part 99

2.2K 230 2
                                    

Unicode

အခန်း (၉၉)
ဒယ်ဒီက မင်းကို မလိုချင်တော့ဘူး

နောက်ဆုံး၌ သွမ်းသွမ်း၏ ကြွေထည်ပစ္စည်းလို အထိခိုက်လွယ်သော သရုပ်ဆောင်မှုမှာ မအောင်မြင်ခဲ့ပေ။ အစကတည်းကပင် လင်းရှောင်ချီးသည် သူလေးကို အိမ်ခေါ်သွားဖို့ တွန့်ဆုတ်နေခဲ့တာ ဖြစ်သည်။ စုယန်ယန်ကလည်း ဒီ “သစ္စာဖောက်”ခွေးကို မလိုချင်တော့ဘူးဟု ပြောလာခဲ့သည်။

အောင်ပွဲဆိုသာ မြင်သာနိုင်ပေမယ့် ဟွားဟွားက နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမလေးက သွမ်းသွမ်းကို ထပ်မံ ရိုက်နှက်ခဲ့ပြန်ကာ တစ်ဖက်ခွေး၏ ခေါင်းကို ပြောင်လုမတတ် ဖြစ်သွားစေသည်။

အဆုံး၌ လင်းရှောင်ချီးရဲ့ လက်မောင်းထဲမှ သူလေးကို နှင်ထုတ်ကာ တင်ပါးလေးကို ခါယမ်းပြီး သွမ်းသွမ်း၏ ခွေးမွေေးများကို ဖယ်ရှားကာ သူမလေး၏ သခင်ဖြစ်သူထံ ပြန်သွားခဲ့သည်။

သွမ်းသွမ်း ကြွေထည်ပစ္စည်းလို မူရာမာယာမများနိုင်ပဲ သူလေး၏ အနာဂတ် သတို့သမီးထံမှ အမွေးပြောင် ခွေးတစ်ကောင်အဖြစ် အရိုက်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။

ဟွားဟွား၏ နောက်ကျောကို ကြည့်ရင်း မြေပြင်ပေါ် လဲလျောင်းပြီး မျက်ရည်ဝဲနေသည့် သွမ်းသွမ်း၏အသွင်ကို အကြောင်းမသိသူများက မြင်တွေ့ခဲ့ရလျှင် သနားစရာ ကောင်းတယ်လို့ ထင်မြင်ကြပေမည်။

စုယန်ယန်သည် စိတ်ပျက်လက်ပျက် ရယ်မိပြန်သည်။ သူတို့ထွက်သွားသည်နှင့် သူမသည် ချက်ချင်းပင် သွမ်းသွမ်းအာ စွန့်ပစ်ခံရသော ခွေးရုပ်ပုံအီမိုဂျီလေး ပြသခဲ့သည်။

“မျက်လုံးဖြူ ဝံပုလွေလေး၊ နင် အရမ်း မူရာမာယာများနေရင် ငါ နင့်ကို မလိုချင်တော့ဘူး။ ဒီအတိုင်းပဲ ငါ နင့်ကို စွန့်ပစ်လိုက်မှာ”

သွမ်းသွမ်းသည် သူ့လိုမျိုး ဝတုတ်တုတ် ခွေးလေးကို ပိုင်ရှင်ဖြစ်သူက မြစ်ထဲသို့ ပစ်ချလိုက်သော အီမိုဂျီလေးကို ကြည့်နေခဲ့သည်။ ထိုအီမိုဂျီရဲ့ အဓိပ္ပာယ်က “ဒယ်ဒီက မင်းကို မလိုချင်တော့ဘူး” ဟု ဆိုလိုသည်။ ထိုအီမိုဂျီလေးကို မြင်လိုက်ရပြီးနောက်တွင် သွမ်းသွမ်းသည် အေးစက်ပြီး လျစ်လျှူရှုသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ သူက ခြိမ်းခြောက်မှုကို လုံးဝ မခံစားခဲ့ရပုံပင်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now