Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"

1.2K 285 4
                                    

Chapter (49) – "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"

Zhang Peng က သရဲအိမ္ေကာ္ရစ္တာတေလွ်ာက္ တဟုန္ထိုးေျပးလာေပမယ့္ ႐ႈပ္ေထြးသည့္လမ္းေၾကာင့္ သူလမ္းေပ်ာက္သြားတာ သိရၿပီး ရင္ထဲ ေလးဆင္းသြားခဲ့သည္။

"မင္းဘာေၾကာင့္ ရပ္လိုက္တာလဲ.. မေၾကာက္ပါနဲ႔.. ငါ မင္းကို ဘာမွမလုပ္ပါဘူး.. ငါ့စမ္းသပ္ခ်က္မွာ ပါဝင္ေစခ်င္႐ံုေလးပါ.."

သံတူႀကီးကို ေလထဲေဝွ႔ယမ္းၿပီး Chen Ge က ေနာက္က ထပ္ခ်ပ္မကြာလိုက္ၿပီး ေအာ္ေျပာလိုက္ေတာ့ Zhang Peng က သူေသေတာ့မယ္လို႔ ထင္လိုက္သည္။

"ငါ့ကို ဘာမွမလုပ္ဘူး ဟုတ္လား.. မင္းေၾကာင့္ ငါ့လက္က်ိဳးသြားခဲ့တယ္ေလ.. ဒါက ငါ့ကို ဘာမွမလုပ္တာလား.."

Zhang Peng က ညာဘက္လက္က်ိဳးၿပီး ဘယ္ဘက္လက္က ေသြးယိုစီးက်ကာ လက္နက္လည္း က်ေပ်ာက္ခဲ့ေလၿပီ။ ဒီအခ်ိန္မွာ သူ ရဲေတြကိုေခၚၿပီး သူ႔အသက္ကိုလာကယ္ေစခ်င္စိတ္ပဲ ေပၚေနေတာ့သည္။

"ငါေျပာတာကို နားေထာင္စမ္း.. ငါ့စကားကိုနားေထာင္ၿပီး ငါ့ေနာက္ကေန လိမ္လိမ္မာမာနဲ႔ လိုက္ခဲ့.. မဟုတ္ရင္ မင္း တစ္ဘဝလံုး ဘီးတပ္ကုလားထိုင္ေပၚမွာပဲ အခ်ိန္ကုန္သြားရလိမ့္မယ္.."

Chen Ge က ဒီလူေနာက္ကလိုက္ၿပီး ၿခိမ္းေျခာက္လိုက္သည္။ သူ႔ကို သတ္ဖို႔ႀကိဳးစားၿပီး သူသာႀကိဳမျပင္ဆင္ထားရင္ အခုခ်ိန္ သူက လူေသျဖစ္သြားရမွာမို႔ ဒီလူကို လံုးလံုးမသနားမိေပ။

"ေဘာ့စ္.. ဒါက ဓားစာခံကို ေျပာတဲ့စကားလား.. ကၽြန္ေတာ္က ကံဆိုးသူပါ.."

Zhang Peng က လံုးဝမခုခံႏိုင္ေတာ့လို႔ ေရွ႕ကလမ္းအတိုင္းသာ စြတ္ေျပးေနရသည္။

"ဒီေျခေထာက္ေတြက ဘယ္လိုေျပးရမယ္ဆိုတာ သိေနတယ္ေပါ့.."

Chen Ge က Zhang Peng ကိုမွီလာခ်ိန္ သူတို႔ရွိေနသည့္ ဝန္ထမ္းသြားလာသည့္လမ္းေၾကာင္းထဲ အရိပ္မည္းေပၚလာတာေတြ႕လိုက္ရၿပီး လႊတိုက္သံကိုပါ ၾကားလိုက္ရသည္။

မွန္ထဲက မေကာင္းဆိုးဝါးက အခု သရဲအိမ္ထဲကအေျခအေနကို သိလိုက္ၿပီး သူ႔အတြက္ ခႏၶာကိုယ္တစ္ခုရယူဖို႔ အခြင့္အေရးဆိုတာ သိပံုရသည္။

