Part 5

6.2K 627 3
                                    

အခန်း(၅) - ငါတို့စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုတယ်

[သီအိုရီအရတော့ ဟုတ်တယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ငွေရောင်အကာအကွယ် မရှိလို့ အဲ့လိုဖြစ်တာလေ။]

ငွေရောင်အကာအကွယ်လား

စုယန်ယန်သည် သူမမျက်ခုံးကို အသာပင့်ကာ နင် ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်း ပြောဆိုနေတာလား

[ဟုတ်တယ်။ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းနဲ့ ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှုကို ဖိအားပေးရယူဖို့ စနစ်ကို မင်း အသုံးပြုနိုင်တယ်။ မင်းက သူတို့နေရာကို အစားထိုးနိုင်ပြီး မင်းရဲ့ကံကြမ္မာကို မင်းကိုယ်တိုင် ပြောင်းလဲပြီး ကမ္ဘာကြီး၏ ကံကောင်းမှုကို မင်း ရယူနိုင်တယ်။]

သူတို့ရဲ့ ရွှေရောင်အခွင့်အလမ်းနှင့် ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှုကို ဖိအားပေးရယူလို့ ရတာလား

စုယန်ယန်သည် စတင် စိတ်ပါဝင်စားလာသည်။

သူမ၏ ယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သော မူမမှန်မှုများသည် ဇာတ်ကြောင်း၏ ကာကွယ်ပေးမှုကြောင့်သာဆိုလျှင် သူတို့နှစ်ယောက်ကို ကာကွယ်ပေးထားသော အကာအကွယ်များ ဆုံးရှုံးသွားပါက သူမကို ပြဿနာရှာပြီး ထိခိုက်အန္တရာယ်ပေးမည့်သူ မရှိလျှင် သူမကို ကူညီပေးမည့် မိတ်ဆွေသူငယ်များ မရှိလျှင် သူတို့အချင်းချင်း ချစ်မြတ်နိုးနိုင်ပါဦးမလား။ သူမ ဒုက္ခရောက်ခဲ့သလို တစ်ပုံစံတည်း ပြန်ခံစားရမှာလား။

[ထို့အပြင် hostက အဆင့်မြင့် ဆေးဖက်ဆိုင်ရာ အတတ်ပညာများကို ဖွင့်လှစ်ရန် နှစ်လိုမှုရမှတ်နှင့် ယုံကြည်မှုရမှတ်များကို စုဆောင်းကာ အဆင့်မြှင့်တင်နိုင်သည်။ ထိုစွမ်းရည်များတွင် ဆေးဖက်ဝင်ဟင်းလျာများ၊ အပ်စိုက်ကုထုံး၊ အိုက်ကျို့နှင့် အခြားဆေးနည်းများ ပါဝင်သည်။ အဆင့်ပိုမြင့်လေ ပိုခက်ခဲပြီး ရှုပ်ထွေးတဲ့ ရောဂါအမျိုးအစားတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်တယ်။]

ဘေးတစ်ဖက်စီမှာ ချထားသည့် စုယန်ယန်၏ လက်များသည် မသိစိတ်အရ တင်းကြပ်လာပြီး သူမမျက်ဝန်းအိမ်များက ပြူးကျယ်လာသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now