part 72

2.7K 312 1
                                    

Unicode
အခန်း (၇၂) - မင်း အဘန်းခံလိုက်ရပြီ

အပြစ်ရှာနေသည့် ကြည့်ရှုသူများသည် ဟင်းလျာမှ ရုတ်တရက် ထွက်ပေါ်လာသည့် မွှေးရနံ့ကြောင့် စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားခဲ့သည်။ ထိုစကားကို ကြားလိုက်ရသော အခါတွင် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။

[ဒါပေါ့၊ ခိုးကူးသူတွေက သူတို့ ခိုးယူခဲ့ကြောင်းကို ဝန်ခံပြောဆိုမှာ မဟုတ်ဘူး။ အစားအသောက် ကဏ္ဍကို လာတဲ့ မည်သူမဆို ငါတို့ရဲ့ ဖုဖျင်တာတာ့ကို မသိတဲ့သူ မရှိဘူး။]

[မကြာသေးမီက အစားအသောက် ကဏ္ဍတွင် လိမ်လည် လှည့်စားသူအချို့ ပေါ်လာသေးတယ်။ သူတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်ကို ကြည့်ပြီးတာနဲ့ သူတို့က ဖုဖျင်ကို အတုယူနေတာမှန်း သိလိုက်ရတယ်။ အတုကအတုပဲ ဖြစ်နိုင်ပြီး အစစ် ဖြစ်မလာနိုင်တာ သနားစရာပဲ။]

[ဖုဖျင်တာတာက ရသစုံရှိုးပွဲကို မသွားရောက်ခင် တိုက်ရိုက် ထုတ်လွှင့်မှုမှာ ငါးဟင်းကို ချက်ပြုတ် ပြင်ဆင်ခဲ့တယ်။ တင်ဆက်သူကလည်း ဒီနေ့ ငါးဟင်းကို ချက်ပြုတ် ပြင်ဆင်တယ်လေ။ ဒါကို နင်က ခိုးကူးတာ မဟုတ်ဘူးလို့ ပြောရဲတယ်လား။ နင့်မျက်နှာက ဘေစင်လောက် ကြီးတာပဲ။]

ဒီလူတွေက ကြမ်းတမ်းရက်စက်စွာ ပြောဆိုကြပြီး ယုံကြည်မှုအပြည့်နဲ့ ရောက်ရှိလာကြသည်။ အစပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များက စုယန်ယန်က တခြားသူများအား ခိုးကူးထားတာလားလို့ အံ့အားသင့် သွားကြသည်။

အခု ဒီလူတွေရဲ့ စကားအသွားအလာကို မြင်ပြီးနောက် မရယ်မောပဲ မနေနိုင်တော့ဘူး။

စုယန်ယန်လည်း ရယ်မောလိုက်မိသည်။ ဒီကမ္ဘာပေါ်တွင် အသေခံ ပရိသတ်တွေလို့ ခေါ်တဲ့ မျိုးစိတ်တစ်မျိုး ရှိတယ်ဆိုတာ သူမ သိသည်။

သူတို့သည် သူတို့၏ အသည်းကြော်ကို ကာကွယ်သည် ဟူသော အရိပ်အောက်တွင် နေရာတိုင်း၌ လူများစွာကို ရန်ပွဲများ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြသည်။ သူတို့ရှေ့က လူအနည်းစုက ဒီလိုလူမျိုးတွေဆိုတာ သိသာပါသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now