Zhang Peng က ပထမထပ္မွာ ေျခဦးတည့္ရာေျပးေနစဥ္ သူ႔ေရွ႕ ေထာင့္တစ္ေနရာက သူ႔ကိုလက္ယပ္ေခၚေနသည့္ လူရိပ္ကို ေတြ႕လိုက္ရသည္။ သူက Chen Ge ကိုအရမ္းေၾကာက္ေနလို႔ ဒီလူက ဘယ္သူဆိုတာ ႏွစ္ခါမစဥ္းစားဘဲ ဒီလူရိပ္ရွိသည့္အခန္းထဲ စြတ္ဝင္သြားေတာ့သည္။

Chen Ge က ဒီလူရိပ္ကိုျမင္ေတာ့ ေက်ာ႐ိုးထဲ စိမ့္တက္လာသည္။ လူရိပ္က ေဟာ္ဖန္းႏွင့္တူေနၿပီး ဒါက မွန္ထဲကမေကာင္းဆိုးဝါးဆိုတာ ေသခ်ာသည္။

"ငါက မင္းကို အသက္ခ်မ္းသာေပးေပမယ့္ မင္းက ေသတြင္းထဲခုန္ခ်ခ်င္တာကိုး.. အဲ့တာက တကယ့္သရဲပဲ.."

သူေအာ္ေျပာေပမယ့္ Zhang Peng က မၾကားေတာ့ဘဲ နားပင္းသူပမာ ေကာ္ရစ္ဒါေထာင့္က လူရိပ္ေခၚေနသည့္အခန္းထဲ ဝင္သြားေတာ့သည္။

ဒီအခန္းက မေကာင္းဆိုးဝါး ပထမဆံုးထြက္လာသည့္ မွန္ခ်ပ္ရွိသည့္ ေရခ်ိဳးခန္းျဖစ္လို႔ မွန္ထဲကမေကာင္းဆိုးဝါး၏ ပိုင္နက္ျဖစ္သည္။ သူက အခု Zhang Peng ၏ကုိယ္ထဲ ပူးဝင္ခြင့္ရေပေတာ့မည္။ အေရးအႀကီးဆံုးအခ်ိန္ျဖစ္လို႔ Chen Ge စိတ္လႈပ္ရွားစြာျဖင့္ ပိတ္သြားသည့္တံခါးဘုကို လွည့္ဖြင့္လိုက္ေပမယ့္ တံခါးက အထဲကေန ေသာ့ခတ္ထားေလၿပီ။

Chen Ge က Zhang Peng ကိုသံုးၿပီး သရဲကို ေထာင္ဖမ္းဖို႔လုပ္ထားေပမယ့္ အရိပ္မည္းေၾကာင့္ သူ႔အစီစဥ္ေတြ ပ်က္သြားၿပီး မွန္ထဲကမေကာင္းဆိုးဝါးက Zhang Peng ကို အရင္ရသြားေလၿပီ။

"အား.."

ေရခ်ိဳးခန္းတံခါးေနာက္တြင္ နားကြဲမတတ္ေအာ္သံႀကီး ၾကားလိုက္ရၿပီး တစ္စံုတစ္ခု က်ကြဲသံႏွင့္ လဲၿပိဳက်သံကို ၾကားလိုက္ရသည္။ ၾကည့္ရတာ Zhang Peng က မထိသင့္တာကို ထိလိုက္မိပံုရသည္။ ေအာ္သံအရ Zhang Peng က ေသမတတ္ေၾကာက္လန္႔ေနပံုရသည္။

"အဲ့ဒီမွာ ဘာေတြျဖစ္ေနလဲ.."

