part 60

3.2K 320 2
                                    

unicode

အခန်း(၆၀)- အဲ့တာ ဘာအနံ့လဲ

ယန်ကျင်းယို့သည် ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။ သူက ယခုနှစ်တွင် အသက် ၃၀ခန့်သာ ရှိသေးသော်လည်း သူ့ရဲ့ ပိုင်ဆိုင်မှုသည် သန်းရာချီ ရှိနေပြီဖြစ်သည်။

ထိုသို့သော အောင်မြင်မှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ့မိသားစုနောက်ခံကလည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ပေသည်။ သို့သော်လည်း သူ့အရည်အချင်းတွေကို လျှေ့ာတွက်၍မရပေ။

သူ့အရည်အချင်းနှင့် ယှဥ်လျှင် လူတွေက သူ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပိုစိတ်ဝင်စားကြတယ်။

အဲ့တာ အမှန်ပဲ။ အသက်သုံးဆယ်အောက် အသက်အရွယ်မှာပင် ဒီသူဌေးကြီးက ရည်းစားကောင်မလေးများစွာကို ထည်လဲတွဲခဲ့ဖူးပြီး သူတွဲဖူးသမျှ ကောင်မလေးတိုင်းကို တန်းစီလိုက်လျှင် သူ့ကုမ္ပဏီအဆောက်အဦး ပတ်ပတ်လည် တန်းစီရှည်လျားသွားနိုင်သည်။

သူ့ရည်းစားဟောင်း အများစုနှင့် သူသည် ပျော်ရွှင်စရာကောင်းသော ဆုံတွေ့မှုလို့ မှတ်ယူထားသော်လည်း အထက်တန်းစာ အသိုင်းအဝိုင်းမှ သန်းကြွယ်သူဌေး မြာပွေသူ၏ အချစ်ရေးအကြောင်းကို အတင်းအဖျင်း ပြောဆိုကြခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

သို့သော်လည်း မကြာသေးမီက သခင်လေးယန်သည် သူ့အတွက် အလွန်စိတ်မကောင်းစရာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရသည်။

“ဥက္ကဌယန် မင်းမှာထားတာ ရောက်လာပါတယ်။” သူ့ရဲ့ အတွင်းရေးမှုး မိန်းမပျိုသည် နေ့လည်စာအနွေးဗူးကို ကိုင်ကာ သူ့ရုံးခန်းတံခါးကို အသာခေါက်လိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ တံခါးဆီသို့ ပြေးလာသည့် ခြေသံကို သူမ ကြားလိုက်ရသည်။ တံခါးက အနည်းငယ် ပွင့်လာပြီး လက်တစ်ဖက် ဆန့်ထုတ်ကာ သူမလက်ထဲမှ နေ့လည်စာထမင်းဘူးကို ဆွဲယူလိုက်သည်။

တံခါးဟာ ဘန်းခနဲ မြည်ပြီး ပြန်ပိတ်သွားခဲ့သည်။ ယန်ကျင်းယို့က သူ့အတွင်းရေးမှုးကို “နောက်နာရီဝက်အတွင်း ငါ့ရုံးခန်းထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့။” လို့ ကသုတ်ကရတ် အော်လိုက်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now