part 117

2K 214 1
                                    

Unicode

အခန်း (၁၁၇)
သတို့သားလောင်းအတွက် အထူးတွင်းတူးပေးခြင်း

အစပိုင်းမှာတော့ အဘိုးချိန်က သွမ်းသွမ်းအပေါ် စိတ်အား ထက်သန်မှု သိပ်မရှိပေမယ့် သူတို့ အပြန်အလှန် ဆက်ဆံပြီးနောက် သိပ်မကြာခင်မှာပင် သူ့ရဲ့ စိတ်သဘောထားက ၁၈၀ ဒီဂရီ ရုတ်တရတ် ပြောင်းလဲ သွားခဲ့ပြီး သူ ဘာမှလုပ်စရာ မရှိသည့် အချိန်မျိုးမှာ ကော်ဂီခွေးငယ်လေးဖြင့် အနားပတ်လည် လမ်းလျှောက် ထွက်ရတာ သဘောကျသည်။

နွေရာသီ၊ ‌ဆောင်းရာသီ အားလပ်ရက်များတွင် ချိန်မိသားစု အိမ်တော်သို့ သူမ ပြန်သည့် အချိန်တိုင်း သွမ်းသွမ်းကို ခေါ်သွားလေ့ ရှိသည်။ သူမ သွမ်းသွမ်းကို ခေါ်သွားသည့် အချိန်တိုင်း သူလေးကို ဂရုစိုက်ပေးသည့်သူ အဘိုးချိန်ပါပဲ။ အဘိုးချိန် သူမတို့အိမ်သို့ ရောက်သည့် အခါတိုင်းလည်း သူက သွမ်းသွမ်းကို ခေါ်ကာ လမ်းလျှောက် ထွက်လေ့ရှိသည်။

မနေ့ညကမှ သူ စိတ်ဆိုးနေရာမှ အနည်းငယ် ပြေလျော့ သွားခဲ့သည်။ သူ မနက်အိပ်ရာ နိုးလာတော့ ခွေးလေးကို လှည့်ပတ် ရှာသောအခါဝယ် သူ့ရဲ့ အချစ်ဆုံး ခွေးလေးဟာ... အပေးခံလိုက်ရပြီ ဆိုတာကို သူ နားလည် သဘောပေါက် သွားခဲ့သည်။

အဘိုးချိန်သည် တစ်မနက်လုံး ဒေါသထွက်နေကာ ဟောက်မိသားစုရဲ့ ဦးငယ်လေးဟာ သူ့မြေးမလေးနှင့် သူ့အချစ်ဆုံး ခွေးလေးကိုပါ ချည်နှောင် သွားခဲ့သည့်အတွက် သူ ‌ဒေါသပေါက်ကွဲ နေခဲ့သည်။ ဟောက်ချန်ဟွမ်း အပေါ် ရှိနေသည့် မကျေနပ်မှုများ ထပ်မံ တိုးပွားလာကာ ပိုမိုကောင်းမွန် အဆင်ပြေအောင် ကြိုးပမ်းချက်ဟာ အောက်ဆုံးသို့ ကျရောက် သွားခဲ့သည်။

ထိုမှသာ စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို မရည်ရွယ်ပဲ တွင်းထပ်တူး ပေးလိုက်မိပြန်ပြီ ဆိုတာကို “...” နားလည် သဘောပေါက် သွားခဲ့ပြီး အတွေးထဲတွင် အနူးအညွှတ် တောင်းပန်မိသည်။ ‘ဒါလင်ရယ် ကျွန်မ ဒီလိုဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။’

ဟောက်ချန်ဟွမ်းသည် သူ့အစီအစဉ် တိုးတက်မှုကို အတည်ပြုရန် အလုပ်များ နေခဲ့သည့် အချိန်တွင် သူ့နောက်ကျောရိုးကနေ အကြောင်းပြချက် မရှိ အေးစက်မှုဟာ သူ့ခေါင်းဆီသို့ ပြေးရိုက်လာခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now