part46

3.3K 342 1
                                    

unicode
အခန်း(၄၆) - မင်းပျော်နေသရွေ့ပေါ့

ပျော်ရွှင်မှုက ရုတ်ချည်းဆိုသလို ကျရောက်လာကာ တစ်ရက်တာအဆုံး၌ ပန်းထွင်းထုပြခြင်းမှ ရရှိလာသော နှစ်လိုမှုရမှတ်များသည် စုယန်ယန် ဟင်းလျာပြင်ဆင်ချက်ပြုတ်ပြဖို့ သုံးရက်တာမျှ ကျွန်ခံလိုက်ရသည့်အချိန်တွေထက် ပိုမိုများပြားစွာ ရရှိလိမ့်မည်ဟု စုယန်ယန်က မတွေးထားခဲ့ပေ။

သို့သော်လည်း ဒါကို နားလည်နိုင်ပါသည်။ ဆေးဖက်ဝင်ဟင်းလျာများသည် မည်မျှပင် အရည်အသွေးမြင့်မားစေကာမူ လူအနည်းစုသာ ဒါကို နှစ်သက်ကြသည်။

ထို့အပြင် အခြားသူများ မည်မျှပင် ထောက်ခံစေကာမူ တစ်ခါမှ မမြည်းစမ်းဖူးသော လူများသည် အနည်းနှင့် အများဆိုသလိုပင် သူတို့စိတ်ထဲမှာ သံသယစိတ်များ ရှိနေကြလိမ့်မည်ဖြစ်သည်။

တခြားအရာတွေကို မဆိုနဲ့၊ သူတို့အမြင်အာရုံကို ထိတ်လန့်သွားစေတဲ့ ဒီပန်းထွင်းထုခြင်းအရှိန်က အလွန်လျင်မြန်လှသည်။

စုယန်ယန်သည် သူမ၏ နှစ်လိုမှုရမှတ်များ မြင့်တက်လာကြောင်း ဖော်ပြသည့် သတိပေးချက်များကို နားထောင်နေစဉ်တွင် ဖန်သားပြင်ပေါ်တွင် နောက်တစ်ခု ထပ်လုပ်ပြန် တောင်းဆိုသည့် မှတ်ချက်များကို မြင်တွေ့လိုက်ရသည်။

အတော်လေး ကြမ်းတမ်းစွာ သူမသည် အသုံးမပြုရသေးသော မုန်လာဥနီကြီးတစ်လုံးကို ကောက်ယူလိုက်ပြီး နှင်းဆီပန်းနှင့် ပိုတူသည့် နောက်ထပ် ပန်းတစ်ပွင့်ကို အမြန်ထွင်းထုလိုက်သည်။ ၎င်းသည် ပိုကြီးသော်လည်း သူမသည် ယခင်တစ်ကြိမ် ထွင်းထုရန် လိုအပ်သည့်အချိန်ထက် နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ပင် ပိုနည်းလေသည်။

ထို့နောက် စုယန်ယန်သည် ပရိတ်သတ်များ၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ပဲ ရေခဲသေတ္တာအတွင်းမှ နောက်ထပ်မုန်လာဥနီကို ထုတ်ယူခဲ့သည်။

ထင်ရှုးပင်နှင့် ရှည်လျားသော အကိုင်းအခက်များကဲ့သို့ ပုံသဏ္ဍာန်များကို ထွင်းထုနေရင်း သူမ၏ဓားသည် အပေါ်မှ အောက် ပျံသန်းနေခဲ့သည်။ ထို့နောက် သူမသည် အရွက်သေးသေးလေးများကို ထွင်းထုရန်အတွက် မုန်လာဥနီ၏ အစိမ်းရောင် အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုခဲ့သည်။

နောက်ဆုံး၌ သူမသည် သစ်သားပန်းကန်ပြားပေါ်သို့ မတင်မီ ပန်းများနှင့် အရွက်တွေကို ပေါင်းစည်းရန် သွားကြားထိုးတံများကို အသုံးပြုခဲ့သည်။ ပန်းလေးတစ်ပွင့်ကို သစ်ကိုင်းတွင် ချိတ်ဆွဲထားပြီး ကျန်တစ်ပွင့်ကို သစ်သားပန်ကန်ပြားပေါ်တွင် လှဲလျောင်းထားသည်။ ထိုအရာတစ်ခုလုံးကို ပန်းချီကားတစ်ချပ်အသွင် လှပစေခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now