part 91

2.6K 287 2
                                    

Unicode
အခန်း (၉၁)
ဒရာမာကင်း အမွှေးပွလုံးလေး

ဟောက်ရှောက်ဖုန်း၏ မခိုင်လုံသော လုပ်ရပ်ကြောင့်သာ မဟုတ်ရင် စုယန်ယန်က သူ့ကို အန္တရာယ်ပြုဖို့ နေနေသာသာ သူ့ကို လူကိုယ်တိုင် တွေ့ခဲ့ဖို့တောင် မဖြစ်နိုင်ဘူး။

သို့သော်လည်း မစ်ဟောက်သည် သူ့သားဖြစ်သူဘက်မှ အမြဲရပ်တည်ကာ သူ့ပြောစကားတွေကို လုံးဝ သံသယ မဝင်ခဲ့ပါ။ ဒီဖြစ်ရပ်ကြောင့် စုယန်ယန်နဲ့ ချိန်ရှုချင်တို့ အပေါ် သူမ မကျေမနပ်ဖြစ်ပြီး ခံပြင်းခဲ့မိသည်။

နှစ်ဖက်စလုံးမှ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ကိုယ်စီ ပျော်ရွှင်မှုကို ရှာဖွေဖို့ ထွက်ခွာသွားပြီးပြီ ဖြစ်သည့်အတွက် သူမသားဖြစ်သူအား ပြဿနာရှာပြီး သူမတို့အား ဆန့်ကျင်ကာ ဟောက်ချန်ဟွမ်းကို ကူညီဖို့ ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ။

ဟောက်ရှောက်ဖုန်းနှင့် မဒမ်ဟောက်တို့သည် ဟောက်ကော်ပိုရေးရှင်းထံမှ နှင်ထုတ်ရန် ရည်ရွယ်သည့် အစီအစဉ် တစ်ခုဖြစ်ပြီး သူတို့က သူ့အား ဆန့်ကျင်လိုသည့် လျှို့ဝှက်ကြံစည်မှု ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုရာတွင် ကိုယ်ပြုလုပ်ခဲ့သည့် အမှန်တရားအား မျက်ကွယ် ပြုထားခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ဟောင်ချန်ဟွမ်းသည် ယုကျစ်ယန် ရိုက်ကူးထားသော ဗီဒီယိုကို ကြည့်ရှု နေခဲ့ပြီးတော့ ဒါက တည်းဖြတ်ထားသည့် ဗီဒီယို မဟုတ်ပေမယ့် ထိုအဖြစ်အပျက် အလုံးစုံကို မဖြတ်တောက်ထားသည့် ဗီဒီယိုမူရင်း ဖြစ်သည်။

စုယန်ယန်မှ ဟောက်ရှောက်ဖုန်းအား ထပ်ခါတလဲလဲ ရိုက်နှက်သည့် အပိုင်းကို သူ ထပ်ခါထပ်ခါ ပြန်ရှုကြည့်မိသည်။

ဟောက်ချန်ဟွမ်းဟာ ဟောက်ရှောက်ဖုန်းက သူ့အကြောင်းကို ပြောဆိုနေတာကို ဂရုမစိုက်ပေမယ့် တစ်ဖက်မှ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကို ထုတ်ဖော်ပြောဆို လိုက်ချိန်မှာတော့ ရုတ်တရက် ပြင်းထန်တဲ့ တိုက်တွန်းချက်တွေက ခေါင်းထောင် ထလာခဲ့ပြီး သူ့ကို ရက်စက်စွာ အသေသတ်ပစ်ဖို့ထက် ဘာကိုမှ ဆန္ဒမရှိနိုင်ခဲ့ဘူး။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now