Chen Ge က စိုးရိမ္တႀကီးေအာ္ေမးကာ သံတူႏွင့္ တံခါးလက္ကိုင္ကို ထုလိုက္သည္။ တံခါးလက္ကိုင္ဘု ျပဳတ္ထြက္သြားေပမယ့္ တံခါးက မပြင့္ေပ။ ၾကည့္ရတာ အထဲကေန တစ္ခုခုႏွင့္ ပိတ္ဆို႔ကာဆီးထားပံုရသည္။ Chen Ge က စိတ္ပူစြာျဖင့္ တံခါးကို ဆက္တိုက္ထုကာ ဖ်က္ေနသည္။ တံခါးကို ဆက္တိုက္ထု႐ိုက္သံက သရဲအိမ္အျပင္ဘက္ကေတာင္ ၾကားရႏိုင္သည္။ Chen Ge က တံခါးကို လက္တစ္ဝါးစာ အေပါက္ေဖာက္လိုက္ႏိုင္ေတာ့ တကယ္ပဲ အထဲကေန ဗီ႐ိုတစ္ခုႏွင့္ ပိတ္ကာထားတာ ေတြ႕လိုက္ရသည္။

အေပါက္ၾကားက ေခ်ာင္းၾကည့္လိုက္ေတာ့ မွန္ကိုကာထားသည့္ အဝတ္မည္းက ေအာက္ကိုျပဳတ္က်ေနၿပီး Zhang Peng က မွန္ကိုစိုက္ၾကည့္ေနသည္။ မွန္ႏွင့္သူ႔ၾကားတြင္ အရိပ္မည္းႀကီးက ရွိေနသည္။

Zhang Peng က ေငးငိုင္ၿပီး မွန္ေရွ႕ကိုကိုင္းကာ သူ႔မ်က္ႏွာႏွင့္ မွန္ခ်ပ္ကို ထိကပ္လိုက္စဥ္ အရိပ္မည္းက Zhang Peng ကိုယ္ထဲ ဝင္သြားေတာ့သည္။ 4 စကၠန္႔အၾကာတြင္ Zhang Peng ၏မ်က္ႏွာထက္တြင္ ေၾကာက္မက္ဖြယ္အၿပံဳးတစ္ခု ေပၚလာသည္။

သူက တံခါးၾကားအေပါက္က စိုက္ၾကည့္ေနသည့္ Chen Ge ကို ၿပံဳးကာ လွည့္လိုက္ၿပီး လက္ေမာင္းကစီးက်ေနသည့္ ေသြးကို လက္တြင္သုတ္ကာ မွန္ခ်ပ္တြင္ တစ္စံုတစ္ရာကို ေရးလိုက္သည္။

2 စကၠန္႔ၾကာေတာ့ ျပတင္းေပါက္မွခုန္ခ်မသြားခင္ Zhang Peng ၏မ်က္ႏွာက မူလအသိစိတ္ ျပန္ရလိုက္သလိုျဖစ္ၿပီး ေၾကာက္ရြံ႕ရိပ္တို႔ ေပၚလာသည္။

မွန္ထဲက မေကာင္းဆိုးဝါးက Zhang Peng ကိုယ္ထဲ ေရာက္သြားၿပီလား..။ သူ ခုလိုလုပ္တာ ငါ့ကိုမုန္းတီးေနလို႔လား..။ သူ႔အစီစဥ္ကို ခဏခဏဖ်က္ဆီးလိုက္လို႔မ်ားလား..။

မွန္ထဲကမေကာင္းဆိုးဝါးက He San နဲ႔ေဟာ္ဖန္းကို တိုက္ခိုက္ေပမယ့္ ၂ႀကိမ္လံုး ျပင္ပအေႏွာင့္အယွက္ေၾကာင့္ အစီစဥ္ပ်က္သြားခဲ့လို႔ ငါ့ကို ရန္ၿငိဳးထားတာလား..။

ေရခ်ိဳးခန္းတံခါးက ပိတ္ေနဆဲျဖစ္လို႔ Chen Ge က တျခားဘက္ကို သြားမလုိလုပ္တုန္း အင္စပက္တာ Lee ရဲ့အသံကို ၾကားလိုက္ရသည္။

"Chen Ge.. ေရာက္တဲ့ေနရာမွာေန.. ငါတို႔ မင္းကို လာေခၚမယ္.."

