Part 1

19.2K 845 27
                                    

အခန်း(၁) - စိတ်ပျက်အားငယ်ဖွယ်ရာ အနမ်းတစ်ပွင့်

စုယန်ယန်သည် အောက်တွင် ဆူညံပွက်လောရိုက်နေသော မြင်ကွင်းကို လေထဲတွင် မျောလွင့်နေရင်း စိတ်ရှုပ်ထွေးစွာ ကြည့်ရှုနေသည်။

လွန်ခဲ့သော နာရီအနည်းငယ်ခန့်ကပင် သူမသည် သူမမိသားစုအတွက် နောက်ဆုံးတွင် စပွန်ဆာတစ်ဦးနှင့် စာချုပ်ချုပ်ဆိုပြီး မိသားစု၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြည်နူးနေမိသေးသည်။

ထို့နောက် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ကုန်တင်ကားကြီး တစ်စီးသည် ရုတ်တရက် လမ်းကြောင်းမှားပြီး သူမကားကို ဝင်တိုက်ခဲ့၏။

စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် စုယန်ယန်၏ရှေ့ရှိ အရာအားလုံးမှာ မည်းမှောင်သွားလေသည်။ သူမသည် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို မသိတော့ပဲ သူမနိုးလာချိန်တွင် ယခုကဲ့သို့ ဝိညာဉ်လို အနေအထားမျိုးတွင် ဖြစ်နေခဲ့သည်။

သူမ၏ဝိညာဉ်သည် လေထုထဲတွင် မျောလွင့်နေပြီး သူမ၏ စုတ်ပြတ်သပ်နေသော ခန္ဓာကိုယ်သည် ဆေးရုံအအေးခန်းရှိ ခုတင်ပေါ်တွင် လဲလျောင်းနေသည်။

သူမသေဆုံးကြောင်း အတည်ပြုပြီးနောက် ထိန်းမနိုင် သိမ်းမနိုင် ငိုကြွေးနေသာ သူမ၏ မိဘများနှင့် အစ်ကိုက အထဲသို့ အပြေးအလွှား ပြေးဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။

စုယန်ယန်သည် သူမမိခင်က ဝမ်းပန်းတနည်း အော်ဟစ်ကာ မိုးကောင်ကင်ကို ကျိန်ဆဲရင်း မေ့လဲလုမတတ် ဖြစ်သွားသည်ကို ကြည့်နေရသည်။ သူမ၏ အဖေသည်လည်း ချက်ချင်းပင် အသက်ဆယ်နှစ်စာလောက် အိုစာသွားပုံရသည်။ ယခု သူသည် သောကအားလုံးကို ထမ်းပိုးထားရသည့်အတွက် မျက်တွင်းများကျကာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူမအစ်ကိုကြီးမှာ နီရဲနေသော မျက်လုံးများဖြင့် သူ့မိဘများကို နှစ်သိမ့်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

စုယန်ယန်၏ စိတ်ထဲတွင် အပြစ်ရှိစိတ်များ တိုးပွားလာပြီး လူနှစ်ယောက်နှင့် ကုန်တင်ကားမောင်းသူအပေါ် မုန်းတီးမှုဟာ ချက်ချင်းဆိုသလို တိုးပွားလာခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now