Chapter (59+60)(Z+U)

1.1K 260 4
                                    

Chapter (59) – ထာဝရအတူတူ

အကခန်းမက တိတ်ကျသွားခဲ့သည်။ လူထွားကြီးက ပထမဆုံးသတိဝင်လာပြီး မိန်းကလေးငါးယောက်ကို စိုက်ကြည့်လိုက်သည်။ မိန်းကလေးတစ်ယောက်က မျက်ရည်ကျတော့ ထိုလူက ကောင်မလေးကို ကြမ်းပြင်ပေါ်တွန်းလှဲကာ လက်ညှိုးထိုးပြီး ခြိမ်းခြောက်ပြောဆိုတော့သည်။ ထိုကောင်မလေးက ခေါင်းတခါခါနှင့် ကြောက်လန့်နေသည်။

ကျန်းယာ့ကဲ့သို့ အရပ်ရှည်သည့်မိန်းကလေးက ရှေ့ထွက်လာပြီး မိန်းကလေးတွေကို ထိုအကြောင်းကို ရေငုံနှုတ်ပိတ်နေဖို့ ထိုလူဘက်က ကူညီပြီး သွေးဆောင်တော့သည်။ ကြည့်ရတာ ဒီမိန်းကလေးက ထိုလူနှင့် ရင်းနှီးသောဆက်ဆံရေးရှိပုံရသည်။ ဆရာမထွက်သွားသည်နှင့် ဒီလူဝင်လာဖို့ သူမတို့ ကြိုတင်အချိန်းအချက် လုပ်ထားပုံရသည်။

ယောက်ျားကြီး၏ခြိမ်းခြောက်မှုနှင့် မိန်းကလေး၏သွေးဆောင်မှုကြောင့် ခဏကြာတော့ ကျန်မိန်းကလေးတွေ ခေါင်းညိတ်လိုက်ကြသည်။ ပထမ ယောက်ျားကြီးက မသိမသာ အရင်ပြန်သွားသည်။ ပြီးတော့ ကောင်မလေးငါးယောက်က အဝတ်အစားလဲကာ အလျှိုလျှိုပြန်သွားကြသည်။

မှန်ချပ်က ပုံရိပ်တွေပျောက်ပြီး ပုံမှန်ပြန်ဖြစ်သွားပေမယ့် ပတ်ဝန်းကျင်လေထုက ပိုတင်းမာလာသလိုပင်။ Chen Ge ၏ကျောပြင်က ပိုအေးစက်လာပြီး အလောင်းကောင်ကို ကျောမှာပိုးထားသလို ခံစားရသည်။

"ဒါပဲလား.."

အဖြစ်က ဒီထက်မက ရှိသေးပုံရသည်။ အဆောက်အဦးအောက်ကို ပြုတ်ကျသွားပေမယ့် သူမခေါင်းကို မ,ထားပေးရင် ကယ်လို့ရနိုင်သေးသည်။

အနီရောင်ဝိညာဉ်က အငြိုးတရား အရမ်းကြီးမားနေတယ်ဆိုတော့...

