Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ

557 162 2
                                    

Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ


လျှိုတောက်တို့ studio က ဒီလိုမေးခွန်းကို မကြားခဲ့ဖူးလို့ ဘာပြန်ပြောရမှန်းမသိပေ။

"မင်း လုံခြုံရေးကို ဦးစားပေးရမယ်နော်.. ငါတို့ နေထွက်တဲ့အထိ ဒီစိတ်ရောဂါကုဆေးရုံအပြင်ဘက်မှာ ရှိနေမယ်.."

"ခင်ဗျား အထဲကို ရောက်ပြီးပြီလား.. ဘာတွေ့ခဲ့လဲ.."

Chen Ge ၏အမေးကြောင့် လျှိုတောက် စိတ်မသက်မသာဖြစ်သွားသည်။

"ငါတို့ အပြင်ကပဲ ကြည့်ခဲ့ကြတာ.. မင်းအတွက် ဒီဆေးရုံမြေပုံကို အင်တာနက်ကနေ download လုပ်ထားပေးတယ်.. ဒီမြေပုံကို လူနာတစ်ယောက်က ဆွဲခဲ့တာလို့ ပြောကြတယ်.."

လျှိုတောက်က Laptop ထဲက ပုံကြမ်းတစ်ခုကို ဖွင့်ပြကာ ဆက်ပြောလိုက်သည်။

"ဒီဆေးရုံထဲက အဆောက်အဦး၃ခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်.. ပထမနဲ့ ဒုတိယအဆောင်က ပုံမှန်လူနာတွေထားပြီး ဝင်ပေါက်နဲ့ ပြတင်းပေါက်တွေက နေထွက်ရာဘက်ကို မျက်နှာမူထားတယ်.. တတိယအဆောက်အဦက နေနဲ့ဆန့်ကျင်ဘက်မှာရှိပြီး အန္တရာယ်ကြီးတဲ့လူနာတွေကို ထားတယ်.. ဒီအဆောင်က လျှို့ဝှက်ဆန်းကြယ်ပြီး သီးသန့်အဆောင်လိုဖြစ်နေတယ်.. မင်း တတိယအဆောင်ထဲကိုဝင်ရင် သတိထားစေချင်တယ်.. ဒီမြေပုံကိုဆွဲတဲ့လူ အပြောအရ ဒီတတိယအဆောင်က သာမန်လူနာတွေ အနားသွားတာကို တားမြစ်ထားတယ်တဲ့.. တကယ်လို့ သွားတဲ့သူကိုတွေ့ရင်လည်း အပြစ်ကြီးကြီးပေးတယ်လို့ ပြောကြတယ်.. ဒါကြောင့် ဒီည တတိယအဆောင်ကို မဝင်ဖို့ အကြံပေးချင်တယ်.. ပထမနဲ့ဒုတိယအဆောင်နဲ့တင် ငါတို့က ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်ပါလိမ့်မယ်.."

လျှိုတောက်က မြေပုံကို Chen Ge ဘက်တွန်းပို့ကာ ပြောလိုက်သည်။

"ဒါက တတိယလူနာဆောင်အတွက် သီးသန့်ဆွဲထားတာလား.. ဒီထက် အသေးစိတ်ကျတာကို ခင်ဗျား ရှာထားသေးလား.."

Chen Ge က လေးနက်စွာမေးလိုက်သည်။

"ရှာတွေ့တာက အရမ်းတော့မများဘူး.. တချို့အပြောအရဆို ဒီထဲကလူနာက ဆရာဝန်ကို သတ်ခဲ့တယ်တဲ့.. တချို့ပြောတာတော့ ဒီအဆောင်ထဲကလူတွေက ထူးခြားပြီး လူသားနဲ့တောင်မတူဘူးလို့ ပြောကြတယ်.. ငါသိတာ ဒါအကုန်ပဲ.."

Laptop ကိုပိတ်လိုက်ပြီးချိန်မှ လူတိုင်းက Chen Ge ၏အမူအယာ ထူးခြားနေတာကို သတိပြုမိလိုက်သည်။ Chen Ge က စိတ်ဖိစီးနေပုံရသည်။

"ကင်မရာကို စစ်ဆေးလိုက်ဦး.. ငါတို့ အချိန်သိပ်မကျန်တော့ဘူး.."