တံခါးထု႐ိုက္သံေၾကာင့္ ရဲေတြက သရဲအိမ္ထဲ ေျပးဝင္လာၾကသည္။ Chen Ge က သူဝတ္စားထားတာနဲ႔ တူကို တစ္ေနရာမွာဝွက္လိုက္ၿပီး ေစာင့္ေနလိုက္သည္။

ေကာ္ရစ္ဒါတေလွ်ာက္ ေျပးလာေသာေျခသံေတြၾကားၿပီး အင္စပက္တာ Lee အရင္ေပၚလာသည္။ ေကာ္ရစ္ဒါမွာ တစ္ေယာက္တည္းရပ္ေနသည့္ Chen Ge ကိုေတြ႕ေတာ့ စိုးရိမ္ၿပီး ေမးလိုက္သည္။

"ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား.."

Chen Ge က နံရံကို ေပ်ာ့ေခြစြာမွီခ်လိုက္ကာ ရင္ဘတ္ကို လက္ႏွင့္ထုကာ ဟန္ေဆာင္လိုက္သည္။

"ကၽြန္ေတာ္ လန္႔သြား႐ံုပါ.. ဘာဒဏ္ရာမွ မရပါဘူး.. Zhang Peng ကို လိုက္ဖမ္းပါေတာ့.. သူ ေရခ်ိဳးခန္းျပတင္းေပါက္ကေန ခုန္ခ်ၿပီး ထြက္ေျပးသြားတာ ေတြ႕လိုက္ရတယ္.."

"ငါတို႔တာဝန္ထားလိုက္.. ကေန႔ည ပူးေပါင္းကူညီေပးတာ ေက်းဇူးပဲ.."

"ဘာမွမျဖစ္ပါဘူးဗ်ာ.. တရားဥပေဒစိုးမိုးေအာင္ ႏိုင္ငံသားတိုင္းမွာ ကူညီဖို႔ တာဝန္ရွိပါတယ္.."

"ဒါေပမယ့္ ေနာင္ဆိုရင္ ခုညလို အႏၱရာယ္မ်ားတဲ့အလုပ္ကို မလုပ္တာ ပိုေကာင္းမယ္.."

အင္စပက္တာ Lee က သူ႔လူေတြကို Zhang Peng ေနာက္လိုက္ဖမ္းခိုင္းၿပီး သူက Chen Ge ႏွင့္ေနရစ္ကာ မႈခင္းျဖစ္ရာေနရာကို စစ္ေဆးလိုက္သည္။

သူက ဝန္ထမ္းအိပ္ခန္းက အိပ္ယာထက္က ေသြးေတြေတြ႕ေတာ့ ေမးျမန္းသည္။

"ေရွာင္ခ်န္.. မင္း ဒဏ္ရာမရတာ ေသခ်ာလား.. ငါ ၾကည့္မယ္.."

"ဒါ ကၽြန္ေတာ့္ေသြးမဟုတ္ဘူး.. အဲ့ဒီအခ်ိန္က အခန္းထဲမွာေမွာင္ေနလို႔ တရားခံက သူ႔ဘာသူ ထိမိသြားတာျဖစ္ႏိုင္တယ္.."

သူက မီးဖြင့္ၿပီး အိပ္ယာေပၚကဓားရာကို စစ္ေဆးၿပီး အမူအယာက ေမွာင္မိုက္သြားသည္။

"မင္းေျပာတာမမွားဘူး.. ဓားကိုင္မကၽြမ္းတဲ့သူက စိတ္ဖိစီးမႈမ်ားၿပီး သူ႔ဘာသာ ျပန္ရွသြားတာပဲ.. ဓားခ်က္က 17 ခ်က္၊ ဒီဟာက ထိခိုက္ေစခ်င္တာထက္ အေသသတ္ခ်င္တာ သက္ေသျပတာပဲ.."

ဒီဓားရာကိုၾကည့္ၿပီး Chen Ge ေက်ာခ်မ္းသြားသည္။ အင္စပက္တာ Lee က Chen Ge ကို အခန္းထဲကထြက္ဖို႔ အခ်က္ျပလိုက္သည္။

"ဒီအခန္းထဲက ဘာမွမထိနဲ႔.. ခဏေနရင္ သက္ေသကို ဓာတ္ပံု႐ိုက္ဖို႔ ရဲေတြေရာက္လာလိမ့္မယ္.."