ကြည့်ရတာ ဖက်တီးကောင်က သူ့လုပ်ရပ်ပေါ်သွားမှာစိုးလို့ ကျန်းယာ့ကို အသက်ရှူရပ်အောင် လုပ်လိုက်ပုံရသည်။ ဒီအဆောက်အဦးက ရေပေးသည့်စနစ်အသစ် တပ်ဆင်ထားလို့ ဖက်တီးက ဒီရေပိုက်ကိုဖွင့်ချပြီး ကျန်းယာ့သေအောင် လုပ်လိုက်ပုံရသည်။ Chen Ge က ဒီလိုတွေးပေမယ့် အတွေးကိုထုတ်လိုက်သည်။ ကျန်းယာ့ပြုတ်ကျသည့်ကိစ္စ ရဲတွေပါဝင်လာတော့မည်။ ရေတွေနဲ့ဖွင့်ချရင် သိသာသွားနိုင်သည်။ တခါတလေ ဖုံးကွယ်ဖို့ကြိုးစားလေ အဖြစ်အပျက်က ပိုထင်ရှားလေဖြစ်တတ်သည်။ Chen Ge က ဒီအဖြစ်အပျက်ကို ထပ်သိချင်ပေမယ့် မှန်ထဲက ဘာမှထပ်မမြင်ရတော့ပေ။ သူက အင်စပက်တာလီကို ဖုန်းဆက်မေးရမလားလို့ စဉ်းစားလိုက်သည်။ ဒီကိုယ်ပိုင်ကျောင်းအမှုက သူတို့အပိုင်ထဲမှာဖြစ်လို့ ဒီကိစ္စကို သူတို့ သေချာပေါက် မှတ်တမ်းမှာ သိမ်းဆည်းထားလိမ့်မည်။

ဒီလိုတွေးမိပြီး Chen Ge က ကြမ်းပြင်ပေါ်ကျသွားသည့်ဖုန်းကိုကောက်ဖို့ ကြိုးစားလိုက်စဉ် အနောက်ဘက်က ကျန်းယာ့၏အော်သံစူးစူး ထွက်လာသည်။ သူမ၏ဆံနွယ်ရှည်ရှည်များက Chen Ge ၏လည်ပင်း၊ ပုခုံး၊ ကိုယ်ခန္ဓာတို့ကိုတုပ်နှောင်ကာ နှစ်ယောက်သား ပူးကပ်လာစေသည်။

"ငါ ထွက်မသွားပါဘူး.. ငါက မင်းကို ကူညီမလို့ပါ.."

Chen Ge အသက်ရှူမကြပ်ခင် အမြန်ပြောလိုက်သည်။ ဆံနွယ်တွေက လူသတ်မည့်ကြိုးတွေလို ပိုရစ်ပတ်လာခဲ့ပြီး အသက်ရှူရကြပ်လာသည်။ ဒါက အနီရောင်ဝိညာဉ်၏ ချစ်ခြင်းဖြစ်မလား..။ "ဘယ်တော့မှမခွဲဘဲ အတူရှိခြင်း" ..။

Chen Ge က သားရဲတွင်းထဲဝင်ဖို့ ဝံပုလွေဂူကထွက်လာသလိုပင်။ ကျန်းယာ့၏ရည်းစားစာက ဘာကြောင့် ကျိန်စာသင့်နေတယ်ဆိုတာ Chen Ge နားလည်သွားလေပြီ။ ဒီမိန်းကလေးက သက်ရှိလူကို သဘောမကျပေ။ သူက လူတစ်ယောက်ကိုပိုချစ်လေ ပိုသတ်ချင်လေဖြစ်သည်။ Chen Ge က ခြေလက်တွေပျော့နေပေမယ့် ဇွဲမလျှော့ဘဲ ဆက်ပြောသည်။

"ငါက ရဲကိုဖုန်းဆက်ပြီး မင်းကိုနစ်နာအောင်လုပ်တဲ့လူတိုင်းကို တရားဥပဒေအတိုင်း အရေးယူနိုင်အောင် ကူညီပေးမလို့ပါ.."

