Part 165

2.9K 203 1
                                    

Unicode

အခန်း (၁၆၅)
မင်း အကျင့်ပုတ်ကောင်

သနားစရာကောင်းသော တစ်ကိုယ်ရည် ခွေးသုံးကောင်သည် သူတို့၏ သခင်လေးက ညဘက်တွင် အရသာရှိသော ဟင်းလျာများကို သူတို့ရှေ့တွင် မြိန်ရေယှက်ရေ စားနေတာကို ကြည့်ရှုခဲ့ရသည်။ သူတို့သည် သွားရည် မယိုပဲ မနေနိုင်ဖြစ်ကာ ၎င်းတို့စုံတွဲထံမှ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို လက်ခံခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် စုယန်ယန်သည် ကုရှောက်ယန်ကို သူ မပြန်ခင်မှာ ပူဒီနာ ရေနွေးကြမ်း တစ်ဗူးကို ထည့်ပေးခဲ့သည်။ ဒါက သူတို့၏ သခင်လေးကြောင့် ဒဏ်ရာရရှိခဲ့‌သော တစ်စုံတစ်ယောက်၏ နှလုံးသားကို သက်သာရာ ရစေခဲ့သည်။

သို့သော် သူက ထိုရေနွေးကြမ်းဗူးကို ထုတ်လိုက်သည်နှင့် ထိုမွှေးရနံ့က သူ့ဘေးနားရှိ လူနှစ်ယောက်၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေသည်။

“မင်းလက်ထဲမှာ ကိုင်ထားတာက ဘာလဲ”

ယုကျစ်ယန်သည် ကုရှောက်ယန်၏ လက်ထဲ အပူခံဗူးထဲမှ မွှေးပျံ့နေသော ရနံ့ကို တစ်ချက် လှမ်းကြည့်ပြီး မေးလိုက်သည်။

ကုရှောက်ယန်က သူတို့ထံမှ ဒါကို မဖုံးကွယ်ထားပဲ ဗူးထဲမှ ခွက်သေးသေးလေး တစ်ခွက် လောင်းချပြီး သောက်လိုက်သည်။

ပူဒီနာ၏ အေးမြမှုနှင့် လက်ဖက်ရည်၏ ချိုမြိန်မှုတို့ဟာ သူ့ကို လန်းဆန်း သွားစေသည်။ စုယန်ယန် ပြောသလိုပဲ၊ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က အနည်းငယ် မသက်မသာ ဖြစ်နေသည့် သူ့နှာခေါင်းဟာ ပေါ့ပါးသွားပုံ ပေါ်သည်။

“ဒါက ပူဒီနာ ရေနွေးကြမ်းပဲ။ စုမိန်းကလေးက ငါ့ရဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှာခေါင်း အမြှေးပါး ရောင်ရမ်းတာကို သက်သာစေတယ်လို့ ငါ့ကို ပြောလိုက်တယ်”

ကုရှောက်ယန်က ဒီလိုပြောပြီးသည်နှင့် ယုကျစ်ယန်နှင့် ကျိုးယန်ပိုင်တို့ နှစ်ယောက်သားဟာ အံ့အားသသင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မရဲတရဲ မေးလိုက်ကြသည်။

“စုမိန်းကလေးက မင်းမှာ ဓာတ်မတည့်မှုကြောင့် နှာခေါင်း မအီမသာ ဖြစ်တာကို ဘယ်လို သိတာလဲ”
 

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now