part 102

2K 232 1
                                    

Unicode

အခန်း (၁၀၂)

တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းရင်းကို ကြိုတင်အသိပေးခြင်း

စုယန်ယန်သည် ချင်ရွှယ်ရူရဲ့ အာရုံကို အောင်မြင်စွာ လွှဲပြောင်းလိုက်နိုင်ပြီး အန်တီလေးက ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် ပြန်ဖြေခဲ့သည်။

“လူအိုကြီးက ဒီကို အမြန်လာချင်နေတာ။ အိမ်မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေသေးတာမို့ မင်းဦးငယ်လေးက ဒီကိစ္စတွေကို ဖြေရှင်းဖို့ နေခဲ့ရတယ်။ အဲ့ကိစ္စတွေ ဖြေရှင်းပြီးရင် နောက်နှစ်ရက်အတွင်း သူ လိုက်လာလိမ့်မယ်”

“နှစ်ရက်...” စုယန်ယန်သည် သူမကိုယ်သူမ ရေရွတ်လိုက်မိရင်း ရုတ်တရက် မေးလိုက်သည်။

“အန်တီလေးချင် အန်တီလေးရဲ့ သွေးအားနည်းရောဂါ သက်သာလာရဲ့လား။ ဒီရက်ပိုင်း ရာသီဥတုက အရမ်းအေးလာတယ်။ အန်တီလေးရဲ့ လက်တွေနဲ့ ခြေ‌ထောက်တွေရော ခဏခဏ အေးလား။ ဒီတစ်ခါလာတော့ အဝတ်အစား များများ ယူလာခဲ့ရဲ့လား။ မယူလာမိဘူးဆိုရင် အမေ့ကို အန်တီလေးအတွက် အဝတ်အစားတွေ ပြင်ဆင်ခိုင်းလိုက်မယ် အဲ့တာဆိုရင် အန်တီလေး အေးခဲနေမှာ မဟုတ်ဘူး”

ချိန်ရှုချင်က သံသယ ဖြစ်စရာ မလိုလောက်အောင်ပင် ချက်ချင်း သဘောတူလိုက်သည်။

“ဟုတ်တယ်၊ ငါတို့ရဲ့ ယန်ယန်က အရမ်း တွေးပေးတတ်တာပဲ။ ဒီရက်ပိုင်း ရာသီဥတုက အရမ်း အေးလာတယ်။ အရင် စီစဉ်ထားတာထက် ပိုပြီး အစောကြီး လာခဲ့ရတဲ့အတွက် နင် အဝတ်အစားတွေ အများကြီး မယူလာမိလောက်ဘူး။ ပိုထူထဲတဲ့ အဝတ်အစားတွေ ဝယ်ပြီး မကြာခင်မှာ ငါ နင့်ဆီ ပို့ပေးမယ်။ နင် တခြား ဘာလိုအပ်တာ ရှိသေးလဲ။ လိုချင်တာရှိရင် ငါ့ကိုသာ တန်းပြောလိုက်။ ငါတို့က မိသားစုတွေပဲ၊ နင် ငါတို့ကို အရမ်းအားနာစရာ မလိုဘူး”

ချင်ရွှယ်ရူဟာ စုယန်ယန်ရဲ့ အမေးစကားကို ကြားလိုက် ရသောအခါတွင် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သိပ်မကြာသေးခင်ကမှ သူမမှာ သွေးအားနည်းရောဂါ ရှိနေကြောင်းကို သိရှိခဲ့ရပြီး ဒါကို စုယန်ယန်က သိရှိနေသောကြောင့် အံ့အားသင့်မိသည်။

ကျွန်မကို မြတ်နိုးစွဲလမ်းနေတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ ဦးလေးWhere stories live. Discover now