Part 159

1.5K 177 1
                                    

Unicode

အခန်း (၁၅၉) –
သူမ အလိမ်ခံရတာလား ဒါမှမဟုတ် မင်း အလိမ်ခံရတာလား

နျဉ်ချီလွေ့သည် ကြက်သေ သေသွားကာ အချိန်အတော် ကြာသည့်အထိ နှုတ်ဆိတ် သွားပြီးနောက် သူက ‌ပြောလိုက်သည်။

“ဖြစ်နိုင်တာ… ဖြစ်နိုင်တာက သူတို့ အရင်တကည်းက တစ်ယောက်ကို တစ်ယောက် သိနေကြပေမယ့် အခု ဒီနှစ်မှ ပြန်ဆုံတွေ့တာ မဖြစ်နိုင်ဘူးလား”

နျဉ်စစ်ယွမ်က ပြက်ရယ်ပြုသည်။

“ကောင်းပြီ၊ အဲ့တာက မင်းပြောတဲ့ အတိုင်းပဲ ထားလိုက်ပါဦး။ စုမိန်းကလေးက သူမကို ကျောင်းမှာ အနိုင်ကျင့်တယ်လို့ သူမ ပြောသေးတယ်မလား။ ‌‌ကျောင်းလို အများပြည်သူပိုင် နေရာမျိုးမှာ စုမိန်းကလေးက သူမကို လာရှာတယ်ဆိုရင် တစ်ယောက်ယောက်ကတော့ ဒါကို မြင်မှာပဲလေ။ ဒီအကြောင်းကို မင်း စုံစမ်းကြည့်ခဲ့ပြီးပြီလား”

“ကျွန်တော်…”

နျဉ်ချီလွေ့သည့် ဆို့နင့်သွားကာ ရှက်ရွံ့သွားပုံရသည်။

နျဉ်စစ်ယွမ်သည် သက်ပြင်း တစ်ချက်ချကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“စုမိန်းကလေးက ဟောက်ရှောက်ဖုန်း အပေါ် ခံစားချက်ရှိပြီး စုအိမ်တော်က စေ့စပ်ပွဲ ဖျက်သိမ်းပေးဖို့ ဆန္ဒမရှိဘူးလို့ မင်း ပြောခဲ့တယ်နော်။ ဟောက်ရှောက်ဖုန်းရဲ့ မိဘတွေက ဝမ်မိန်းကလေးရဲ့ မိသားစုနောက်ခံကို သဘောမကျလို့ ဟောက်ရှောက်ဖုန်းကို စုမိန်းကလေးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့ကြတယ်။ ဒါ့ကြောင့် ဒီလိုညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးပြီး လူရှေ့သူရှေ့မှာ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ လုပ်ခဲ့ကြတယ်”

“ငါ့ရဲ့ စုံစမ်းစစ်ဆေးမှု အရ ဟောက်ရှောက်ဖုန်းရဲ့ မိဘတွေက ဒီလို အရာမျိုးတွေကို တကယ်ပဲ ပြုလုပ်နိုင်ဖွယ် ရှိပေမယ့် စုအိမ်တော်က ဒီလိုအပြုအမူမျိုးကို လုံးဝ မလုပ်နိုင်ဘူး”

“သူတို့က ဒီလိုအပြုအမူမျိုးကို မလုပ်နိုင်ဘူးလား၊ ဘာဖြစ်လို့လဲ”

“ဘာလို့လဲဆိုတော့ ဟောက်အိမ်တော်က အရင်စပြီး စုအိမ်တော်ကို စေ့စပ်ကြောင်းလမ်းဖို့ တောင်းဆိုခဲ့ကြတာ။ စုမိန်းကလေးရဲ့ အမေနဲ့ မစ်ဟောက်တို့က သူငယ်ချင်းဟောင်းသာ မဖြစ်ခဲ့ရင် စုအိမ်တော်က ဟောက်အိမ်တော်နဲ့ စေ့စပ်ကြောင်းလမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဟောက်ရှောက်ဖုန်းရဲ့ နှလုံးသားက အခြား တစ်ယောက်စီမှာ ဆိုတာကိုသာ သူတို့သိရင် ဒီစေ့စပ်ပွဲကို သူတို့ လက်ခံမှာ မဟုတ်ဘူး”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now