ကိရိယာတွေကို စစ်ဆေးပြီးနောက် သူက ရွက်ဖျင်တဲထဲက ဦးဆောင်ထွက်ခဲ့သည်။

"တကယ်လို့ အရမ်းအန္တရာယ်များတယ်ဆိုရင် မင်း လှည့်သာပြေးခဲ့လိုက်.. ဒီနေရာကိုပဲ ဦးတည်ပြီးလာခဲ့.. ငါ့ဖုန်းနံပါတ်ကိုလည်း အရေးပေါ်ခေါ်လို့ရအောင် မှတ်ထားလိုက်.. မင်း ထုတ်လွှင့်ဖို့မစတင်ခင် တစ်မိနစ်အလိုမှာ ငါဖုန်းခေါ်လိုက်မယ်.. အထဲက ဘာအခြေအနေကြုံမလဲဆိုတာတော့ ငါ အာမမခံနိုင်ဘူး.. ဒီကို ဘယ်သူမှမရောက်တာ အတော်ကြာနေပြီဆိုတော့ သတိတော့ထားပေါ့.."

လျှိုတောက်က သူ့ကို ဒီလောက်စိတ်ပူမယ်လို့ Chen Ge မျှော်လင့်မထားမိပေ။ သူက လျှိုတောက်၏ဖုန်းနံပါတ်ကို အရေးပေါ်ဖုန်းအဖြစ် မှတ်သားကာ ပြောလိုက်သည်။

"ခင်ဗျားတို့ ရွက်ဖျင်တဲထဲမှာပဲနေဖို့ မှတ်ထားကြဦး.. ထုတ်လွှင့်မှုကနေ ဘာသံကြားကြား၊ ဘာပဲတွေ့တွေ့ အထဲကို လုံးဝ ဝင်မလာကြနဲ့.. နားလည်လား.."

"ဒါပေမယ့်.. တကယ်လို့ မင်း.."

"စက်ကိရိယာတွေကိုသာ ဂရုစိုက်ပါ.. ကျန်တာ ကျွန်တော်နဲ့ လွှဲထားလိုက်.."

ဒီလိုပြောပြီး လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်က အမှောင်ထုထဲကို တိုးဝင်သွားကြသည်။

Chen Ge ထွက်သွားသည့်ဘက်ကို အစ်မလီက သံသယနှင့်ကြည့်ကာ သူမရင်ဘတ်ကိုဖိပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီကလေး.. အနည်းဆုံးတော့.. သူက အတော်လေးကို ချောတာပဲ.."

Chen Ge က ကြယ်၃ပွင့်အဆင့် မစ်ရှင်ထဲဝင်ခဲ့လို့ အတော်စိတ်လှုပ်ရှားနေသည်။ လျှိုတောက်ရှာပေးခဲ့တဲ့ မြေပုံက တကယ်ပဲ ဆေးကုသမှုခံယူခဲ့သည့် လူနာက ရေးဆွဲခဲ့တယ်ဆိုတာ သိနေသည်။

မှတ်မိနေတဲ့ မြေပုံအတိုင်း လျှောက်လာရင်း လမ်းအဆုံးမှာ အဆောက်အဦးအိုကြီးကို တွေ့လိုက်ရသည်။ ဒီဆေးရုံက ပုဂ္ဂလိကဆေးရုံဖြစ်လို့ လူနာတွေအတွက် ကျယ်ကျယ်လွတ်လွတ်ရှိမည်မဟုတ်ဟု ထင်ခဲ့တာ မှားလေပြီ။

"ဒီဆေးရုံက အတော်ကျယ်တာပဲ.."

ဆေးရုံပတ်ဝန်းကျင်မှာ ခြုံပုတ်က ထူထပ်စွာဝန်းရံထားပြီး အုတ်နံရံမြင့်မြင့်ကြောင့် အထဲကိုမမြင်ရပေ။ အနားကိုရောက်တော့ Chen Ge အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုကို တွေ့လိုက်ရသည်။

