part 14

5K 561 2
                                    

unicode
အခန်း(၁၄) - ကလေးလေးရဲ့ အဖေအသစ်

ယခင် ရုတ်တရက် နမ်းရှိုက်ခဲ့ဖူးသည့် အနမ်းနှင့်မတူပဲ ဒီတစ်ကြိမ် နမ်းရှိုက်ပြီးနောက် စုယန်ယန်က ပြေးမထွက်သွားခဲ့ပါ။ အဲ့ဒီအစား သူမတို့ နှုတ်ခမ်းဖယ်ခွာသွားပြီးနောက် သူမရှေ့က အမျိုးသားကို လေးလေးနက်နက် ကြည့်လိုက်သည်။

သူမရဲ့ အနည်းငယ် နီရဲနေသော မျက်ဝန်းများတွင် စိတ်ရှုပ်ထွေးမှုများ၊ စိတ်နှလုံး ပူဆွေးခြင်းနှင့် နက်ရှိုင်းစွာ ချစ်မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေသော်လည်း ဟောက်ချန်ဟွမ်း တွေးထင်ထားခဲ့သလို နောင်တရခြင်း သို့မဟုတ် တုံ့ဆိုင်းလိုမှုတွေ မြူတစ်မှုန်မျှ မရှိခဲ့ပေ။

"ကျွန်မ ဒီကိစ္စကို နောင်တမရဘူး။ ဒါကြောင့် ရှင် ကျွန်မကို အဝေးကို တွန်းထုတ်နိုင်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့မှာ ကလေးမရနိုင်တာပဲ မဟုတ်လား။ အဲ့တာ ဘာဖြစ်လဲ။ အဲ့တာက ကိစ္စကြီးကြီးမားမား မဟုတ်ဘူး။ ဒါ့အပြင် ရှင် ကျွန်မက ကလေးချစ်တတ်လား မချစ်တတ်ဘူးလား ဆိုတာကို ရှင် ဘယ်လိုလုပ်သိလဲ"

စုယန်ယန်သည် အခက်အခဲ တစ်စုံတစ်ရာကို ကြုံတွေ့နေရသော ကြောင်တစ်ကောင်ကဲ့သို့ သူမ၏ အမြီးလေးကို ထောင်ထားပြီး ရင်ဆိုင်တိုက်ခိုက်တော့မယ့် အသွင်ဖြင့် စူးရဲတောက်ပနေသည်။ သို့သော်လည်း သူမ၏ နီရဲနေသော မျက်ဝန်းများထဲမှ စိတ်နှလုံး နာကျင်ကြေကွဲနေသော အကြည့်တွေက သူမကို သစ္စာဖောက်နေခဲ့သည်။

"ရှင်က ကျွန်မကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ရှင် ကျွန်မကို ဘာတစ်ခွန်းမှ ရင်မဖွင့်ပဲ နေမှာလား။ ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ အကုန်လုံးကို ရှင်တစ်ယောက်တည်းပဲ ထမ်းပိုးထားပြီး ကျွန်မ တိုင်ပင်ဆွေးနွေးခြင်းမရှိပဲ ရှင်က ကျွန်မအစား ဆုံးဖြတ်ချက်တွေ ချမှတ်မှာလား။ ကျွန်မ တကယ်လိုချင်တဲ့ အရာကို ရှင် ဘယ်လိုသိလဲ။ ကျွန်မ သေချာပေါက် နောင်တရမယ်လို့ ရှင်က ဘယ်လိုလုပ်ပြီး သိတာလဲ။ ရှင်... ရှင် အရမ်းလွန်သွားပြီ"

စကားအဆုံးတွင် စုယန်ယန်သည် လုံးဝ မထိန်းထားနိုင်တော့ပဲ ငိုကြွေးလိုက်မိသည်။ သူမရဲ့ သွေးသားကို သူမ မပိုင်ဆိုင်နိုင်မှာကို စိုးရိမ်ပူပန်သော သူမရှေ့က အမျိုးသားအတွက်တင်သာမက သူမ အရင်ဘဝတုန်းက ထိုသိမ်ငယ်စိတ်ကြောင့် သူမကို ဂရုစိုက်မြတ်နိုးသည့်တိုင် သူ သေဆုံးသွားသည့်အချိန်ထိ ချစ်သည့်အကြောင်းကို ဖွင့်ဟမပြောဆိုနိုင်ခဲ့သော အမျိုးသားအတွက်ပါ ဝမ်းနည်းကြေကွဲမိသည်။ သူက သူမ သေဆုံးသွားချိန်တွင် နောင်တကြီးစွာ ရခဲ့သူဖြစ်သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now