Part 3

6.8K 667 5
                                    

အခန်း(၃) - အဓိပ္ပါယ်ကင်းမဲ့ပြီး စိတ်ကူးယဉ်ဆန်သော မယ်ရီဆူးဇာတ်လမ်း

စုယန်ယန်သည် သူမရည်းစားဟောင်း အမည်ကို ရုတ်တရက် ကြားလိုက်ရသောအခါ သူမ၏ခန္ဓာကိုယ်ဟာ တုန်လှုပ်သွားပြီး လွန်ခဲ့သောသုံးနှစ်က အချိန်သို့ ပြန်ရောက်သွားကြောင်း သူမ သိလိုက်ရသည်။

ဟောက်မိသားစုအိမ်တော် အဘိုးဟောက်၏ အသက်ရှစ်ဆယ်ပြည့် မွေး‌နေ့ပွဲတွင် သူမ၏ ငတုံးစေ့စပ်ထားသူသည် သူမအား လိမ်လည်လှည့်စားနေကြောင်း မတော်တဆ သိလိုက်ရသည်။ သူသည် ထိုအရာကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ ဒီထက်ပြောပြရလျှင် သူမကို အမြှောင်မနှင့် သူမသတို့သားလောင်းက သူတို့၏ ရူးကြောင်ကြောင် အချစ်အတွက် လှေကားပေါ်မှ တွန်းချခြင်းကို ခံခဲ့ရပြီး မေ့မြောသွားကာ ဆေးရုံသို့တင်ထားရခြင်းဖြစ်သည်။

ထိုခွေးမနှင့် ခွေးကောင်တို့ နှစ်ယောက်အပြင် သူမအပေါ် အပေါ်ယံဟန်ဆောင် သဘောကောင်းပြသော အမှိုက်လိုမိသားစုက နောက်ကွယ်တွင် လှောင်ပြောင်ရယ်‌မောနေကြကာ သစ္စာမရှိသော ကြောင်သူတော်လူကြီးများကို စဉ်းစားမိချိန်တွင် စုယန်ယန်၏ မျက်လုံးများထဲတွင် ရွံ့ရှာဖွယ်သော အရိပ်အယောင်များ လှိုင်းလုံးသဖွယ် အလျင်အမြန် ထွက်ပေါ်လာသည်။

သို့သော်လည်း သူမကို ရင်ခွဲခန်းထဲတွင် နမ်းရှိုက်လိုက်သော ထိုအမျိုးသား၏ ပုံရိပ်သည် ချက်ချင်းပင် သူမ မသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် နောင်နှစ် အနည်းငယ်ကြာက ပုံရိပ်တချို့ ပေါ်လာပြန်သည်။ သူ့ကိုယ်သူ မီးတင်ရှို့နေစဉ် သူ့လက်ထဲတွင် သူမအရိုးပြာများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

သို့သော်လည်း ယခုအချိန်တွင် ထိုအရာအားလုံးဟာ မဖြစ်ပျက်လာသေးပါ။ ထိုအမျိုးသားရော သူမရော အသက်ရှင်နေသေးသည်။

စုယန်ယန် ဤသည်ကို နားလည်လိုက်ချိန်တွင် သူမနှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ့ကို အခုချက်ချင်း တွေ့လိုသောဆန္ဒမှာ မစောင့်ဆိုင်းချင်အောင် ထွက်ပေါ်လာတော့၏။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးNơi câu chuyện tồn tại. Hãy khám phá bây giờ