ဆေးရုံနံရံမှာ အဓိပ္ပါယ်မရှိသည့်စာကြောင်းနဲ့ တစ်စုံတစ်ယောက်နာမည်ကို ရေးသားထားတာ တွေ့လိုက်ရသည်။ Chen Ge က ထိုစာကြောင်းတွေကို မှတ်ဖို့လုပ်ပေမယ့် စာကြောင်းတွေက သိပ်များလို့ လက်လျှော့လိုက်ရသည်။ ထိုနာမည်တွေက တချို့ဆို ထပ်တလဲလဲရေးထားတာ တွေ့ခဲ့ရသည်။ ဒီနာမည်က လူနာတစ်ယောက်ရဲ့နာမည်လား၊ စာကြောင်းတွေက ဘာအဓိပ္ပါယ်မှမရှိပေ။ ဒါတွေက ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ ဒီစာကြောင်းကို လူကောင်းတစ်ယောက်က ရေးခဲ့တာမဖြစ်နိုင်ပေ။ သူတို့က ဘာကို ပြောပြချင်နေတာလဲ..။

စာကြောင်းတွေကိုကြည့်ရင်း သူ့ကိုရည်ညွှန်းသလို ခံစားရကာ ပိုထူးဆန်းလာသည်။

"ကျားဖြူ.. ငါနဲ့ဝေးဝေးနေစမ်း.."

သူချည်းပဲရှိလို့ သူ့ကြောင်နာမည်ကို ခုလိုထုတ်ပြောခဲ့ပေမယ့် Chen Ge က ရှက်တယ်လို့ မခံစားရပေ။ ဆေးရုံနားနီးလာလေ ကြောင်ဖြူလေးက ပိုပြီးရန်လိုလာလေဖြစ်သည်။ ကြောင်ဖြူလေးက ဝိညာဉ်တွေကို အာရုံခံစားလွယ်ပြီး ဒီမှာ တစ်ခုခုရှိနေတာ သေချာသည်။

"စိတ်မပူပါနဲ့.. ငါတို့ဆီမှာ ဝှက်ဖဲတွေရှိသေးတယ်.."

Chen Ge က ကြိုးချည်ထားသော ကြက်မကိုထုတ်ကာ လက်တစ်ဖက်က တူကိုလည်းထုတ်ထားကာ လျှိုတောက်ဖုန်းဆက်လာမည်ကို စောင့်နေသည်။

"စက်ကိရိယာအားလုံး ပုံမှန်ပဲ.. ရုပ်လည်းကြည်တယ်.. အသံလည်းရှင်းတယ်.. ငါတို့ livestream ကို စလိုက်ကြစို့.. မင်း ဒီဟာကို မင်းဖုန်းထဲကနေ တိုက်ရိုက်စစ်ဆေးကြည့်လို့ရတယ်.."

"ကောင်းပြီ.."

Chen Ge က website ထဲဝင်လိုက်တော့ ချင်ကွမ်းအဖွဲ့ Livestream ကြော်ငြာ တက်လာခဲ့သည်။ သူဝင်ကြည့်လိုက်တော့ ချင်ကွမ်းအဖွဲ့က မုယန်အထက်တန်းကျောင်းကို သွားခဲ့ရာ မတော်တဆ နည်းနည်းဖြစ်ခဲ့သည်။ သူတို့ကားက မြောင်းထဲကိုပြုတ်ကျသွားခဲ့သည်။ ချင်ကွမ်းက ဒီအတွက် တောင်းပန်ထားပြီး ကားမောင်းသမားကတော့ ကားလေကာမှန်ရှေ့မှာ တစ်ခုခုပြုတ်ကျလာသလို မြင်ရပြီး အာရုံမစိုက်မိသွားတာဟု ရှင်းလင်းထားခဲ့သည်။

ဒီလူအုပ်ကြီးက တကယ်ပဲ မုယန်အထက်တန်းကျောင်းကို သွားခဲ့တာပေါ့..။ ငါ့သတိပေးချက်ကို လုံးဝဂရုမစိုက်ဘူးပဲ။ ဒါ့အပြင် ဒီတောင်းပန်တဲ့ video တစ်ခုတည်းတောင် ကြည့်ရှုသူ 400000 ကျော်ရှိတယ်ဆိုတော့ ဒီလူကို လျှော့တွက်လို့မရဘူး။