"ဟုတ္ကဲ့ပါ.."

အင္စပက္တာ Lee ထြက္သြားေတာ့ Chen Ge က သံတူကိုဝွက္ကာ ပ်က္သြားတဲ့တံခါးကို စိုက္ၾကည့္ရင္း ခုနက မွန္ခ်ပ္ေပၚမွာ Zhang Peng တစ္ခုခုေရးသြားတာ သတိရလိုက္သည္။ သူ ဘာေရးသြားတာပါလိမ့္။

=======================

Chapter (49) – "ရှောင်ချန်.. မင်း ဒဏ်ရာရသွားသေးလား"

Zhang Peng က သရဲအိမ်ကော်ရစ်တာတလျှောက် တဟုန်ထိုးပြေးလာပေမယ့် ရှုပ်ထွေးသည့်လမ်းကြောင့် သူလမ်းပျောက်သွားတာ သိရပြီး ရင်ထဲ လေးဆင်းသွားခဲ့သည်။

"မင်းဘာကြောင့် ရပ်လိုက်တာလဲ.. မကြောက်ပါနဲ့.. ငါ မင်းကို ဘာမှမလုပ်ပါဘူး.. ငါ့စမ်းသပ်ချက်မှာ ပါဝင်စေချင်ရုံလေးပါ.."

သံတူကြီးကို လေထဲဝှေ့ယမ်းပြီး Chen Ge က နောက်က ထပ်ချပ်မကွာလိုက်ပြီး အော်ပြောလိုက်တော့ Zhang Peng က သူသေတော့မယ်လို့ ထင်လိုက်သည်။

"ငါ့ကို ဘာမှမလုပ်ဘူး ဟုတ်လား.. မင်းကြောင့် ငါ့လက်ကျိုးသွားခဲ့တယ်လေ.. ဒါက ငါ့ကို ဘာမှမလုပ်တာလား.."

Zhang Peng က ညာဘက်လက်ကျိုးပြီး ဘယ်ဘက်လက်က သွေးယိုစီးကျကာ လက်နက်လည်း ကျပျောက်ခဲ့လေပြီ။ ဒီအချိန်မှာ သူ ရဲတွေကိုခေါ်ပြီး သူ့အသက်ကိုလာကယ်စေချင်စိတ်ပဲ ပေါ်နေတော့သည်။

"ငါပြောတာကို နားထောင်စမ်း.. ငါ့စကားကိုနားထောင်ပြီး ငါ့နောက်ကနေ လိမ်လိမ်မာမာနဲ့ လိုက်ခဲ့.. မဟုတ်ရင် မင်း တစ်ဘဝလုံး ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်သွားရလိမ့်မယ်.."

Chen Ge က ဒီလူနောက်ကလိုက်ပြီး ခြိမ်းခြောက်လိုက်သည်။ သူ့ကို သတ်ဖို့ကြိုးစားပြီး သူသာကြိုမပြင်ဆင်ထားရင် အခုချိန် သူက လူသေဖြစ်သွားရမှာမို့ ဒီလူကို လုံးလုံးမသနားမိပေ။

"ဘော့စ်.. ဒါက ဓားစာခံကို ပြောတဲ့စကားလား.. ကျွန်တော်က ကံဆိုးသူပါ.."

Zhang Peng က လုံးဝမခုခံနိုင်တော့လို့ ရှေ့ကလမ်းအတိုင်းသာ စွတ်ပြေးနေရသည်။

"ဒီခြေထောက်တွေက ဘယ်လိုပြေးရမယ်ဆိုတာ သိနေတယ်ပေါ့.."

