part44

3.4K 372 2
                                    

unicode
အခန်း(၄၄) - ရေနဂါးကျောရိုးစွပ်ပြုတ်

အစပိုင်းတွင် အန်တီရဲ့ ဆုလာဘ်တွေက သူမရဲ့ ရဲရင့်မှုကိုသာ လူတိုင်းကို မြင်သာအောင် ပြုလုပ်ပေးတယ်ဆိုရင် သူမ၏ နောက်ကွယ်ရှိ အသွင်အပြင်နှင့် ရှင်းလင်းချက်တွေက လူအမျာကို တွေးရခက်စေပါသည်။

အထူးသဖြင့် သြဇာလွှမ်းမိုးမှုရှိသည့် ဘလော့ဂါနှစ်ဦး၏ အကြုံပြုချက်ပေါ် အခြေခံ၍ ရောက်ရှိလာကြသော ပရိတ်သတ်များက လူဆယ်ယောက်တွင် ကိုးယောက်ပါရှိသည်။

[ဘယ်သူက ကံထူးရှင်လဲ။]

[သူမအခန်းဖော်လား။]

[ငါ တစ်ခုခု သိသွားပုံပဲ…]

[ငါလည်းပဲ…]

[အထက်ကလူများ ဆက်သွယ်ပြောဆိုနေတဲ့ လျှို့ဝှက်ကုဒ်တွေက ဘာတွေလဲ။ ငါ့ကိုလည်း ပြောပြကြပါ။ ငါ့ရှောင်ရှီရှီကို ဖမ်းပြီး လက်မလွှတ်ချင်ဘူး။]

[ငါတို့ရဲ့အချစ်ဆုံးလေး အန်အန်~]

[တစ်နေ့မှာ ငါ့မြက်ခင်းလေးနဲ့အတူ  တင်ဆက်သူတစ်ဦးတည်းရဲ့ တူညီတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့အတွက် ငါ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ တစ်ခြားသူတွေထက် ငါနဲ့ ‌ရှောင်ရှီရှီတို့ အတူတကွ ရှိနေနိုင်ခဲ့ပြီ။]

[အဲဒီမှာ အိမ်မက်မက်နေတာ ဘယ်သူလဲ။ ငါ့မိန်းမက အခု ငါ့အိပ်ယာပေါ်မှာ ရှိနေတာပါ။]

ပရိတ်သတ်တွေရဲ့ ဆွေးနွေးနေသည့် ခေါင်းစဉ်သည် အခြားအကြောင်းအရာများဆီသို့ ပြောင်းလဲသွားတာကို မြင်လိုက်ရသဖြင့် စုယန်ယန်သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းပေါ် စိတ်ဝင်စားမှုကို ပျောက်ကွယ်သွားမှာကို တားဆီးရန် အသာလေး ချောင်းဆိုးကာ လည်ချောင်းရှင်းလိုက်သည်။ စုယန်ယန်သည် သူမထံမှ အာရုံစိုက်မှုကို ပြန်ဆွဲဆောင်ပြီးနောက် ပြောလိုက်သည်။ “အဟမ်း... မင်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ အထောက်အကူပြုတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ မင်းရဲ့ တတ်နိုင်စွမ်းပေါ်မူတည်၍ ဆုလက်ဆောင်များ ပေးနိုင်ပါတယ်။ ကောင်းပြီ၊ အခု တင်ဆက်မယ့် အကြောင်းအရာကို ပြန်သွားကြရအောင်။ ဒီနေ့ချက်ပြုတ်မယ့် ဆေးဖက်ဝင်ဟင်းလျာတွေကို မိတ်ဆက်ပေးပါမယ်။”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now