part 116

1.9K 221 1
                                    

Unicode

အခန်း (၁၁၆)
ရှင် ဆေးထိုးတာကို ကြောက်လား

စုယန်ယန်က သူ ဘာကိုဆိုလိုချင်တယ် နားလည်ပြီး နှစ်သိမ့်ပေးရမည့် အစား ဒေါသ ပိုထွက်လာခဲ့သည်။

သူက သူမကို ဘယ်လောက်တောင် လျှော့တွက်ဝံ့ရတာလဲ။ ဟမ့်... သူမ သူ့ကို ကုသနိုင်တဲ့ အချိန်ထိ စောင့်လိုက်စမ်းပါ။ အဲ့နေ့ကို ရောက်လာသောအခါ သူမရဲ့ အရည်အချင်းတွေကို လျှော့တွက်ပြီး သံသယ ဝင်မိသည့်အတွက် အပြစ်ပေးရမည် ဖြစ်သည်။

ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ “အမြင်ကျဉ်းသော” သတို့သမီးလောင်းက ဒီအကြောင်းအား သူမနှလုံးသားထဲ သိမ်းဆည်း ထားလိုက်ပြီ ဆိုတာကို သူ မသိပဲ စကားလမ်းကြောင်းကို ပြောင်းလဲလိုက်သည်။

“မင်းအဘိုးက ကိုယ့်ကို တွေ့ချင်တယ်လို့ မင်း ပြောလိုက်တာလား”

“ဟုတ်တယ်၊ ဒါပေမယ့် အဘိုးက ရှင်နဲ့ ဘယ်အချိန်မှ တွေ့မယ်ဆိုတာကိုတော့ မပြောသေးဘူး။ အခုနောက်ပိုင်း ရှင့်မှာ အချိန်ရှိရဲ့လား”

ဟောက်ချန်ဟွမ်းက အချိန်မရွေး အားလပ်တယ်လို့ ပြောချင်ပေမယ့် ရုတ်တရတ် ရပ်တန့်သွားပြီး  “မနက်ဖြန် ကိုယ့်မှာ လုပ်စရာ ရှိသေးတယ်၊ သန်ဘက်ခါ ကျရင်တော့ ကိုယ်အားတယ်” ဟု ပြောလိုက်သည်။

“ရပါတယ်၊ စိတ်မပူပါနဲ့။ ရှင့်မှာ အရေးကိစ္စရှိရင် အရင် ဖြေရှင်းထားလေ၊ ကျွန်မ အဖိုးကို ပြောထားလိုက်ပါ့မယ်”

စုယန်ယန်က ပြောသည်။ သူမသည် အခြားအရာ တစ်ခုကို တွေးတောမိသွားပြီး မဝံ့မရဲ မေးလိုက်သည်။

“ရှင် ဆေးထိုးရမှာ ကြောက်လား”

“ဆေးထိုးတာလား”

ဟောက်ချန်ဟွမ်းက အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။

“အင်း”

စုယန်ယန်က ခြေဟန်လက်ဟန်ဖြင့် ကြိုးစားရှင်းပြလိုက်သည်။

“အပ်တွေက ဒီလောက်ကြီးပြီး ဒီလောက် ရှည်တာမျိုးတွေကိုလေ”

ဟောက်ချန်ဟွမ်းသည် ခဏလောက် ကြာအောင် တိတ်ဆိတ်သွားပြီးမှ “ကိုယ် လုံးဝ မကြောက်ပါဘူး” ဟု အနည်းငယ် တွံ့ဆုတ်စွာ ပြောခဲ့သည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now