part24

4.3K 471 1
                                    

unicode
အခန်း(၂၄) - ရှင်က ချစ်ဖို့ကောင်းတယ်

ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ယောက်ဖလောင်း သူ့ကို ဒေါသဖြစ်နေသည်ကို မသိပဲ ဝမ်းသာပီတိဖြစ်နေမိသည်။ လက်ရှိအချိန်မှာတော့ သူက စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ နောက်ဆုံး ပုံရိပ်လေးအထိ စောင့်ကြည့်နေခဲ့သည်။ အထူးသဖြင့် သူ့မျက်နှာ အမူအရာက မှိုင်းညို့နေခဲ့သည်။

မည်သည့်နေရာမှ ထွက်လာမှန်းမသိတဲ့ ဒီခွေးကောင်က သူ့အတွက် သတို့သမီးလောင်းက ချစ်ခြင်းအပြည့်ဖြင့် အထူးပြင်ဆင်ချက်ပြုတ်ပေးထားသည့် နေ့လယ်စာထမင်းဘူး၏ တစိတ်တပိုင်းကို တောင်းဆိုခဲ့သည်။

ဟောက်ချန်ဟွမ်းသည် သူ့နှလုံးသွေးများ အန်ထွက်လုနီးပါးအထိ ဒေါသထွက်သွားသည်။ သူသည် မျှဝေပေးလိုက်သော ဟင်းလျာကို ပြန်ယူရန် ကွန်ရက်ကြိုးတစ်လျှောက် တွားသွားချင်မိခဲ့သည်။

သူသည် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကို ပိတ်ချကာ အခြားမည်သူတစ်ဦး တစ်ယောက်မျှ စုယန်ယန်နှင့် နောက်တစ်ကြိမ် ထပ်မတွေ့စေဖို့ တားဆီးရန် သူမအား တစ်နေရာရာတွင် ဖွက်ထားချင်စိတ် ပေါက်နေခဲ့သည်။

သို့ရာတွင် ဟောက်ချန်ဟွမ်းသည် ထိုသို့ပြုလုပ်ခြင်းမှာ မှားယွင်းကြောင်း သိရှိထားပြီး ဖြစ်သည့်အပြင် ထိုသို့ပြုလုပ်ပါက စုယန်ယန်က ပျော်ရွှင်လိမ့်မည် မဟုတ်ပေ။

ဟောက်ချန်ဟွမ်းသည် သူ့ဒေါသကို ထိန်းချုပ်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီး သိပ်မကြာခင်မှာပင် သူ့မျက်နှာ အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက အေးစက်စွာ ပြောလိုက်သည်။

“ဒီတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပိုင်ရှင်က ဘယ်သူလဲ။  ဒီပလက်ဖောင်းအတွက် အရောင်းအဝယ် သဘောတူညီချက် စာချုပ်ကို ဒီနေ့နေ့လယ် ငါ့စားပွဲပေါ်မှာ အဆင်သင့် မြင်နေချင်တယ်”

ယုကျစ်ယန်သည် သူ့နဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်ပြီး မှင်သက်စွာ ပြန်ဖြေလိုက်သည်။ 

“သခင်လေး ဒီပလက်ဖောင်းက မင်း ပိုင်ဆိုင်တာလေ။ ဒါပေမယ့် အဲ့တာကို အရင်က စီမံခန့်ခွဲဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့တာလေ”

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now