Part 28

4.2K 421 1
                                    

unicode
အခန်း(၂၈) - အရန် စွမ်းရည်

စုယန်ယန်သည် သူမ ချစ်ခြင်းအပြည့်ဖြင့် ပြင်ဆင်ပေးထားသည့် နေ့လယ်စာထမင်းဘူးကို ပေးပို့ပြီး အိမ်အပြန်လမ်းတွင် စနစ်ထံမှ သတိပေးချက်တစ်ချက် တစ်ခုကို လက်ခံရရှိခဲ့သည်။ သူမကို အံ့အားသင့်စေတာကတော့ ဒီတစ်ကြိမ်မှာ သတိပေးချက်တစ်ခုထက်ပိုပြီး လက်ခံရရှိခဲ့လို့ပါပဲ။

[ဂုဏ်ယူပါတယ် Host သင် နှစ်လိုမှုရမှတ် +520 ရရှိသွားပါပြီ။ ယခု သင့်ရဲ့နှစ်လိုမှုရမှတ်မှာ 1314မှတ် ဖြစ်ပါတယ်။ သင်ရဲ့နှစ်လိုမှုရမှတ် အမြင့်ဆုံးကို ရောက်ရှိသွားပါပြီ။ သင် ဆေးဖက်ဝင်အပင်တွေကို ရွေးချယ်ယူရန် ကြိုးစားနိုင်ပါပြီ။ ‌ရွေးချယ်ဝယ်ယူဖို့အတွက် ကျေးဇူးပြုပြီး ဈေးဆိုင်ကိုဖွင့်လှစ်ပါ။]

[ဂုဏ်ယူပါတယ် Host သင် ယုံကြည်မှုရမှတ် +1 ရရှိသွားပါပြီ။ သင် အရန်စွမ်းရည်ဖြစ်တဲ့ ဓားကိုင်ခြင်း စွမ်းရည်ကို ရရှိခဲ့ပါပြီ။ ကျေးဇူးပြုပြီး စွမ်းရည်အသစ်ကို စွမ်းရည်သစ်ပင်တွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။]

“ယုံကြည်မှုရမှတ်လား” စုယန်ယန်သည် တစ်ခဏလောက် ကြက်သေ သေသွားသည်။ စနစ်သည် ယုံကြည်မှုရမှတ် အကြောင်းကို ဖော်ပြထားခဲ့သော်လည်း မည်သည့်အခါမှ ထိုရမှတ်ကို မည်ကဲ့သို့ ရယူရမည်ကို ရှင်းပြဖူးခြင်း မရှိခဲ့ပါ။ သူမသည် ရုတ်တရက် ဘာကြောင့် ဒီယုံကြည်မှုရမှတ်ကို ရရှိခဲ့တာလဲ။

[ယုံကြည်မှုရမှတ်တွေ ဆိုသည်မှာ Hostရဲ့ တာဝန်ပစ်မှတ်များထံမှ ကျေးဇူးတင်ရှိခြင်းအတွက် လက်ခံရရှိခြင်းဖြစ်သည်။]

“ကျေးဇူးတင်ရှိတာလား။ ချန်ဟွမ်းက ‌ကျေးဇူးတင်နေတာလား။ ငါက သူ့အတွက် ဟင်းလျာချက်ပြုတ်ပေးလို့လား” အဲ့တာက ထူးဆန်းနေသလိုပဲ။

[စမ်းသပ်မှုရလဒ်များအရ Hostရဲ့စေ့စပ်ထားသူထံမှ ရရှိသော ယုံကြည်မှုရမှတ်များကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ဒီယုံကြည်မှုရမှတ်က Host တိုက်ရိုက်ထုတ်လွှတ်မှုကို ကြည့်ရှုခဲ့ပြီး ဟင်းလျာကို ဝေမျှပေးအပ်ခဲ့တဲ့ ကြည့်ရှုသူထံမှ လက်ခံရရှိခြင်းဖြစ်ပါသည်။]

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now