ဒီစကားက ဘာမှမထိရောက်ဟု Chen Ge တွေးမိသည်။ ကျန်းယာ့က မိန်းကလေးငါးယောက်ရဲ့ဝိညာဉ်တွေကို ထိုင်ခုံမှာချုပ်ထားနိုင်ပြီပဲ။ သူမတို့ကို ကလဲ့စားချေဖို့ သူ့ကို မလိုအပ်တော့ပေ။ သနားကြင်နာတတ်သည့် ကျန်းယာ့က အခုတော့ ရူးသွပ်ကာ အငြိုးကြီးမားသည့်ဝိညာဉ် ဖြစ်နေလေပြီ။ ဒီမိန်းကလေးငါးယောက်ရဲ့ ဝိညာဉ် ထိုင်ခုံမှာ မချုပ်မိခင်အထိ သူမတို့ ဘယ်လိုတောင်ကြောက်စရာအန္တရာယ် ကြုံခဲ့မလဲ မတွေးဝံ့တော့ပေ။
Chen Ge စိတ်လျှော့လိုက်ချိန် ဆံနွယ်တွေက သူ့ကိုလွှတ်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ.. အပြစ်ပေးမခံရဘဲ လွတ်နေတဲ့လူ ရှိသေးတာလား.."

Chen Ge က သူမကိုထိခိုက်စေသူကို ရအောင်ဖမ်းပြီး အပြစ်ပေးခံရစေမည်ဟု ထပ်မံကတိပေးလိုက်သည်။ Chen Ge က အချိန်မဆွဲဘဲ ဖုန်းကိုကောက်လိုက်စဉ် ကျန်းယာ့က သူ့လုပ်ရပ်ကို စောင့်ကြည့်နေသည်။ Chen Ge က ရှင်ခြင်းသေခြင်းမျဉ်းပေါ် ရောက်နေသလို ခံစားနေရစဉ် အကခန်းမတံခါးက ပွင့်သွားပြီး တရုတ်နှင်းဆီတက်တူးထိုးထားသည့် ယောက်ျားက အထဲကိုဝင်လာသည်။

Chen Ge ကိုတွေ့တော့ သူ့မျက်လုံးတွေက ရက်စက်မှုဖြင့် တောက်ပသွားပြီး လက်ထဲက သစ်သီးလှီးဓားကို ဆုပ်ကိုင်ကာ ရှေ့တိုးလာသည်။ Chen Ge သူ့ကိုတွေ့တော့ ပြုံးကာ ပြောလိုက်သည်။

"မင်း ရောက်လာပြီကိုး.."

"ငါ့ကိုတွေ့ရလို့ မင်း အံ့သြသွားတာလား.. မင်းက လမ်းတလျှောက် သဲလွန်စတွေ ချန်ထားခဲ့တယ်.. အပြင်အုတ်ခုံမှာ ဖိနပ်ရာထင်နေပြီး ပြတင်းပေါက်မှာ မြက်ခြောက်တွေကပ်နေတယ်.. ဒီအဆောက်အဦးထဲ ဝင်လာတဲ့လမ်းတလျှောက် မင်းရဲ့ခြေရာတွေချည်းပဲ.. မင်းက တကယ်ကို နမော်နမဲ့နဲ့ပဲ.. ဘာကိုမှ ဂရုမစိုက်ပါလား.."

ဒီလူက Zhang Peng ဖြစ်ပြီး သူ့မျက်လုံးတွေက ထူးထူးခြားခြား အသက်ဝင်နေသည်။ လှုပ်ရှားလို့ရသည့်လက်တစ်ဖက်က ဓားကို ဆုပ်ကိုင်ထားသည်။ သူက မှန်ထဲက မကောင်းဆိုးဝါး ပူးကပ်ခံနေရတာ မဟုတ်ဘူးလား အခု သူ့ကြည့်ရတာ သူ့စိတ်နဲ့သူ့ကိုယ် မြဲနေပုံပဲ။

Zhang Peng က အကခန်းမထဲကို ဝင်လိုက်မိတာနဲ့ သူ့မျက်နှာပေါ်ကအမူအယာက ချက်ချင်းပြောင်းသွားခဲ့သည်။ အစောပိုင်းက ရက်စက်တဲ့မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်ဟန်ပေါ်လာသည်။

