part 58

3.1K 332 1
                                    

unicode

အခန်း(၅၈) - မင်း နေမကောင်းဘူး အမြန်ဆုံး ကုသမှု ခံယူပါ

ရယ်စရာကောင်းတာက ပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် ဇာတ်လိုက်နှစ်ဦးသည် အဆင်ပြေသာယာသွားခဲ့သော်လည်း နျဥ်နဲ့ ချီ မိသားစုများမှာ ဒဏ်ရာရစုတ်ပြတ်ကာ အဆုံးသတ်သွားရသည်မှာ အံ့သြစရာပါပင်။
အဆုံး၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော လူမိုက်ဟောက်‌ရှောက်ဖုန်းသည် သူ့ကို အပြီးတိုင် ချေမှုန်းပစ်ခဲ့သည်။ ဒါက ကြင်နာမှုကို ကျေးဇူးမသိ တတ်ခြင်းဖြင့် ပြန်ပေးဆပ်သည့် အကောင်းဆုံး ဥပမာတစ်ခုပင် ဖြစ်သည်။

စုယန်ယန်သည် နောက်ဆုံးအချိန်အထိ သစ္စာရှိခွေးလေးဖြစ်ခဲ့သည် နျဥ်ချီလွေ့ကို လုံးဝ အထင်ကြီးခြင်း မရှိပေ။ သူက ဝံပုလွေကို သူ့အိမ်ထဲ ဖိတ်ခေါ်ခဲ့ပြီး သူ့မိသားစုအတွက် ပြင်ဆင်၍မရသော ပျက်စီးမှုများကို ဆောင်ယူလာခဲ့သည်။

ဝမ်ကျင့်ဖျင်ထံမှ ဇာတ်လိုက်အရှိန်အဝါကို သိမ်းပိုက်ပြီး သူမရဲ့ ကံကြမ္မာကို ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ယခင်ဘဝကကဲ့သို့ နျဥ်နဲ့ ချီ မိသားစုများကို ဝမ်ကျင့်ဖျင်၏ အစောင့်အ‌ရှောက်များ ဖြစ်လာစေရန် ခွင့်မပြုနိုင်ခဲ့ပါ။

သူတို့နှစ်ဦးကြား တွေ့ဆုံမှုကို ရှောင်လွှဲ၍ မရနိုင်သောကြောင့် သူမသည် နျဥ်ချီလွေ့၏ ‌ရောဂါဖြင့်သာ ချဥ်းကပ်ဖို့ စတင်နိုင်လိမ့်မည်။

သို့ရာတွင် မူရင်းလက်ရာတွင် နျဥ်ချီလွေ့၏ ‌ရောဂါအကြောင်းကို‌ ရေးသားဖော်ပြထားခြင် မရှိပါ။ နျဥ်နဲ့ ချီ မိသားစုများကလည်း အဲ့ဒီရောဂါအကြောင်းကို လျှို့ဝှက်ထားခဲ့သည်။ သူမသည် သူက ရုတ်တရတ် ဖျားနာသွားပြီး လအနည်းငယ်အတွင်းမှာပင် သေခါနီးအခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့တယ်ဆိုတာကိုသာ သိရှိထားခဲ့သည်။

သို့ရာတွင် စုယန်ယန်သည် မရှိမဖြစ်လိုအပ်သည့် အထောက်အပံ့စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူမ တစ်ချက်ကြည့်တာနဲ့ နျဥ်ချီလွေ့ရဲ့ ကျောက်ကပ်မှာ အန္တရာယ်များသော အရိပ်အယောင်များကို မြင်လိုက်ရသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now