part 136

1.8K 182 0
                                    

Unicode
အခန်း (၁၃၆)
မင်းအမြင်ကို ထိခိုက်သွားစေလိမ့်မယ်

ဟောက်မိသားစုမှ စုံတွဲ၏ လာရောက် လည်ပတ်မှုသည် သူတို့အား ခွေးလိုက်ဆွဲခြင်းနှင့် အဆုံးသတ် သွားခဲ့သည်။

အဲဒီနောက်မှာတော့ ချိန်ရှုချင်ဟာ သူမ၏ ဒေါသကို လုံလုံလောက်လောက် မထုတ်ဖော် လိုက်ရသလို ခံစားရသောကြောင့် သူမတို့ လူနေရပ်ကွက်ရှိ လုံခြုံရေး အစောင့်များထံ ဖုန်းခေါ်ဆိုပြီး တိုင်ကြားခဲ့သည်။

ဒီလူနေ ရပ်ကွက်ရှိ နေထိုင်သူ၏ ခွင့်ပြုချက်မယူပဲ သူစိမ်းများကို ရပ်ကွက်ထဲ ဝင်ခွင့် မပြုသင့်ကြောင်း မကျေမနပ်‌ ပြောဆိုခဲ့သည်။ ဒီလိုမျိုး ဝင်ခွင့်ပြုတာက နေထိုင်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက် နိုင်စေသည်။

အကယ်၍ ရပ်ကွက်ထဲသို့ ဝင်လာသူသည် စိတ်မနှံ့သူ ဒါမှမဟုတ် လူသတ်သမားဟု သံသယ ရှိသူဆိုလျှင် နေထိုင်သူတွေရဲ့ အသက်အန္တရာယ်ကို ထိပါးနိုင်စေသည် မဟုတ်ပါလား။

သူမ တိုင်ကြားသည့် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့် လုံခြုံရေး အစောင့်သည် ခွေးလေးကောင် လိုက်ဆွဲခံနေရသော လူနှစ်ယောက်ကို သူ့မျက်လုံး ထောင့်စွန်းနားကနေ လှမ်းမြင် လိုက်ရပြီး မသိစိတ်ကနေ တစ်ချက် လှမ်းကြည့် လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ် သွားကာ ဘယ်သူကမှ သူ့ဘေးကင်း လုံခြုံရေး ခြိမ်းခြောက်ခံရမှန်း မသိကြောင်း တိတ်တဆိတ် ညည်းညူမိသည်။

သို့ရာတွင် ဖောက်သည်သာ ဘုရင်ဖြစ်သည် ဟူသော စည်းမျဉ်းစည်းကမ်းကို သူတို့ လိုက်နာကြပေမည်။ ဒီကိစ္စအတွက် သူကလည်း တာဝန်ရှိသူ ဖြစ်သည့် အတွက်ကြောင့် လုံခြုံရေး အစောင့်က ဟောက်ချီဟန်တို့ လင်မယား ခွေးလိုက်ဆွဲ ခံရသည့် ဗီဒီယိုကို ဖြတ်သွားဖြတ်လာ တစ်ဦးကို တောင်းဆို၍ ချိန်ရှုချင်ထံသို့ ပေးပို့စေခဲ့သည်။

မစ္စတာစု ငှားရမ်းခဲ့သော ခွေးလေးကောင် စလုံးမှာ သေသေချာချာ လေ့ကျင့်ထားသော ခွေးတွေ ဖြစ်ကြသည်။ သူတို့ဟာ စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ် လိုက်နာပြီး ပိုင်ရှင်များ၏ ခွင့်ပြုချက်မရှိပဲ လူတွေကို အလွယ်တကူ ထိခိုက်စေမည် မဟုတ်ပေ။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWo Geschichten leben. Entdecke jetzt