မှန်ထဲကမကောင်းဆိုးဝါးက သူ့ကို ထိန်းချုပ်လိုက်ပြီလား..။

ဒီအခန်းထဲက တစ်စုံတစ်ခုကို မကောင်းဆိုးဝါးက ကြောက်ရွံ့နေပုံရသည်။ Zhang Peng က ရုတ်တရက် နောက်လှည့်ကာ အခန်းထဲကထွက်ပြေးတော့သည်။ လှေကားတလျှောက် ဆင်းပြေးရာမှ Zhang Peng ၏ခြေလက်တွေက သဘာဝမကျစွာ တွန့်ချိုးလာခဲ့ပြီး မကောင်းဆိုးဝါးကြိုးဆွဲရာ ကနေသည့် ရုပ်သေးရုပ်ပမာ ဖြစ်နေသည်။ မှန်ထဲကကမကောင်းဆိုးဝါးက ဒီအခန်းထဲက အရမ်းကိုကြောက်စရာကောင်းတဲ့အရာကို တွေ့လိုက်သလို တန်းနေအောင်ပြေးတော့သည်။

Chen Ge ၏နောက်မှ ကျန်းယာ့၏ဝိညာဉ် တဖြည်းဖြည်းပျောက်သွားသလို ဆံပင်တွေလည်း ပျောက်သွားသည်။ မှန်ချပ်ထဲမှာ အနီရောင် လက်ခနဲတစ်ချက်ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးဆေးတိတ်ဆိတ်သွားတော့သည်။ Chen Ge ၏နောက်က အအေးဓာတ်လည်း ပျောက်သွားသည်။ ကြည့်ရတာ ကျန်းယာ့က တစ်စုံတစ်ခုနောက်ကို လိုက်ဖမ်းဖို့ ထွက်သွားပုံရသည်။ Chen Ge ၏ခြေလက်များလည်း ပြန်လှုပ်ရှားနိုင်လာသည်။ သူက ဖုန်းနှင့်ကျောပိုးအိတ်ကိုကောက်ကာ Zhang Peng ထက်မလျော့တဲ့နှုန်းနဲ့ အကခန်းမထဲကနေ အောက်ထပ်ကို ဆင်းပြေးလာခဲ့သည်။

ဒီသွေးလွှမ်းသောမစ်ရှင်က တကယ်ကြောက်ဖို့ကောင်းသည်။ ကျန်းယာ့၏ချစ်ခင်မှုကို ခံရတာ Chen Ge သေမလိုတောင်ဖြစ်သွားသည်။ Chen Ge က အနုပညာလှုပ်ရှားမှုစင်တာက ထွက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အင်စပက်တာလီဆီကို ဖုန်းဆက်လိုက်သည်။

ဖုန်းထဲက အင်စပက်တာလီ၏အသံ ထွက်လာခဲ့သည်။

"ရှောင်ချန်းလား.. မင်း Zhang Peng နောက်ကို လိုက်နေတာလား.."

"Jiu Jiang အနောက်ပိုင်းက ကိုယ်ပိုင်အကယ်ဒမီကျောင်းကို မြန်မြန်လာပေးပါ.. ဒီမှာ Zhang Peng ရှိနေတယ်.. ပြီးတော့ ကျွန်တော် ပြောစရာ အရေးကြီးကိစ္စတစ်ခုရှိတယ်.."

Chen Ge ဖုန်းပြောရင်း ကျောင်းဝင်းတံခါးဝဆီ ပြေးထွက်လာခဲ့သည်။

"Da Yu.. Fu Jun.. အထူးစစ်ဆေးရေးအဖွဲ့ကို ချက်ချင်းဆက်သွယ်လိုက်.."

အင်စပက်တာလီက ချက်ချင်းအမိန့်ပေးပြီး Chen Ge ကို လှမ်းမေးလိုက်သည်။

"မင်းပြောချင်တဲ့ကိစ္စက ဘာလဲ.."

"ဒီအကယ်ဒမီကျောင်းမှာ လူသတ်မှုတစ်ခုကို ကျွန်တော်တွေ့ခဲ့တယ်.."

=========================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now