Chen Ge က Zhang Peng ကိုမှီလာချိန် သူတို့ရှိနေသည့် ဝန်ထမ်းသွားလာသည့်လမ်းကြောင်းထဲ အရိပ်မည်းပေါ်လာတာတွေ့လိုက်ရပြီး လွှတိုက်သံကိုပါ ကြားလိုက်ရသည်။

မှန်ထဲက မကောင်းဆိုးဝါးက အခု သရဲအိမ်ထဲကအခြေအနေကို သိလိုက်ပြီး သူ့အတွက် ခန္ဓာကိုယ်တစ်ခုရယူဖို့ အခွင့်အရေးဆိုတာ သိပုံရသည်။

Zhang Peng က ပထမထပ်မှာ ခြေဦးတည့်ရာပြေးနေစဉ် သူ့ရှေ့ ထောင့်တစ်နေရာက သူ့ကိုလက်ယပ်ခေါ်နေသည့် လူရိပ်ကို တွေ့လိုက်ရသည်။ သူက Chen Ge ကိုအရမ်းကြောက်နေလို့ ဒီလူက ဘယ်သူဆိုတာ နှစ်ခါမစဉ်းစားဘဲ ဒီလူရိပ်ရှိသည့်အခန်းထဲ စွတ်ဝင်သွားတော့သည်။

Chen Ge က ဒီလူရိပ်ကိုမြင်တော့ ကျောရိုးထဲ စိမ့်တက်လာသည်။ လူရိပ်က ဟော်ဖန်းနှင့်တူနေပြီး ဒါက မှန်ထဲကမကောင်းဆိုးဝါးဆိုတာ သေချာသည်။

"ငါက မင်းကို အသက်ချမ်းသာပေးပေမယ့် မင်းက သေတွင်းထဲခုန်ချချင်တာကိုး.. အဲ့တာက တကယ့်သရဲပဲ.."

သူအော်ပြောပေမယ့် Zhang Peng က မကြားတော့ဘဲ နားပင်းသူပမာ ကော်ရစ်ဒါထောင့်က လူရိပ်ခေါ်နေသည့်အခန်းထဲ ဝင်သွားတော့သည်။

ဒီအခန်းက မကောင်းဆိုးဝါး ပထမဆုံးထွက်လာသည့် မှန်ချပ်ရှိသည့် ရေချိုးခန်းဖြစ်လို့ မှန်ထဲကမကောင်းဆိုးဝါး၏ ပိုင်နက်ဖြစ်သည်။ သူက အခု Zhang Peng ၏ကိုယ်ထဲ ပူးဝင်ခွင့်ရပေတော့မည်။ အရေးအကြီးဆုံးအချိန်ဖြစ်လို့ Chen Ge စိတ်လှုပ်ရှားစွာဖြင့် ပိတ်သွားသည့်တံခါးဘုကို လှည့်ဖွင့်လိုက်ပေမယ့် တံခါးက အထဲကနေ သော့ခတ်ထားလေပြီ။

Chen Ge က Zhang Peng ကိုသုံးပြီး သရဲကို ထောင်ဖမ်းဖို့လုပ်ထားပေမယ့် အရိပ်မည်းကြောင့် သူ့အစီစဉ်တွေ ပျက်သွားပြီး မှန်ထဲကမကောင်းဆိုးဝါးက Zhang Peng ကို အရင်ရသွားလေပြီ။

"အား.."

ရေချိုးခန်းတံခါးနောက်တွင် နားကွဲမတတ်အော်သံကြီး ကြားလိုက်ရပြီး တစ်စုံတစ်ခု ကျကွဲသံနှင့် လဲပြိုကျသံကို ကြားလိုက်ရသည်။ ကြည့်ရတာ Zhang Peng က မထိသင့်တာကို ထိလိုက်မိပုံရသည်။ အော်သံအရ Zhang Peng က သေမတတ်ကြောက်လန့်နေပုံရသည်။

"အဲ့ဒီမှာ ဘာတွေဖြစ်နေလဲ.."

