Part 149

1.6K 199 0
                                    

Unicode

အခန်း (၁၄၉)
သူမက အဲ့တာကို အမှုမထားသလို ထုတ်ယူလိုက်တယ်

ဒီဂျင်ဆင်းကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တူးယူခဲ့သည့် အတွက် ယခင်ကလောက် မလတ်ဆတ်တော့ပေမယ့် သူ၏ပုံပန်းသဏ္ဍာန်ကို မြင်တွေ့ရရုံဖြင့်ပင် ဂျင်ဆင်းမှန်း သတိပြုမိနိုင်သေးသည်။

သို့ရာတွင် ဤအချက်က အဓိကအချက် မဟုတ်ပါ။ ပါမောက္ခယဲ့ရဲ့ အဓိက မကျေနပ်ချက်ကတော့ သူမသည် ရှားပါးပြီး အဖိုးထိုက်တန်သည့် ဆေးဖက်ဝင် အပင်မျိုးကို အိတ်အမည်းထဲမှာ ပေါ့ပေါ့ပါးပါး သိမ်းဆည်း ထားလို့ပါပဲ။

သေတ္တာက ဘယ်မှာလဲ။ အနည်းဆုံးတော့ သူမသည် ဒီဂျင်ဆင်းကို အိတ်လှလှလေးထဲမှာ သိမ်းဆည်း ထားသင့်သည်။

သူမသည် ဒီလိုမျိုး စုတ်ပြတ်နေသော အိတ်ထဲတွင် ဂျင်ဆင်းပင်ကို သိမ်းဆည်း ထားခဲ့သည်။ သူမက ဒါကို လမ်းဘေးဝဲယာ နေရာတိုင်း၌ တွေ့မြင့်ရသည့် တောရိုင်း ပန်းပွင့်များနှင့် ပေါင်းမြက်ပင်တွေဟုများ ထင်နေတာလား။ သူမသည် အဖိုးမဖြတ်နိုင်သည့် ဂျင်ဆင်းကို အမှုမထားသလို ထုတ်ယူခဲ့သည်။

ယဲ့ချီလျန့်သည် သူ၏ နာကျင်သွားသော နှလုံးသားကို ဆုပ်ကိုင်ကာ တုန်ယင်နေခဲ့သည်။ သူ အသည်းကွဲ သွားခဲ့ပြီ။ ဖန်သားပြင်ထဲသို့ ဒိုင်ဗင်ထိုးဆင်းပြီး ဂျင်ဆင်းပင်ကို ဖမ်းကိုင်ဖို့ကလွဲလို့ အခြားဘာကိုမှ မစဉ်းစားချင်တော့ဘူး။ သူ့ဆီမှာသာ ဒီဂျင်ဆင်းပင် ရှိခဲ့လျှင် အထူးတလည် ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက် ပြင်ဆင်ထားသည့် သေတ္တာထဲသို့ ထည့်သွင်း သိမ်းဆည်းကာ မိသားစု အမွေအနှစ် ပစ္စည်းအဖြစ် သတ်မှတ်ခဲ့ပေလိမ့်မည်။

စုယန်ယန်သည် ယဲ့ချီလျန့်၏ စိတ်ထဲမှ အတွေးများကို မသိခဲ့ပေ။ သူမသည် ဧရာမ ဂျင်ဆင်းပင်ကြီးကို ကိုင်လိုက်ပြီး နေရာ၌ ခဏရပ်လိုက်သည်။ ထိုအရာကို ကိုင်ထားရတာ အနည်းငယ် ပျင်းရိစရာ ကောင်းသည်ဟု ခံစားရသည့်အတွက် သူမ မေးမြန်းလိုက်သည်။

“ပါမောက္ခ ကြည့်ပြီးပြီလား။ အိုး... စိတ်မရှိဘူးဆိုရင်၊ ကျွန်မ ဒါကို ဘေးနားမှာ ချထားပေးပါ့မယ်၊ ပါမောက္ခ ဒါကို စိတ်ကြိုက် လေ့လာနိုင်ပါတယ်။ ကျွန်မ ဆန်ပြုတ်အချို့ ချက်ပြုတ်စရာ ကျန်ရှိနေသေးပြီး အချိန်လည်း နီးနေပြီမို့ နောက်မှ စကားထပ် ပြောကြတာပေါ့”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now