part 82

2.5K 295 3
                                    

Unicode

အခန်း (၈၂) – ကျေးဇူးပြုပြီး မင်းရဲ့သရုပ်‌ဆောင် စွမ်းရည်ကို ပြသလိုက်ပါ

ထိုလူ စကားစပြောသည့် အချိန်ကတည်းက ဆိုင်အပြင်ဘက်ရှိ ကုရှောက်ယန်နဲ့ ယုကျစ်ယန်တို့က အကူအညီပေးရန် ဝင်လာဖို့ လုပ်ခဲ့ပေမယ့် သူတို့ ခြေလှမ်း စစချင်းမှာပင် ထိုဖြစ်ရပ်က သူတို့ခြေထောက်များအား ရပ်တန့်ရန် အချက်ပြခဲ့သည်။

သူတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဒီလိုမျိုး ဟောက်ချန်ဟွမ်းကို ကာကွယ်ပေးလိုသည့် တစ်စုံတစ်ယောက် ရှိလာတာကို ဝမ်းသာမိသော်လည်း သူတို့ စိုးရိမ်ပူပန်နေဆဲ ဖြစ်နေတာကိုတော့ မတားဆီးနိုင်ပေ။

အိမ်မွေးတိရစ္ဆာန်ဆိုင်သည် စုယန်ယန် ဝင်ခဲ့သောဆိုင်နှင့် မလှမ်းမကမ်း ရှိနေသောကြောင့် ထိုနေရာအား ရောက်ရှိရန် အချိန်ခဏသာ ယူခဲ့ရသည်။

စုယန်ယန်သည် ဒီနေရာနှင့် အတော်လေးကို ရင်းနှီးကျွမ်းဝင်ပြီး မကြာမီတွင် ခွေးပေါက်လေးများနှင့် ကြောင်လေးများရှိရာ အပိုင်းကို လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး ဟောက်ချန်ဟွမ်း နှင့်အတူ ပစ္စည်းများကို ‌ရွေးချယ်ဝယ်ယူရန် အာရုံစိုက်ခဲ့သည်။

သူတို့ရွေးချယ်နေစဉ် လမ်းတစ်ဝက်တွင် အနီးအနားရှိ ဖောက်သည်တစ်ဦးရဲ့ ရင်ခွင်ထဲမှ ကြောင်လေးသည် ရုတ်တရက် အော်ဟစ်ကာ သူ့ပိုင်ရှင်ရဲ့ လက်ထဲက ရေခွက်ကို ပုတ်ချလိုက်သည်။

အရာအားလုံးဟာ ရုတ်တရက် ဖြစ်ပွားသွားခဲ့ပြီး စုယန်ယန်၏ ဝတ်စုံပေါ်သို့ ထိုရေများ ကျလာကာ စိုစွတ်သွားခဲ့သည်။

ကြောင်လေးရဲ့ ပိုင်ရှင်သည် ဒီလိုမျိုး မတော်တဆမှုမျိုးကို မျက်မြင်တွေ့ရှိခဲ့ရပြီး သူ့ကြောင်လေးက ပြဿနာ ရှာလိုက်သောကြောင့် အံ့အားသင့် သွားခဲ့သည်။ သူမသည် သူမရဲ့ကြောင်လေးကို ထိန်းချုပ်ဖို့ ကြိုးစားကာ စုယန်ယန်အား အလေးအနက် တောင်းပန်ခဲ့သည်။

“‌တောင်းပန်ပါတယ်၊‌ တောင်းပန်ပါတယ်၊ ကျွန်မကြောင်လေးက တော်တော်ဆိုးတာပဲ။ ကျွန်မ တကယ် စိတ်မကောင်းပါဘူး”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now