Chen Ge က သူတို့ Blog ထဲဝင်လိုက်တော့ ထောက်ခံချက်ကောင်းကောင်းကြောင့် ကြည့်ရှုသူ 250000 ရှိနေတာ တွေ့လိုက်ရသည်။ Video တွေကို မတူညီတဲ့မြင်ကွင်းတွေနဲ့ ခွဲခြားပြထားသည်။ အကြီးဆုံးတစ်ခုက သူ့ရင်ဘတ်ကကင်မရာက ရိုက်ကူးသမျှ ပေါ်နေပြီး ဘေးဘက်က အကွက်သေးကတော့ သူ့လက်ကောက်ဝတ်မှာ နာရီလိုပတ်ထားသည့် ကင်မရာထံမှဖြစ်သည်။ သူ့လက်ကိုမြှောက်ပြီး ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ကို video ထဲမှာ မြင်လိုက်ရသည်။

ည 10 နာရီထိုးပြီ...။ အချိန်ကျပြီ.....

သူက chatlog ထဲဝင်ပြီး အောက်ကိုဆွဲချလိုက်သည်။

"ဒီညမှာ ငါက ရူးမိုက်တဲ့အရာတစ်ခု လုပ်မိလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး.."

Chen Ge က ပြောပြီး ကြောင်၏ကျောကို တစ်ချက်ပုတ်ကာ အုတ်နံရံပေါ် တင်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း ဆေးရုံအုတ်နံရံပေါ်ကို ကျော်တက်လိုက်သည်။

***-****


















Chapter (153) - က်ဳတ္က်န္း စိတ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေရးစင္တာ

လွ်ိဳေတာက္တို႔ studio က ဒီလိုေမးခြန္းကို မၾကားခဲ့ဖူးလို႔ ဘာျပန္ေျပာရမွန္းမသိေပ။

"မင္း လံုၿခံဳေရးကို ဦးစားေပးရမယ္ေနာ္.. ငါတို႔ ေနထြက္တဲ့အထိ ဒီစိတ္ေရာဂါကုေဆး႐ံုအျပင္ဘက္မွာ ရွိေနမယ္.."

"ခင္ဗ်ား အထဲကို ေရာက္ၿပီးၿပီလား.. ဘာေတြ႕ခဲ့လဲ.."

Chen Ge ၏အေမးေၾကာင့္ လွ်ိဳေတာက္ စိတ္မသက္မသာျဖစ္သြားသည္။

"ငါတို႔ အျပင္ကပဲ ၾကည့္ခဲ့ၾကတာ.. မင္းအတြက္ ဒီေဆး႐ံုေျမပံုကို အင္တာနက္ကေန download လုပ္ထားေပးတယ္.. ဒီေျမပံုကို လူနာတစ္ေယာက္က ဆြဲခဲ့တာလို႔ ေျပာၾကတယ္.."

လွ်ိဳေတာက္က Laptop ထဲက ပံုၾကမ္းတစ္ခုကို ဖြင့္ျပကာ ဆက္ေျပာလိုက္သည္။

"ဒီေဆး႐ံုထဲက အေဆာက္အဦး၃ခုက တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနတယ္.. ပထမနဲ႔ ဒုတိယအေဆာင္က ပံုမွန္လူနာေတြထားၿပီး ဝင္ေပါက္နဲ႔ ျပတင္းေပါက္ေတြက ေနထြက္ရာဘက္ကို မ်က္ႏွာမူထားတယ္.. တတိယအေဆာက္အဦက ေနနဲ႔ဆန္႔က်င္ဘက္မွာရွိၿပီး အႏၱရာယ္ႀကီးတဲ့လူနာေတြကို ထားတယ္.. ဒီအေဆာင္က လွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီး သီးသန္႔အေဆာင္လုိျဖစ္ေနတယ္.. မင္း တတိယအေဆာင္ထဲကိုဝင္ရင္ သတိထားေစခ်င္တယ္.. ဒီေျမပံုကိုဆြဲတဲ့လူ အေျပာအရ ဒီတတိယအေဆာင္က သာမန္လူနာေတြ အနားသြားတာကို တားျမစ္ထားတယ္တဲ့.. တကယ္လို႔ သြားတဲ့သူကိုေတြ႕ရင္လည္း အျပစ္ႀကီးႀကီးေပးတယ္လို႔ ေျပာၾကတယ္.. ဒါေၾကာင့္ ဒီည တတိယအေဆာင္ကို မဝင္ဖို႔ အႀကံေပးခ်င္တယ္.. ပထမနဲ႔ဒုတိယအေဆာင္နဲ႔တင္ ငါတို႔က ပရိသတ္ကို ေကာင္းေကာင္းဆြဲေဆာင္ႏိုင္ပါလိမ့္မယ္.."

