Part 23

4.3K 479 3
                                    

unicode

အခန်း(၂၃) - အပိုင်းပိုင်းကွဲအက်သွားသော နှလုံးသား

စုယန်ယန်သည် ဒီလူ၏ မှတ်ချက်ကို မြင်ပြီး‌နောက် ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူမရဲ့ အဘိုးအကြောင်းကို မသိစိတ်ကနေ တွေးလိုက်မိသည်။  ထိုယောက်ျားသည် သူမကို အလွန်ချစ်မြတ်နိုးသော်လည်း သူမနှင့်သူမအမေ ဆုံးပါးသွားပြီးနောက် ဝမ်းနည်းပူဆွေးကာ နောက်ဆုံးတွင် သူတို့နောက်သို့ လိုက်သွားခဲ့သည်။

မျက်စိတစ်မှိတ်လေး အတွင်းမှာပင် အဲဒီကြည့်ရှုသူက သူမကို စိန်တစ်ရာ ပေးပို့ခဲ့ပြီးတော့ သူမ သူ့ကို သတိမထားမိမချင်း လက်ဆောင်တွေ ပို့ဖို့ စီစဉ်နေသလိုမျိုး သူမထံသို့ အဆက်မပြတ် ပို့ပေးနေဆဲပင်ဖြစ်သည်။

စုယန်ယန်က ဒါကို သဘောပေါက်နားလည်၍ အမြန်ပြန်ဖြေပေးလိုက်သည်။

“နေမကောင်းဘူး။ ဘယ်လိုလုပ်ရမလဲ”

ID အမည်ရှိတဲ့ ကြည့်ရှုသူရေ ကျေးဇူးပြုပြီး လက်ဆောင်တွေ ပေးပို့နေခြင်းကို ရပ်လိုက်ပါ၊ ကျွန်မက ပလက်ဖောင်းနှင့် စာချုပ်မချုပ်ရသေးပါဘူး။ ကြည့်ရှုသူ လက်ဆောင်များ ဆက်လက် ပေးပို့နေရင်တောင် ကျွန်မ လက်မခံနိုင်ဘူး”

စုယန်ယန်သည် ပြန်လည်ကာ စကားပြောဆိုပြီးသည်နှင့် ဆန်ပြုတ်နှင့် စွပ်ပြုတ်ဟင်းရည် တစ်ဝက်လောက် ကျန်နေသေးသော အိုးကို တစ်ချက်ကြည့်လိုက်သည်။ သက်ကြီးရွယ်အိုများ စားသောက်ရန်အတွက် လုံလောက်စွာ ကျန်ရှိနေသေးသည်။

“ကျွန်မ ရှင့်ကို ဝေမျှပေးဖို့ အဆင်ပြေပါတယ်။ အကုန် ချက်ပြုတ်ပြီးသွားပါပြီ။ ရှင် A မြို့မှာ နေထိုင်လား”

အစားအသောက် ပို့ဆောင်ခြင်း ဝန်ဆောင်မှုများတွင် လိုရာခရီး အရောက်ပို့ပေးသည့် တစ်မြို့တည်းဆိုလျှင် 15 မိနစ်သာ လိုအပ်ကြောင်း အာမခံချက်ဖြင့် အမြန်ပို့ဆောင်ပေးသော ဝန်ဆောင်မှုလုပ်ငန်း တစ်ခုရှိသည်။  အခြားမြို့သို့ ပို့ဆောင်ရန်အတွက်မူ အချိန်ပိုကြာနိုင်သည်။

“ဟုတ်တယ်။ ကျွန်တော်က A မြို့ကပါ”

“ကောင်းပြီ၊ ရှင့်ရဲ့လိပ်စာကို သီးသန့်မက်ဆေ့ချ်မှာ ပို့ပေးထားပါ။  ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီနေ့ ဒီနေရာမှာပဲ အဆုံးသတ်ပါမယ်။ စိတ်ပါဝင်စားကြတဲ့ မိတ်ဆွေတို့ရေ မနက်ဖြန်မှ ထပ်တွေ့ကြမယ်နော်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now