Part 155

1.7K 200 1
                                    

Unicode

အခန်း (၁၅၅)
တကယ်ပဲ အကောင့် အဟက်ခ်ခံရတာ ဖြစ်နိုင်တယ်

စုယန်ယန်၏ ရုတ်တရတ် ထွက်ပေါ် လာမှုကြောင့် သူမ အလွန်အမင်း တုန်လှုပ် ချောက်ချားခြင်း မရှိပါက၊ ဝမ်ကျင့်ဖျင်ရဲ့ နူးညံ့သိမ်မွေ့သော ကိုယ်ရည် ကိုယ်သွေးအရ ဤကဲ့သို့ ‘ဒေါသတကြီး’ အပြုအမူများကို ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။

ပြီးပြည့်စုံသော ဆက်ဆံရေးနှင့် သူမ၏ အသက် မွေးဝမ်းကြောင်း အလုပ်မှာ အကောင်းဆုံး နေ့ရက်တို့ကို ပိုင်ဆိုင်ထားသော သူမ၏ အေးချမ်းသာယာသော မကြာသေးမီ နေ့ရက်များက သူမ၏ အပြုအမူတွေကိုလည်း ထောက်ပံ့ ပေးထားခဲ့သည်။ သူမသည် စင်ပေါ်သို့ တက်လှမ်းကာ ယခင် ဘဝတုန်းက သူမ ဖြစ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့သော ကြယ်ပွင့်တစ်လက် ဖြစ်လာတော့မည် ဖြစ်သောကြောင့် သူမ၏ ကျော်ကြားမှု လမ်းကြောင်းကို ခြိမ်းခြောက်နိုင်သည့် မည်သူ့ကိုမှ သူမ သည်းမခံနိုင်တော့ပေ။

သို့ရာတွင် အခုတော့ အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ။

ပင်ကိုစွမ်းရည် ရှိုးပွဲသည် အနုပညာရှင် တစ်ဦးအဖြစ် ပွဲဦးထွက်ရန် အကောင်းဆုံး ဖြစ်သော်လည်း အဓိက အောင်မြင်စေသည့် အချက်မှာ ပရိသတ်၏ နှစ်သက်မှုအပေါ် များစွာ မှီခိုနေရခြင်း ဖြစ်သည်။

ဝမ်ကျင့်ဖျင်၏ ရုပ်ရည် အသွင်အပြင်သည် သာမန်ထက် သာလွန် နေသော်လည်း သူမကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဆွဲထင်သွားစေမည့် အသွင်အပြင်မျိုးတော့ မဟုတ်ပေ။ ထို့အပြင် သူမသည် ပရော်ဖက်ရှင်နယ် တစ်ယောက် မဟုတ်သည့်အပြင် သူမ၏ စွမ်းရည်သည်လည်း အခြားသူများထက် နိမ့်ကျသည်။ အကယ်၍ ဟောက်ရှောက်ဖုန်းသည် သူမအတွက် နောက်ခံပြုပြီး အချို့သော အရာများကို ဖြေရှင်းပေးခြင်း မရှိခဲ့ပါက၊ သူမသည် ယခုအချိန်အထိ တာရှည်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအချိန်တွင် သူမသည် ဤကဲ့သို့ ဖြစ်ရပ်များကို ဖန်တီး ထားသောကြောင့် အင်တာနက် အသုံးပြုသူများသည် သူမကို အလွန်အမင်း စိတ်ပျက် သွားခဲ့ကြသည်။ သူမသည် သူမ၏ ပရိသတ်တွေက မပျော်ရွှင်စေရုံ သာမက သူမ၏ လုပ်ရပ်တို့က စုယန်ယန်အပေါ် မြှောက်လုံး ပင့်လုံးနှင့် အထင်မြင် ကောင်းများကို ဆက်တိုက် ဆွဲဆောင် ပေးနိုင်ခဲ့ပြီး ငါးနှင့်အတူ ငါးစာကိုပါ ဆုံးရှုံးခဲ့ရသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now