Part 143

1.8K 189 1
                                    

Unicode
အခန်း (၁၄၃)
ဟွမ်းချီငါးဟင်းလျာ

“ကျွန်မတို့ရဲ့ စတင် ချက်ပြုတ်မယ့် စွပ်ပြုတ်ကတော့ ဖူးလင်မှိုခိုသား စွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ ဒီဟင်းလျာအတွက် ကျွန်မတို့က - ဖူးလင်မှိုတွေကို လိုအပ်ပါတယ်”


စုယန်ယန်သည် အဖြူရောင် စတုရန်း အတုံးလေးများဖြင့် ပြည့်နှက်နေသော ပန်းကန်လေး တစ်ခုကို ထုတ်ယူလိုက်သည်။

“ဖူးလင်မှိုတွေဟာ စိုထိုင်းမှုကို ဖယ်ရှားပေးတယ်၊ အာရုံကြောတွေကို ပြေလျော့စေတယ်၊ အမျိုးသားတွေရဲ့ ယန်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ အကျိုး အာနိသင်ရှိတယ်။ ဖူးလင်မှိုကို ခိုသားနှင့် တွဲဖက် ချက်ပြုတ်တဲ့ အခါမှာ ကျောက်ကပ်ရောင်ခြင်း၊ ဖောရောင်ခြင်းနှင့် ယေဘုယျအားဖြင့် ကျန်းမာရေး အားနည်း နေသူအတွက် အကျိုးသက်ရောက်မှု ပိုကောင်းမွန်တယ်။ ဒါကို ချက်ပြုတ်ရတာ အရမ်းလွယ်ကူ ရိုးရှင်းတယ်။ အရင်ဆုံး ခိုသားကို အညစ်အကြေးတွေ ကင်းစင်အောင် ရေဆူဆူမှာ ထည့်ပြုတ်ရမယ်၊ ပြီးရင် ပြန်ဆယ်ထားကာ ရေစစ်ထားရမယ်၊ ပြီးတော့ ကျွန်မတို့က အိုးတစ်လုံးထဲကို ခိုသား၊ ဖူးလင်မှို၊ ကြက်သွန်နီ အနည်းငယ်နှင့် ကြက်သွန်ဖြူတို့ကို အရသာ ကောင်းမွန်စေဖို့ ရောထည့်ရမယ်။ ချက်ပြုတ်ပြီး ရေဆူတဲ့ အခါကျရင် မီးအပူရှိန်လျှော့ပြီး မီးအေးအေးနဲ့ နှပ်ထားရမယ်”

စုယန်ယန်သည် မြေအိုးကို ထုတ်ယူကာ သူမ ပြောခဲ့သည့် အဆင့်အတိုင်း လုပ်ပြီး နောက်ထပ် မြေအိုးတစ်အိုးကို ထုတ်ယူကာ “ဒုတိယ စွပ်ပြုတ်ကတော့ ဆုန်းရုန်မှိုနဲ့ ခိုတို့ ပါဝင်သည့် ပင်လယ်သခွား စွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ တော်တော်များများကတော့ ဆုန်းရုန်မှိုနဲ့ ပင်လယ်သခွားတို့ကို မြင်ဖူးကြမယ်လို့ ကျွန်မ ထင်ပါတယ်၊ မမြင်ဖူးကြရင်တောင် အများစုက ကြားဖူးကြမယ် ထင်ပါတယ်။ အခု ကျွန်မ မိတ်ဆက်ပေးမှာကတော့ ရှီးပတီးပဲ ဖြစ်ပါတယ်”

စုယန်ယန်သည် ရှီးပတီးဆေးပင် ပန်းကန်ပြားကို ကင်မရာ အနားသို့ တွန်းပို့ရင်း ပြောလိုက်သည်။

“ဒီရှီးပတီးကလည်း မှိုးမျိုးနွယ်ဝင်ပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် သူက သာမန်မှိုတွေနဲ့ အနည်းငယ် ကွဲပြားခြားနား ပါတယ်၊ သူက စွပ်ပြုတ်ရဲ့ ရနံ့ကို တိုးမြင့်စေပြီး ကိုက်ဝါးလို့ ကောင်းကာ ခံတွင်း တွေ့စေမယ့် မှိုတစ်မျိုးပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီရှီးပတီးကို စွပ်ပြုတ်ထဲသို့ ထည့်သွင်း ချက်ပြုတ်တဲ့ အခါမှာ ရှီးပတီးရဲ့ အာဟာရ တန်ဖိုးတွေက စွပ်ပြုတ်ထဲကို စိမ့်ဝင်သွားတဲ့ အတွက်ကြောင့် ကိုက်ဝါးရတာ မကြိုက်နှစ်သက်တဲ့ မိတ်ဆွေတွေက ဒီရှီးပတီးမှိုတွေကို ဖယ်ရှားပြီး စွပ်ပြုတ်အတိုင်းကို သောက်သုံးလို့ ရပါတယ်”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now