Chen Ge က စိုးရိမ်တကြီးအော်မေးကာ သံတူနှင့် တံခါးလက်ကိုင်ကို ထုလိုက်သည်။ တံခါးလက်ကိုင်ဘု ပြုတ်ထွက်သွားပေမယ့် တံခါးက မပွင့်ပေ။ ကြည့်ရတာ အထဲကနေ တစ်ခုခုနှင့် ပိတ်ဆို့ကာဆီးထားပုံရသည်။ Chen Ge က စိတ်ပူစွာဖြင့် တံခါးကို ဆက်တိုက်ထုကာ ဖျက်နေသည်။ တံခါးကို ဆက်တိုက်ထုရိုက်သံက သရဲအိမ်အပြင်ဘက်ကတောင် ကြားရနိုင်သည်။ Chen Ge က တံခါးကို လက်တစ်ဝါးစာ အပေါက်ဖောက်လိုက်နိုင်တော့ တကယ်ပဲ အထဲကနေ ဗီရိုတစ်ခုနှင့် ပိတ်ကာထားတာ တွေ့လိုက်ရသည်။

အပေါက်ကြားက ချောင်းကြည့်လိုက်တော့ မှန်ကိုကာထားသည့် အဝတ်မည်းက အောက်ကိုပြုတ်ကျနေပြီး Zhang Peng က မှန်ကိုစိုက်ကြည့်နေသည်။ မှန်နှင့်သူ့ကြားတွင် အရိပ်မည်းကြီးက ရှိနေသည်။

Zhang Peng က ငေးငိုင်ပြီး မှန်ရှေ့ကိုကိုင်းကာ သူ့မျက်နှာနှင့် မှန်ချပ်ကို ထိကပ်လိုက်စဉ် အရိပ်မည်းက Zhang Peng ကိုယ်ထဲ ဝင်သွားတော့သည်။ 4 စက္ကန့်အကြာတွင် Zhang Peng ၏မျက်နှာထက်တွင် ကြောက်မက်ဖွယ်အပြုံးတစ်ခု ပေါ်လာသည်။

သူက တံခါးကြားအပေါက်က စိုက်ကြည့်နေသည့် Chen Ge ကို ပြုံးကာ လှည့်လိုက်ပြီး လက်မောင်းကစီးကျနေသည့် သွေးကို လက်တွင်သုတ်ကာ မှန်ချပ်တွင် တစ်စုံတစ်ရာကို ရေးလိုက်သည်။

2 စက္ကန့်ကြာတော့ ပြတင်းပေါက်မှခုန်ချမသွားခင် Zhang Peng ၏မျက်နှာက မူလအသိစိတ် ပြန်ရလိုက်သလိုဖြစ်ပြီး ကြောက်ရွံ့ရိပ်တို့ ပေါ်လာသည်။

မှန်ထဲက မကောင်းဆိုးဝါးက Zhang Peng ကိုယ်ထဲ ရောက်သွားပြီလား..။ သူ ခုလိုလုပ်တာ ငါ့ကိုမုန်းတီးနေလို့လား..။ သူ့အစီစဉ်ကို ခဏခဏဖျက်ဆီးလိုက်လို့များလား..။

မှန်ထဲကမကောင်းဆိုးဝါးက He San နဲ့ဟော်ဖန်းကို တိုက်ခိုက်ပေမယ့် ၂ကြိမ်လုံး ပြင်ပအနှောင့်အယှက်ကြောင့် အစီစဉ်ပျက်သွားခဲ့လို့ ငါ့ကို ရန်ငြိုးထားတာလား..။

ရေချိုးခန်းတံခါးက ပိတ်နေဆဲဖြစ်လို့ Chen Ge က တခြားဘက်ကို သွားမလိုလုပ်တုန်း အင်စပက်တာ Lee ရဲ့အသံကို ကြားလိုက်ရသည်။

"Chen Ge.. ရောက်တဲ့နေရာမှာနေ.. ငါတို့ မင်းကို လာခေါ်မယ်.."

တံခါးထုရိုက်သံကြောင့် ရဲတွေက သရဲအိမ်ထဲ ပြေးဝင်လာကြသည်။ Chen Ge က သူဝတ်စားထားတာနဲ့ တူကို တစ်နေရာမှာဝှက်လိုက်ပြီး စောင့်နေလိုက်သည်။

ကော်ရစ်ဒါတလျှောက် ပြေးလာသောခြေသံတွေကြားပြီး အင်စပက်တာ Lee အရင်ပေါ်လာသည်။ ကော်ရစ်ဒါမှာ တစ်ယောက်တည်းရပ်နေသည့် Chen Ge ကိုတွေ့တော့ စိုးရိမ်ပြီး မေးလိုက်သည်။

"ရှောင်ချန်.. မင်း ဒဏ်ရာရသွားသေးလား.."

