခေါ်ခင် Black Friday ဆိုသည့်တီးလုံးကို ဖွင့်လိုက်သည်။

"Xu Wan.. ဒီအခန်းက ခြောက်ရမယ့်အကွက် ကြီးတယ်.. တတိယထပ်တင်မကဘူး.. ပထမနဲ့ ဒုတိယထပ်ပါ ပါတယ်.. ဒီအခန်းရဲ့ ဘယ်နဲ့ညာဘက်ထောင့်မှာ လှေကားတွေရှိတယ်.. လျှောက်သွားရင် မျက်စိလည် လမ်းပျောက်သွားလိမ့်မယ်.. ငါပြောတာကို သေချာနားထောင်ပြီးမှသွား.."

"ဟုတ်ကဲ့.."

Xu Wan ကိုပြောပြီး Chen Ge က မိတ်ကပ်ပြင်ပြီး ဝန်ထမ်းပေါက်ကနေ သန်းခေါင်ယံည လူသတ်သမားပြကွက်ထဲ ဝင်လိုက်သည်။ ဖုန်းအနက်ဖြင့် သူက ထောင်ချောက်နှင့် ခြောက်လှန့်ကွက် 10 ခုလောက်ကို အေးဆေးထိန်းချုပ်နိုင်သည်။ ဒီလိုလုပ်နိုင်စွမ်းကြောင့် 'သန်းခေါင်ယံညလူသတ်သမား' ခြောက်လှန့်ခန်းက 'သက်ရှိတို့ သေဆုံးသောည' နှင့် 'တစ္ဆေသတို့သမီး' အခန်းထက် ပိုကြောက်ဖို့ကောင်းလာခဲ့သည်။

မှောင်မည်းနေသည့်ကြမ်းပြင်တွင် အခန်းတစ်ခန်းမှ ရေချိုးကန်ကိုရွှေ့ရင်း Chen Ge ထွက်လာပြီး ပစ္စည်းတွေကို နေသားတကျ ပြန်ထားလိုက်သည်။

"Xiao Wan.. သူတို့က အခန်း 207 လောက်မှာ ရှိလောက်တယ်.. မင်းက ကြောင်လိမ်လှေကားရဲ့ ဘယ်ဘက်မှာ အဆင်သင့်ရပ်နေပြီး ငါ့ဆီကအမိန့်ကို စောင့်နေလိုက်.."

ပြီးတော့ Chen Ge က အမှောင်ထဲမှာ ကြောင်လိမ်လှေကားရဲ့ ညာဘက်ကနေ တတိယထပ်ပေါ် တက်လာခဲ့သည်။

ဆေးကျောင်းသားအုပ်စုက အန္တရာယ်က သူတို့နားချဉ်းကပ်လာတာမသိဘဲ တွေ့ရာသဲလွန်စတွေကိုရှာရင်း ထွက်ပေါက်ကိုရှာတွေ့ဖို့ မျှော်လင့်နေကြသည်။

"ဒီသရဲအိမ်က အလင်းရောင်မှိန်ပြီး နည်းနည်းအေးတာကလွဲရင် ကြောက်ဖို့ကောင်းပုံမရဘူး.. ငါတို့ပဲ သေချာဂရုစိုက်နေလို့များလား.."

မျောက်က အုပ်စုထဲမှာ အသေးဆုံးနဲ့ စကားအများဆုံးဖြစ်သည်။

"အစ်ကိုကြီးဖိန်း.. ကျွန်တော်တို့ ၂စုခွဲသင့်တယ်ထင်တယ်.. ခုလို တစ်ပြုံကြီးသွားနေရင် ထွက်ပေါက်ကိုရှာတွေ့ဖို့ ကြာလိမ့်မယ်.."

အရပ်ရှည်ရှည်နှင့် အစ်ကိုဖိန်းက သူတို့တစ္ဆေသတို့သမီးနဲ့ပတ်သက်ပြီး ပြင်ဆင်လာသမျှ အလဟဿဖြစ်သွားရလို့ စိတ်ရှုပ်နေသည်။ အချိန်ကြာလာတော့ ဒီအခန်းက သိပ်ကြောက်စရာမကောင်းတာ သိလာခဲ့သည်။

"ဒီအကြံမဆိုးဘူး.. မျောက်နဲ့လောင်ဘုန်းက ကောင်မလေး၂ယောက်ကိုခေါ်ပြီး ဘယ်ဘက်ကအခန်းကိုရှာ၊ ငါတို့၃ယောက်က ညာဘက်အခန်းတွေကိုရှာမယ်.."

"ငါတို့ ဒီလိုလုပ်သင့်တာကြာပြီ.. လူတွေ သရဲအိမ်ကို ဘာကြောင့် ဒီလောက်ကြောက်နေသလဲ မသိတော့ဘူး.. ဒီနေရာက ငါတို့ဆေးကျောင်းက ရင်ခွဲရုံနဲ့ယှဉ်ရင် ပန်းခြံသာသာပဲရှိတယ်.."

ဆံပင်ဆေးဆိုးထားသည့် မိန်းကလေးက ဒီစကားကိုပြောလိုက်သည်။ Gao Ru Xue နဲ့မတူ သူမက မိတ်ကပ်လိမ်းခြယ်ထားပြီး ကျောင်းသူထက် အရွယ်ရောက်တဲ့အမျိုးသမီးနှင့်တူသည်။

"အစ်မဟွေ့၊ အစ်ကိုကြီးဖိန်း.. ကျွန်တော်တို့ အတူတူရှိသင့်တယ်လို့ထင်တယ်.. လူစုမခွဲသင့်သေးဘူးနော်.. သရဲအိမ်ပိုင်ရှင်က ပုံမှန်ပုံစံမျိုးနဲ့ လုပ်လေ့မရှိဘူး.. သူက သူ့အသက်ကိုတောင် မနှမြောတဲ့ အရူးတစ်ယောက်နော်.."

He San က လူအုပ်ထဲတိုးဝင်နေရင်း ပြောလိုက်သည်။
===========================



သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now