part 30

4.1K 426 1
                                    

unicode
အခန်း(၃၀) - ပြည်တွင်း အာဏာရှင် ကြည့်ရှုသူ

“ကျွန်တော် ဒါအတွက် ပေးစရာမလိုဘူး”

လန်ကျားယီသည် အနည်းငယ် ရှက်ရွံ့သွားမိသည်။

“သူမက ပိုက်ဆံအကြောင်း မပြောဘူး။ ကျွန်တော် ဒါကို အလကားယူလိုက်ရတာ တော်တော်လေး ရှက်စရာကောင်းတယ်။ ကျွန်တော် နောက်မှ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဝင်ကြည့်ပြီး သူမကို လက်ဆောင်တွေ ပို့ပေးလိုက်မယ်”

လန်မင်ဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပေမယ့် သူပြောတာကို လက်ခံလိုက်သည်။

“မကောင်းတဲ့ အကြံအစည်တွေကို ဖုံးကွယ်ထားတဲ့သူလည်း ဖြစ်နေဦးမယ်”

“အစ်ကိုကြီး မင်း တစ်ယောက်ယောက်ကို အကောင်းမြင်စိတ်‌လေးများ မထားနိုင်ဘူးလား။ မနေ့က ကျွန်တော် အဲ့တာကို ပြန်ယူလာတုန်းကလည်း အဲ့တာကို စိတ်မချရဘူး။ မစားနဲ့...လို့ ပြောသေးတယ်။ ပြီးတော့ အဘွား ဒါကို စားပြီး အစာစားချင်စိတ် ပိုကောင်းလာပြီး တက်ကြွလာတယ်လေ။ အစ်ကို သတိထားတာက ကောင်းပေမယ့် တစ်ခါတလေ သတိအရမ်းကြီးနေဖို့ မလိုအပ်ဘူး”

လန်ကျားယီသည် ရိုးစင်းသောလူ တစ်ဦးဖြစ်ပြီး သူတွေ့ခဲ့ဖူးသမျှ လူတိုင်းကို အမြဲယုံကြည်ခဲ့သည်။

စုယန်ယန်က ဒီဟင်းလျာတွေက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပြီး သက်ကြီးရွယ်အိုများနှင့် သင့်တော်ကြောင်း ရှင်းပြသည်ကို နားထောင်ပြီးနောက် တရုတ်ဆေးဖက်ဝင် ဟင်းလျာနှစ်မျိုးကို စမ်းစားကြည့်သင့်တယ်လို့ ရိုးရှင်းစွာ တွေးခဲ့သည်။

သို့သော် သူ့အဘွားဖြစ်သူရဲ့ အစာစားချင်စိတ် တိုးမြင့်လာသည်ကို သူကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ ရှန်းကျားနဲ့ ခရူးရှင်းငါးကြင်း စွပ်ပြုတ်ကို သောက်ပြီးချိန်တွင် သူမသည် နောက်ထပ် ထမင်းတစ်ပန်းကန်ကိုပင် ထပ်မံ စားသောက်လိုက်သေးသည်။ လန်ကျားယီသည် ထိုအချိန်မှစ၍ စုယန်ယန်ရဲ့ အမာခံပရိသတ် တစ်ယောက်ဖြစ်လာပြီး သူမကို အခြားသူများက အသေရေဖျက်ရန် ခွင့်မပြုတော့ပေ။

သို့သော် လန်မင်ဟန်က သဘောမတူချင်ပေ။ ကိစ္စအသေးအမွှားလေးတွေနဲ့ ပတ်သက်ပြီး အာရုံစိုက်တာက မှားယွင်းတယ်လို့ မထင်တဲ့အပြင် အမည်မသိ အစားအသောက် ပါဝင်ပစ္စည်းများကို လက်ခံရရှိသည့်အခါ သတိထားရန် ပြောဆိုသည်မှာ သာမာန်ပင်ဖြစ်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now