Chen Ge က နံရံကို ပျော့ခွေစွာမှီချလိုက်ကာ ရင်ဘတ်ကို လက်နှင့်ထုကာ ဟန်ဆောင်လိုက်သည်။

"ကျွန်တော် လန့်သွားရုံပါ.. ဘာဒဏ်ရာမှ မရပါဘူး.. Zhang Peng ကို လိုက်ဖမ်းပါတော့.. သူ ရေချိုးခန်းပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးသွားတာ တွေ့လိုက်ရတယ်.."

"ငါတို့တာဝန်ထားလိုက်.. ကနေ့ည ပူးပေါင်းကူညီပေးတာ ကျေးဇူးပဲ.."

"ဘာမှမဖြစ်ပါဘူးဗျာ.. တရားဥပဒေစိုးမိုးအောင် နိုင်ငံသားတိုင်းမှာ ကူညီဖို့ တာဝန်ရှိပါတယ်.."

"ဒါပေမယ့် နောင်ဆိုရင် ခုညလို အန္တရာယ်များတဲ့အလုပ်ကို မလုပ်တာ ပိုကောင်းမယ်.."

အင်စပက်တာ Lee က သူ့လူတွေကို Zhang Peng နောက်လိုက်ဖမ်းခိုင်းပြီး သူက Chen Ge နှင့်နေရစ်ကာ မှုခင်းဖြစ်ရာနေရာကို စစ်ဆေးလိုက်သည်။

သူက ဝန်ထမ်းအိပ်ခန်းက အိပ်ယာထက်က သွေးတွေတွေ့တော့ မေးမြန်းသည်။

"ရှောင်ချန်.. မင်း ဒဏ်ရာမရတာ သေချာလား.. ငါ ကြည့်မယ်.."

"ဒါ ကျွန်တော့်သွေးမဟုတ်ဘူး.. အဲ့ဒီအချိန်က အခန်းထဲမှာမှောင်နေလို့ တရားခံက သူ့ဘာသူ ထိမိသွားတာဖြစ်နိုင်တယ်.."

သူက မီးဖွင့်ပြီး အိပ်ယာပေါ်ကဓားရာကို စစ်ဆေးပြီး အမူအယာက မှောင်မိုက်သွားသည်။

"မင်းပြောတာမမှားဘူး.. ဓားကိုင်မကျွမ်းတဲ့သူက စိတ်ဖိစီးမှုများပြီး သူ့ဘာသာ ပြန်ရှသွားတာပဲ.. ဓားချက်က 17 ချက်၊ ဒီဟာက ထိခိုက်စေချင်တာထက် အသေသတ်ချင်တာ သက်သေပြတာပဲ.."

ဒီဓားရာကိုကြည့်ပြီး Chen Ge ကျောချမ်းသွားသည်။ အင်စပက်တာ Lee က Chen Ge ကို အခန်းထဲကထွက်ဖို့ အချက်ပြလိုက်သည်။

"ဒီအခန်းထဲက ဘာမှမထိနဲ့.. ခဏနေရင် သက်သေကို ဓာတ်ပုံရိုက်ဖို့ ရဲတွေရောက်လာလိမ့်မယ်.."

"ဟုတ်ကဲ့ပါ.."

အင်စပက်တာ Lee ထွက်သွားတော့ Chen Ge က သံတူကိုဝှက်ကာ ပျက်သွားတဲ့တံခါးကို စိုက်ကြည့်ရင်း ခုနက မှန်ချပ်ပေါ်မှာ Zhang Peng တစ်ခုခုရေးသွားတာ သတိရလိုက်သည်။ သူ ဘာရေးသွားတာပါလိမ့်။

=======================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now