လွ်ိဳေတာက္က ေျမပံုကို Chen Ge ဘက္တြန္းပို႔ကာ ေျပာလိုက္သည္။

"ဒါက တတိယလူနာေဆာင္အတြက္ သီးသန္႔ဆြဲထားတာလား.. ဒီထက္ အေသးစိတ္က်တာကို ခင္ဗ်ား ရွာထားေသးလား.."

Chen Ge က ေလးနက္စြာေမးလိုက္သည္။

"ရွာေတြ႕တာက အရမ္းေတာ့မမ်ားဘူး.. တခ်ိဳ႕အေျပာအရဆို ဒီထဲကလူနာက ဆရာဝန္ကို သတ္ခဲ့တယ္တဲ့.. တခ်ိဳ႕ေျပာတာေတာ့ ဒီအေဆာင္ထဲကလူေတြက ထူးျခားၿပီး လူသားနဲ႔ေတာင္မတူဘူးလို႔ ေျပာၾကတယ္.. ငါသိတာ ဒါအကုန္ပဲ.."

Laptop ကိုပိတ္လိုက္ၿပီးခ်ိန္မွ လူတိုင္းက Chen Ge ၏အမူအယာ ထူးျခားေနတာကို သတိျပဳမိလိုက္သည္။ Chen Ge က စိတ္ဖိစီးေနပံုရသည္။

"ကင္မရာကို စစ္ေဆးလိုက္ဦး.. ငါတို႔ အခ်ိန္သိပ္မက်န္ေတာ့ဘူး.."

ကိရိယာေတြကို စစ္ေဆးၿပီးေနာက္ သူက ရြက္ဖ်င္တဲထဲက ဦးေဆာင္ထြက္ခဲ့သည္။

"တကယ္လို႔ အရမ္းအႏၲရာယ္မ်ားတယ္ဆိုရင္ မင္း လွည့္သာေျပးခဲ့လိုက္.. ဒီေနရာကိုပဲ ဦးတည္ၿပီးလာခဲ့.. ငါ့ဖုန္းနံပါတ္ကိုလည္း အေရးေပၚေခၚလို႔ရေအာင္ မွတ္ထားလိုက္.. မင္း ထုတ္လႊင့္ဖို႔မစတင္ခင္ တစ္မိနစ္အလိုမွာ ငါဖုန္းေခၚလိုက္မယ္.. အထဲက ဘာအေျခအေနႀကံဳမလဲဆိုတာေတာ့ ငါ အာမမခံႏိုင္ဘူး.. ဒီကို ဘယ္သူမွမေရာက္တာ အေတာ္ၾကာေနၿပီဆုိေတာ့ သတိေတာ့ထားေပါ့.."

လွ်ိဳေတာက္က သူ႔ကို ဒီေလာက္စိတ္ပူမယ္လို႔ Chen Ge ေမွ်ာ္လင့္မထားမိေပ။ သူက လွ်ိဳေတာက္၏ဖုန္းနံပါတ္ကို အေရးေပၚဖုန္းအျဖစ္ မွတ္သားကာ ေျပာလိုက္သည္။

"ခင္ဗ်ားတို႔ ရြက္ဖ်င္တဲထဲမွာပဲေနဖို႔ မွတ္ထားၾကဦး.. ထုတ္လႊင့္မႈကေန ဘာသံၾကားၾကား၊ ဘာပဲေတြ႕ေတြ႕ အထဲကို လံုးဝ ဝင္မလာၾကနဲ႔.. နားလည္လား.."

"ဒါေပမယ့္.. တကယ္လို႔ မင္း.."

"စက္ကိရိယာေတြကိုသာ ဂ႐ုစိုက္ပါ.. က်န္တာ ကၽြန္ေတာ္နဲ႔ လႊဲထားလိုက္.."

ဒီလိုေျပာၿပီး လူတစ္ေယာက္နဲ႔ ေၾကာင္တစ္ေကာင္က အေမွာင္ထုထဲကို တိုးဝင္သြားၾကသည္။

Chen Ge ထြက္သြားသည့္ဘက္ကို အစ္မလီက သံသယႏွင့္ၾကည့္ကာ သူမရင္ဘတ္ကိုဖိၿပီး သက္ျပင္းခ်ကာ ေျပာလိုက္သည္။

"ဒီကေလး.. အနည္းဆံုးေတာ့.. သူက အေတာ္ေလးကို ေခ်ာတာပဲ.."

