part 108

1.9K 219 1
                                    

Unicode

အခန်း (၁၀၈)
ဒါက သက်ကြီးရွယ်အိုတွေကို အကျိုးပြုစေတယ်

ချက်ပြုတ် ပြီးစီးသွားသော အစားအသောက် စားပွဲတစ်ခုလုံးရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသော ကြည့်ရှုသူများသည် တိုက်ရိုက် ထုတ်လွှင့်မှု အရသာမြည်းစမ်း ဖန်ရှင်ဖြင့် ဟင်းလျာ အားလုံးကို မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်ရန်ပင် မလိုအပ်ခဲ့ပါ။ သို့ရာတွင် စုယန်ယန် လက်ဝယ် ကိုင်ဆောင်ထားသော နှင်းမှုန်စမ်း သစ်သီးနွားနို့ အချိုပွဲဆီသို့ အလျင်အမြန် အာရုံပြောင်း သွားခဲ့သည်။

[တင်ဆက်သူ၊ တင်ဆက်သူ၊ အဲ့တာ ဘာလဲ။ ဘာလို့ တလက်လက် တောက်ပနေရတာလဲ။ အဲ့တာကို စားလို့ရလား။]

[တင်ဆက်သူ မစားရတဲ့ ဟာတွေကို မထုတ်ယူဘူး။ တင်ဆက်သူ လက်ထဲက ဟာလေးက ပျော့ပျောင်းပြီး အရသာ တော်‌တော်ကောင်းမယ့်ပုံပဲ။ (¯﹃¯)]

စုယန်ယန်သည် ဒီအစားကောင်း ကြိုက်သူများ၏ စူးစမ်းလိုစိတ်ကို သဘောကျသွားမိသည်။

“ဒါကို ကျောက်ပွင့်ဖြူလို့ ခေါ်တယ်။ ဒီမှိုအမျိုးအစားမှာ ပရိုတင်း၊ သတ္တုဓာတ်နဲ့ အမိုင်နိုင်အက်စစ်တွေ ပေါကြွယ်ဝစွာ ပါဝင်တယ်။ ဒါကို များများစားရင် အသားအရေကို လှပစေတယ်၊ ကိုယ်ခံအားကို အားကောင်းစေပြီး ကျန်းမာရေး အလုံးစုံကို မြှင့်တင် ပေးနိုင်တာကြောင့် မင်းတို့ရဲ့ သက်တမ်းကို ပိုရှည်စေနိုင်ပါတယ်”

‘လှပစေတယ်၊ အသားအရေ ကောင်းမွန်စေတယ်’ နဲ့ ‘ကျန်းမာရေး အလုံးစုံကို မြှင့်တင်ပေးနိုင်ပြီး အသက်ပိုရှည်စေတယ်’ ဆိုတဲ့ စကားလုံးတွေဟာ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုတို့၏ နှလုံးသားများကို ဖမ်းစားစေနိုင်ခဲ့သည်။

လူသားတွေဟာ အသက်အရွယ် တစ်ခုသို့ ရောက်ရှိလာသည် နှင့်အမျှ သူတို့ ပိုင်ဆိုင်ထားသမျှ ငွေကြေးဥစ္စာများသည် အချိန်ယန္တရားကို မတိုက်စားစေနိုင်ကြောင်း သိရှိလာခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ကျန်းမာရေးဟာ သူတို့အတွက် အကြီးမားဆုံး စိုးရိမ်စရာတွေ ဖြစ်လာသည် နှင့်အညီ သူတို့၏ ကျန်းမာ‌ရေးကို ဂရုစိုက်ဖို့ ပိုမို သတိရှိလာကြကာ ဖျားနာခြင်းမရှိပဲ အသက်ပိုရှည် စေနိုင်ဖို့အတွက် တိုက်ပွဲ ဝင်လာခဲ့ကြသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now