Chen Ge က ၾကယ္၃ပြင့္အဆင့္ မစ္ရွင္ထဲဝင္ခဲ့လို႔ အေတာ္စိတ္လႈပ္ရွားေနသည္။ လွ်ိဳေတာက္ရွာေပးခဲ့တဲ့ ေျမပံုက တကယ္ပဲ ေဆးကုသမႈခံယူခဲ့သည့္ လူနာက ေရးဆြဲခဲ့တယ္ဆိုတာ သိေနသည္။

မွတ္မိေနတဲ့ ေျမပံုအတုိင္း ေလွ်ာက္လာရင္း လမ္းအဆံုးမွာ အေဆာက္အဦးအိုႀကီးကို ေတြ႕လိုက္ရသည္။ ဒီေဆး႐ံုက ပုဂၢလိကေဆး႐ံုျဖစ္လို႔ လူနာေတြအတြက္ က်ယ္က်ယ္လြတ္လြတ္ရွိမည္မဟုတ္ဟု ထင္ခဲ့တာ မွားေလၿပီ။

"ဒီေဆး႐ံုက အေတာ္က်ယ္တာပဲ.."

ေဆး႐ံုပတ္ဝန္းက်င္မွာ ၿခံဳပုတ္က ထူထပ္စြာဝန္းရံထားၿပီး အုတ္နံရံျမင့္ျမင့္ေၾကာင့္ အထဲကိုမျမင္ရေပ။ အနားကိုေရာက္ေတာ့ Chen Ge အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာတစ္ခုကို ေတြ႕လိုက္ရသည္။

ေဆး႐ံုနံရံမွာ အဓိပၸါယ္မရွိသည့္စာေၾကာင္းနဲ႔ တစ္စံုတစ္ေယာက္နာမည္ကို ေရးသားထားတာ ေတြ႕လိုက္ရသည္။ Chen Ge က ထိုစာေၾကာင္းေတြကို မွတ္ဖို႔လုပ္ေပမယ့္ စာေၾကာင္းေတြက သိပ္မ်ားလို႔ လက္ေလွ်ာ့လိုက္ရသည္။ ထိုနာမည္ေတြက တခ်ိဳ႕ဆို ထပ္တလဲလဲေရးထားတာ ေတြ႕ခဲ့ရသည္။ ဒီနာမည္က လူနာတစ္ေယာက္ရဲ့နာမည္လား၊ စာေၾကာင္းေတြက ဘာအဓိပၸါယ္မွမရွိေပ။ ဒါေတြက ထူးဆန္းတယ္လို႔ ခံစားလိုက္ရသည္။ ဒီစာေၾကာင္းကို လူေကာင္းတစ္ေယာက္က ေရးခဲ့တာမျဖစ္ႏိုင္ေပ။ သူတို႔က ဘာကို ေျပာျပခ်င္ေနတာလဲ..။

စာေၾကာင္းေတြကိုၾကည့္ရင္း သူ႔ကိုရည္ညႊန္းသလို ခံစားရကာ ပိုထူးဆန္းလာသည္။

"က်ားျဖဴ.. ငါနဲ႔ေဝးေဝးေနစမ္း.."

သူခ်ည္းပဲရွိလို႔ သူ႔ေၾကာင္နာမည္ကို ခုလိုထုတ္ေျပာခဲ့ေပမယ့္ Chen Ge က ရွက္တယ္လို႔ မခံစားရေပ။ ေဆး႐ံုနားနီးလာေလ ေၾကာင္ျဖဴေလးက ပိုၿပီးရန္လိုလာေလျဖစ္သည္။ ေၾကာင္ျဖဴေလးက ဝိညာဥ္ေတြကို အာ႐ံုခံစားလြယ္ၿပီး ဒီမွာ တစ္ခုခုရွိေနတာ ေသခ်ာသည္။

"စိတ္မပူပါနဲ႔.. ငါတို႔ဆီမွာ ဝွက္ဖဲေတြရွိေသးတယ္.."

Chen Ge က ႀကိဳးခ်ည္ထားေသာ ၾကက္မကိုထုတ္ကာ လက္တစ္ဖက္က တူကိုလည္းထုတ္ထားကာ လွ်ိဳေတာက္ဖုန္းဆက္လာမည္ကို ေစာင့္ေနသည္။

"စက္ကိရိယာအားလံုး ပံုမွန္ပဲ.. ႐ုပ္လည္းၾကည္တယ္.. အသံလည္းရွင္းတယ္.. ငါတုိ႔ livestream ကုိ စလိုက္ၾကစို႔.. မင္း ဒီဟာကို မင္းဖုန္းထဲကေန တိုက္႐ိုက္စစ္ေဆးၾကည့္လို႔ရတယ္.."

"ေကာင္းၿပီ.."

Chen Ge က website ထဲဝင္လိုက္ေတာ့ ခ်င္ကြမ္းအဖြဲ႕ Livestream ေၾကာ္ျငာ တက္လာခဲ့သည္။ သူဝင္ၾကည့္လိုက္ေတာ့ ခ်င္ကြမ္းအဖြဲ႕က မုယန္အထက္တန္းေက်ာင္းကို သြားခဲ့ရာ မေတာ္တဆ နည္းနည္းျဖစ္ခဲ့သည္။ သူတို႔ကားက ေျမာင္းထဲကိုျပဳတ္က်သြားခဲ့သည္။ ခ်င္ကြမ္းက ဒီအတြက္ ေတာင္းပန္ထားၿပီး ကားေမာင္းသမားကေတာ့ ကားေလကာမွန္ေရွ႕မွာ တစ္ခုခုျပဳတ္က်လာသလို ျမင္ရၿပီး အာ႐ံုမစိုက္မိသြားတာဟု ရွင္းလင္းထားခဲ့သည္။

ဒီလူအုပ္ႀကီးက တကယ္ပဲ မုယန္အထက္တန္းေက်ာင္းကို သြားခဲ့တာေပါ့..။ ငါ့သတိေပးခ်က္ကို လံုးဝဂ႐ုမစိုက္ဘူးပဲ။ ဒါ့အျပင္ ဒီေတာင္းပန္တဲ့ video တစ္ခုတည္းေတာင္ ၾကည့္႐ႈသူ 400000 ေက်ာ္ရွိတယ္ဆိုေတာ့ ဒီလူကို ေလွ်ာ့တြက္လို႔မရဘူး။

Chen Ge က သူတို႔ Blog ထဲဝင္လိုက္ေတာ့ ေထာက္ခံခ်က္ေကာင္းေကာင္းေၾကာင့္ ၾကည့္႐ႈသူ 250000 ရွိေနတာ ေတြ႕လိုက္ရသည္။ Video ေတြကို မတူညီတဲ့ျမင္ကြင္းေတြနဲ႔ ခြဲျခားျပထားသည္။ အႀကီးဆံုးတစ္ခုက သူ႔ရင္ဘတ္ကကင္မရာက ႐ိုက္ကူးသမွ် ေပၚေနၿပီး ေဘးဘက္က အကြက္ေသးကေတာ့ သူ႔လက္ေကာက္ဝတ္မွာ နာရီလိုပတ္ထားသည့္ ကင္မရာထံမွျဖစ္သည္။ သူ႔လက္ကိုေျမႇာက္ၿပီး ၾကည့္လိုက္ေတာ့ သူ႔ခႏၶာကိုယ္ကို video ထဲမွာ ျမင္လိုက္ရသည္။

ည 10 နာရီထိုးၿပီ...။ အခ်ိန္က်ၿပီ.....

သူက chatlog ထဲဝင္ၿပီး ေအာက္ကိုဆြဲခ်လိုက္သည္။

"ဒီညမွာ ငါက ႐ူးမိုက္တဲ့အရာတစ္ခု လုပ္မိလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားမိဘူး.."

Chen Ge က ေျပာၿပီး ေၾကာင္၏ေက်ာကို တစ္ခ်က္ပုတ္ကာ အုတ္နံရံေပၚ တင္ေပးလိုက္ၿပီး သူကိုယ္တိုင္လည္း ေဆး႐ံုအုတ္နံရံေပၚကို ေက်ာ္တက္လိုက္သည္။

***-****

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now